““ဗျို့သူကြီး..ဗျို့သူကြီး…ကျွန်တော်တို့လင်မယားမပေါင်းနိုင်တော့ဘူး။အဲဒါ လင်ခန်းမယားခန်းဖြတ်ပေးပါ။အခုဖြတ်ပေးပါ။ဒီမသာမကို မပေါင်းတော့ဘူး”
““ဟဲ့ ခင်လတ်တို့လင်မယားဘာဖြစ်လာကြတာလဲ အေးအေးသက်သာ ပြောဆိုကြစမ်း””
““ဟုတ်တယ် သူကြီး..ကျွန်မမဝေကလဲ သူ့ကိုမပေါင်းနိုင်တော့ဘူး။ အခု ချက်ခြင်းဖြတ်ပေးပါ။ သူ့ကိုဆက်ပေါင်းနေမယ့်အစား ခွေးကိုအမြီးဖြတ်ပြီးယူ ပေါင်းလိုက်မယ်။””
““ဟေ့ မိဝေ..မင်းငါ့ကိုခွေးနဲ့မနှိုင်းနဲ့။ မသာမ။သူကြီး ကျွန်တော်တို့ကို အခု ပဲဖြတ်ပေးပါ။ ဒီခွေးမကို လုံးဝကိုမပေါင်းနိုင်တော့ဘူး။””
““ကဲ….အေးအေးဆေးဆေး ပြောကြလို့ပြောတာ မရပါလား။ ဒီမယ်မင်းတို့ ကို ငါပြောမယ်။ ငါက လူတွေကိုပဲ စစ်ဆေးမေးမြန်းပြီးဆုံးဖြတ်ပေးတာ။ လူမဟုတ်တဲ့သူတွေကို ငါစစ်ဆေးမေးမြန်းလေ့မရှိဘူး။ဆုံးဖြတ်ပေးလေ့ မရှိဘူး။””
““ဘာဂျ…သူကြီးခိုင်..ဘာစကားပြောတာလဲ၊ လူတွေကိုပဲ စစ်ဆေးမေးမြန်း ပြီး ဆုံးဖြတ်တာဆိုတော့…ကျုပ်တို့ကို သူကြီးခိုင်က လူမဟုတ်ဘူးလို့ပြော လိုက်တာလား။ဒီစကားက သူကြီးပြောတဲ့စကားလား။ကျုပ်တို့ကို လူမဟုတ် တဲ့ သူတွေဆိုတော့ ခွေးတွေလို့ပြောလိုက်တာပေါ့။ သူကြီးဆိုပြီး ငုံ့ခံနေမှာ တော့ မဟုတ်ဘူးနော် သူကြီးခိုင်””
““ဟေ့ကောင်…ငါက လူမဟုတ်တဲ့သူတွေကို မစစ်ဆေး မမေးမြန်ဘူးလို့ ပြောတာ…မင်းတို့ကိုခွေးလို့ငါမပြောဘူး။ မင်းပြောသလိုငါအသိညာဏ်မမဲ့ ဘူး။စကားကို ကိုယ်ထင်သလိုဆွဲပြောတာ….ယူပြောတာ…မလုပ်ရဘူး။ တောင် မဟုတ်ဘူးဆိုတာနဲ့ မြောက်လို့ပြောမရဘူး။ အရှေ့လဲရှိသေးတယ်။ အနောက်လဲ ရှိသေးတယ်။ အထက်..အောက်..အများကြီးရှိသေးတယ်။””
““အဲလိုဆို ကျုပ်တို့ကို လူမဟုတ်တဲ့သူတွေလို့ဘာကြောင့်ပြောတာလဲ။ အဲဒါဆို ခုကျွန်တော်တို့ဘာတွေလဲ ပြောပါသူကြီး””
