ကျွန်တော့် စိတ်ကူး

ကျွန်တော် ရွာထဲကို ပိုစ့် မတင်ဖြစ်တာ ကြာပါပြီ . . . အလုပ်ကလည်း များနေတော့ စာဖတ်ရုံလောက်ပဲ ဖတ်ဖြစ်တာ များပါတယ် . . 1.5.2012 တုန်းက ကျွန်တော် တစ်ကယ်ပဲ ပျော်ခဲ့ရပါတယ် . . ကင်မရာ တစ်လုံးဝယ်ခဲ့ပြီးတော့ ဟိုရိုက်သည်ရိုက် ရိုက်ဖြစ်ခဲ့ပါတယ် . . ပုံတွေကိုတော့ မတင်ပေးတော့ပါဘူး . .  ။

စကားကြောရှည်နေပြီ . . .

ကျွန်တော် ပြောချင်တာက ရွာထဲမှာ ဓါတ်ပုံပြိုင်ပွဲ လုပ်ရင်ကောင်းမလား လို့ပါ . .  ကျွန်တော်က တိုင်ပင်ကြည့်တာပါ . . ပြိုင်ပွဲ အတွက် လိုအပ်မယ့် အချက်အလက်တွေ အစီင်္အစဉ်တွေကို ကျွန်တော်နဲ့ တိုင်ပင်ချင်ပါတယ် chityinhtoo374@gmail.com  ။ ဆုရ ဓါတ်ပုံ ရွေးချယ်ရေးအတွက်ကိုလည်း ရွာရဲ့ သူကြီး ကို အကြံဉာဏ်တောင်းချင်ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ။ဒါက ကျွန်တော့ စိတ်ကူးပါ .. ဝေဖန် အကြံပြု ချက်တွေကိုလည်း လိုချင်ပါတယ် .. ကျွန်တော်က ကင်မရာ ဘက်မှာဆိုရင် ဝလုံးကိုတောင် ဝိုင်းအောင် မရေးနိုင်သေးတဲ့ အခြေအနေ မို့ပါ ..  တစ်လခြင်း ပြုလုပ်မယ်လို့ တွေးထားပါတယ်  ။

ထင်မြင်ချက်လေးပေးကြပါဦးနော် . . .

ချစ်ရင်ထူး . . .

49 comments

  • water-melon

    May 7, 2012 at 7:55 am

    ဟီး
    မလွယ်လို့ပြောချင်ပါတယ် တိုတိုချစ်ရင်ထု
    ရွာထဲမှာ မပြိုင်ပါနဲ့ကွယ်
    ပြီးတော့ အနော်တို့က ဓာတ်ပုံပညာရဲ့စည်းမျည်း စည်းကမ်းတွေကို သိဘူးဟဲ့
    လှတာဆို အကုန်ကြည့်တာ
    အပြင်မှာ ပြိုင်ပွဲတွေရှိပါတယ်
    ရွာထဲက လတ်တလော ပူပူနွေးနွေးဆုရထားတဲ့ ကိုလုလင်ကို မေးကြည့်ကွဲ့
    ရွာထဲမှာ ဆရာ့ဆရာ့တွေရှိပါတယ်ကွယ်
    တောင်မစုတ် ဓာတ်ပုံရိုက်သင်တန်းတက် 😀

  • Inz@ghi

    May 7, 2012 at 8:48 am

    ကိုယ့်ဆြာတို့ပဲ ပြိုင်ကြပါဗျို့ ..
    ကျုပ်ကိုတော့ ကင်းလွတ်ခွင့်ပေးကြပါဗျာ…
    အလုပ်ကိစ္စ နည်းနည်း တိုင်ပါတ်နေလို့ပါ…

    ပြိုင်ဖြစ်ရင် တော့ အားပေးနေပါမယ်ဗျို့ …
    ဇဂါးမစပ် ..သဂျီး ကိုပါ ဝင်ပြိုင်ခိုင်းဗျ… D5100
    လက်ရာလေးတွေ မြင်ချင်ဇမ်းပါဘိ…

    ဒက်ဂလောက် ..ဒက်ဂလောက် ..

    • ချစ်ရင်ထူးနှစ်

      May 7, 2012 at 9:17 am

      ကို ရဲတိုက် ကိုတော့ ပြိုင်ခိုင်းဘူး. . .( တော်ကြာ ဆုကြေးကို သူပဲ သဲ့ယူသွားမှာပေါ့ လို့)
      အဲလို ဆရာဂျီးတွေကို ရွေးချယ်ရေး ထဲ ထည့်ထားဖို့ စိတ်ကူးမိတယ် ဟိ..ဟိ..

      သူကြီးရေ သူကြီးလက်ရာလေး မြင်ပါရစေ. . .( လက္ခဏာ ဗေဒင် )

  • ချစ်ရင်ထူးနှစ်

    May 7, 2012 at 9:13 am

    အော် ရယ်. . . ခက်ပီ .
    ဖရဲမ ရဲ့ နာက ဝလုံးတောင် မဝိုင်းသေးပါဘူး ဆိုမှ အပြင်မှာ သွားပြိုင်ရင် အမှိုက်တောင်းထဲရောင် ရောက်မှာ မဟုတ်ဘူး . .
    အတွေ့အကြုံ လိုချင်လို့ပါ . .
    ဥပမာ ဗျာ ကျွန်တော်က တစ်ပုံရိုက်လိုက်တယ် ဆိုရင် ဆရာ့ ဆရာများက
    ချစ်ရင်ထူး မင်းရိုက်တာ က ဘယ်လိုပြောင်းရိုက်လိုက်ရင်ပိုကောင်းသွားမယ် အဲဒါမျိုးလေးတွေ သင်ပြပေးစေချင်တာပါ
    သင်တန်းအတွက် အချိန်မပေးနိုင်သေးဘူးလေ. . . ဓါတ်ပုံက အပျော်တမ်းပဲ ရိုက်မှာပါ . . မေဂျာ မဟုတ်ပါဘူး . . .
    ခင်တဲ့
    ချစ်ရင်ထူး

