ရှစ်မိုင် အရက်ဆိုင်အတွင်းသို့ရောက်သောအခါ…

 

ဘိန်းစားပေါက်ဖော်အား ဆိုင်ရှင်တရုတ်ကြီးမှမြင်တွေ့လျှင်တွေ့ချင်း တရုတ်စကားများဖြင့် အပြန်အလှန်စကားပြောဆိုကြပြီး အမြည်းသုံးပွဲနှင့် အကောင်းစားနိုင်ငံခြားဖြစ်အရက် တစ်လုံးအား အလျှင်အမြန်စီစဉ်ပေးပါတော့သည်…

 

ရသေ့ကြီးစည်သူအတွက်မူ အချိုရည်ဖြင့် အလစ်ဟင်းစေရန်တည်ခင်းဧည့်ခံလေသည်…

 

“ ပိုင်လှချည်လား ပေါက်ဖော်… တရုတ်သူဌေးတောင် ခင်ဗျားကိုတလေးတစားဆက်ဆံ တယ်ဆိုမှဖြင့် အမျိုးတွေလား၊ ကျေးဇူးရှင်တွေလားဗျာ…”

 

“ ကျေးဇူးရှင်ဆိုတာထက် လူတစ်ယောက်ဒုက္ခရောက်နေစဉ်မှာ ကိုယ်ရောစိတ်ပါ အကူ အညီပေးခဲ့လို့ အခုလို့ကျုပ်တို့ အကူအညီအသဲအသန်လိုအပ်တဲ့အချိန်မှာလဲ အမြဲတမ်း ပြန်ရတတ်တယ်လို့ပဲ သဘောထားလိုက်ပါဗျာ…”

 

“ တယ်ဟုတ်ပါလားပေါက်ဖော်ရဲ့….” နှူးဘာဂိုဏ်းချုပ်က ၀င်ထောက်လိုက်သည်…

 

“ ဟုတ်ပါတယ်သမိန်ဂီ… လူတိုင်းဟာကြွေတစ်လှည့် ကြက်တစ်ခုန်ဆိုသလို ထင်းခွေမကြုံ ရေခပ်တော့ ဒုက္ခနဲ့ကြုံစမြဲပါဗျာ… ဆိုင်ရှင်ကြီးက မိဘလက်ငုတ်လက်ရင်းခေါက်ဆွဲဆိုင် လေးကနေပြီး ရှိသမျှအရင်းအနှီးအကုန်ရင်းပြီး အခုစားသောက်ဆိုင်အကြီးကြီးဖွင့်ဖို့ ကံကို ရင်းခဲ့အချိန်မှာ ရန်ကုန်နေလူတန်းစားရဲ့အလိုနဲ့ မကိုက်ညီတာတွေ အစားအသောက်ကို အရသာဘယ်လောက်ကောင်းအောင်လုပ်လုပ် အရင်ရှိပြီးသားဖောက်သည်ထက်တိုးမလာ ပဲ… ဆိုင်ကြီးသွားလို့ဈေးများကြီးသွားမယ်ဆိုတဲ့အတွေးနဲ့ ရှိပြီးသားဖောက်သည်လေးတွေ တောင်တစတစပျောက်သွားလို့ ဒေ၀ါလီခံရမယ့်အဆင့်မှာ ကျုပ်ကလဲလောင်းကစားဝိုင်း တစ်ခုမှာ ဘေးထိုင်ထိုးရင်းအနိုင်လေးရလို့ လူရှင်းတဲ့ဒီဆိုင်လေးကို လာထိုင်ဖြစ်ရင်း တရုတ်လူမျိုးလဲဖြစ်တော့ ဆိုင်ရှင်နဲ့စကားစမြည်ပြောရင်းကနေ ဒီဆိုင်လေးကို ဒီလိုအနေ အထားအထိဖြစ်လာအောင် အကြံညဏ်တွေပေးရင်းကနေ ဒီတရုတ်ကြီးက ကျုပ်ကိုဘုရား တစ်ဆူများမှတ်သလားမသိပါဘူးဗျာ… လမ်းအလှည့်သင့်လို့ရောက်တာနဲ့ ဒီလိုပဲပြုစုတော့ တာပါပဲ…”

 

“ ဒါဆိုရင် ခင်ဗျားက ဘိန်းစားဦးနှောက်နဲ့ ဒီလိုတောင်အကြံပေးနိုင်တယ်လို့ ဆိုလိုချင်တာပေါ့…” မောင်အာဂမှာ အထင်မကြီးသောသဘောဖြင့် မေးမြန်းလိုက်သည်…

 