““အေး…မသိရင်မေး။ ခုငါ့ရှေ့ရောက်နေတဲ့ မင်းတို့လင်မယားဟာ လူစိတ် မရှိကြဘူး။ လူဆိုတာ အကြောင်းနဲ့အကျိုး…အကောင်းနဲ့အဆိုးကိုခွဲခြားပြီး သိတယ်ကွ။ ခု မင်းတို့ဟာ လူကြီးရှေ့မှန်း…သူကြီးရှေ့မှန်း..ရှက်ရမှန်း… ကြောက်ရမှန်း…တခုမှမသိကြဘူး။ ဟိုမှာကြည့်လိုက်စမ်း မင်းတို့ကို ရွာသား တွေဝိုင်းကြည့်နေကြတယ်။
အဲဒီလို အကြောင်းအကျိုး..အကောင်းအဆိုး…ရှက်ရမှန်း…ကြောက်ရမှန်း မသိတာတဲ့စိတ်ဟာ ….လူ့စိတ်မဟုတ်လို့ပဲ။ အဲဒါ မင်းတို့မှာ ဒေါသစိတ် တွေဖြစ်နေလို့။ မောဟ စိတ်တွေဖြစ်နေလို့…..ငါဆိုတဲ့ မာနစိတ်တွေမွန်နေ လို့…အဲဒီလို လူ့စိတ်မဟုတ်တဲ့ လောဘ..ဒေါသ..မောဟ…မာန..ဆိုတဲ့ ကိလေသာစိတ်တွေဖြစ်နေတော့…မင်းတို့ဟာ လူ့စိတ်နဲ့လူမဟုတ်တော့ ဘူး။ ကိလေသာစိတ်နဲ့လူ..ကိလေသာ ပူးနေသူတွေဖြစ်နေတယ်။
အဲဒီ ဒေါသတို့ မာနတို့ဆိုတဲ့ကိလေသာစိတ်တွေဟာ လူမဟုတ်တော့ လူစကား…နားမလည်ကြဘူး။ ဒေါသတွေသိပ်ကြီးနေတဲ့သူတွေကို ဘယ် လောက်ကောင်းအောင်ပြောပြော နားမလည်ကြဘူး။ အကောင်းမထင် ကြဘူး။ အဲဒါ လူမဟုတ်လို့ လူ့စကားနားမလည်တဲ့ သဘောပဲ။
ခုမင်းတို့လင်မယားလဲ…ဒေါသတွေသိပ်ကြီးနေကြတယ်။ငါ့ရှေ့မှာကို ဆဲကြ ဆိုကြ.နဲ့။ နောက်ပြီး မောဟတွေလဲ သိပ်များနေတယ်။ နောက် ငါဆိုတဲ့ မာနတွေလဲ အရမ်းများနေတယ်။ ဒီတော့ မင်းတို့ဟာ လူလို့ထင်ပေမယ့် လူမဟုတ်ဘူး။ ကိလေသာစိတ်တွေဖုံးလွမ်းနေတဲ့ ကိလေသာ ကောင်ကြီး တွေ ဖြစ်နေတယ်။ မင်းတို့ကောင်းအောင် ငါက လူလိုဆုံးမလဲ မင်းတို့က ဒေါသတွေအားကြီးနေတော့ ဒေါသကိလေသာတွေဖြစ်နေတော့ …လူ့စကား နားလည်မှာမဟုတ်ဘူး။ ဒါကြောင့် ငါက လူမဟုတ်တဲ့ လူနဲ့စကား မပြော ဘူးလို့ဆိုတာ။
အခု မင်းဟာ…မင်းကိုမင်း လူလို့ထင်နေတယ်။ ခင်လတ်လို့ထင်နေတယ်။ တကယ်တော့ မင်းဟာ လူမဟုတ်ဘူး။ ခင်လတ်မဟုတ်ဘူး။ မင်းမှာ ဒေါသ ဆိုတဲ့ကိလေသာတွေက ခွစီးပြီး အဲဒီဒေါသခိုင်းတိုင်းလုပ်နေရသူဖြစ်နေတာ။ ဒေါသက ဆဲလိုက်ဆိုရင်…မင်းဟာ ဆဲလိုက်တာပဲ။ ဒေါသက ပြောလိုက်ဆို မင်းက ပြောရတာပဲ။
