ပန်းတနော်မှ လျှပ်တစ်ပြက်ရိုက်ချက်များ

manawphyulayMay 7, 20121min63441

ကျွေးတုန်းလေး စားထားမှ...

အမှတ်တမဲ့ကနေ အမှတ်တရ ဖြစ်ခဲ့ရတဲ့ ခရီးစဉ်ပါပဲ။ ရွာသူရွာသားတွေ အားလုံးက စည်းလုံးပြီး ညီညွတ်စွာ ပျော်ရွှင်ခဲ့ရတဲ့ ခရီးစဉ်လေးကိုတော့ တစ်သက်တာမှ ဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။ သူတို့ရဲ့ချစ်စရာအမူအရာလေးတွေလည်း ရိုက်ယူခဲ့ပါတယ်။

လက်ဖက်ရည်လေးက မဆိုးဘူး နည်းနည်းစီသောက်မှ တော်ကြာ ကုန်သွားဦးမယ်ဆိုတဲ့သူအပြင် ပန်းတနော် မုန့်ဟင်းခါးက အတော်ကောင်းတာပဲ ဘယ်သူမှမမြင်ခင် အရည်တွေ အကုန်ခပ်သောက်မှ.... ဆိုတဲ့သူက တစ်မျိုးပေါ့။
ဟင်းရည်လေး နည်းနည်းလောက်နဲ့ နောက်တစ်ယောက်က ငါ စားနေတာ ဘယ်သူတွေ ကြည့်နေလဲဆိုပြီး လှည့်ကြည့်တဲ့သူနဲ့ပေါ့...
အစုကြီးကျေးရွာ ရောက်တုန်းလေး ရွာသူလေးတွေကို မျက်စိမှိတ်ပြလိုက်မယ်...

41 comments

  • FattyCat

    May 7, 2012 at 4:10 pm

    အဲဒီနေ့ကသွားခဲ့တဲ့လူတွေတော်တော်ပျော်ခဲ့ကြမှာနော်…
    ကျွန်တော်လဲ နောက်တစ်ခေါက်အလှဉ်းသင့်ရင်ဖြင့် လိုက်ဖြစ်အောင်လိုက်ခဲ့ပါ့မယ်…
    ရွာထဲက ရွာသူရွာသားတွေကိုလဲတွေ့ချင်လို့ပါ…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဗိုက်ကလေး

      May 7, 2012 at 4:11 pm

      ကျနော်တို ့ အူးလေးကို မျှော်နေသေးတယ်ဗျ
      ဒါပေမဲ့
      အူးလေးက ရှက်လို ့မလိုက်ဘူးဆိုတော့လဲ ဘယ်တတ်နိုင်မလဲဗျာ
      နောက်တစ်ပွဲပေါ့

      • Thel Nu Aye

        May 7, 2012 at 8:31 pm

        ဟဲ့လိုက်တယ်ဟဲ့။ သေးလွန်းလို့မမြင်ရတာ။ ခုံနဲ့ကွယ်နေလို့။

  • ဗိုက်ကလေး

    May 7, 2012 at 4:10 pm

    အပေါ်က ဘုန်းကြီးလူထွက် အူးလေးကြီးက နောက်နှစ်ပွဲလောက်စားလဲ အေးဆေးပဲတဲ့ဗျ

    • သူရဇော်

      May 11, 2012 at 9:08 am

      မဟုတ်ဘူးကွဲ့…..ဗိုက်ကလေးရဲ့ နှစ်ပွဲစားထားတယ် ပြောတာပါ……….ဟင့်ဟင့်

  • Diamond Key

    May 7, 2012 at 4:22 pm

    အယ် ……….. ဟင်းရည်တောင် မထည့်ရသေးဘူး … နှစ်ပွဲတောင်းတဲ့ သူနဲ့ ၊ ဟင်းရည်ဇလုံကြီးကို လက်က မချသူနဲ့၊ မနားတမ်း ဟင်းရည်ထည့်ရသူနဲ့၊ ကိုနာလီဇာ အပြူံးလေးတွေနဲ့ အားကျလိုက်တာနော် ………. 😀

  • ကိုရင်မောင်

    May 7, 2012 at 4:24 pm

    တို့ရွာသားအချောအလှလေးတွေကို
    အမှတ်တရကူးထားလိုက်ပါတယ်…..