    • ရွာစားကျော်

      May 7, 2012 at 9:23 am

      ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်စေချင်တယ်.. နောက်များရောပေါ့
      အားလုံးလည်း ကြည့်ရှု အားပေးလို့ရ ဆြာတွေလည်း ဝေဖန်ပေးလို့ ရတာပေါ့..။
      ကျနော်တို့ ဓာတ်ပုံတွေရိုက်တင်နေတာက ကင်မရာအစုတ်ကလေးနဲ့ မြင်ကရာ ခလုတ်နှိပ် လာတဲ့ ပုံတွေများပါတယ်
      ပြိုင်ပွဲ ဆိုပြီးလုပ်မယ်ဆို သေချာအချိန်ပေး၊ ကင်မရာလည်း ကောင်းကောင်းလေးနဲ့ ရိုက်နိုင်မှ
      ပွဲလုပ်ပြီး ကချောက်ကချက်ပုံတွေ ပြရရင် ရှက်စရာကြီး ဟီး.. သများပြောမှာစိုးလို့ပါ
      ပုံလေးတွေ တင်ပါဗျာ အားပေးနေပါ့မယ်

  • water-melon

    May 7, 2012 at 9:31 am

    တင်စေတော်
    အောက်ကနေ ဝေဖန်အကြံပေးဖို့ အသင့်
    ကဲစပြီ

  • Mလုလင်

    May 7, 2012 at 10:18 am

    MPS အသင်းဝင်ထားမယ် ဆိုရင် လပတ် ပြိုင်ပွဲတွေ … ဝင်ပြိုင်လို့ ရတယ်ဗျ …. Canon Club Member ဝင်ထားမယ် ဆိုရင်လဲ Club က ခေါ်တဲ့ ပွဲတွေ ဝင်ပြိုင်လို့ ရနိုင်မယ်။ Canon Club Member ဖြစ်ဖို့ကတော့ Canon DSLR တစ်လုံး ဝယ်လို်က်တာနဲ့ …Form ဖြည့်ပြီး Member ဖြစ်လို့ရပါပြီ။ Lens, body နဲ့ သက်ဆိုင်ရာ စာအုပ် ငှားလို့ ရပါတယ်။

    • laypai

      May 7, 2012 at 3:33 pm

      Canon DSLR က ဈေးဘယ်လေယက် ရှိလဲ ခင်ဗျ။

      • Mလုလင်

        May 8, 2012 at 3:44 pm

        5 သိန်းဝန်းကျင် ကနေ ၃ဝ ဝန်းကျင် လောက် ရှိပါတယ်။ body နဲ့ kit Lens နဲ့ပါ။ professional one set ဝယ်မယ်ဆိုရင်တော့ ၇ဝ နီးပါး လောက် ကျသင့် ပါတယ်။

  • Khaing Khaing

    May 7, 2012 at 10:38 am

    ပြိုင်ကြအေ …….. နာ့ပုံမပါဖို့အရေးကြီးတယ် ………. အပိန်ဆုံးလူပြိုင်ပွဲဝင်ချင်ရင်တော့ နာ့သာလိုက်ရိုက် …

  • Thel Nu Aye

    May 7, 2012 at 11:03 am

    အောင်မယ်လေးဆရာကြီးတွေကိုဝင်ပြိုင်ခိုင်းလို့လဲမဖြစ်။ သူတို့ကိုအမှတ်ပေးခိုင်းပြန်လဲကိုယ်တွေပုံက မူကြိုအဆင့်တောင်မဝင်။ တော်ပါပြီ ပြိုင်တေ့ာဝူးရယ်။ ပြိုင်တဲ့သူတွေကိုပဲကြည့်တော့မယ်။ ပုံတွေပြောပါတယ်။

  • Inz@ghi

    May 7, 2012 at 1:39 pm

    မနေနိုင်လို့ ထပ်မန့်လိုက်ပါတယ်ဗျာ..
    ပြိုင်ပွဲဆိုတာထက် ..ပြပွဲ ဆိုတာမျိုးလုပ်ရင် ပိုကောင်းမယ်ဗျ…
    ဦးဆောင်သူ ၁ဦးလိုလိမ့်မယ်… ၁လတခါဖြစ်ဖြစ် ရွာတွင်း ဒါ့ပုံပြပွဲလေး လုပ်သွားသင့်တယ်ဗျ ..

    ၁။ schedule ရေးထားပြီး ခေါင်းစဉ် သတ်မှတ်ဗျာ …
    ရွာသူားတွေက ကမာ္ဘအရပ်ရပ်မှာ ပျံ့နှံ့နေကြတာဆိုတော့ ..(သဂျီးလေနဲ့ပြောရရင်)
    သတ်မှတ်တဲ့ ခေါင်းစဉ်က လူတကာ ရိုက်လို့ရတဲ့ ခေါင်းစဉ်ဖြစ်ရမယ်ဗျာ …ဘောင်ကျဉ်းလို့မရဘူး
    ဥပမာ ရွှေတိဂုံဘုရားလို့ သတ်မှတ်လိုက်ရင် ရန်ကုန်တဝိုက်က ဆြာတွေပဲ ဝင်ရိုက်လို့ ရမလို ဖြစ်နေလို့ရယ်..

    ၂။ သတ်မှတ်တဲ့ ခေါင်းစဉ်တွေကိုလည်း photography ရဲ့ genre တွေ အစုံအလင် ဖြစ်အောင်
    တလှည့်စီ သွားသင့်တယ် ထင်တယ်ဗျ..ဒါမှပဲ D-SLR တွေသာမက compact တွေပါ ပါဝင်နိုင်မှာဗျ…
    nature, landscape, street, HDR, macro, long-exposure, floral, candid, pictorial မျိုးစုံပေါ့ဗျာ..

