ထူးဆန်းစွာ နဂါးကိုဤသို့မြင်တွေ့ရ


ဒါလေးက တကယ့်ကို ထူးထူးဆန်းဆန်းပါပဲဗျာ………..
5.5.2012 ရက်နေ့ည 12း45 မိနစ်မှာ- ဟြေရရင်တော့ 6.5.2012 နေ့ဘက်ကိုရောက်ပီပေါ့ဗျာ
ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ်
(၄)တောင် ရပ်ကွက် သာသနဝေပုလ္လဓမ္မာရုံ မှ ရှင်ဥပဂုတ္တ ရဟန်းတာ မထေရ်မြတ်ကြီးကို
ဖေါင်မျှောပူဇော်ပွဲကျင်းပရန်အတွတ်…..ရူခင်းသာကျောင်းဝန်း – အောင်သီတာစာသင်တိုက်၏
ဦးစီးပဓါန နာယက ဆရာတော် အရှင်ဓမ္မာစာရ ၏ အခါတော်ပေးနှင့်အညီ
တစ်ညတာ မဟာပဌါန်းတော်မြတ် ကိုတစ်ညတာ ရွတ်ဖတ်ပူဇော်ပြီး ရဟန်းတာမထေရ်မြတ်အား
ဖေါင်မျှော ပူဇော်ဖို့ရန်အတွက် ရပ်ကွက်ရှိဓမ္မာရုံမှ မဟာအောင်မြေဘုံစံ ကျောင်းတိုက်သို့ 5.5.2012 ရက် ကဆုန်လပြည့်နေ့ ညနေ ၆ နာရီ မှာ ကျောင်းတော်သို့ ပင့်ဆောင် အပူ
ဇော်ခံထားရှိခဲ့ပါတယ်။ အဲဒီညနေ ၆ နာရီမှ စတင်ကာ မဟာပဌါန်းတော်မြတ်ကို ရှင်ဥပဂုတ္တရဟန်းတာ မထေရ်မြတ်အားပူဇော်ရင် ညဘက် 12း45 မိနစ် အချိန် တိတိမှာ ဦးဆောင်သူ လူကြီးများ နှင့် လောကနာထ ပရဟိတ လူငယ်များနှင့် နဂါး အစာကျွေးရန် ဆရာတော် ဦးဓမ္မာစာရ ၏ မှာကြားချက်အတိုင်း ကျောင်း၏ ခေါင်းရင်းပိုင်းမှ မြစ်အတွင်းမှာ
ငွေဖလားနှင့် ထည့်ကာ နဂါး အစာကိုကျွေးခဲ့ပါတယ်။
ရိုက်ကူးသူကိုယ်တိုင်လည်း မသိရှိခဲ့ပါဘူး ။ ရိုက်ကူးရာမှာလည်း နဂါးစာဖလားအား မှတ်တမ်းတင် ရိုက်ကူးဖို့အတွက်ပဲရိုက်ကူးခဲ့တာပါ။ ရိုက်ကူးတာကလည်း SONY Mp 4
နဲ့ပဲရိုက်ကူးခဲ့တာပါ ရိုက်ကူးပြီးလို့ပြန် လည်ကြည့်ရှုသည့်အခါမှာတော့ နဂါးစာ ဖလား၏နောက်မှာ နဂါးက အစာကို လိုက်ပြီးစားနေတာကို စက်ထဲမှာပြန်တွေရပါတယ်။
အဲဒါကြောင့် ရွာသူ ရွာသားတို့ ဗဟုသုတ ရစေခြင်းငှာ တင်ပြလိုက်ရပါတယ်။
ကျွန်တော်ကတော့ ကိုယ်တိုင်ကြည့်ရှု ရပါတယ် ။ ရွာသူ/သား တို့ကိုလည်း မယုံလို့ကြည့်ချင်ပါတယ်ဆိုလျှင် အီးမေး ကနေပို့ပေးပါ့မယ်ဗျာ။ ဒီမှာတော့တင်ထားတယ် ဗျ။
ဒေါင်းလော့ ချမှ ရမယ်ထင်တယ် ကျွန်တော်လည်း Video File မတင်တက်ဘူးဆိုတော့ အခုလိုပဲ ထူးထူးဆန်းဆန်းလေးကို တင်ပြလိုက်ရပါတယ်။
ရိုက်ကူးတာက ရေထဲမှာ လည်းဖြစ် ညဘက်လည်းဖြစ် နဲနဲမက မည်းပါတယ်။
အကြံအဖန်လုံးဝ မဟုတ်တာကို ကျွန်တော် ကတိပြုတင်ပြအပ်ပါသည်။
ဆက်လက်ကြိုးစားပါဦးမည်………
အရင့်ရောင်

