ဧရာဝတီ ခရီးစဉ် အပိုင်း (၂)

mgwaloneMay 6, 20121min775

ဒုတိယပိုင်း ဆက်တင်လိုက်ပါတယ်။ ဧရာဝတီကနေ ကျွန်တော်တို့ ယူနေတာ များပါပြီ။ ဘယ်တော့ ဘယ်လို ပြန်ပေးကြမှာလဲ။ မြစ်ဆုံအကြောင်းတင် မဟုတ်ပဲ ဧရာဝတီ မြစ်ရိုးတစ်လျှောက်က အကြောင်းကိုလည်း စဉ်းစားစရာတွေ အများကြီးပါ။

5 comments

  • mgwalone

    May 6, 2012 at 11:59 am

    တင်လိုက်တိုင်း အမှားတစ်ခုက ပါပါသွားတယ်ဗျာ။ ပုံဆိုက်က သေးသွားတယ်။ ခေါင်းစဉ်လဲ မေ့သွားတယ်။ ကျေးဇူးပြုပြီး ဧရာဝတီ ခရီးစဉ် အပိုင်း (၂) လို့ တပ်ပေးဖို့ သူကြီးကို တောင်းပန်ပါတယ်။

  • မဟာရာဇာ အံစာတုံး

    May 6, 2012 at 5:34 pm

    သဂျီးက တစ်ရေးနိုး ရှူးရှူး ထပေါက်တုန်း ရှိသေးတယ် .. 😀
    နောက်ထှာနော့ ..
    သဂျီးမြင်ရင် မြင်ပေးပါလိမ့်မယ်ဗျာ ..
    ကျနောက်တော့ ပုံသေးသေးတွေကို အားပေးတွားပါဂျောင်း ..

  • ဆူး

    May 7, 2012 at 3:07 pm

    ပုံလေးက သေးတော့ အမှိုက်တွေ မမြင်ရဘူး ဖြစ်နေတယ်။
    အဲဒီ ပလပ်စတစ် အမှိုက်တွေ ကိစ္စ ကိုတော့ စနစ်တကျ ဇြစ်ဖို့ တော်တော် လှုပ်ရှားရအုန်းမယ် ထင်တယ်။

  • mgwalone

    May 8, 2012 at 6:12 am

    ဟုတ်တယ်ဗျ။ ကျွန်တော်တို့ မြို့ပေါ်မှာ ဘယ်လောက်ပဲ ပြောပြော၊ ဒီနယ်မြို ့တွေနဲ့ ကျေးရွာတွေမှာ အတော်လေး လုပ်ဖို့ လိုပါသေးတယ်။ ဧရာဝတီကလဲ အမှိုက်ပစ်ဖို့ နေရာဖြစ်နေတယ်။ ပြီးတော အဲဒီ အမှိုက်ပုံနားက ရေကိုပဲ လာခပ်ပြီး သုံးကြတယ်။ မြစ်ထဲမှာ သွားနေတဲ့ သင်္ဘောတွေ၊ လှေတွေ ပေါ်မှာလဲ ဒီအတိုင်းပဲ ။ တစ်ခုခု စားပြီး အမှိုက်ကို အလွယ်တကူ မြစ်ထဲကိုပဲ ပစ်လိုက်ကြတာ။ မြစ်ထဲမှာ ပလတ်စတစ်အမှိုက်၊ ရေသန့်ပုလင်း၊ အအေေးပုလင်း လိုဟာတွေ တွေ့နေရတယ်။ PSI က AIDS ပညာပေးကို မော်တော်တစ်စင်းငှားပြီး မြစ်ရိုးတစ်လျှောက် လိုက်လုပ်သလို အဖွဲ့အစည်းတစ်ခုခုက လုပ်ရင် သိပ်ကောင်းမှာပါ။ အမှန်ကတော့ ဒီရွာတွေ၊ မြို့တွေကို နည်းမျိုးစုံနဲ့ ပညာပေးတာတွေ လုပ်ရမှာပါပဲ။

    • ဆူး

      May 8, 2012 at 8:58 am

      လုပ်သင့်ပါတယ်။ မြစ်ထဲမှာ တခါတလေ.. ဘောလောတွေတောင် မြင်ရတတ်တယ်။
      ဝမ်းရောဂါတို့ ဘာတို့ဆို မြစ်ကြောင်း တလျှောက် ပြန့်တာလည်း အဲဒါတွေ ကြောင့် ဆိုတာ သေချာတယ်။

Leave a Reply