ကဲ..မယုံရင် ၀ိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေကို ငါမေးကြည့်မယ်။ ကဲ ရွာသူ ရွာသားတွေ…အခု အော်ဟစ်ဆဲဆိုနေသူဟာ ခင်လတ်ဟုတ်သလား။ ဒေါသလား။ ခင်လတ်ဆိုရင် ….ခင်လတ်ဟာ အမြဲဆဲနေရမှာနော်။ ခင်လတ်ဟာ အမြဲဆဲနေတာမဟုတ်ဘူး။ ခုဒေါသထွက် စိတ်ဆိုးတုန်းမို့သာ ဆဲတာဆိုတော့ ခုစိတ်ဆိုးနေတဲ့အရာဟာ စိတ်ဆိုးနေသူဟာ… ခင်လတ်လား။ ဒေါသလား။ ””
““ဒေါသပါ သူကြီး””
““ဒေါသဟာ ခင်လတ်ဟုတ်သလားဟေ့””
““ဒေါ်သဟာ ခင်လတ်မဟုတ်ပါဘူးသူကြီး””
““အဲဒီဒေါသကြီးကို ငါလို့ပြောရမလား။ သူလို့ရော ပြောရမလား။””
““ဒေါသကို ငါလို့လဲ ပြောမရပါဘူး။ သူလို့လဲ ပြောမရပါဘူး။ ဒေါသဟာ ကိလေသာပါ။””
““အဲလိုဆိုရင်.. ဒေါသဆိုတဲ့ ကိလေသာကို ယောကျာ်းလို့ပြောရမလား။ မိန်းမလို့ပြောရမလား””
““ဒေါသကြီးလို ဘယ်လိုယောကျာ်းလို့ ပြောရမှာလဲ။ ဘယ်လို မိန်းမလို့ ပြောရမလဲ။ဒေါသဟာ လူမဟုတ်ဘူး။ ယောကျာ်းလဲမဟုတ်ဘူး။ ဒေါသဟာ မိန်းမလဲမဟုတ်ဘူး။ ဒေါသဟာ သူလဲ မဟုတ်ဘူး။ ဒေါသဟာ ငါလဲမဟုတ်ဘူး။ ဒေါသဟာ စိတ်ရဲ့အညစ်အကြေး ကိလေသာပဲဖြစ်တယ်။””
““အဲလိုဆိုရင်…ခင်လတ်ရဲ့ မိန်းမ မဝေေ၀မှာကော ဒေါသတွေများမနေဘူး လား။ဒေါသတွေ အားကြီးမနေဘူးလား။””
““မဝေေ၀ မှာလဲ ဒေါသတွေအားကြီးနေပါတယ်။””
““ဒေါသဟာ မိဝေ..ဟုတ်သလား။””
““မဟုတ်ပါဘူး””
““ဒေါသဟာ လူမဟုတ်ဘူးဆိုရင်…လူမဟုတ်တဲ့ ကိလေသာဖြစ်တဲ့ ဒေါသကို လူလိုစကားပြောလို့ နားလည်ပါ့မလား။ စစ်လို့ဆေးလို့ ဖြစ်ပါ့ မလား။ ဒါကြောင့် မင်းတို့လင်မယားမှာ ဒေါသတွေ…မာနတွေ…မရှိတော့ လို့…လူ့စိတ်နဲ့လူကိုယ်လေးဖြစ်တဲ့အချိန်ကျမှ ပြန်လာခဲ့ကြ။ အဲဒီလို လူ့စိတ်နဲ့လူကိုယ်လေးဖြစ်နေပြီဆိုရင်…စစ်လို့ရပြီ…မေးလို့လဲရပြီ…လူ့စကားလဲ နားလည်ပြီ။ အဲဒီအချိန်မှာ ဆုံးဖြတ်ပေးမယ်။””