28 comments

  • အရင့်ရောင်

    May 6, 2012 at 11:46 am

    ဒီမှာ Video File တင်လို့မရသေးပ ါ
    ကျေးဇူးတင်ပါတယ်

  • water-melon

    May 6, 2012 at 11:46 am

    တောင်မရေ
    ပြပါဟဲ့ ကြည့်ချင်နေတာ တစ်ပိုင်းသေနေပြီ
    စိတ်ထဲမှာ ခုလုခုလုနဲ့
    အဟိ

    • ချစ်ရင်ထူးနှစ်

      May 7, 2012 at 7:03 am

      ဘာမှလည်း မမြင်ရဘူး . . . ကိုအရင့်ရောင် အဲဒါ နဂါးလား ဘာလား သိရအောင် ရေထဲ ဆင်းကြည့်ပါလား ပြီးတော့မှ သားတို့ကို ပြန်ပြောပြပေါ့ ဟဲ. . ဟဲ . .

  • ဗိုက်ကလေး

    May 6, 2012 at 11:53 am

    ကျနော်ကြည့်တာတော့ ဝါးတားတား နဂါးတော့တွေ ့တယ်ဗျ
    နဂါးက ရုပ်သေကြီး
    မှောင်နေလို ့လားမသိဘူး..
    အူးလေးတင်တဲ့ ဖိုင်မပေါ်လို ့
    ကျနော် လိုင်ဘရီထဲမှာ အမ်ပီဖိုးလုပ်ပြီး ပြန်တင်ပေးလိုက်တယ်
    ဒီမှာ ဒေါင်းကြည့်ကြ
    http://myanmargazette.net/wp-content/uploads/2012/05/Vid0000.mp4

    • windtalker

      May 6, 2012 at 12:05 pm

      အူးဗိုက် ရဲ ့နကား ဘဲ သွားကြည့်တော့မယ်

  • အရင့်ရောင်

    May 6, 2012 at 11:59 am

    ပြန်တင်ပေးမယ်နော်
    ကျေးဇူးပါ
    ညီ

  • water-melon

    May 6, 2012 at 12:01 pm

    အေးဒေါင်းပြီအေ့
    နဂါးလား ဘာလားကြည့်တာပေါ့အေ့
    အဟိ
    စပြီဟေ့

  • water-melon

    May 6, 2012 at 12:06 pm

    အမလေး ဘာမှလည်းမြင်ရဘူးတော့
    မဲမဲကြီးဘဲမြင်ရတယ်
    ဖြူဖြူကြီးလဲတော့တယ် အချောင်းကြီး
    လပ်ကီးဖစ်နဲ့တူတယ်
    မူးတာအေ
    ဇာတ်ကားကလည်းတိုတိုလေးရယ်
    အဟိ

  • Yin Nyine Nway

    May 6, 2012 at 12:14 pm

    ဘာမှမမြင်ရဘူးဗျ
    ဘာပုံမှ မပါဘူးဖြစ်နေဒယ်
    ပြန်တင်ပေးပါဗျို့

  • လူပူလေး

    May 6, 2012 at 12:43 pm

    နဂါး ဆိုတော့ နဂါးပေါ့ဗျာ.။
    ဒါပေမယ့် မမြင်ရဘူး

  • Gipsy

    May 6, 2012 at 2:09 pm

    ပြန်တင်ပေးပါဗျို့.. ဂေဇက် ရွာသားတစ်ဦးဖြစ်တာနဲ့ အညီ တိတိကျကျလေး
    ဖြစ်ချင် မြင်ချင်လို့ပါ…။