“ ဘိန်းစားဆိုတာ ဘိန်းလေးမှိန်းရင်း စိတ်ထဲမှာဖြစ်လာတဲ့အတွေးတွေနောက်ကို လိုသလို ကွန့်မြူးရသကိုဗျ… အဲဒီတော့ သူများမမြင်နိုင်တာတွေကို မတူတဲ့အတွေးတွေနဲ့တွေးဖြစ် နေတာကတစ်ကြောင်း၊ ဦးနှောက်များများမသုံးတော့ သုံးပြန်တော့ရတဲ့အကြံတွေက လတ်ဆတ်နေတာပေါ့ဗျာ…”

 

“ ဒါဆိုမှဖြင့် ကျုပ်တို့တောင် ဘာမှမတွေးပဲ ဘိန်းရှုနေရမလိုဖြစ်နေပြီ ပေါက်ဖော်ရေ…”

“ ဒီလိုဆိုရင်ဖြင့်ဗျာ… ဘိန်းစားမှာလဲ ဘိန်းစားအရည်အချင်းဆိုတာရှိသေးသကိုး ဘိန်းဆိုသော မူးယစ်ဆေးဝါးဟာ ဘ၀ပျက်စေနိုင်လောက်တဲ့အထိ အရည်အချင်းရှိတဲ့ ဘိန်းကို ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အား ရှိနေဖို့လဲလိုသကိုးဗျ… အဲဒီစိတ်ဓာတ်ခွန်အားဟာ တော်ယုံခွန်အားမဟုတ်ဘူးဆိုတာတော့ ခင်ဗျားလဲတွေးမိမှာပေါ့ ကိုရင်စည်သူရယ်…”

 

“ ဒါထက်ကိုရင်စည်သူ… လွန်ခဲ့တဲ့(၂)နှစ်က အင်္ဂလန်မှာ ခင်ဗျားနဲ့တွေ့တုန်းက ခင်ဗျားက ကိုရင်ကြီးပါဗျာ… ကိုရင်ကြီးကနေ ဦးပဇဉ်းဖြစ်ရမယ့်အစား ဒီတစ်ခါတွေ့တော့ ဘယ်နှယ် ရသေ့ဘ၀တောင်ပြောင်းသွားတယ်ဆိုတော့ ခင်ဗျားကလှေကားကိုမတက်ပဲ ဆင်းနေသလို ဖြစ်မနေဘူးလားဗျ…”

 

နူးဘာဂိုဏ်းချုပ်အမေးကိုဖြင့် ရသေ့ကြီးစည်သူက…

 

“ ဒါကလဲ ဒီလိုရှိပြန်တယ်… ရဟန်းတို့စောင့်ထိန်းအပ်တဲ့သိက္ခာကျင့်ဝတ်တွေကဖြင့် များပြားလွန်းလှတော့ ကျုပ်လိုလောကီရေးရာမပြတ်နိုင်တဲ့အပြင် ဗေဒင်နတ်က္ခတ်ကို လိုက်စားတဲ့လူအနေနဲ့ကျပြန်တော့ ရဟန်းဝတ်အနေနဲ့ ၀ိနည်းမညီတာတွေဖြစ်ပြန်ရော အခုခေတ်မှာ ရဟန်းဝတ်နဲ့ဆေးကုနေကြသူတွေ၊ ရှေ့ဖြစ်နောက်ဖြစ်ဟောနေသူတွေဟာ မြတ်စွာဘုရားရဲ့အဆောင်အယောင်နဲ့ မြတ်စွာဘုရားအလိုတော်ကိုဆန့်ကျင်တယ်လို့ မြင်တယ်… အဲဒီမှာကျုပ်ကိုယ်တိုင်က မြတ်စွာဘုရားရဲ့သားတောင်ရဟန်းအဖြစ်ခံယူဖို့ မ၀ံ့ရဲသလို မြတ်စွာဘုရားရဲ့အဆောင်အယောင်ကိုပါ စော်ကားရာမရောက်အောင် ကိုရင်ဘ၀ကနေ ရသေ့ဘ၀အဖြစ်ပြောင်းလဲထားတာပါ သမိန်ဂီရယ်…”

 

“ အေးဗျာ… ကိုရင်စည်သူ… အဲ… ရသေ့ကြီးစည်သူပြောမှပဲ ကျုပ်လဲစဉ်းစားမိတော့ သကိုး…”

 

ထိုသို့စကားပြောဆိုနေစဉ် ဆိုင်အတွင်းသို့ လူနှစ်ဦးဝင်ရောက်လာသည်…

လူများဝင်ရောက်လာသောအခါ သမိန်ဂီမှာ ခါးတွင်ချိတ်ထားသော သေနတ်ပေါ်သို့ အသင့်အနေအထားဖြင့် လက်ကိုနေရာချထားပြီးဖြစ်နေသည်….