    ၃။ လူတယောက်တည်းဆီ ပို့ပေးပြီး အဆိုပါ တယောက်က ပုံတွေအားလုံး စုပြီး တင်ပေးတဲ့ တာဝန်ကိုယူပေါ့..
    သဂျီး ကို အကူညီတောင်းလို့ ရရင်တော့ ကောင်းလေစွဗျာ .. ဒါမှမဟုတ်လည်း ကော်နက်ရှင် ကောင်းတဲ့ ၁လတခါ တင်ပေးနိုင်တဲ့ လ
    ူတယောက်ယောက် ပေါ့ ။ စတုထ္ထပါတ် တိုင်း ပြပွဲလုပ်မယ်ဆို လတိုင်းရဲ့ ၂ဝရက်နေ့ဟာ နောက်ဆုံး လက်ခံရက်ပေါ့ဗျာ..။
    ပုံစု တင်တဲ့ အလုပ်ကိုတော့ .ဟိုလူဂျီး မလုပ်ပေးနိုင်ရင် ကျနော် လုပ်ပေးပါ့မယ်..(ကျနော်တော့ ဝင်မပါဘူးနော)

    ၄။ စတစ်ကီ
    ဒါကတော့ သဂျီးကို အကူညီတောင်းကြည့်ဗျို့ ..
    ဆိုပါစို့ လစဉ် ၁လတခါ စတုထ္ထ ပါတ်တိုင်း ရွာတွင်း ဒါ့ပုံပြပွဲ လုပ်တယ်ဆိုပါစို့ … အနှီ ၁ပါတ်စာကိုတော့ဖြင့်
    စတစ်ကီလေးချီးမြှင့်စေ ဖို့ပေါ့ဗျာ …

    ၅။ ပိတ်သတ်ကြီး
    ပါဝင်သူ ဒါ့ပုံဆြာများနဲ့ တကွ ပိတ်သတ်ကြီးက ရိုက်ထားတဲ့ မှတ်တမ်း setting cropping နဲ့တကွ အခြားသော မှတ်ချက်လေးတွေ
    know-how လေးတွေ ချီးမြှင့်ကြမယ် ဆိုရင်ဖြင့် ဒါ့ပုံပညာ တိုးတက်ပြန့်ပွားရေးလည်း ဖြစ်ပြန် သည်တခါပြပွဲတော့ ဘယ်သူ
    အကောင်းဆုံး ဆိုတာလည်း သိရပြန်.. အဆင်တစိုက် လုပ်သွားမယ်ဆိုရင်ဖြင့် ရွာ့ ဒါ့ပုံမှတ်တမ်း ပိုစ့်များ အဖြစ်လည်း ကျန်ရစ်ပြန်
    ဝင်း-ဝင်း-ဝင်း ပေါ့ဗျာ.. သဂျီးမင်းက ယခုလအတွက် ရွာသူားတွေထဲက အကောင်းဆုံးသော ဒါ့ပုံ ကို သတင်းစာမှာ နေရာပေးမယ် ဆိုရင်တော့
    အချိုပေါ်သကာလောင်းဆိုပါတော့ ….

    ဆြာလေး ချစ်ရင်ထူး-၂ရေ ..ဦးဆောင်လိုက်တော့ ဗျို့…

    ကဲ ကဲ ..လိမ့်ဘီဗျို့ …
    မာကတ္တာ ဆိုတာ ကြပ်ပေးတဲ့ အလုပ်ပဲ လုပ်တာ မို့..
    အာဟိ ..ဒက်ဂလောက်..

    • ချစ်ရင်ထူးနှစ်

      May 9, 2012 at 2:09 pm

      အားလုံးကို ဖတ်စေချင်လို့ပါ. . . ကျွန်တော် ပြန်ရောက်ပါပြီ . .

      • Inz@ghi

        May 9, 2012 at 2:49 pm

        ပြန်ရောက်ပြီဆိုရင်လည်း …
        စကတ်ဂျူးလ်နဲ့ ခေါင်းစဉ် ကိုယ့်ဆြာသမား စဉ်းစားပေတော့ဗျို့…
        😀
        ပြီး ရင် အကြောင်းကြားလိုက်..
        mgazettephotoshow@gmail.com ကတော့ ဖွင့်ထားပြီးပြီ …
        (ကိုဗိုက်ကလေးတောင် သူ့ လိုင်စင်ပုံ စမ်းပို့ကြည့်ပြီးသွားပြီ)
        😛

        စည်းမျဉ်းနဲ့ လုပ်မယ့်ပုံလည်း အကြမ်းဖျင်း ထွက်နေပြီမို့ ..
        အချော သတ်ပြီးသာ ဆက်ဆွဲလိုက်ပေတော့ ကိုယ့်ဆြာ …

        ခင်တဲ့
        Inz@ghi

  • snow white

    May 7, 2012 at 1:40 pm

    သူကြီးပြိုင်ပွဲလုပ်ပေးရင်တော့ကောင်းပါတယ် ဒါပေမယ့် တို့လိုဘာမှမတက်သေးသူ တွေဘဲပြိုင်ပွဲဝင်ခိုင်းရင်တော့ ပြိုင်ပွဲကမျှတယ် ရွာထဲမှာက အပြင်ဓာတ်ပုံဆရာ တွေတောင်ထိုင်ငိုလောက်အောင် ဓာတ်ပုံရိုက်ကျွမ်းကျင်သူတွေရှိတယ် နော် စည်းကမ်းတွေသေချာသတ်မှတ် မှရမယ် တို့တော့ပြိုင်ပွဲလည်းဝင်မပြိုင်ရဲ ဘူး ကင်မရာလည်းမရှိဘူး

  • ဗိုက်ကလေး

    May 7, 2012 at 2:00 pm

    ဒို ့ကတော့ ဝေဖန်ရေးနဲ ့ လေကန်ရေးလုပ်ပေးမယ်ဟေ့
    ပြိုင်ကြ..ပြိုင်ကြ

  • amatmin

    May 7, 2012 at 2:05 pm

    ပြိုင်ပွဲပဲ ဖြစ်မလား ပြပွဲပဲ ခေါ်မလားမသိပေမဲ့.. 🙂
    ရွာသူားအများနဲ့ သက်ဆိုင်တာမို့ ကောင်းတဲ့ ဖြစ်ရပ်လေးတခုတော့ ဖြစ်နိုင်ကောင်းတယ်လို့ ထင်ရင်း..
    ကိုယ့်ဆြာတွေ ဂယ်လုပ်ဖြစ်ခဲ့ရင် ကိုယ်တွေလည်းပညာရနိုင်ကောင်းရဲ့ ဆိုတဲ့ အတွေးနဲ့ ဝင်ကြပ်ပါတယ်ဗျ.. 🙂

