လှိုင်သာယာ ကစင်ကျောင်းဆရာတော်ဘုရားကြီးဧ။် ဓါတ်တော်များကြွင်းကျန်ခဲ့

etoneMay 7, 20123min27626

 

 

ကစင်ကျောင်းတိုက် မုဒ်ဦးကိုတွေ့ရစဉ် (ကားသွားနေတုန်းလှမ်းရိုက်တာမို့ ကြည်ကြည်လင်လင်မရခဲ့ဘူး)

 

ကစင်ကျောင်းတိုက်ထဲက ဘုရားစင်ပါ ။
ဓါတ်တော်ထည့်ပြီး ပူစော်ဖို့အတွက် အစဉ်သင့်ပြုလုပ်ထားတာပါ ။

 

ဓါတ်တော်တွေကို လောလောဆယ်တော့ ဒီလို ထားရှိ အပူစော်ခံထားပါတယ် ။

 

 

 

 

ကစင်ကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တ သုမနမဟာထေရ် ၊ သက်တော်၉ရ ၊ ဝါတော်၇ရ ဧ။် ပုံတော်

အောင်ဇေယျ တံတား အဆင်းအနီး ၊ လှိုင်သာယာမြို့နယ်တွင်း ကစင်ကျောင်းဆရာတော်ကြီးဧ။် ဓါတ်တော်များကို ၄-၅-၁၂နေ့ ညနေပိုင်းတွင် အမှတ်မထင် ဖူးခွင့်ကြုံခဲ့ပါသည် ။ ကစင်ကျောင်းဆရာတော်ကြီးဘဒ္ဒ န္တ သုမနမဟာထေရ် ၊ သက်တော် ၉ရ ၊ ဝါတော် ၇ရ သည် ၁၀-၄-၁၂ ရက်နေ့(အင်္ဂါနေ့)  မနက်ဆယ်နာရီခန့်တွင် ပန်းလှိုင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည် ။ ဆရာတော်ကြီးဧ။် ရုပ်ကလပ်အား ၃၀-၄-၁၂နေ့ ည ရနာရီအချိန်တွင် ဈာပန အခမ်းနားဖြင့် ယမ်းဒုံးကျည်ပစ်လွှတ်  မီးသဂြိုလ်ခဲ့ကြောင်းသိရပြီး ၊ သနပ်ခါးတုံးများနှင့် ယမ်းများအား မီးစာ အဖြစ် အသုံးပြုခဲ့ကြောင်းလည်း သိရသည် ။ သာမန်အားဖြင့် ရုပ်ကလပ်လောင်ကျွမ်းချိန် နှစ်နာရီမှ သုံးနာရီ အထိသာ ကြာမြင့်ခဲ့သော်လည်း ၊ ကစင်ဆရာတော်ကြီးဧ။် ရုပ်ကလပ်အား မီးသဂြိုလ်ရာ အချိန် ၆နာရီကျော်ခန့်ကြာမြင့်ခဲ့ကြောင်းသိရသည် ။ မီးငြိမ်းသတ်ပြီးချိန်တွင်တော့ အထက်ပါကဲ့သို့သော ဓါတ်တော်များကြွင်းကျန်ရစ်ခဲ့လေတော့သည် ။ ဓါတ်တော်များကို လတ်တလောတွင် ကစင်ကျောင်းတိုက်၌ပင် အပူစော်ခံထားရှိသည်ဟု သိရပြီး ဒေသခံမြို့နယ်နေ ပြည်သူများသာ လာရောက်ဖူးမြော်ကြသည် ။ မည်သည့် မီဒီယာ ၊သတင်းဌာန ၊ ဂျာနယ်များမှ သတင်းလာရောက်ယူခြင်း မရှိသေးဟုလည်း သိရသည် ။

( ဓါတ်တော်ဖူးမြော်ရန် ဖိတ်ကြားခေါ်ဆောင်ခဲ့ပါသော လှိုင်သာယာမြို့နယ် ဆေးရုံအုပ် ဒေါက်တာဒေါ်ခင်ရူပါစိုးအား အထူးပင်ကျေးဇူးတင်ရှိပါသည် ။)