  • captainamerica

    May 6, 2012 at 2:30 pm

    မဲမဲကြီးထဲမှာဖြူဖြူကြီး အရိပ်လိုတောင်မဟုတ်ဖူး တကယ့်ကိုဝိုးတိုးဝါးတား
    ကြီးပဲ။အဖြူတန်းကြီးကတကယ့်နဂါးသာဆိုရင်ဆိုဒ်တော်တော်ကြီးလောက်တယ်။
    😆

  • chityimhtoo

    May 6, 2012 at 2:36 pm

    ကျုပ်ကမနောနဲ့ကြည့်လိုက်တာတွေ့တယ် နဂါးကနှာခေါင်းနည်းနည်းပွတယ် ဒဂျီးလိုလို
    ဘကြောင်ကြီးလိုလိုနဲ့ခတ်ဆင်ဆင်ဗျဲ….:P

  • kai

    May 6, 2012 at 3:23 pm

    http://mandalaytube.com/mediadetails.php?key=b83348cffe6f32b4e605&title=naga
    ဘာများလည်းလို့. .အပေါ်မှာတောင်တင်ပေးလိုက်သေးတယ်..

    ဪ..
    ဟောလိဝုဒ်ကားတွေများ.. အမှန်အကန်အပီအပြင်ရိုက်တာ..
    နဂါးကလူကိုလည်းစားတယ်..။ မိုးပေါ်လည်းပျံပြတယ်..
    အပီအပြင်.. 🙂

  • Thel Nu Aye

    May 6, 2012 at 3:25 pm

    မဲမဲကြီးမှာဖြူဖြူကြီးပဲမြင်ရတယ်။ ရိုက်ထားတာကလဲလှုပ်တုတ်လှုပ်တုတ်နဲ့။ နဂါးလားရှင်းဘူးရယ်။

  • မဟာရာဇာ အံစာတုံး

    May 6, 2012 at 5:10 pm

    ကိုးနတ်ရှင်က ဖွတ်ချပ်ဖွတ်ချပ်ဆိုတော့ …
    ဒေါင်းလို့ ရသေးဘူးရယ် … 🙁
    အဲဒီလို နဂါးကို ဗီဒီယိုထဲ တွေ့တာနဲ့ ပတ်သက်ပြီး
    ကျနော် ကလေးတုန်းက အမှတ်တမဲ့ နဂါး တွေ့ဖူးခဲ့တာလေးကို ပြောရဦးမယ်ဗျ ..

    ငယ်ငယ်က ရွာမှာပေါ့ …
    အိမ်က နှစ်ထပ် .. တစ်နေ့တော့ အိမ်ပေါ်ထပ်က အခန်းထဲမှာ တစ်ယောက်တည်း ဓါတ်ပုံတွေ ကြည့်နေတယ် .. အဲဒီ အခိုက်မှာ အခန်းရဲ့ ပြတင်းပေါက်ဆီကို အမှတ်တမဲ့ ကြည့်မိလိုက်တော့ ခေါင်းမှာ အမောက်တွေပါတဲ့ နီနီရဲရဲ အကောင်ကြီး တစ်ကောင်ကို မြင်လိုက်ရတယ်ဗျာ …
    အဲလို မြင်လိုက်ရော ဘယ်ရမလဲ သတ္တိက မသေးတဲ့ ကောင် ဆိုတော့ အနီးနား အိပ်ရာပေါ်မှာရှိတဲ့ စောင်ကို အမြန်ဆုံး လှမ်းယူပြီး ….
    တစ်ခါတည်း ကိုယ့်ကိုယ်ကို ခေါင်းမြီးခြုံချလိုက်တယ် … 😀
    ဒါမှ အဲဒီ နီနီရဲရဲ အကောင်ကြီးကို မမြင်ရတော့မှာလေ …
    နည်းနည်းကြာတော့မှ စောင်ကို မသိမသာ ဖွင့်ကြည့်လိုက်တော့ အဲဒီအကောင်ကြီး ရှိတော့ဘူး …
    ကျနော်လည်း အိမ်အောက်ကို တန်းဆင်းပြေးခဲ့တော့တာပဲ … 😀 😀

    ဒါကတော့ ကြုံတုန်း ကိုယ့်အဖြစ်လေးကို ဝင်ပွားလိုက်တာ … ဗီဒီယိုကိုတော့ ကိုးနတ်ရှင် မျက်နှာသာပေးမှ ဒေါင်းပြီး ကြည့်လိုက်ဦးမယ်ဗျို့ ….

