ခုလို  “ကားဈေးတွေထိုးကျကုန်ပြီး ဖုန်းဈေးတွေလည်းမကြာမီမျှော်”  ရမဲ့အချိန်လေးမှာ  “အင်တာနက်ဇာတ်လမ်း”  ကလာမဲ့  “စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုန်ဂိုဏ်း” ဇာတ်ကားလေးကို  “ချိုပေါ့ကျ”  လေးတစ်ခွက်လောက်သောက်ပြီး ထိုင်ကြည့်နေချင်တဲ့  “ကျွန်တော့်စိတ်ကူး”  လေးပေါ်လာတုန်းပေါ့ဗျာ…..  “တိုင်းပြည်မွဲကြောင်း နည်းလမ်းကောင်း”  တွေကိုဖေါ်ဆောင်ခဲ့ပြီး  “ကြောက်စရာကောင်းသောလူ”  တစ်ဦးဖြစ်တဲ့  “ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်”  တယ်ဆိုတဲ့ သတင်းလည်းကြားလိုက်ရရော  “လူလည်ကြီးမောင်ကမ်း”  တော့ထိသွားပြီဆိုတာသိလိုက်ရသဗျို့။

ဒါနဲ့စကားမစပ်ပြောရဦးမယ်ဗျ … “ဧရာဝတီ ခရီးစဉ်” တုန်းက  “ဗုဒ္ဓဆိုင်ရာ မှက်သားစရာ”  တွေပါထည့်ပြောသွားတဲ့  “ဂေဇက်ရွာသူကြီးရဲ့ ပြောပေါက်ဆိုပေါက်”  ကတော့ဗျာ… တယ်မှက်သားစရာပဲဗျို့။  “လှိုင်သာယာ ကစင်ကျောင်းဆရာတော်ကြီး၏ ဓါတ်တော်များကြွင်းကျန်ခဲ့”  ဆိုတဲ့သတင်းလည်းကြားရော ကျွန်တော့်သူငယ်ချင်း 3 ယောက်ဗျာ ဘာပြောတယ်မှက်သတုန်း….တစ်ယောက်က  “ဒဂယ်လား နှစ်ကယ်လား really”  ဆိုပြီးသိပ်မယုံတဲ့သူက မယုံ၊  “ယုံမှက်ပြီးပုံအပ်ထားချင်တယ်ကွာ”  လို့ဆိုတဲ့သူကဆို … နောက်တစ်ယောက်ဆိုကြည်ညိုလွန်းလို့  “ဘယ်မှာဘာယူလာပြီး လှူရမလဲတဲ့”  ဆိုပြီးဝိုင်းမေးနေကြလို့  “ကျွန်တော်နဲ့ ကဆုန်လပြည့်နေ့ရေစီးကြောင်း”  အကြောင်းကို ဥပမာထားပြီး ပြောပြလိုက်ရသေးသဗျို့။

ကဖုန်းကျော်ပြောတဲ့  “ဩစတေးလျက အိမ်ပြောင်းတဲ့အတွေ့အကြုံ”  လေးနားထောင်ကောင်းနေတုန်းဗျာ   “ထူးဆန်းစွာ နဂါးကို ဤသို့မြင်တွေ့ရ”  တယ်ဆိုလို့သွားကြည့်တာဗျာ…ဘယ်နှယ့် တွေ့လိုက်ရတာက  “သက်တန့်ကျောက်ကျော”  (သက်တန့်ပုံစံ ကျောက်ကျောတုံး)  ကြီးပါဗျာ…..ဒါနဲ့ပဲအဲ့အကြောင်း  ရွာသားတွေကို  “တစိမ့်စိမ့်တွေး တဖြေးဖြေးရီရအောင်”  ရေးလိုက်ပါသဗျို့ …….

 

ချစ်တဲ့

ဗစ်ဗစ်

About Davit

Davit. Chelsea has written 19 post in this Website..

အပျော်တမ်း Show မှာဆိုရင် Drum တီးတယ်၊ One Men မှာဆိုရင် ကီးဘုတ်တီးတယ်၊ အိမ်မှာတစ်ယောက်တည်းပျင်းရင် Guitar တီးတယ်။ တီးလို့ရတာအကုန်တီးသဗျို့....နားထောင်ကောင်း၊ မကောင်းတော့ နားထောင်တဲ့သူသမိုင်း၊ တီးတာကတော့ ကိုယ့်သမိုင်း....ဟေ.....ဟေ့.....မမိုက်လား..... (တစ်ကယ်တော့ ဟုတ်တိပါတ်တိ ဘာမှရဘူးရယ်) :P