ဧရာဝတီ ခရီးစဉ် အပိုင်း (၃)

mgwaloneMay 7, 20121min977

ဧရာဝတီကို နည်းမျိုးစုံနဲ့ အသုံးချတယ်။ သောက်တယ်။ သုံးတယ်။ သို့သော် အလွယ်တစ်ကူပဲ အမှိုက်မျိုးစုံ ပစ်ကြတယ်။ အညစ်အကြေး စွန့်ကြတယ်။ ရေဝေရေလဲ လုပ်ပေးတဲ့ တောတောင်တွေမှာ ရှိတဲ့ သစ်တွေ၊ ဝါးတွေကို ခုတ်တော့ မြစ်ထဲမှာ အနည်ပို့ချတာတွေ များလာ။ သောင်တွေ ပိုပေါ်လာတယ်။ ရွှေတူးတဲ့လူက တူး ။ ရင်လေးစရာတွေ ပါပဲ။

7 comments

  • mgwalone

    May 7, 2012 at 6:53 am

    ပုံတွေက ကြီးလိုက်သေးလိုက် ဖြစ်နေတယ်။ Size က အတူတူ။ ဘာလို့ ဖြစ်နေသလဲ မသိ။ အားပေးသူများကို ကျေးဇူးတင်ပါတယ်။

  • water-melon

    May 7, 2012 at 8:03 am

    သောင်တွေထွန်းနေပြီနော်
    ဘယ်တော့များ တိမ်ကောမလဲမသိ
    ဖြစ်မှလုပ်တာထက်
    မဖြစ်ခင်မှာ ဂရုစိုက်တာကောင်းမယ်ထင်တယ်

  • ဆူး

    May 7, 2012 at 3:09 pm

    ဧရာဝတီ ဆိုတာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကြီး ဖြစ်နေတာ သူကို ကျန်းမာအောင် လုပ်ဖို့ သတိမေ့နေကြတယ်။

  • amatmin

    May 7, 2012 at 3:36 pm

    နံပါတ် ၂ ပုံလေးကို ကြိုက်သဗျ..
    ရေလည်ခေါင် သောင်ထွန်းနေတာကတော့ စိတ်မောပ.. 🙁
    နံပါတ် ၁ ကလဲ ဆိုဒ်သေးသွားလို့ နို့မို့ အတော်လှမယ်ထင်တယ်..
    ဘာပဲဖြစ်ဖြစ် ကျန်ရှိနေသေးတဲ့ အလှတရားတွေ မပျောက်ပျက်ဖို့တော့ တာဝန်ကိုယ်စီရှိကြသည်ပေါ့..

  • windtalker

    May 7, 2012 at 7:53 pm

    ထီးချိုင့်မြို ့ရှုခင်းဆိုတဲ့ပုံလေး တော်တော်မိုက်တယ်ဗျာ ။ ရှော်တယ် ပေါ်ကနေ ရိုက်ခဲ့တာလားဗျ ။

  • mgwalone

    May 8, 2012 at 5:58 am

    အားပေးသူများကို ကျေးဇူးတင်ပါတယ်။ ပုံတွေက မော်တော်ပေါ်ကနေ ရိုက်ထားတာပါ။ အလုပ်နဲ့ ခရီးသွားတုန်းကပါ။ ဗန်းမော် ကနေစုန်လာတာ။ စင်းလုံးငှား (ကျွန်တော်ငှားတာမဟုတ်) ဆိုတော့ နဲနဲ အေးအေး ဆေးဆေး ရိုက်လို့ ရခဲ့ပါတယ်။

Leave a Reply