  • Inz@ghi

    May 7, 2012 at 4:28 pm

    သေဘီဆြာဘဲ
    ဖုန်တထောင်းထောင်းနဲ့ မဲ့ရွဲ့နေတဲ့ပုံကိုမှ တင်ရက်တယ် ကွယ်…
    အသည်းနာသွားဘီ

    :'(

  • etone

    May 7, 2012 at 4:31 pm

    မိတိုက်ရေ… ဓါတ်ပုံရိုက်မှာပါ … နင့် အံဖုံကြီး ကြေးချွတ်ခဲ့ပါလို့ .. ဒီလောက်သတိပေးတာတောင် … ဟင်း … 😆

  • ဆူး

    May 7, 2012 at 4:40 pm

    မိတိုက် မနောကို ပါးစပ် ဖြဲ ပြ နေတာ မရဲ တရဲ နဲ့ မျက်စိ လှန်ကြည့်နေတယ်။
    ဂိဂိ က လည်း မျက်စိတ ဖက် ပိတ်တာ သဲ ဝင်သွားလို့နဲ့ တူတယ်။
    ကိုထင်ဝေးကြီးကလည်း ကိုယ်တိုင် ထည့်မှာပဲတဲ့..
    ယဉ်ငြိမ်းကလည်း ပေးအုန်းနော် ပေးအုန်းနော်..
    အရင့်ရောင် ကတော့ အနောက်က လာချောင်းလို့ လန့်သွားတဲ့ ပုံပဲ.. အဟိ

  • Uncle Lay

    May 7, 2012 at 5:25 pm

    အမှန်အကန် စားသုံးသူတွေပါလား…။ နောက်တာပါ။

    ပျော်စရာတော်တော်ကောင်းမယ်နော်….။နောက်တစ်ခေါက် လိုက်ဖြစ်အောင် လိုက်မယ်…။

  • snow white

    May 7, 2012 at 7:53 pm

    မုန့်ဟင်းခါးလေးကစားချင်စရာလေး မမမနောပြန်ဝယ်ကျွေးရမယ် ညီမကိုထားခဲ့လို့လေ ပြန်ဝယ်ကျွေး

  • မဟာရာဇာ အံစာတုံး

    May 7, 2012 at 8:02 pm

    အပေါ်ဆုံးပုံကို ကြည့်လိုက်တာနဲ့
    လျှပ်တစ်ပြတ် ရိုက်ချက်ဖြစ်ကြောင်း သဘောပေါက်သွားပါတယ်ဗျာ ..
    အမှန်အကန် ထည့်တော့မယ့် ပုံပဲ ..
    အဲဒါ ဘူဒုံး … ဟင် .. 😀
    တိုဂီ ကလည်း မျက်လုံးမှိတ်ပြလိုက်သေး ..
    အဟေ့ .. 😀

  • အလင်းဆက်

    May 7, 2012 at 8:09 pm

    မနောဖြူ..ရေ… ပုံလေးတွေ.က ပျော်စရာပါ ။ ကျွန်တော်တော့ပုံတွေ. တင်ရတာ ခက်လိုက်တာဗျာ။

    • manawphyulay

      May 8, 2012 at 10:09 am

      လေးပေါက်နော် ရိုက်လာပါတယ် မတင်သေးတာ တင်လိုက်ရမလား… ဟီး..

  • etone

    May 8, 2012 at 9:20 am

    အစ်မ မနောက .. ကြောင်ချီးတွေပုံမပါပဲ … လွတ်လွတ်ကင်းကင်းတင်တော့.. ကန့်ကွက်မခံရဘူးပေါ့… ။
    ညီမပို့စ်ထဲက ပုံတွေတော့ အကုန်ဖျက်လိုက်ပြီ .. ချဉ်ပါတယ်အေ

    • Mလုလင်

      May 8, 2012 at 9:41 am

      အိတုန် ပုံတွေထဲက .. ကြောင်ချီးတွေပုံ ဆိုတာ ဘယ်သူ့ ပုံ ကိုပြောတာပါလိမ့် ….. 🙂 စဉ်းစား ရင်း .. စဉ်းစားရင်း …..