 

ထိုစဉ်… ရသေ့ကြီးစည်သူမှ…

 

“ ဖြည်းဖြည်းလုပ်ပါ သမိန်ဂီ… သေချာကြည့်လိုက်ပါဦး ဒီလူနှစ်ယောက်က ဘယ်သူများလဲလို့…”

 

“ ဟာ… ဦးမင်းမတ်နဲ့ ချာတူးလန်တို့ပါလား… ”

 

“  ဟုတ်ပါတယ်…ဂိုဏ်းချုပ်… ကြောင်ဂိုဏ်းထဲမှာ ပြသနာဖြစ်တယ်ဆိုပြီး ဦးမင်းမတ်က ဂိုဏ်းကိုဆက်သွယ်လာတော့ တစ်ကိုယ်တည်းဖြစ်နေတဲ့ ဦးမင်းမတ်ကို ချာတူးလန် ကိုယ်တိုင်ဘေးကင်းရာကို ခေါ်ဆောင်လာပေးတာပါ…”

“ ဒါဖြင့် ဘယ်လိုများတို့အဖွဲ့ကိုရှာတွေ့လာသလဲချာတူးလန်…”

“ ဒါကတော့ မခက်ပါဘူး ကြောင်ဂိုဏ်းရဲ့သူလျို မင်းသမီးဆူးခက်အိမ်မှာရှိမယ်အမှတ်နဲ့ သွားစုံစမ်းတော့ ဘိန်းစားပေါက်ဖော်နောက်ပါသွားတယ်ဆိုတာကို စုံစမ်းသိရတော့ ပေါက်ဖော်ရဲ့ စတည်းချရာဒီနေရာမှာရှိကောင်းရှိမယ်ဆိုပြီး လာခဲ့တာပါပဲဗျာ…”

 

“ ဒါဖြင့်ပေါက်ဖော်ရဲ့ ရဲတိုက်က လုံခြုံရေးမကောင်းဘူးဆိုတဲ့သဘောပေါ့…”

 

“ အဲဒီလိုတော့မဟုတ်ပါဘူး… ချာတူးလန်တဲ့ပေါက်ဖော်တို့က အဆက်အသွယ်ရှိနေရင်းမို့ ဒီလိုအလွယ်တကူရှာတွေ့တာပါ ဂိုဏ်းချုပ်…”

 

“ ဘာပဲဖြစ်ဖြစ်ပါချာတူးလန်… မနက်ဖြန်ကျရင်တော့ နေရာပြောင်းဖို့စီစဉ်ရပေတော့မယ်… သတိဆိုတာပိုသည်မရှိပေါ့…”

 

“ မနက်ဖြန်မနက် မန္တလေးရထားနဲ့ ဂိုဏ်းချုပ်ရဲ့လက်ရုံးတစ်ဆူလာပါလိမ့်မယ်… အဲဒီအတွက် ကြိုဆိုရေးတော့ လုပ်ပေးမှဖြစ်လိမ့်မယ်… သူ့မှာလက်နက်ပါ ပါလာတာမို့ White Rice မှာဖြစ်တဲ့ ဂိုဏ်းချုပ်ရဲ့သေနတ်ပစ်မှုနဲ့ သူ့မှာအသွားအလာခက်မှာမို့ တစ်ခုခု စီစဉ်ပေးမှဖြစ်လိမ့်မယ်ဂိုဏ်းချုပ်…”

 

“ ကောင်းပါပြီချာတူးလန်… မနက်ဖြန်ရန်ကုန်ဘူတာကြီးမှာ ကျုပ်ရဲ့လက်ရုံးဖြစ်တဲ့ မောင်ဖရဲကို မောင်အာဂက သွားကြိုဆိုပြီးလာခဲ့ပါ… ကျုပ်တို့ကလဲ ပြောင်းရွှေ့ဖို့စီစဉ်ထား ရပါဦးမယ်…”

 

 

ထိုညတွင် အရက်ဆိုင်ခေါင်းမိုးပေါ်ရှိအခန်းကျဉ်းလေးအတွင်းတွင် နွယ်ပင်နှင့် မောင်အာဂတို့ ဇနီးမောင်နံအနားယူအိပ်စက်ကြပြီး…