  • kai

    May 7, 2012 at 3:02 pm

    စတစ်ကီလုပ်ပေးတာတာဝန်ယူပါမယ်..
    ဓါတ်ပုံလည်း.. တချို့ပွဲတွေ… ဝင်ပါပြီးရိုက်မယ်စိတ်ကူးတယ်..
    ကျုပ်ရိုက်တဲ့ပုံ.. မရွေးရင်တော့.. မရွေးတဲ့သူကို ဖြတ်မယ်.. 😆
    နောက်တာပါနော..

    ဝါသနာတူသူတွေစုစည်းပြီး… လုပ်ကြပါ..
    လိုတာရှိပြောပေါ့..
    တော်တော်တော့ ကြာပြီ..
    Moe Min (Rays)နဲ့တော့.. အယ်လ်အေမှာ ဓါတ်ပုံပွဲလေးလုပ်ပေးဖူးတယ်..
    အဆင်ပြေပါရင်.. တခုခုလုပ်ကြည့်ကြတာပေါ့… :mrgreen:

    • Inz@ghi

      May 7, 2012 at 8:19 pm

      လိုတာကတော့ သဂျီး ဆာဗာ ပေါ်က စပေ့စ် ပဲဗျ …
      ကျနော် gmail account အသစ် တခု ဖွင့်လိုက်မယ်ဗျာ..
      အဲ့ကို ပို့ပေးကြပါ …ဖွင့်ပြီးရင် ချစ်ရင်ထူး၂နဲ့ တိုင်ပင်ပြီး
      ပြန်ကြေငြာပါ့မယ်..ပုံတွေ ဒိုင်ခံတင်ပေးမယ်… ဆိုက်ဇ် ကတော့
      မီဒီယံ ဆိုပါတော့ …

      caption မှာ ရိုက်တဲ့ ရွာသူား ရဲ့နာမည်ရယ်
      ဒါ့ပုံခေါင်းစဉ်ရယ် ရေးပေးမယ်…
      ပုံရဲ့ အောက်က အညွှန်းစာအနေနဲ့ကတော့ ရိုက်ထားတဲ့ setting
      (camera, lens, exposure, aperture, iso ပါရင် ပါသလို ထည့်ပေးမယ်ဗျာ..)

      ၁လမှ ၁ကြိမ် လုပ်မယ့် ပွဲမို့ sticky ကို ၁ပါတ်တော့ တောင်းဆိုပါရစေဗျာ…

      အသေးစိတ်ကိုတော့ ချစ်ရင်ထူး-၂ နဲ့ ပြောကြည့်ပါဦးမယ်ဗျ…

      ပုံ
      မောင်ဂီ့

  • အလင်းဆက်

    May 7, 2012 at 8:24 pm

    ပုံတွေ.ပြို်င်တာတော့ ဟုတ်ပါပြီ.။ ဂေဇက် ပေါ်..ပုံတင်ရတာ.တော့ေ တာ်တော်ကို ခက်နေတယ်နော် ။

    • Inz@ghi

      May 8, 2012 at 11:10 am

      ကိုအလင်းဆက်ရေ ..ကျနော် ဖြေထားတယ်လေဗျာ …
      ကျနော် မေးလ် အကောင့် တခု ဖွင့်မယ်
      ဥပမာ (MGazettePhotoShow@gmail.com) ပေါ့ဗျာ
      ဥပမာ ပြောတာနော ဂယ် ဖွင့်ရသေးဝူး..
      အဲ ဖွင့်ပြီးရင် ကြေငြာမယ်ဗျာ …
      အဲ့သည့်ကို ဒါ့ပုံတွေ ပို့ပေး ကျနော် ပို့သူနာမည်နဲ့ ပုံရဲ့
      setting တွေကို ရေးပြီး ဒိုင်ခံ တင်ပေးမယ်ဗျာ..
      သဂျီးက ၁ပါတ် လောက် စတစ်ကီ ချီးမြှင့်မယ်တဲ့ …

      လောလောဆယ်တော့ မူရင်း အိုင်ဒီယာ ပိုင်ရှင်
      ခရထ-၂ ကဘယ်သွားအိပ်ပျော် နေမှန်း မသိတဲ့အတွက်..
      ဘာမှ မပြောရ မပြင်ရသေးပါကြောင်း..

      အားလုံး ပါဝင်ဆင်နွှဲစေလိုပါကြောင်း…

      ခင်တဲ့
      ဂီ

      • မှော်ဆရာ

        May 8, 2012 at 2:15 pm

        အနော်လဲ ဝင်ပြိုင်မယ်နော် ….

  • ညလေး

    May 7, 2012 at 9:58 pm

    ပြိုင်ချင်တယ်………..“ညလေး”လဲပါမယ်…..