    • manawphyulay

      May 8, 2012 at 10:05 am

      ဟဲဟဲ ညီမလေးရေ… ကိုယ့်ဘော်ဒါတွေကို အမှတ်တမဲ့ရိုက်ချက်လေးတွေ အမြဲသတိရစေဖို့ တင်လိုက်တာဆိုတော့လည်း သူတို့တွေလည်း ပျော်ကြပါတယ်….

      • etone

        May 8, 2012 at 10:25 am

        သူတို့က ပျော်သလိုလို မပျော်သလိုလိုနဲ့ နောက်ကွယ်က သဂျီးကို သွားသွားကြပ်တယ် … ။ မုန်းထှာအေ … ။ လူမြင်မခံနိုင်လျှင် လူလုံးထွက်မပြပါနဲ့ လို့ … အကြိမ် တစ်သောင်းပြောလိုက်တယ် …. ။ 👿

        • manawphyulay

          May 8, 2012 at 10:57 am

          ကဲပါ ညီမလေးရယ်… စိတ်လျှော့ပါ ဟုတ်ပြီလား ခွင့်လွှတ်လိုက်နော် အေးချမ်းပါတယ်….

        • MaMa

          May 8, 2012 at 1:26 pm

          ရွာသူားတွေ စုပေါင်းပြီး အလှူလုပ်ရတာ၊ ခရီးသွားရတာ ပျော်ပါတယ် အီတုံးရေ။
          ဒါပေမယ့် တစ်ဦးချင်းစီရဲ့ ပုံတင်ဖို့ဆိုရင်
          တစ်ဦးချင်းစီရဲ့ ခွင့်ပြုချက်ရမှ တင်သင့်ပါတယ်။
          ဓာတ်ပုံရိုက်တာကို တချို့က မသိလိုက်ဘူး။
          တချို့ကလည်း ဒီလိုတင်ဖို့ဆိုတာကို မသိဘူး။
          Group ပုံတင်တယ်ဆိုတာက ကိစ္စမရှိဘူး။
          ဒါ့အပြင် အခုလို-
          (နောက်တစ်ခါ လူသိမခံရဲတဲ့ လူတွေ လူလုံးထွက်မပြနဲ့လို ့ပဲ ပြောလိုက်ချင်ပါတော့တယ် ။ )
          လို့လည်း မပြောသင့်ဘူး။
          အလှူကို အတူတူ စုသွားကြတာနဲ့ ဆိုဒ်မှာ တင်တာနဲ့ ဘာမှ မဆိုင်ဘူးလေ။
          ပြီးတာတွေလည်း ပြီးပါစေတော့။
          နောက်ဆိုရင် သတိလေးတချက် ထားစေချင်တာပါပဲ။

        • Inz@ghi

          May 8, 2012 at 1:34 pm

          transparency နဲ့ privacy ကြားက ဘယ်ဘက်ကမှ မမှားတဲ့
          ပြဿနာ လို့ပဲ မြင်မိတယ်ဗျာ ..

          ဒိုးလုံးလေသံနဲ့ …
          အားလုံး အားလုံး အားလုံး …ကို စိတ်လျှော့ကြပါ လို့ပဲ ပြောချင်ပါရဲ့…

