၂ဝ နှစ် မြောက် မင်္ဂလာ မွေးနေ့ပါ akswe (အဘဆွေ) – ၂ နဲ့ မြှောက် လိုက်ကြပါဦး :-)

မွေးနေ့ မင်္ဂလာ နေ့ရက်မှ အောင်မြင်ပျော်ရွှင်သော နေ့ရက်များစွာကို ဆက်လက်ဖြတ်သန်းနိုင်ပါစေ။
လိုအပ်သောဆု မြတ်သောဆု များလဲ ပြည့်ဝပါစေ။

Happy Birthday!

 

Image From – http://www.123greetings.com

47 comments

  • ကြောင်ကြီး

    May 7, 2012 at 7:47 am

    လေးဆယ်
    အတွေးကြွယ်
    မေးမယ်
    သူဌေးရယ်..
    ဈေးဝယ်
    အကြွေးသယ်
    ခလေးငယ်
    ပြေးဒယ်..။

    • akswe

      May 7, 2012 at 10:53 pm

      ခလေးငယ်
      ပြေးဒယ်..
      ဆွေး ကွယ်
      တွေးတယ်
      လွေးမယ်
      ဒွေးမယ်
      လေးဆယ်။
      ကဗျာနဲ့ အားပေးတဲ့ကိုကြောင် ရေ ကျေးဇူးပါနော်။

  • akswe

    May 7, 2012 at 7:56 am

    အရီးလတ်ရေ…
    မေတ္တာ နဲ့ ခြွေတဲ့ တောင်းဆုကို လေးစားဝမ်းမြောက်စွာ နဲ့ ခံယူပါ တယ်ခင်ဗျာ။
    ကျွန်တော့် ကို အစ်မ အရင်းတစ်ယောက်လို မေတ္တာ ထား ပြီး မွေးနေ့မှာဆုတောင်းပေး
    တဲ့ အတွက် ဖော်မပြနိုင် အောင်ဝမ်းသာမိရပါတယ်။
    မိဝေး ဖဝေး မိတ်ဆွေ သူငယ်ချင်း အားလုံးနဲ့ ဝေးနေတဲ့ အတွက် မွေးနေ့တောင် မမှတ်မိ နိုင်ကြတော့ပဲ
    ကိုယ့်မွေးနေ့ကို ကြောင်တောင်တောင် နဲ့ဖြတ်ကျော် တော့မယ့် တဲ့အချိန်မှာအရီးရဲ့ ဆုတောင်းက အားဆေးတစ်ခွက်ပါ ….
    ကျေးဇူး တင်ပါတယ် ဆို တာ အကြိမ်ကြိမ် နှလုံး သားထဲကရေရွတ် ရင်း…
    အရီးလည်းကိုစိတ်နှစ်ဖြာ ချမ်းသာပါစေ ရန်မေတ္တာပို့ပါတယ်…..
    ဘဆွေ။

  • water-melon

    May 7, 2012 at 8:00 am

    အဘဆွေ
    မွေးနေ့မှာ
    မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေလို့
    ဆုတောင်းပေးပါတယ်…

    • akswe

      May 7, 2012 at 10:49 pm

      ပိုစ့်က အရီးလတ်ပိုစ့်ပေမယ့် မွေးနေ့က ကျွန်တော့် မွေးနေ့ ဆိုတော့ ရိပလိုင်း လုပ်ခွင့်ပြုပါ အရီးလတ်နော…

      ဖရဲမလေးရေ…
      ပေးတဲ့ဆု နဲ့ ပြည့်ပါစေရန် ဆုတောင်းပါတယ်..
      ကျေးဇူး အထူးတင်ပါတယ်နော်…
      ဘဆွေ

  • padonmar

    May 7, 2012 at 8:31 am

    မင်္ဂလာဆောင်ပါ အဘဆွေ
    ဟာမှားလို့
    မင်္ဂလာမွေးနေ့ပါ အဘဆွေ
    ဒီအသက်လောက်နဲ့ အဘဘွဲ့ရတာ ဂုဏ်ယူစရာပါ

    • akswe

      May 7, 2012 at 10:58 pm

      မပုဒုမ္မာရေ…

      မင်္ဂလာဆောင်ခြင်ပါတယ်…သို့သော်လည်း တဲ့ အဲ ပေါ့လေ…ဟီးးးးးး
      မွေးနေ့ဆုတောင်းအတွက်ကျေးဇူး အထူးတင်ပါရစေနော်..
      အသက်က ပိုကြီး ပါတယ် အရီးလတ်က သူ့မောင်လေးမို့လို့ လျှော့ပြောပေးတာပါခင်ည…;)