အောက်ထပ်တွင် ဘိန်းစားပေါက်ဖော်၊ ရသေ့ကြီးစည်သူ၊ ဦးမင်းမတ်နှင့် နူးဘာဂိုဏ်းသား များမှာ မိုးလင်းတိုင် စကားပြောဆိုလျက်ရှိနေကြတော့သည်…

 

နောက်တစ်နေ့နံနက် (၆)နာရီခန့်တွင် ဘိန်းစားပေါက်ဖော်မှာ မောင်အာဂတို့အခန်းလေးအား တံခါးခေါက်ပြီး မောင်အာဂကို ရန်ကုန်ဘူတာကြီးသို့ သွားရောက်ရန် စီစဉ်ပေးလေသည်…

 

“ ကဲ… ကိုအာဂရေ… ရန်ကုန်ဘူတာကြီးမှာ အမြန်ရထားနဲ့ မန္တလေးကနေပြီးတော့ ဖရဲဆို တဲ့လူတစ်ယောက်တစ်ယောက်ကို သွားကြိုရမယ်…”

 

“ ကျုပ်မှ သူ့ကို မမြင်ဖူးတာ….”

“ စိတ်မလောပါနဲ့လေ… ခင်ဗျားအကျီ င်္အနက်နဲ့ ခေါင်းဆောင်းအနီကိုဝတ်သွားရင် ခင်ဗျားဆီကို အဲဒါလူတန်းတန်းမတ်မတ်ရောက်လာလိမ့်မယ်… ခင်ဗျားတစ်ခုသတိထားရမှာက သူ့နဲ့ ခင်ဗျားမတွေ့ခင် ခင်ဗျားကို တစ်ယောက်ယောက်က ခင်ဗျားကို ရန်မရှာနိုင်ဖို့ပဲသတိထား နေပါ… ကိုအာဂ…”

 

မောင်အာဂမှာ ကြက်သီးဗြန်းခဲနဲ့ထသွားသော်လည်း မိမိအားကာကွယ်ခဲ့သော အဖွဲ့ခေါင်း ဆောင်များကြောင့် ထပ်မံအားတင်းပြီး ဘိန်းစားပေါက်ဖော်ခိုင်းစေသည့်အတိုင်း လုပ်ဆောင်ရန်အတွက် အရက်ဆိုင်အတွင်းမှထွက်ခွာခဲ့သည်…

 

ဆိုင်အ၀သို့ရောက်သောအခါ ဘိန်းစားပေါက်ဖော်မှ လက်အတွင်းသို့ ဖုန်းတစ်လုံးထည့်ပေး ပြီးနောက်…

 

“ ခင်ဗျား ဖရဲနဲ့ချိတ်ဆက်မိတာနဲ့ အရင်ဆုံးလုပ်ရမယ့်အလုပ်က ၁၁၉ ကိုဖုန်းဆက်ပြီး ရန်ကုန်ဘူတာကြီးမှာ ဗုံးတစ်လုံးထောင်ထားတယ်ဆိုပြီး သတင်းပေးရမယ်… အဲဒီလို သတင်းပေးပြီးတာနဲ့ ဒီဖုန်းထဲက SIM ကဒ်ကို အမြန်ဆုံးလွင့်ပြစ်ရမယ်… ပြီးတာနဲ့ ခင်ဗျား လာရမယ့်နေရာက ကမ္ဘာအေးဘုရားလမ်းပေါ်က မီကာဆာဟိုတယ်ကို… နာမည်ဦးဗိုက်ကလေးနဲ့တွေ့ချင်တယ်လို့ပြောလိုက်ပါ… ကျုပ်တို့အားလုံး အဲဒီမှာရှိမယ်… ခင်ဗျားဇနီးသည်ကိုလဲ စိတ်ချလက်ချထားခဲပါ… ကျုပ်တို့အသက်နဲ့လဲပြီးစောင့်ရှောက်ပါ့မယ်…”

 

ဘိန်းစားပေါက်ဖော်၏ ဂတိစကားကိုကြားရသောအခါ မောင်အာဂမှာ စီစဉ်ပေးထားသည့် အကျီ င်္အနက်ကို ၀တ်ဆင်လျက် အငှားကားတစ်စီးကိုတားကာ ရန်ကုန်ဘူတာကြီးဆီကို့ ထွက်ခွာလာပြီး လမ်းသို့ရောက်မှ အိတ်အတွင်းမှ ခေါင်းစွတ်အနီရောင်ကိုထုတ်စွတ်ပြီး နေကာမျက်မှာအမဲကို တပ်ခါရန်ကုန်ဘူတာကြီးဆီသို့ အင်အားအပြည့်ဖြင့် ချီတက်လာ ပါတော့သည်…

ဆက်ရန်-

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...