          ခင်တဲ့
          ဂီ

        • etone

          May 8, 2012 at 1:34 pm

          ***************** ဟိုဘက်က ကော့မန့်ကို ပြန်ကူးပေးလိုက်ပါသည် *****************

          အန်တီမမရေ ….. သဂျီး ဖျက်ခိုင်းတဲ့ လူငါးယောက်မှာတောင် … အန်ကယ်တစ်ယောက်ကလွဲလျှင် ကျန်တဲ့လူတွေကို .. ဆိုဒ်ထဲမှာ ပြန်တင်မှာနော်လို့ …. ပြောပြီးမှ ရိုက်ခဲ့တာပါ ။ မကြားမိလိုက်တာလား … မမှတ်မိတော့တာလားတော့ … မသိတော့ပါဘူး ။
          ကိုယ့်ပုံကို မပါစေချင်လျှင် … ပို့စ်တင်သူကို မေးလ်ကနေ … လှမ်းပြီးပြောလို့ရပါတယ် … ။ဖျက်ခိုင်းလို့ရပါတယ် ။ အကြောင်းကြားခဲ့လျှင် အကြည်တသာပဲ ဖျက်ပေးမှာပါ ။
          အခုလို တင်ပြီးလို့ ငါးရက်လောက်ကြမှ …သဂျီးကို တိုက်ရိုက်ကွန်ပလိန်းတက်တာ … သဂျီးကနေတဆင့် ဖျက်ခိုင်းတာကတော့ ဘိုင်ဖို့စ်နဲ့ ဖျက်ခိုင်းသလိုပဲ ဖီးလ်းနည်းနည်းငုတ်တယ် … ။ သဂျီးဖျက်လိုက်တဲ့ ငါးပုံထဲမှာတောင် … ကျေကျေနပ်နပ်တင်ခွင့်ပေးထားသူရဲ့ ပုံတောင် ပါသွားသေးတယ် … ။

          အလှူကို အတူစုသွားလုပ်တာ .. ဆိုဒ်မှာ (ပုံ)တင်တာနဲ့ မဆိုင်ဘူးဆိုပေမယ့် … ဆိုဒ်ပေါ်တင်ပြီးကြေငြာခဲ့ကြတာ .. သတင်းတွေ ဖလှယ်ခဲ့တာ…. ဆိုဒ်ကနေတဆင့် အလှူခံခဲ့ကြတာမျိုးလေ ။ ဆိုဒ်ပေါ်ကနေ ပုံတွေတင်တာ .. .ဖွချင်တာထက် ၊ ကိုုယ့်ပုံတွေပြပြီး လူသိရှင်ကြား ယုံကြည်မှုကို တည်ဆောက်နေခြင်း တစ်မျိုးလို့ ယူဆမိလို့ပါပဲ ။
          ပထမအကြိမ်အလှူလုပ်တုန်းကလည်း ကျွန်မတို့ရဲ့ ခွင့်ပြုချက်မရပဲ … တင်ခဲ့သူတွေရှိပါတယ် .. ဒါပေမယ့် လူမုန်းများတဲ့ ကျွန်မပုံတွေ ပါ့ဘလစ်ဖြစ်ခဲ့ပေမယ့် … နောက်ပိုင်း လှုပ်ရှားမှုတွေအတွက် … ယုံကြည်မှုတွေ ၊ စိတ်အားထက်သန်မှုတွေ ၊ ပူးပေါင်းပါဝင်လိုစိတ်တွေ ပိုပါစေတော့ဆိုတဲ့စိတ်နဲ ့ဒီအတိုင်းလေး မျောသွားခဲ့တယ် ။ ဒီတစ်ခါလည်း … ဒီလိုစိတ်နဲ့ပဲ တင်လိုက်မိပါတယ် ။ တစ်ဦးတစ်ယောက်အတွက် …တစ်စုံတစ်ရာ နစ်နာတာမျိုး ၊ စိတ်အနှောက်ယှက်ဖြစ်ခဲ့တာမျိုးရှိလျှင် အနူးအညွတ်တောင်းပန်လိုက်ပါတယ်နော် ။

  • Novy

    May 8, 2012 at 10:55 am

    အိတုံရေ..မနိုတို့တော့ ကြပ်တဲ့အထဲမပါဘူးနော်
    မီးထုပ်ပဲကိုင်ထားတယ် သူကြီးကို ရှို့မလို့
    ဟီးးး နောက်တာနော် 😉

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 8, 2012 at 11:10 am

    ကြည့်ရတာ တစ်ကယ်ကို ပျော်စရာကောင်းပြီး ကုသိုလ်လဲ တော်တော်ရမှာပဲ … နောက်တစ်ခေါက် ကျရင် လိုက်လို့ရလားဟင်

    • Khaing Khaing

      May 10, 2012 at 4:32 pm

      ကိုဟိန်းဝင်းရေ နောက်တစ်ခါ ကျရင်လိုက်လို့ရလားဟင် ဟုတ်လား …… အဆင်ပြေမယ်ဆိုရင်တော့ လိုက်လို့ရပါတယ် … ညီမတောင်လိုက်ချင်တာ အဆင်မပြေလို့ မလိုက်ရဘူး ……. လူပြည့်နေလို့တဲ့လေ ……..