  • windtalker

    May 7, 2012 at 8:56 am

    ဘုန်းကြီးပါစေ အသက်ရှည်စေ
    ဂေဇက်မှာ အမြဲလာ ပွားနိုင်စေ။

    • akswe

      May 7, 2012 at 11:00 pm

      မောင်ပေရေ..
      ပေးတဲ့ဆုနဲ့ ပြည့်ပါရစေနော်…
      ကျေးကျေး ဆယ်ပုံး တင်ပါတယ်။

  • amatmin

    May 7, 2012 at 9:14 am

    ပျော်ရွှင်ဖွယ်ရာ ..မွေးနေ့မင်္ဂလာ ရက်မြတ်ဖြစ်ပါစေ..အဘဆွေ..

    လေးဆယ်အဘ
    မနှေးကြွယ်ဝ
    ဘေးရန်အပ
    ကင်းစေဗျ.. 🙂

    • akswe

      May 7, 2012 at 11:03 pm

      အမတ်ကြီးရေ..
      မွေးနေ့ဆုမွန်အတွက် လွန်စွာကျေးဇူးတင်ပါသည်…
      အမှန်တစ်ကယ်ကျေးဇူးတင်ပါသည်…း)

  • 2ကို 3နဲ့မြောက်ရင် ကျနော်လဲ အဘဆွေအရွယ်ရောက်တော့မယ်
    မင်္ဂလာအပေါင်းခညောင်းပါစေ……………………

    • akswe

      May 7, 2012 at 11:05 pm

      လေးပေါက်ရေ..
      ဘာနဲ့မြှောက်မြှောက် လေးပေါက်က နှလုံးသားက ငယ်နေတာပါ နော..( young at heart )
      ဆုတောင်းပေးတာကို လေးစားစွာခံယူသွားပါတယ်….ကျေးဇူးပါ လေးပေါက်….

    • akswe

      May 7, 2012 at 11:07 pm

      Laipai,
      Thanks million for your kind wishes and accept you with warm hearted, Cheers…..:)

  • ဗိုက်ကလေး

    May 7, 2012 at 10:12 am

    ရွနေ
    အဘဆွေ
    ကမလေ
    ထလေ
    မာဆတ်ဂိုးကြမလေ
    ဪ..
    အဘဆွေတောင် လေးဆယ်ပြည့်မှတော့
    ကျုပ်လဲ ၁၆နှစ်တောင် ရှိပါပကောလားဗျာ

    • akswe

      May 7, 2012 at 11:14 pm

      ကပေါက်ဖော်ကီးရေ..
      မွီးနိကီးမှာ အိဒီလို စိ ကီယောင် ခီယောက် ခယာ းဖစ်အောင် မီလုရဝူးလေ….
      ဝ ဥပု ယူထားလယ်. ဟာကို မာဆတ်စွားမယ်ဆိုလော့ ခုထွက်လိုက်ရမီလား
      ကယေးစူး အကီးကီးတင်လယ်လော်..ဪလူ့ အီစက် က စိစောက်နှစ ်ပဲစိစေးလာကိုး…စွတ်ခ..စွတ်ခ..

  • etone

    May 7, 2012 at 10:20 am

    Happy birthday ပါ အဘဆွေရေ ။
    ယခုနှစ်မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်ပျော်ရွှင်သော နေ့ရက်များကို ချစ်တဲ့ မိသားစုနဲ့အတူ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော် ။

    (ဇကားမဆပ် အသက်လေးဇယ်မှ ဘဝ ဆဒါဆိုဗဲ … ဟုတ်လား … 😀 )

    • akswe

      May 7, 2012 at 11:21 pm

      သမီးတုံးတုံးရေ…
      မွေးနေ့ဆုမွန် အတွက် ကျေးဇူး အများကြီးတင်ပါရစေနော..
      (ဇကားမဆပ် အသက်လေးဇယ်မှ ဘဝ ဆဒါဆိုဗဲ … ဟုတ်လား … )
      …ဟုတ်ဒယ် ဓါဗေမဲ့ စ လုံးနဲ့မဟုတ်ဗဲ ဆ လိမ်နဲ့ ခြိမ်ဆ ပြီး ဗဝ ကို ဆယ ဓေါ့မဲ့ အယွယ် ဂို ရောက်ထာ…. 🙂

  • ဦးဦးပါလေရာ

    May 7, 2012 at 11:45 am

    ပျော်ရွှင်ဘွယ်မွေးနေ့ဖြစ်ပါစေလို့ ဆုမွန်တောင်းပါတယ်ဗျာ…။

    • akswe

      May 7, 2012 at 11:24 pm

      ဦးပါခင်ဗျား
      တောင်းဆု ကို လေးစား စွာ လက်ခံရယူပါတယ်ခင်ဗျား…
      ကျေးဇူးလည်းအရမ်းတင်ပါတယ်…
      ဦးပါလည်း ချမ်းမြေ့ပါစေနော..