  • Novy

    May 8, 2012 at 11:33 am

    ပထမပြိုင်ပွဲကိုတော့ ဆရာတွေပြိုင်တာကြည့်မယ်နော်
    နောက်ပြိုင်ပွဲတွေတော့ ဟီးဟီးးးး
    ပုရွက်ဆိတ်လေးလဲ ဆင်ကိုယ်လုံးပေါ်တက်ကြည့်ချင်ပါတယ်

  • kyeemite

    May 8, 2012 at 1:52 pm

    ပြပွဲဆိုရင်တော့မသိဘူး..
    ပြိုင်ပွဲဆိုရင်တော့..မစ္စတာဂီ။မစ္စတာစိန်သော့။မစ္စတာပေါက်(မန်း)။မစ္စတာလုလင်
    တို့တတွေ အကဲဖြတ်ဒိုင်သူကြီးများအဖြစ်ဆောင်ရွက်ပေးပါရန် အဆိုတင်သွင်းပါ
    သည်ခင်ဗျား…

  • Inz@ghi

    May 8, 2012 at 2:20 pm

    ရိုက်ကြစေသဒီး
    😀

    ActionShot
    Aerial photography
    Afocal photography
    Examination of Apollo Moon photographs
    Architectural photography
    Art nude
    Astrophotography
    Autometric
    Aviation photography
    Banquet photo
    Candid photography
    Cloudscape photography
    Color photography
    Computational photography (artistic)
    Conceptual photography
    Conservation photography
    Cosplay photography
    Digiscoping
    Documentary photography
    Fancy portrait
    Fashion photography
    Film still
    Fine-art photography
    Fire photography
    Fireworks photography
    Food photography
    Forensic photography
    Found photography
    Full-spectrum photography
    Fusion Photography
    Genre works
    Glamour photography
    High key
    High speed photography
    Home movies
    Imagery intelligence
    Infrared photography
    International Society for Aviation Photography
    Kinematoscope
    Kinetic photography
    Kirlian photography
    Kite aerial photography
    Lifestyle photography
    Light painting
    Lo-fi photography
    Lolcat
    Lomography
    Long-exposure photography
    Planking (fad)
    Macrophotography
    Micrograph
    Micrography (Microscopy)
    Monochrome photography
    Mug book
    Mug shot
    Nensha
    Night photography
    Old-time photography
    Panorama
    Panoramic photography
    Paparazzi
    Pellier Noir
    Pet photography
    Photo op
    Photobiography
    Photography by indigenous peoples of the Americas
    Photojournalism
    Photovoice
    Photowalking
    Polaroid art
    Portrait photography
    Post-mortem photography
    Red Shirt School of Photography
    Rogues gallery
    Rollout photography
    Satellite imagery
    Secret photography
    Snapshot (photography)
    Snapshot aesthetic
    Social documentary photography
    Social photography
    Soft focus
    Spirit photography
    Still life photography
    Stock photography
    Straight photography
    Street photography
    Strip aerial photography
    Subminiature photography
    Tele-snaps
    The Straight Up
    Through the Viewfinder photography
    Travel photography
    Ultraviolet photography
    Underwater photography
    Underwater videography
    Vernacular photography
    Vintage print
    VR photography
    War photography

  • မှော်ဆရာ

    May 8, 2012 at 2:28 pm

    ပြိုင်ပွဲဆိုတာထက် ပြပွဲဆိုတာလေးက ပိုအဆင်ပြေလောက်တယ် … လက်ရာပေါင်းစုံ ၊ လူပေါင်းစုံ ဝင်နှိုင်တယ်…
    ပြိုင်ပွဲဆိုရင် ဆရာတွေ လက်တွန့်လိမ့်မယ် … ။
    ပြပွဲဆိုရင် မတတ်သေးတဲ့သူတွေက တတ်ပြီးသားသူတွေရဲ့ ဓါတ်ပုံတွေအပေါ်မှာ စံနမူနာ ယူနှိုင်တယ်..
    ဘာကြောင့် မကောင်းတယ် ၊ ဘာကြောင့်ကောင်းတယ်ဆိုတာလဲ သိသွားလိမ့်မယ် …
    ဒိုင်အနေနဲ့ သီးခြားမလုပ်ပဲ (ဒိုင် ဆရာတွေပါ ဝင်နှိုင်အောင်ပါ)
    ရွာသူရွာသားတွေ အောက်ကနေ ကွန်မန်းနဲ့ ကိုယ်ထင်ရာ အကောင်းဆုံး တစ်ပုံကို ကိုယ်စီကိုယ်စီ ရွေးချယ်ပေးသွားရင် အဆင်ပြေမယ် .. ။ ပွင့်လင်းမြင်သာစွာပေါ့ …။
    လက်ရည်တူခြင်း ထိုးနေလို့ကတော့ လက်ကတော့ တက်မှာ မဟုတ်ဘူး … ။
    ကိုယ့်ထက်မြင့်တဲ့သူတွေ ပါကာမှ လက်တက်လာမယ်လို့ ထင်တယ်လေ…။

    • windtalker

      May 8, 2012 at 6:57 pm

      ပြိုင်ပွဲဆိုလဲ ကြည့်မှာဘဲ ၊ ပြပွဲဆိုလဲ ကြည့်မှာဘဲ
      ဖြူဖြူမဲမဲသဲသဲဝဲဝဲ ဘာလာလာ ကျုပ်တို ့က ပရိသတ်ဘဲ

  • manawphyulay

    May 8, 2012 at 2:56 pm

    ပြိုင်ပွဲဆိုတာထက် ပြပွဲဆိုရင် ပိုမှန်မယ် ရွာထဲက လက်ရာတွေအကုန်လုံးကို ဖော်ပြတဲ့နေရာလေးတစ်ခုပေါ့။ ဆွာကြီးတွေများတော့ ကင်မရာကို ခလုတ်ပဲနှိပ်တတ်တဲ့ မနောဖြူတို့က ပြိုင်ပွဲဆိုရင်တော့ နိုင်မှာမဟုတ်တဲ့အတွက် ဝင်မပြိုင်တော့ပါဘူး။ ဂီဂီတို့ကတော့ ပညာစွမ်းတွေပြနေပါပြီ။ ဓာတ်ပုံပညာဆိုတာလည်း လွယ်တော့မလွယ်ပါဘူး။ ရိုက်တဲ့သူက မှောက်ပြီး ရိုက်တာတို့ ကုလားထိုင်ပေါ်တက်ထိုင်ပြီး ရိုက်တာတို့လည်း တတ်ထားဦးမှလေ… 😛

  • Inz@ghi

    May 8, 2012 at 3:00 pm

    သဂျီးရေ ..