 

26 comments

  • ကြောင်ကြီး

    May 7, 2012 at 9:56 am

    ဘယ့်နှယ်ရှိစ ရုပ်ကြမ်းဝါဒီ သဂျီးမင်း…

    • etone

      May 7, 2012 at 10:07 am

      ကိုကြောင်ကြီးရေ .. ဓါတ်တော်တွေကို ကိုင်ထိ ဖူးခွင့်ရတုန်း မှတ်မှတ်ရရ သဂျီးကို သတိရမိပါတယ်….တကယ်ပါ ….
      (ဓါတ်တော်တောင် ခိုးယူ ပူစော်ချင်စိတ်ဖြစ်မိပါသေးတယ် .. ဒါပေမယ့် …တဒင်္ဂဖြစ်လာတဲ့စိတ်ကို ရှက်မိလို့ ၊ ချိုးနှိမ်ပြီး ဒီအတိုင်းပဲ ဖူးမြော်ခဲ့ပါတယ် … လူစိတ်ဆိုတာ အချိန်ခါမရွေး ဖောက်ပြန်တတ်ပါလားလို့လည်း .. နားလည်မိခဲ့တယ် ) ။

  • ဗိုက်ကလေး

    May 7, 2012 at 10:53 am

    သတင်းအတွက် ကျေးဇူးပါ ဒေါ်ဒေါ်
    ဒါပေမဲ့
    ဓာတ်တော်စစ် မစစ်ကို သဂျီးက ရဲစခန်း ထောက်ခံစာပါမှယုံမယ်လို ့ပြောတယ်ဗျာ
    ဗိုက်ကလေး စိတ်မကောင်းလှဘူး
    😀

    • etone

      May 7, 2012 at 11:25 am

      အင်း .. ဗိုက်ကလေးရေ … ဓါတ်တော် အစစ်တွေပါ … ကွန်ဖမ်းလုပ်ခဲ့ပြီးပါပြီ ။ အားနာလို့ အထောက်ထားတော့ မတောင်းခဲ့ဘူးဟယ် …

  • htet way

    May 7, 2012 at 11:36 am

    အိမ်မဲ မှာလည်း ဒီလို ဓါတ်တော်ကျတာတွေ ရှိခဲ့တယ် ဆရာမ
    ဖတ်ရှု့ မှတ်သားလိုက်ပါတယ်။

  • ဦးဦးပါလေရာ

    May 7, 2012 at 11:51 am

    (ဓါတ်တော်ဆိုတာ အလုံးအလုံးလေးတွေ မဟုတ်လားလို့ ) မေးမယ့်သူများ ကို ရော ဖြေမယ့်သူများကိုရော စိတ်ဝင်စားစွာ စောင့်ဖတ်နေပါတယ်။ 🙂

    • etone

      May 7, 2012 at 12:47 pm

      ဦးဦးရေ .. ဓါတ်တော်ဆိုတာ အရင်က စပါးလုံးလေးတွေလောက်သာမြင်ဖူးတာပါ …
      အခုနောက်ပိုင်း မိုးကုတ်ဆရာတော် ဦးဃောသိတ(စာလုံးမပေါင်းတတ်ဘူး) ဓါတ်တော်ကြွင်းတုန်းက … နှလုံးတော်ကြီးလိုက်ကို လက်သီးဆုတ်လောက်တောင် ကျန်ခဲ့တာပါ … ။ ဒီတစ်ခါ ကစင်ကျောင်းဆရာတော်ကြီးရဲ့ ဓါတ်တော်ကလည်း အရိုးတော်တွေ ၊ အခွံတော်တွေ အများကြီး ကျန်ခဲ့ပါတယ် … ။ ဓါတ်တော်ကို ကိုယ်တိုင် ဖူးခွင့် ကြုံတာ … ဒါတတိယ အကြိမ်ပါ .. ။
      ကိုင်ဖူးခွင့်ကြုံတာကတော့ … ဒီတစ်ခါ ပထမဆုံးပါပဲ ။