  • weiwei

    May 7, 2012 at 12:23 pm

    အရီးလတ်ဦးသွားလို့ .. ကျွန်မလဲ တင်မလို့ … 😛

    အဘဆွေလို့ ခေါ်ရမှာတောင် အားနာလာတယ် …
    ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ …

    • akswe

      May 7, 2012 at 11:34 pm

      ဝေကုလျံ….
      ရှဲရှဲနီတဲ့ဟောင်ယိ…
      ငေါ်လေးဆယ ် နီမပြည့်စေး ဝစိ….
      အရီးလတ ် လျှောက်ဖွ…
      ဝေါ်ကိုက်စစ်…
      မေ့ယိုကွမ်းစိ…စူ့အလှည့်ပြန်ဖွ..တွေ့ကြသေးတာပေါ့ ဟွင်းဟွင်း…. 🙂
      အဘဆွေ ဘဝနဲ့ပဲ ဂေဇက်မှာနေပါရစေ…

  • ရွာစားကျော်

    May 7, 2012 at 1:02 pm

    အဘဆွေ မွေ့နေ့မှာ
    အပေါ်က ရွာသူားတွေ ပေးသမျှဆုတွေ အကုန်ပြည့်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ..

    • akswe

      May 7, 2012 at 11:35 pm

      ရွာစားကြီးရေ..
      ပေးတဲ့ဆုနဲ့ပြည့်ပါစေ…
      ဆုတောင်းအတွက်ကျေးကျေးပါနော်…

  • kai

    May 7, 2012 at 1:04 pm

    မွေးနေ့ပွဲတခုကပြန်လာပြီး.. မိုင်၁၃ဝမောင်းလိုက်ရလို့.. အနားယူနေတာ..
    နောက်မွေးနေတခုတွေ့မိတယ်..

    အသက်၄ဝမှာ.. ကိုယ်တိုင်က..သူတပါးအမှီအခိုကင်းစွာနဲ့.. လွတ်လပ်နေနိုင်သွားကြတတ်သမို့.. ကိုယ်လုပ်ချင်တာကို.. ကိုယ့်ဆုံးဖြတ်ချက်နဲ့.. တာဝန်ယူလုပ်နိုင်ကြတတ်သမို့.. ၄ဝမှာ ဘဝစတာတဲ့..
    ပြောကြတာ…
    ဆိုတော့..
    ရာဇဝင်ကြွေးဆပ်ရင်းဆပ်ရင်း.. ဘိုမချောချောလေးနဲ့.. ရပါစေဗျာ..
    ကိစ္စမရှိ..
    မကြိုက်ရင်.. နောက်တယောက်ထပ်ယူပေါ့.. 🙂

    • akswe

      May 7, 2012 at 11:40 pm

      သကြီးရေ…
      ဒီကြွေးကလည်း ကြေ ကို မကြေ တော့ဘူး…
      မလုပ်လိုက်ပါနဲ့သဂျီးရယ်…
      ကလေးထိမ်း ထမင်းချက် အဝတ်လျှော် မြက်ရိတ် နဲ့ ဟောက်စ် ဟက်စဘန်း ဖြစ်ရလိမ့်မယ် ခုတောင်ထိပ်ပြောင်နေတာ သူတို့နဲ့သာယူရရင် ဘောင်းဘီတောင် ပါမှာမဟုတ်တော့ဘူးးး 🙂

      • kai

        May 8, 2012 at 3:11 am

        အောက်မြန်မာပြည်ကို အင်္ဂလိပ်နှစ် ၁၀ဝကျော် ကိုလိုနီလုပ်သွားတာမှာ… အဲဒီနယ်တွေများ.. အခုခေတ်ထဲ.. မျက်လုံးပြာ..ပြောင်ဖူးမွှေးဆံပင် တယောက်တောင် မကျန်ရစ်ဖူး..
        အဲဒါနဲ့..
        ဘာတွေဖြစ်..ဘာလုပ်ရမယ်မှန်းမသိလို့.. ရာဇဝင်(ရာဇ= မင်း) ကြွေးချည်းဆပ်ခိုင်းနေတာ..

