လောဘသေတ္တာ

အတော်အသုံးမကျတဲ့ ငါပဲ…………

ကြည့်စမ်းပါဦး။ သူများတွေမှာဖြင့် တိုက်ကြီးကလည်း အကြီးကြီး။ငါ့မှာတော့ ထန်းရွက်မိုး၊ထန်းရွက်ကာ တဲသေးသေးလေး တစ်လုံးသာ။ငါ လည်း သူ့လို တိုက်ကြီးဖြစ်ရမယ်။

ကြည့်စမ်းပါဦး။ သူ့မှာ ကားက အကောင်းစား ။ အော်တို ဂီယာ ဆိုလား။ဒီဇယ် အင်ဂျင် တပ်ထားတော့ အဲကွန်းကလည်းကောင်းမှကောင်း။ ငါ့မှာတော့ နွားလှည်းလေး က   ကချွတ်ကချာ

ဗမာပု နွားကလေး တစ်သျှင်း တည်း ရှိတယ်။နွားလှည်းကို ငါမစီးချင်တော့ဘူး ။ သူ့လိုကား ငါလည်း စီးရရင် သိပ်ကောင်းမှာ။

ကြည့်စမ်းပါဦး။သူ့ဆိုင်ကျတော့ ဝယ်လိုက်ကြတာ လူတွေ အများကြီးပဲ။ဝယ်လိုက်ကြ၊ ဝင်လိုက်ကြ ၊ ထွက်လိုက်ကြ နဲ့။ ရောင်းကောင်းနေလိုက်တာ။ ငါ့ဆိုင်ကျတော့ သူ့ဆိုင်လောက်လည်းရောင်းမကောင်းဘူး ။ သူ့ဆိုင်လောက်လည်း လူမစည်ကားဘူး။သူ့ဆိုင်ထက် ငါ့ဆိုင် သာစေရမယ်။

ကြည့်စမ်းပါဦး။ သူတို့ထမင်းဝိုင်းက ဟင်းတွေကကောင်းလိုက်တာ။ စုံနေတာပဲ။   စားပွဲခုံကြီးကလည်းအပျံစားကြီး။ထမင်းတွေ ၊ ဟင်းတွေ ကလည်း မွှေးကြိုင်နေတာပဲ။ ငါတို့အိမ်က ထမင်းဝိုင်းကတော့ကွာ ထုံးစံ အတိုင်းပါပဲ ချဉ်ပေါင်ဟင်းလား ၊ ဘဲဥ ကြော်လား စိတ်ညစ်စရာကောင်းလိုက်တာ။

သူ့ ထက်ငါ သာစေရမယ်ကွ။

ကြည့်စမ်းပါဦး ……………..

ကြည့်စမ်းပါဦး…………………

ကြည့်စမ်းပါဦး……………………

ငါ………သူ့ကိုနိုင်စေရမယ်။

*******************

ကျွန်တော် ( ၁ဝ ) တန်းအောင်တော့ ၊ မန ္တလေး တက္ကသိုလ် တက်ရတယ်။ အပြင်ဆောင်မှာ နေရတယ်။ အဲဒီတုန်းက အကြောင်းလေး ဟြေပြချင်တယ်။

အမေ က ဟြေတယ်

ငါ့သား မင်းကို အပြင်ဆောင်မှာ ထားပေးမယ်။ ကဲ ဒီတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်။ ဒီလဆန်းရင် မန ္တလေးကိုသွားရမယ်။ “ အသည်းပန်း ´´ ဘော်ဒါဆောင်မှာနေရမယ်။ ကျွန်တော် အရမ်းပျော်သွားတယ်။

ဒါနဲ့ အိမ်မှာ “ ဝေခွဲရေး ´´ စ လုပ်ရတော့တယ်။ ကျွန်တော့်မှာ ကိုယ်ပိုင် အင်္ကျ ီ၊ ပုဆိုး မရှိပါ။ အဖေ နဲ့ ကျွန်တော်တို့ညီကိုတစ်တွေ  ဒီလိုပဲ အဆင်ပြေသလို လှည့်ပတ်ပြီး ဝတ်ကြပါတယ်။ အဆောင်းသွားရမယ်ဆိုတော့ ကျွန်တော့် အတွက် အများပိုင်ပစ္စည်းတွေကို ကိုယ်ပိုင်အဖြစ် ခွဲပေးပါတော့တယ်။ ပလေကပ်က သုံးထည် ၊အင်္ကျ ီ အဖြူက နှစ်ထည် ၊ စီဝိုင်စီ အစ နဲ့ ချုပ်ထားတဲ့ အရောင်ပါတဲ့ အင်္ကျ ီက သုံးထည် ၊အဆောင်မှာနေရင်း အကြမ်းဝတ်ဖို့ ပုဆိုး အစုတ်က နှစ်ထည် စွပ်ကျယ်လက်ပြတ်က သုံးထည်။

ခက်တာက အဲဒီပစ္စည်းတွေထည့်ဖို့ “သေတ္တာ´´ မရှိခြင်းပါဘဲ။ အဲ့ဒီ အချိန်မှာ အမေကစာအုပ်တွေထည့်ဖို့ သိမ်းထားတဲ့ သံသေတ္တာ တစ်လုံးကို ကျွန်တော့်ပေးတယ်။

ပျော်လိုက်တာ…………….။

အဲဒီ“ သေတ္တာ ´´ကို ရေဆေးတယ်။ ဆေးသုတ်တယ်၊ နောက်ပြီး ကျွန်တော် နာမည် ရေးလိုက်တယ်။ ဆေးခြောက်အောင်လို့  နေပူထဲကို ခဏခဏပြနေရတယ်။ ရင်ထဲမှာ ပျော်တဲ့ စိတ်တွေနဲ့ပေါ့။ကျွန်တော့် ဘဝ မှာ ကိုယ်ပိုင် အင်္ကျ ီ ၊ ကိုယ် ပိုင် သေတ္တာ နဲ့ နေခွင့်ရပြီ။