    ဒါဟာ မကြာသေးခင်က ကျနော် တို့ မက်ဖူးတဲ့ hundred young burmans အိပ်မက်အတွက်
    ပထမခြေလှမ်း များ ဖြစ်မလား မဆိုနိုင်ဘူးဗျာ..
    ဖြစ်မြောက်အောင်တော့ တတ်စွမ်းသမျှ အားထည့် ပါ့မယ်ဗျာ..
    😀

    စကားအတင်းစပ်
    အဲ့သည့် စာအုပ်ကလေး လက်ထဲ ရောက်ပြီဆိုရင်လည်း အနှစ်လေးတွေ ရှဲပါဦး…

    • kai

      May 8, 2012 at 3:17 pm

      လက်ထဲ.. ဓါတ်ပုံစာအုပ်နဲ့.. အဲဒါရောက်လာတာ.. အနှစ်တင်မဟုတ်..အကာတောင်မကြည့်ရသေးဘူး..
      ဆောရီး..
      ဒီလပိုင်း.. အရေးကြီးတာတွေချည်းနဲ့တိုးနေလို့ပါ..။
      မြန်မာပြည်ကလူတွေတဖွဲဖွဲကျနေကြတယ်လေ..

      ဆိုတော့…
      ဓါတ်ပုံပြပွဲ/ပြိုင်ပွဲကိစ္စ… ဂီဂီသာအဓိကတာဝန်ယူသင့်တယ်ထင်တာပဲ..။
      ကျုပ်က.. အကောင်းဆုံးရွေးချယ်ခံရတဲ့ဓါတ်ပုံ.. သတင်းစာထွက်ချိန်နဲ့ကိုက်ရင်. ပုံနှိပ်ဖေါ်ပြပေးပါမယ်..။
      ဆာဗာကို.. ဒီတခေါက်တိုးရင်.. ဘက်ဂျက်တော်တော်ထိလိမ့်မယ်ထင်တယ်..။
      ဘာပဲဖြစ်ဖြစ်.. ကြိုးစားပါ့မယ်..။
      အခုထိတော့.. ၁ဝဂစ်လောက်နေရာထပ်ဆန့်သေးတယ်..။ 🙂

      • Inz@ghi

        May 8, 2012 at 4:38 pm

        mgazettephotoshow@gmail.com
        ဆိုတဲ့ အကောင့် တခု ဖွင့်ထားလိုက်ပါတယ်..
        သဂျီးကိုလည်း ပါ့စ်ဝါ့ဒ် ရှဲပါ့မယ်
        ကျနော ်မလုပ်နိုင်တော့တဲ့အခါ ဒါမှမဟုတ်
        ကော်ကောင်းတဲ့ မော့ဒ် တယောက်ယောက်ရှိလာတဲ့အခါ
        လွှဲပါ့မယ်…

        schedule ကိစ္စ အိုခေ သွားရင် စလို့ ရပါပြီ
        ဒါ့ပုံတွေ အဲ့သည့်ကို ပို့ပေးနိုင်ကြပါတယ်…
        (ဘာဆက်လုပ်မလဲ ဆိုတော့ …ခုတော့ မူရင်း အိုင်ဒီယာပိုင်ရှင် ခရထ-၂ ကို စောင့်နေပါတယ်)

        ပုံ size ကတော့ သဂျီး ဆိုက်မှာ ချုံ့တဲ့ ပလပ်ဂင် ထည့် ထားပြီးပြီမဟုတ်လားဗျာ..
        ကျနော်တင်ရင်လည်း မီဒီယံ ဆိုဒ် နဲ့ ပဲ တင်ပေးပါ့မယ်
        လွန်ရောကျွံရော800×600 100dpi နဲ့ ဆိုတော့ ပုံကို 500k ကျော်မယ် မထင်ပါဘူး

        ကိုလုလင်မေးတဲ့ ကိစ္စကတော့ ကိုယ်တိုင် ရေစာထိုးတဲ့နည်းနဲ့ပဲ ကာကွယ်နိုင်မယ် ထင်ရဲ့ဗျာ..
        ဒါပေသိ ..ဘယ်သူ့လက်ရာမှန်းမသိဘဲ စာဖတ်သူ ဗုတ်နိုင်အောင်က အဲ့လို မကောင်းဘူးဗျ..
        သဂျီးရဲ့ အော်တို ရေစာ ထိုးတဲ့ ဟာကို မန်းဂေဇက် လိုဂို ပြောင်းပြီး နည်းနည်းကြီးလိုက်ရင် အဆင်ပြေရဲ့ဗျာ…
        (ကူးလည်း ဘယ်က ကူးလာလဲ လက်ပူးလက်ကျပ် မိတာပေါ့ …မိရင် သွားစွာကြတာပေါ့…)

        လုပ်ဖြစ်တဲ့အခါ အခြားက သူငယ်ချင်း ဒါ့ပုံသမားတွေ နဲ့ ဝါသနာရှင်တွေ ကိုလည်း ဖိတ်ခေါ်ကြပါဦးစို့

        တော်သေးဘီ

        ခင်တဲ့
        ဂီ
        P.S မတူသောအတွေးနဲ့ ကိုယ်ပိုင်ပုံ ရိုက်တင်ပါ…
        ဒန်တန့်တန်

    • kai

      May 8, 2012 at 3:26 pm

      အခုတင်. .. အမြန်လှန်ဖတ်လိုက်တာ…100 Young Americans မှာအဓိကက.. အဲဒီလူငယ်တွေရဲ့.. ပွင့်လင်းတဲ့အပြောသဘောထားတွေကို မှတ်တမ်းတင်ထားတယ် ထင်မိတယ်..
      သူတို့ပုံနဲ့တကွပေါ့…
      ပုံတွေက..အထူးပြင်ဆင်ရိုက်ထားတာဆိုတာထက်.. ပုံမှန်နေ့စဉ်ဘဝထဲကပုံတွေကို အမိဖမ်းထားတာလို့ထင်မိတယ်..။

      ဆိုတော့.. ဒီလိုစာအုပ်မျိုး.. စာရေးဆရာ..နိုင်ငံရေးသမား..သမိုင်းဆရာ စသဖြင့်..အကုန်ဝယ်သိမ်းရမှာပဲ..