        မဆပ်ပေးနိုင်လည်း နေပေါ့ကွယ်..။
        ဟိုလိုပေါ့..
        ဘာတဲ့..
        “ကမ္ဘာမကြေ၊ မြန်မာပြည် တို့ဘိုးဘွာအမွေစစ်မို့ ချစ်မြတ်နိုးပေ။ ပြည်ထောင်စုကို အသက်ပေးလို့ …” ..ဒန်တန်တန်…

        ကမ္ဘာမကြေ ဆိုထားတာပဲ..
        မကြေဘူးဟေ့.. မကြေဘူး..မကြေ..မ.. 😆

        • Khin Latt

          May 8, 2012 at 3:29 am

          သူကြီး ဘယ်လို တွန်းတွန်း အဲဒီ ကလေးက မြန်မာပြည် က မြန်မာမ လေး မှ တဲ့ ဗျား။
          ဒီက မြန်မာမ တောင်မှ မဟုတ်ဘူးနော်။
          ဒီလောက်တောင် သွေးနီ တာ။

          ဒါထက် စကားအတင်းစပ်လို့
          သူကြီးမင်း ကြည့်ရတာ သူများတွေ ကို ရာဇဝင်ကြွေး ဆပ်ဖို့ တွန်းနေရင်း ကိုယ်တိုင်ဝင်ပြီး ဆပ်ချင်စိတ်တွေ များ တစ်ဖွားဖွား ပေါ်နေလား ဟင်င်င်င်င်င်င်။
          ညီမခိုင် ရေ တစ်ချက်လောက်။ 😀

        • kai

          May 8, 2012 at 3:34 am

          အရီးလတ်ကလည်း…
          လူပျိုတွေကို ပြောတာလေ..။ 🙂
          (သားသားကြောက်ကြောက်.. )

          ဆိုတော့..
          မဖြစ်နိုင်.. မဖြစ်ခဲ့တာတွေနဲ့.. မနေပဲ..
          “ကမ္ဘာမကြေ၊ ကို.. ဖြုတ်ပေးစေလိုရင်း.. ရည်ရွယ်ချက်ဖြစ်ကြောင်း… ” :mrgreen:

        • Khin Latt

          May 8, 2012 at 3:38 am

          “သားသားကြောက်ကြောက်” ဆိုတာ ကြောင့် မောင်မင်း “4 Stars” ဖြစ်စေသတည်း။ 🙂

        • ဆူး

          May 8, 2012 at 9:03 am

          မဒမ် ခိုင် က အဲဒါ စောင့်ဖတ်နေလို့.. သဂျီး ဗိုက်ခေါက် တော်တော် အဆီမထွက်အောင်. မဒမ်ခိုင် ဆွဲဆိတ်ပေးနေတယ်ဆိုလား.. အဟိ..
          အန်တီခိုင် ရေ.. ချ ကွ.. လုပ်ကွ… လက်ခုပ်တီးပေးမယ်နော်။

        • ဗိုက်ကလေး

          May 8, 2012 at 12:15 pm

          တားတားကိုလဲ ဖိုက်ဗ်စတား တပ်ပေးဘာ

  • ဆူး

    May 7, 2012 at 1:44 pm

    မွေးနေ့ မင်္ဂလာပါ အဘဆွေ..
    ကျန်းမာ ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ဘဝမှာ မျှော်လင့် တောင့်တ သော အရာများ လုံးလ မပြုရပဲ ပြည့်စုံပါစေ။

    • akswe

      May 7, 2012 at 11:42 pm

      ဆူးရေ..
      တောင်းပေးတဲ့ဆုတွေ အားလုံးနဲ့ပြည့်ရပါစေသားလို့ ထပ်ဆင်းတောင်းဆု ပြုပါတယ်..
      ဆူးလည်း အဲဒီ အတိုင်းဖြစ်ပါစေနော်…

  • ကိုရင်မောင်

    May 7, 2012 at 4:19 pm

    ယခု မွေးနေ့မှစ၍ နောင်မွေးနေ့ပေါင်းများစွာ
    ကျမ်းကျမ်းမာမာပျော်ပျော်ရွင်ရွင် ကျင်းပနိုင်ပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်ဗျာ……….