အဆောင်သွားရဖို့ တစ်ပတ်အတွင်းမှာ အိပ်လို့တောင်မပျော်ဘူး။ “ သေတ္တာ ´´ကို

ဖွင့်လိုက် ပိတ်လိုက် ။ အင်္ကျ ီတွေကို ပုံစံမျိုးစုံ ခေါက်လိုက် ။ ဟိုလိုထည့်ကြည့်လိုက်။ သည်လိုထည့်ကြည့်လိုက်နဲ့ ။ ကျွန်တော် ပျော်နေတာကို စာဖတ်သူတို့ ခံစားကြည့်လို့ ရပါတယ်။  ဒီလိုနဲ့ အဆောင်ကို ရောက်လာခဲ့တယ်။

ကျွန်တော့် ရဲ့ အခန်းဆော်က ကျွန်တော့် ထက်အရင် ရောက်နှင့်နေတယ်။ ဒီကောင်က ကျွန်တော့်ကို ဦးစွာ မိတ်ဆက်တယ်။

“ ငါ့နာမည် နော်ဘောက်။ ကွတ်ခိုင်မှာနေတယ်။ မင်းနာမည် ဘယ်သူလဲ ´´

အဲဒီ အချိန်မှာ ကျွန်တော် ရဲ့ ခုတင်ပေါ်မှာ ဒီကောင့်ရဲ့ သေတ္တာကြီး နှစ်လုံး တင်ထားတယ်။

အဲဒါနဲ့ ကျွန်တော် လည်း ငါ့နာမည် ဘယ်သူ ဘယ်မှာနေပါတယ် အစုံပြန်ပြီး မိ်တ်ဆက်လိုက်တာပေါ့။ မင်းသေတ္တာကြီး နှစ်လုံးကို ငါ့ခုတင်ပေါ်က အောက်ချပေးကွာ။

ဒီလိုနဲ့ ရင်နှီးသွားကြတယ်။

ညနေပိုင်းရောက်တော့  လ္ဘက်ရည် သောက် ထွက်ကြတာပေါ့။

အဲလိုနဲ့ အဆောင်ကိုပြန်ရောက်လာကြတယ်။ နော်ဘောက် က သူ့ သေတ္တာကို ဖွင့်လိုက်တယ်။

အားပါးပါး………..အင်္ကျ ီ တွေ အများကြီးပါလား ။ တီရှပ်တွေလည် မနည်းဘူး။ ကျွန်တော် တော်တော်သိမ်ငယ်သွားတယ်။

တစ်ပတ်လုံးပျော်ခဲ့သမှ အပျော်တွေ သူ့သေတ္တာကို မြင်လိုက်တော့မှ လွင့်ပျောက်ကုန်တော့တယ် ။ စာကျက်လို့လည်း မရဘူး။ အိပ်လို့လည်း မရဘူးပေါ့။သူ့သေတ္တာ ကို ကျွန်တော့် သေတ္တနဲ့ ယှဉ်ပြီး ကျွန်တော့်စိတ်တွေ ဆင်းရဲနေခဲ့ဖူးတယ်ဗျာ…………

ဒီပို့စ်လေး ကို ဖတ်သူများ ခင်ဗျား……………….

ကျွန်တော်တို့အားလုံးမှာ  “လောဘသေတ္တာ ´´ ကိုယ်စီ ရှိကြပါတယ်။ ကိုယ့်သေတ္တာနဲ့ကိုယ်  သူ့ သေတ္တာနဲ့သူ ဆိုတဲ့ စိတ်မျိုး မထားမိကြဘူး။ ကိုယ့်သေတ္တာ ပြည့်ရင် တော်ပြီပေါ့ဗျာ။ ကိုယ့် အထွာ နဲ့ ကိုယ်။ သူ့အထွာ နဲ့ သူ ပေါ့။

အခုတော့ တော်တော်ခက်တယ်ဗျာ……………..

တစ်ဖက်လူကို အနိုင်ရဖို့ ကြိုးစားနေရင်း ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရပြီ။

တစ်ဖက်လူရဲ့ ပိုင်ဆိုင်မှုတွေကို  အားကျရင်း ၊ မနာလို ဖြစ်ရင်းနဲ့ အဓိပ္ပါယ် ရှိတဲ့ လူ့ ဘဝ ကို  အဓိပ္ပါယ်မဲ့စွာ ဖြုန်းတီးနေခဲ့ကြပြီ။

အရင်တုန်းကလည်း   ဒီလိုပဲ……..

အခုလည်း ………

ရွှေမန ္တလေး ဂျာနယ်မှ ထုတ်ပြီး ရေးသားတင်ပြလိုက်ပါတယ်

အရင့်ရောင်

One comment

  • ဗိုက်ကလေး

    May 7, 2012 at 7:40 pm

    ဒါပေါ့ဗျာ
    ကိုယ့်ပုလင်းနဲ ့ကိုယ်ပေါ့
    သူများပုလင်းထဲက ချီးဖတ်တို ့ ဂိုးလေဘယ်တို ့ သွားပြီး မျက်စောင်းထိုးလို ့ဘယ်ရမတုန်း
    ကိုယ့်ပုလင်းထဲက ဘီအီးသာ ကိုယ်နဲ ့ အထိုက်တန်ဆုံး
    သို ့ပါ၍
    ပျော်မဆုံး မော်မဆုံး မနက်ထိကို မူးလို ့မဆုံး

Leave a Reply