      • manawphyulay

        May 12, 2012 at 1:43 pm

        အမယ် နောက်တစ်ခါဆို ခိုင်လေးက ရှေ့ဆုံးက စာရင်းပေးထားပေါ့ ဟုတ်ဖူးလား ညီမလေး…

  • jujuma

    May 8, 2012 at 11:11 am

    ပန်းတနော်မုန့်ဟင်းငါးကို သတိရလိုက်တာ….
    တကယ့်ကို လျှပ်တစ်ပျက် ရိုက်ချက်တွေပဲနော် .. 😛

  • Shwe Tike Soe

    May 8, 2012 at 2:11 pm

    အဲလိုပဲ စရစ်ဘစ်လတီ ဘဝ က မုန်.ဟင်းခါးတောင် လွတ်လွတ်လပ်လပ်မစားရဘူးအေ…..
    ဂျာနယ်လှစ် တွေက တချိန်လုံးချောင်းနေတော့တာ ပဲ ………. မင်းရဲမော်တိုက်ကွန်းလေး စိတ်ညစ်တယ်.. ခိခိခိ 😀

    • Thel Nu Aye

      May 8, 2012 at 10:08 pm

      မင်းရဲမော်တိုက်ကွန်းလေး ရေ မိုးတွင်းရောက်ပြီး မိုးကြိုးပစ်နေအုံးမယ်အေ။

  • htet way

    May 8, 2012 at 6:22 pm

    နေနှင့်အုံးပေါ့မနောရယ်
    ကိုယ့် အလှည့်ကျရင်တော့ သင်းရဲ့ ဝဝဖိုင့်ဖိုင့် ပုံကို တင်လိုက်မယ် ဟင်း

  • Yin Nyine Nway

    May 8, 2012 at 7:30 pm

    ဟွန်း…မုန့်ဟင်းခါးစားတိုင်…တခါမှ ဟင်းရေမတောင်းဖူးဘူး
    ပန်းတနော်က မုန့်ဟင်းခါး ကောင်းကလည်းကောင်း
    မနက်စာ မစားလိုက်ရလို့ ဆာကလည်းဆာနဲ့
    ဟင်းရေလေး တောင်းမိပါဒယ်…
    ဟင့် လျှပ်တပြတ်ရိုက်ချက်နဲ့ မိတွားဒယ်

  • pan pan

    May 8, 2012 at 9:55 pm

    အမလေးလေး
    ပန်ပန်ပုံလွတ်သွားလို့တော်သေး
    ကပ်သီးလေး
    အေးလေ…..တို့ကဘယ်ဖက်ကပဲရိုက်ရိုက် ဘယ်လိုဗြူးနဲ့ပဲရိုက်ရိုက်
    လှပီးသားဆိုဒေါ့…အဟော့ 😆

    • သူရဇော်

      May 11, 2012 at 9:12 am

      ပန်ပန်ရေ ကင်မလာကြီးနဲ့ပုံကြီးတစ်ခုရှိတယ်…………… ရွေးမလား မရွေးဘူးလား
      မရွေးရင် ဆူးလေမှာ ဗင်နိုင်းထုတ်ပီး ချိတ်ပစ်လိုက်မယ်
      ဒါဗြဲးးးးးးးးးးးးးးးးး

      • သူရဇော်

        May 11, 2012 at 9:13 am

        စကားမေ့သွားလို့…..ပန်ပန်က သေးနေတော့ ကင်မလာထဲ တော်တော်ပါအောင်ရိုက်ယူရတယ် ခွိခွိ………….. လာထား ဆယ်မှတ်………….

  • snow white

    May 9, 2012 at 1:27 pm

    စနိုးလည်း မလိုက်ရတာ နာလိုက်တာ… နို့မို့ဆို ပန်းတနော် မုန့်ဟင်းခါး အပီဝါးရမှာနော်…

  • ပန်ပန် ညည်း ဘီလူးကြီးနားကပ်နေတဲ့ပုံ တင်ပေးလိုက်ရမလား
    မြန်မြန်ဖြေနော်……………………………..

    • manawphyulay

      May 9, 2012 at 6:03 pm

      တင်ပေးလိုက်လေးလေး မနောလည်း ရိုက်လာသေးတယ် အဟိ..

Leave a Reply