    • akswe

      May 7, 2012 at 11:44 pm

      ကိုရင်မောင်ခင်ဗျား..
      ပေးတဲ့ဆုနဲ့ပြည့်ပါစေ….
      ကျေးဇူး အရမ်းတင်ရပါတယ်နော်…

  • char too lan

    May 7, 2012 at 4:22 pm

    အသက်လေးဆယ် … လူတွေမေးတယ်… ဘယ်တော့များမှ .. စားရမှာလဲ … ဟန်ဆောင်ရပီ.. လူတွေမသိအောင် … အပြုံးလေးနဲ့ .. လိမ်ရပီ…. ~ ~ ~ ~
    😉 😉 😉 😉
    ပျော်ရွှင်ပါစေ… အဘဆွေ 😀 😀 😀

    • akswe

      May 8, 2012 at 12:00 am

      သမီးချာတူးရေ..
      မတွေ့တာကြာပေါ့..
      ဒါ့ပုံထဲမှာနဲ့ အဘမှန်းထားတာနဲ့ တော်တော်တူနေတာ..
      (အသက်လေးဆယ် … လူတွေမေးတယ်… ဘယ်တော့များမှ .. စားရမှာလဲ … ဟန်ဆောင်ရပီ.. လူတွေမသိအောင် … အပြုံးလေးနဲ့ .. လိမ်ရပီ…. ~ ~)
      အဘမလိမ်ပါဘူး
      ဗြောင်ပဲ မေးလာရင်ဖြေလိုက်တယ်…ကျွန်တော်အိမ်ထောင်မရှိတာ ခြောက်ခါရှိပြီလို့ ..ဟွင်းဟွင်း ..ဘာရမလဲ 🙂

  • မဟာရာဇာ အံစာတုံး

    May 7, 2012 at 9:13 pm

    အဘဆွေ …
    ရစေ ..
    ပျော်စရာတွေ …
    ယနေ့မွေးနေ့မှ နောင်နှစ်များစွာ တိုင်အောင်လေ …… ။

    • akswe

      May 8, 2012 at 12:03 am

      သမီးအံစာရေ…
      ပျော်တယ်ဟေ့ .. အမေပျော်တယ်…
      မွေးနေ့ဆုမွန်အတွက် ကျေးဇူးအထူးတင်ပါရစေနော…

  • Foreign Resident

    May 8, 2012 at 6:51 am

    အဘဆွေ
    ပျော်ရွှင်ဘွယ်မွေးနေ့ဖြစ်ပါစေဗျာ…။ 🙂

  • MaMa

    May 8, 2012 at 8:49 am

    အဘ လို့ ဆိုထားတော့ ……
    ၂ဝ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်လို့ ဖတ်မိလိုက်တာ … :mrgreen:
    မင်္ဂလာနှစ်ပတ်လည်ပဲ ဖြစ်ဖြစ် မင်္ဂလာမွေးနေ့ပဲ ဖြစ်ဖြစ်..
    လိုအပ်သောဆု မြတ်သောဆုများနဲ့ ပြည့်စုံပါစေလို့….
    အမှန်အကန် ဆုတောင်းပေးလိုက်ပါသည်။ 🙂

    • ဆူး

      May 8, 2012 at 9:11 am

      ဆူး လည်း မင်္ဂလာ နှစ်ပတ်လည်လို့ ဖတ်မိတယ်။ လူပြိုကြီး မင်္ဂလာ နှစ်ပတ်လည် ဖြစ်နေလို့ ခေါင်းစဉ်ကို အမှတ်တမဲ့နဲ့ ၂ခါ ဖတ်လိုက်ရတယ်။

    • MaMa

      May 8, 2012 at 5:03 pm

      ပြောဖို့ကျန်ခဲ့လို့ အရီးလတ်ရဲ့ လက်ဆောင်ကဒ်ကလည်း ရှယ်ပါပဲ။ 🙂

  • မဟာရာဇာ အံစာတုံး

    May 8, 2012 at 12:58 pm

    အရီးလတ် .. အရီးလတ် ..
    ဒီပို့စ်မှာ လုပ်ကြံသူ ရှိနေပြီ … 🙁
    လွန်ခဲ့တဲ့ တစ်နာရီ ကျော်ကျော် လောက်ကမှ ဒီပို့စ်ကို ကျနော် ကွန်မန့် ပေးထားတာ ..
    အဲတုန်းက အနီတွေ ရှိသေးဘူး ..
    ခု .. ပလူပျံနေပြီ … အဓိက အဘဆွေကို ရည်ရွယ်တာ ထင်တယ် …
    best comment ဖြစ်တဲ့ သဂျီးတောင် နီပေးထားတယ် ..
    အဲဒါ ဖြစ်သင့်ဘူး …
    နိုင်သလောက် ဖျက်သွားဒယ်ပါတယ်ဗျို့ ….

  • pooch

    May 8, 2012 at 5:19 pm

    Dear abaswe,
    In your birthday,
    Be happy , Be healthy, Be wealthy, Be shiny,………wish you have everything you want… 😀

    sorry for my being late..

Leave a Reply