  • ကိုရင်မောင်

    May 7, 2012 at 12:14 pm

    ကျနော်လဲသိချင်ပါတယ် ဓါတ်တော်ဆိုတာအလုံးငယ်လေးတွေလို့မြင်ခဲ့ဘူးလို့
    သိသူများဗဟုသုတအဖြစ်ရေးစေလိုပါတယ် ။

  • kai

    May 7, 2012 at 12:55 pm

    လူအလောင်းမီးရှို့လို.. ပြာတွေ..အရိုးစတွေ..ကျန်ရစ်တာ.. ဘာအထူးအဆန်းလုပ်ပြောနေကြတာလည်းဟင်င်..
    ကျုပ်ပဲရူးသွားသလားတော့မသိ.. 😕

    သေရစ်သူရဲ့.. တရားတွေ.. ဓမ္မတွေ… အယူအဆတွေကြိုက်နှစ်သက်သဘောကျရင်.. သူ့တရား..အယူအဆတွေ.. လေးစားလိုက်နာပေါ့..။ ပြန့်ပွားအောင် ပြောပြ..လုပ်ပြကြပေါ့…။
    သူ့အကြောင်းအမှတ်ရအောင်.. ကျန်ရစ်တာလေးတွေဆောင်ထားပေါ့…
    ဒီထက်ဘာများပိုရချင်နေကြပါလိမ့်…

    အနိစ္စ…

    • etone

      May 7, 2012 at 1:11 pm

      သဂျီးတော့ သွားရှာလေပြီ … ကျွတ်.. ကျွတ် … သနားထှာအေ … ။ :mrgreen:

      မီးရှို့လိုက်လို့ ပြာဖြစ်ရမယ့် အချိန် … ၊ သံတောင် အရည်ပျော်တဲ့အချိန် … ပြာမဖြစ်ပဲ ကျန်နေတာ…. ဘယ်လို သိပ္ပံ နည်းပညာနဲ ့အဖြေရှာမလဲ … ။ ဘာလဲ … မီးနဲ့ ဒြပ်ပြုမှု မပြုဘူးလို့ …. ဘူးခံပြီး ငြင်းချင်သလားဟင်… ။ မယုံလျှင် ကိုယ့်လက်ကိုယ် မီးရှို့ ကြည့်ပါဗျို့ …. ။

      ရောင်ခြည်တော် ကွန့်မြူးပုံလေးများ ဗွီဒီယိုမှတ်တမ်းတင်လျှင် … ကင်မရာထရိတ်နဲ့ အင်ထုတယ်များ ဆိုဦးလေမလား …. ။ 🙄

    • Shwe Tike Soe

      May 7, 2012 at 1:57 pm

      ဒီတစ်ခါတော့ တဂျီးကို လုံးဝ လေးစားသွားပြီ ထောက်ခံတယ်ဗျို.
      ကျွန်တော်လဲ အဲလိုပဲ မြင်တယ်….

    • laypai

      May 7, 2012 at 2:40 pm

      သဂျီးေဲပြာတာ ကို လဲ လက်ခံ လို့ + ပေးထာလိုက်တယ်။
      ခု ပို့ တင် သူ ပြောတာ က သာမာန် လူ တွေ လောင်းကျွမ်းပြီး ရင် ကြွင်းကျန် သလို မျိုး မဟုတ်ပဲ ရှိနေတာကို ပြောတာ ပါ သဂျီး ခင်ဗျ။

  • ဆူး

    May 7, 2012 at 1:48 pm

    ကြားဖူးတာတော့ ဓါတ်တွေက အလုံးလေးတွေ.. အဲဒီ အလုံးလေးတွေ ညဘက်ဆို အရောင် ထွက်တယ်လို့ ကြားဖူးတယ်။ ၆နာရီလောက် မှ မလောင်ကျွမ်းပဲ ကျန်တယ် ဆိုတော့.. အံဩစရာပါပဲ။