      မားကက်တင်း…တော်ချက်က… 🙂

      • Inz@ghi

        May 9, 2012 at 8:55 am

        http://www.100youngamericans.com/home.html
        ဒီထဲမတော့ အမြည်း ဝင်ကြည့် ထားတယ် သဂျီးရေ…

        တခြား ဆိုက်တွေထဲမှာလည်း ၃-၄ခုလောက် ကြည့်ရ ဖတ်ရရဲ့..
        photo essay ပုံစံကွဲ ၁မျိုးလို့ မြင်မိရဲ့ဗျာ…။
        အထူးပြင်ဆင် ရိုက်ကူး ဆိုတာထက် .. location, subject
        ကိုလိုက်ပြီး သုံးသွားတဲ့ setting တွေ techniques တွေကနေ
        ရေရေလည်လည် ပညာရစရာ ရှိတာမို့ …ဝယ်ဦးမယ်ဗျာ..

        တနေ့တော့ ဒါမျိုး အမှန်တကယ် ရိုက်ချင်ပါရဲ့…

        တော်သေးဘီ

        ခင်တဲ့
        ဂီ

  • Mလုလင်

    May 8, 2012 at 4:01 pm

    ပုံတွေ ရဲ့ လုံခြုံ ရေး ကေစ့် ကော .. ဘယ်လို စဉ်းစားကြမလဲ ဗျ .

  • Yin Nyine Nway

    May 8, 2012 at 7:49 pm

    ဟုတ်ဒယ်…. ပြပွဲဆိုပါမယ်

  • nozomi

    May 9, 2012 at 10:14 am

    အဲဒီပြပွဲမှာ တာဝန်ရှိတဲ့သူက သတ်မှတ်ပေးလိုက်တဲ့ ခေါင်းစဉ်နဲ့ ပတ်သက်တာ ဝင်ပြကြမယ်

    ကာယကံရှင် ကိုယ်တိုင် ရိုက်တဲ့ပုံဖြစ်ရမှာကတော့ အသေအချာပဲ

    လတ်တစ်လော ရိုက်တဲ့ပုံလား ၊ ဟိုး အရင်ကတဲက ရိုက်ထားတဲ့ပုံက
    ခေါင်းစဉ်နဲ့ အကြုံးဝင်နေရင်ရော ဝင်ပြလို့ရလား

    ပို့စ်ထဲမှာ သုံးဘူးထားတဲ့ ပုံ ဆိုရင်ရော

    တကယ် လုပ်တဲ့ အခါ ဖြစ်လာနိုင်တာလေး ကြိုစဉ်းစားကြည့်တာပါနော

  • Diamond Key

    May 9, 2012 at 11:13 am

    အားပေးနေပါမယ်ဗျာ။ လုပ်ပေးနိုင်သူတွေ လုပ်ပေးကြပါ။ ကျေးဇူးတင်ပါတယ်။
    ဓါတ်ပုံတွေဆိုလို့ကတော့ ………. ကြည့်မယ်.. အားပေးမယ်။
    ကိုယ်တိုင်တော့ မပြိုင်တာကြာပြီ။ ပြိုင်မယ်သူတွေကိုတော့ လှိုက်လှိုက်လဲလဲ အားပေးလျှက်ပါ။ 😀
    ဒါမှ ရွာလက်ရာကောင်းလက်ရာမွန်တွေ တစ်ဝကြီးတွေ့တွေ့နေရမှာ။ 😆

    • မှော်ဆရာ

      May 9, 2012 at 11:24 am

      ဲပြိုင်ပွဲ မဟုတ်ပါဘူးဆရာရဲ့ ပြပွဲပါ
      ဆရာ့လက်ရာလေးတွေလဲ ပညာယူပါရစေ ..

  • Inz@ghi

    May 9, 2012 at 11:46 am

    ဆြာသော့နဲ့ ဆြာမှော်ပါ ဖတ်ရှုအားပေးနေတဲ့အတွက် ဝမ်းမြောက်မိပါတယ်ဗျို့ ….

    ဆြာ၂ယောက်ရဲ့ အိုင်ဒီယာနဲ့ လက်ရာ (ယာနဲ့ ရာ) ကိုလည်း မျှော်နေပါတယ်ဗျ..

    တခုလေးဗျာ ..မနေ့ညနေကတောင် ရွာဇရပ်ထဲ ပြောဖြစ်သေးတယ်..
    ဘယ်သူဘယ်ပုံဆိုတာ မသိဘဲ တင်နိုင်ရင် ပိတ်သတ်တွေ ကြည့်ရ မန့်ရတာ ပို
    အဆင်ပြေမယ် မဟုတ်လားဗျ … စုပြီးတင်ပေးသူ ကျနော်ကတော့ ဘယ်သူ့လက်ရာ
    ဘာဆိုတာတော့ သိနေမှာပေါ့ဗျာ ..တင်တဲ့အခါ ကျနော်က ပုံနံပါတ်ဘယ်လောက်
    ဘယ်သူ ဆိုတာ list လုပ်ပြီး သဂျီးဆီ ပို့ပေးထားမယ်.. နောက်ဆုံး စာရင်း ချုပ်တဲ့အခါ
    ကျမှ သဂျီးက ဘယ်သူဘယ်ပုံ ဆိုတာ ကြေငြာပေး..အဲ့လိုမျိုးလေး သွားမလားလို့ဗျာ..
    တယောက်ချင်းစီရဲ့ ရေစာတော့ ထိုးလို့ မရတော့ဘူးပေါ့.. အကူးမခံရအောင်တော့
    Gazette လိုဂို အော်တို ရေစာ ထိုးဖို့တော့ သဂျီး ကို အပူကပ်ရမယ်ဗျို့….