လာရောက်ကြည့်နေကြသူ ရွာသူရွာသားများအားလုံးလက်ခုတ်လက်ဝါး တီးပြီး အားပေးထောက်ခံကြသည်။
ရပ်မိရပ်ဖ..ဦးပါကြီးက..ဒါမှ တို့ဂေဇက်ရွာရဲ့ သူကြီးကွ..ဟုချီးမွန်းလေ သည်။နောက် ဦးပါက ဆက်ပြောပြန်သည်။
““ဟေ့ သူကြီး…တို့ဘုရားက လူကိုယ်ပယ်ရမှာမဟုတ်ဘူးနော်…ကိလေသာ ကိုပယ်ရမှာလို့ပြောထားတာမဟုတ်လား…လူမှာ ကိလေသာမရှိမှ..ရဟန္တာ လို့ပြောထားတာမဟုတ်လား။ ခုပုံဆို တို့သူကြီးက လူနဲ့ကိလေသာခွဲမြင်ပြီ ဆိုတော့..ကိလေသာကို ပယ်ပြီး ရဟန္တာများ ဖြစ်တော့မှာလားဟ””
““ဟာဗျာ ရှုပ်နေတာပဲ။ မရဘူး..ခုဖြတ်ပေး။ ဖြတ်မပေးလို့ကတော့ အကြောင်းသိမယ်နော် သူကြီး…””
““ဘာကွ….မင်းကဘာဖြစ်ချင်လို့လဲ..သူကြီးခိုင်ကွနော်..တခိုင်ထဲရှိတယ်””ဟု သူကြီးခိုင်ဒေါသများထွက်လာပါတော့သည်။ထိုအခါ……
““ဒီမှာ သူကြီးခိုင်…ကျုပ်တို့လင်မယားက သူကြီးခိုင်ဆိုတဲ့ လူကြီးဥက္ကဋ္ဌကို လာတိုင်တာ…ဒေါသ ဆိုတဲ့ ကိလေသာကြီးကိုလာတိုင်တာမဟုတ်ဘူး။ ဒေါသဟာ လူမဟုတ်တော့…လူလိုမှန်မှန်ကန်ကန် ဆုံးဖြတ်တတ်မှာလဲ မဟုတ်ဘူး။ လာ မိန်းမပြန်မယ်။ သူကြီးမှတ်လို့ လာခဲ့ပါတယ်။လက်စသတ် တော့ ဒေါသကြီးကိုး…….””
““ဟေး………ဖျောင်း…ဖျောင်း…..ဖျောင်း…..ဖျောင်း….ဖျောင်း…….ဖျောင်း…ရွာသူရွာသားအားလုံး လူနဲ့ကိလေသာကို ခွဲမြင်ပြီး ကိလေသာကိုပယ်နိုင်ကြပါစေ။
မြတ်စွာဘုရားကို ဒေ၀ဒတ်က ကျောက်မောင်းချပြီးသတ်တုန်းက ဘုရားက ဒေ၀ဒတ်ကိုစိတ်မဆိုးပဲသနားတောင် သနားပါတယ်။ အော်ဒေ၀ဒတ်ကြီး ဒေါသတွေအားကြီးနေတယ်။ ငါ့ကိုပြိုင်ချင်တဲ့ မာနတွေ နှိပ်စက်ခံနေရတယ်။ ငါ့ကိုကျောက်တုန်းနဲ့ချတာဟာ ဒေ၀ဒတ်မဟုတ်ဘူး။ လောဘ ဒေါသ မာန ကိလေသာတွေပဲလို့မြင်တော့ ဘုရားဟာ ဒေ၀ဒတ်အပေါ်မှာ သနားမှုတောင်ဖြစ်ပါလိမ့်မယ်။ ဇောက်ထိုးအတွေး……

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..