    • ဦးဦးပါလေရာ

      May 6, 2012 at 11:04 pm

      အံစာတုံးရဲ့..
      အဲဒါ ကြက်ဖကြီးကို ပထမဆုံး စမြင်ဘူးတဲ့ အတွေ့အကြုံလား….:D

  • ဆူး

    May 6, 2012 at 5:34 pm

    ဘာများလဲလို့ သွားပြေးကြည့်တာ ဟုတ်တော့ ဟုတ်နေတာပဲ.. မဲမဲ ကြီးမှာ ဖြူဖြူကြီး..

  • ကိုရင်မောင်

    May 6, 2012 at 6:05 pm

    ဘာကိုကြည့်ရမှာလဲ မှောင်ကလဲမှောင်
    ဖြူဖြူ ဖြူဖြူနဲ့က ဘာလဲနဂါးဆိုတာလား
    ရိုက်တဲ့သူကလဲကင်မရာကမညိမ်နဲ့
    ကြည့်ရင်းနဲ့တောင်မူးလားတယ်…

  • က်ိုကိုအိုဗာ

    May 6, 2012 at 7:02 pm

    တော်ပါတော့ကို်ယ်ဆရာရေ့
    လို့ ပဲပြောချင်ပါတော့တယ်
    ခေါင်တော်တော်မှုးသွားတယ်
    အာရုံနောက်တယ်
    သွားချလိုက်အုံးမယ်
    ကို အဖြော့ယောင် ရေ့….

    • sugar sugar

      May 7, 2012 at 11:33 am

      ကို ပေစိတော်တော်နောက်၊အခုမှ တကယ့်နဂါးမြင်ရတယ် ဟားဟားဟား

    • laypai

      May 7, 2012 at 3:22 pm

      နဂါး အိုဗားမားလဲ ပါတယ် နော်။

  • sugar sugar

    May 7, 2012 at 11:32 am

    ဘာကြီး လဲဖြူဖြူကြီး ကမြင်ရဘူး

  • etone

    May 7, 2012 at 12:53 pm

    နဂါးလာကြည့်တာ …. မျက်လုံးကြီး ပြူးကြည့်ပြီး ပြန်ထွက်သွားရတော့တယ် …. ။ 😛

  • FattyCat

    May 8, 2012 at 2:17 pm

    ဒေါင်းတယ်…
    ကြည့်တယ်…
    ပြူးကြည့်တယ်…
    မီးမှိတ်ကြည့်တယ်…
    မော်နီတာနားကပ်ကြည့်တယ်…
    အလင်းကိုတင်ကြည့်တယ်…
    နောက်ဆုံး
    ကပ္ပလီနဂါးလို့ဆုံးဖြတ်ချက်ချလိုက်တယ်…
    သူ့နဂါးက တော်တော်လေးမဲနေတာတွေ့ရတာကိုး…

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

    • မဟာရာဇာ အံစာတုံး

      May 8, 2012 at 2:51 pm

      ဗီဒီယို ဆုံးခါနီးလေးမှာ
      အဖြူကွက်လေး ဟိုပြေးဒီပြေးလေး ဖြတ်ခနဲ ပေါ်လာတာပါ ..
      အဲဒါ မှောင်နေလို့ ဓာတ်မီး ထိုးလိုက်တာ ဖြစ်မှာပါ …
      အဲ့နဂါး ကျနော်လည်း ပြူးဗြဲကြည့်တာ
      ပြီးတော့ အဲဒီ အဖြူအလင်းရောင် ဟိုပြေးဒီပြေးလေး ဖြစ်သွားတာကိုလည်း
      pause လုပ်ပြီး ကြည့်လိုက်၊ အဲ့နားလေး ခဏခဏ ရီပီ့လုပ်ပြီးကြည့်လိုက်
      အဲလို လုပ်တာပဲ ဘာမှ ထူးခြားတာ တွေ့ရပါဘူး …
      ထူးပါဘူး .. ကိုကြောင်ဝတုတ် ပြောသလိုပဲ ..
      အဲ့နဂါး ကပ္ပလီနဂါး လို့ပဲ မှတ်လိုက်တော့တယ်ဗျာ .. 😀

Leave a Reply