    ဦးနိုမေးထားသလို ဘယ်တုန်းက ရိုက်ထားရိုက်ထား ..ခေါင်းစဉ်နဲ့ အံဝင်ရင်
    တင်လို့ ရပါကြောင်းလေး … တခါတည်း ဖြေပါရစေခည…

    ခင်တဲ့
    ဂီ

    • nozomi

      May 9, 2012 at 12:00 pm

      အကြံကို အထူးသဘောကျကြောင်း နဲ့
      ဖြေပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပါ

    • မှော်ဆရာ

      May 9, 2012 at 3:30 pm

      အဲဒါလေးလဲ မဆိုးဘူးပဲ ….
      မျှတသွားတာပေါ့ ….. အောက်က ကွန်မန်းပေးတဲ့သူတွေကလဲ အကြိုက်ဆုံးတစ်ပုံကိုရွေးပြီး ဘာကြောင့်ကြိုက်သလဲ ဆိုတာလေးပါ ရေးပေးနှိုင်ရင် Poll သဘောမျိုးဖြစ်သွားမယ် ..။

    • မှော်ဆရာ

      May 9, 2012 at 3:37 pm

      ခေါင်းစဉ်ကို သုံးလစာ ကြိုထုတ်စေချင်တယ်…
      တစ်ယောက်ကို ဘယ်နှစ်ပုံလက်ခံမလဲ ဆိုတာလဲ စဉ်းစားထားပါ..။
      နောက်တစ်ခု ဒီမှာ တင်ပြီးရင်ကော အဲဒီပုံကို တခြားပြိုင်ပွဲတွေမှာ ဝင်ခွင့်ရှိမရှိ သိချင်တယ်..။
      ခေါင်းစဉ်ကလဲ ပရိုသမားတွေသာ မက လက်သင်တွေပါ လွယ်လွယ်ရိုက်နှိုင်တဲ့ ခေါင်းစဉ် ဆိုရင် ပိုကောင်းမယ်…။နို့မို့ဆို ပရိုသမားတွေအတွက်သီးသန့်ဖြစ်သွားမယ် …။
      လက်သင်တွေ လက်တွန့်နှိုင်မယ်…။
      စကားမစပ် စိုင်ပုံပြိုင်ပွဲလေးများ မလုပ်ချင်ဘူးလား …။ဒီပြပွဲကို အကြောင်းပြပြီး စိုင်ပစ်ထွက်ရင် ကောင်းမလားလို့ … 🙂

      • Inz@ghi

        May 9, 2012 at 4:40 pm

        ပိုစ့် ပိုင်ရှင်မရှိတုန်း ဝင် အာချောင်မိပါတယ်…
        ကူအုံးစားပေးမလား မှတ်တယ် …သူကချည်း မေးနေတော့တာပဲ
        😀
        နောက်တာပါဗျာ..

        ၁ပုံစီပဲ လက်ခံမယ် စိတ်ကူးတယ်ဗျ ..(ပထမဆုံးအနေနဲ့ လည်းဖြစ် ဘယ်နှယောက် ပါမလဲ ဆိုတာလည်း မသိသေးတော့)
        ဝင်ပြတဲ့လူ သိပ်နည်းနေရင်တော့ ပို့ထားတဲ့ သူတွေကို စာပို့ပြီးနောက် ၁ပုံစီ ထပ်တောင်းမယ်ပေါ့…

        ခေါင်းစဉ်က ဘယ်သူမဆို ရိုက်နိုင်အောင် အတွက် စဉ်းစားကြည့်နေပါတယ်…
        (၃လစာ ဆိုတော့ ညည်းလည်း တခု ဝင်စဉ်းစားအေ…)

        တခြားပြိုင်ပွဲ ဝင်ခွင့်ရှိမရှိက အနှီပြိုင်ပွဲရဲ့ စည်းကမ်း ကန့်သတ်ချက် နဲ့သာ ဆိုင်မယ်ထင်တယ်ဗျ
        (သိတယ်မလား မည်သည့် အွန်လိုင်း မီဒီယာ ဘာညာ သာဒကာမှာ တင်ဖူးခြင်း မရှိရ ဆိုတာမျိုးတွေပေါ့)

        သည်ဘက်အနေနဲ့ကတော့ ဒါဟာ ပြိုင်ပွဲမဟုတ် ပြပွဲသက်သက်ဆိုတော့ ..သည်မှာ ပြဖူးတဲ့ပုံ
        ပြိုင်ပွဲသွား ဆုရ ဖြစ်တယ်ဆို ဒီဘက်ကတောင် ဂုဏ်ယူကြရဦးမှာ မို့ ကန့်သတ်ချက်
        မထားချင်ပါကြောင်း…

        စိုင်ပစ်ဖို့ အကြောင်းရှာနေတာတော့ သများလည်း ဘာမှ မတတ်နိုင်ပါကြောင်း..
        (ကိုယ့်ဆြာတို့လို အိမ်ကွင်း မပြောနဲ့ အဝေးကွင်း ကြားကွင်း ငှားကွင်း ဘာကွင်းမှ မရှိသူရယ်ပါ…)

        😀

        တော်သးဘီ….
        ခင်တဲ့
        ဂီ

  • ဘယ်သူပုံဆိုတာ မဖော်ပြဘဲ တင်တာမျိုး လုပ်ဘူးပါတယ်။
    ကိုသော့ လုလင် ရွှေမင်းသား နဲ့ ကိုပေါက် လေးယောက်ပေါင်း ပြီး တစ်ခါတင်ဘူးပါတယ်။.
    လှတယ်မလှဘူး ဆိုတာကို စိတ်ဘက်လိုက်မူ့မပါဘဲ မှတ်ချက်တွေအမှန်အတိုင်းရတာပေါ့.
    အခုလဲ ပဒုမ္မာနဲ့ကိုပေါက် တင်နေပါတယ် ကောက်သင်းကောက်
    နောက်ရက် လုလင်နဲ့ ကိုပေါက် ထပ်လာမယ်
    ဘယ်သူရို်ကတယ်ဆိုတာကို ပြောမထားဘဲ တင်တာပါ။

  • Uncle Lay

    May 9, 2012 at 4:51 pm

    ခေါင်းစဉ် မျှော်နေမယ်..။

Leave a Reply