  • FattyCat

    May 7, 2012 at 4:44 pm

    တစ်ခုခုတော့လွဲနေပြီ…

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    May 7, 2012 at 8:04 pm

    အဟဲ
    ဒီကိစ္စ ဒဂါ ဒဂါမ တွေနဲ့ ရှင်း

  • မဟာရာဇာ အံစာတုံး

    May 7, 2012 at 9:00 pm

    “… ရဟန္တာများလည်း ထို့အတူပင် ပရိနိဗ္ဗာန်စံခါနီး၌ ဓာတ်တော်အဆူဆူ လုံးလုံးဝန်းဝန်း အရွယ်အမျိုးမျိုးဖြစ်ရန် အဓိဋ္ဌာန်တော်မူရပါသည်။ အဓိဋ္ဌာန်တော်မမူပဲ ပရိနိဗ္ဗာန်စံလျှင် တေဇောဓာတ်လောင်တော်မူပြီးနောက် လုံးလုံးဝန်းဝန်း မဟုတ်ပဲ အရိုးတော် ပကတိအတိုင်းပင် ကျန်ပါသည်။ …”

    ဒီစာကို ဒီနေရာက ယူထားတာပါ …

    http://knowledge.dhammaransi.com/index.php?option=com_content&view=article&id=376:2011-01-26-10-27-27&catid=25:the-project&Itemid=53

    နောက်ထပ် ဓာတ်တော်နဲ့ ပတ်သက်လို့ ကြည့်နိုင်တဲ့နေရာကတော့ ဒီနေရာမှာပါ …

    http://tknn.org/index.php?topic=726.0;wap2

  • windtalker

    May 7, 2012 at 10:12 pm

    အလိုအလို ၊ အငြင်းတွေပွား အငြားတွေပွင်းနေကြ ပါကလား ။ ဘာဘဲဖြစ်ဖြစ် ဒေါတုံ ရဲ ့သတင်းဓါတ်ပုံများကို သိရှိခွင့်ရသွားပါ၏ ။

  • noob

    May 8, 2012 at 12:11 am

    လူတွေ မှာ ကိုး ကွယ်စရာ ဒီလောက်ရှိနေတာ တောင် ဘာလို အဲဒီ ဓာတ်တော် ဆို လား ပြာ ရိုုး ဆို လား( ပြာ မဖြစ်ရင် အမှုန် ့ဖြစ်အောင် ကြိတ်ပလိုက် or တူ နဲ ့ထု ပလိုက် ) ပုကန်တွေ နဲ ့ ခွဲ ထားသေးတယ် မသိရင် အဲဒီ ဟာက အရိုးပြ အလှူငွေ တောင်နေ သလို ပဲ

  • etone

    May 8, 2012 at 8:52 am

    ယုံကြည်တာ မယုံကြည်တာ ကိုယ့်စိတ်နဲ့ ကိုယ့်ရဲ ့ ဝေဖန် ပိုင်းခြားမှု ၊ ဘာသာ တရား ယုံကြည်မှုတို့ပေါ် မူတည်ပါတယ် … ။ မီးမလောင်ပဲ ကျန်ခဲ့တိုင်း … ရောတောဖောတော ဓါတ်တော်လို့ သတ်မှတ်တာမဟုတ်ပါဘူး … ပညာရှင်တွေက သွားရောက်စစ်ဆေး အတည်ပြုပြီးမှသာ … ဓါတ်တော်လို့ သတ်မှတ်တာပါ … ။ ဘယ်လိုစစ်ဆေး အတည်ပြုတာတော့ … ရေးခွင့်မရှိတာမို့ …. ။
    ယုံကြည်သူတွေသာ ကိုးကွယ်ပါစေတော့လေ … ။

    • ကြောင်ကြီး

      May 8, 2012 at 9:43 am

      ပြောမနေနဲ့ဒေါ့ အီးဒုံးယေ.. သဂျီးဆိုဒဲအမျိုးဂ နှစ်လုံးပြူးတလက်ရှိနေရင် သူ့ကိုယ်သူ သိကြားမင်း ဝိရဇိန်မိုးဂျိုးလက်နက် ရထားဒယ်ထင်ဒါ။ ေဩာ်ငယံမကြောက် ဘာမကြောက်… ဝိုင်းဆဲဂျကွာ.. သူဒေါ်ဂေါင်းလောင်းလျာဂို ပြစ်မှားရင် ငယဲကြီးသလို ငယဲသွားမည့်သူဂို ဝိုင်းဆဲရင် နတ်ပြည်သေဂျာပေါက် ရောက်တယ်..။

  • cobra

    May 8, 2012 at 3:37 pm

    ငယ်ငယ်တုန်းကတော့ အမြဲရောက်ဖြစ်ပါတယ်ကစင်ကျောင်းကို
    မြစ်ဘေးနားမှာဆိုတော့တော်တော်လေးသာယာတယ်။
    ငယ်ငယ်ကအမေခေါ်သွားလို့ ၂လုံးဂဏန်းပေးလို့တဲ့
    သွားကြတယ်လေ အဝေးကြီးထိသွားကြတာ
    ဘယ်လောက်များ၂လုံးပေါက်ချင်ကြလဲဆိုရင်……။

  • cobra

    May 8, 2012 at 3:40 pm

    ငယ်ငယ်တုန်းကတော့ အမြဲရောက်ဖြစ်ပါတယ်ကစင်ကျောင်းကိုမြစ်ဘေးနားမှာဆိုတော့တော်တော်လေးသာယာတယ်။
    ငယ်ငယ်ကအမေခေါ်သွားလို့ ၂လုံးဂဏန်းပေးလို့တဲ့
    ဘယ်လောက်များ၂လုံးပေါက်ချင်ကြလဲဆိုရင်သွားကြတယ်လေ အဝေးကြီးထိသွားကြတာ။

  • cobra

    May 8, 2012 at 3:41 pm

    ငယ်ငယ်တုန်းကတော့အမြဲရောက်ဖြစ်ပါတယ်ကစင်ကျောင်းကိုမြစ်ဘေးနားမှာဆိုတော့
    တော်တော်လေးသာယာတယ်။
    ငယ်ငယ်ကအမေခေါ်သွားလို့ ၂လုံးဂဏန်းပေးလို့တဲ့
    ဘယ်လောက်များ၂လုံးပေါက်ချင်ကြလဲဆိုရင်သွားကြတယ်လေ အဝေးကြီးထိသွားကြတာ။

  • cobra

    May 8, 2012 at 3:41 pm

    ငယ်ငယ်တုန်းကတော့အမြဲရောက်ဖြစ်ပါတယ်ကစင်ကျောင်းကိုမြစ်ဘေးနားမှာဆိုတော့
    တော်တော်လေးသာယာတယ်။
    ငယ်ငယ်ကအမေခေါ်သွားလို့ ၂လုံးဂဏန်းပေးလို့တဲ့…
    ဘယ်လောက်များ၂လုံးပေါက်ချင်ကြလဲဆိုရင်သွားကြတယ်လေ အဝေးကြီးထိသွားကြတာ။

  • cobra

    May 8, 2012 at 3:43 pm

    ကစင်ကျောင်းကိုငယ်ငယ်တုန်းကတော့အမြဲရောက်ဖြစ်ပါတယ်မြစ်ဘေးနားမှာဆိုတော့
    တော်တော်လေးသာယာတယ်။
    ငယ်ငယ်ကအမေခေါ်သွားလို့ ၂လုံးဂဏန်းပေးလို့တဲ့…
    ဘယ်လောက်များ၂လုံးပေါက်ချင်ကြလဲဆိုရင်သွားကြတယ်လေ အဝေးကြီးထိသွားကြတာ။

  • snow white

    July 8, 2012 at 7:44 pm

    မမအိ်ကိုကျေးဇူးတင်ပါတယ်နော် ဖူးမျှော်ခွင့်ရလို့…

Leave a Reply