မထင်မှတ်ဘဲဆုံလိုက်တဲ့ ရွှေတိဂုံက ကဆုန်ညောင်ရေသွန်းပွဲ

1 ကဆုန်လပြည့်နေ့မနက်က ဖူးမြင်ရတဲ့ရွှေတိဂုံ
2 ဝတ်ပြုဆုတောင်းနေတဲ့သံဃာတော်များ
3 စည်ကားလှပါတဲ့ ကဆုန်လပြည့်နေ့
4 ညောင်ရေသွန်းဘို့အဆင်သင့်ပြင်ထားတဲ့ ညောင်ရေအိုးလေးတွေ
5 ကုသိုလ်ပါဝင်ဘို့အဆင်သင့်

 

6 မမှီမကမ်း ညောင်ရေသွန်းနေသူလေး
7 ညောင်ရေသွန်းဘို့ စောင့်နေသူ့က အပြည့်
8 စည်ကားသိုက်မြိုက်သော ..............
9 ကျက်သရေရှိလှစွာသော......................
11 သားသားလေးညောင်ရေသွန်းဘို့...................
12ညောင်ရေသွန်းဘို့ ဒီမှာယူပါရှင့် ...............................

 

14 ရေစင်သွန်းလောင်းကောင်းဆုယူ.........................
15 စိမ်းစိုသော ညောင်ပင်နဲ့ စည်ကားသောညောင်ရေသွန်းသူ
16 အားပါးတရ ညောင်ရေလောင်းနေသူလေး
17 ပွဲသိမ်း အားလုံးငြိမ်းချမ်းပါစေသောဝ်

“မထင်မှတ်ဘဲဆုံလိုက်ရတဲ့ ရွှေတိဂုံက ညောင်ရေသွန်းပွဲတော်”

ဒီတစ်ခေါက်ရန်ကုန်ရောက်တော့ ညောင်ရေသွန်းပွဲတော်နဲ့ တိုက်ဆိုင်လို့နေပါတယ်။

ဒါပေမယ့်လဲကျနော် လူစည်ကားတဲ့နေရာတွေကို မသွားဖြစ်တာတော့ကြာပါပြီ။

ဖြစ်ချင်တော့ ရွာထဲက မိတ်ဆွေတွေနဲ့ဆုံဘို့ချိန်းကြတော့ ရွှေတိဂုံဘုရားမှာ မနက်ပိုင်းဆုံမယ်ဆိုရင်အဆင်ပြေ

တယ်လို့သိရပါတယ်.။

နောက်လုလင်နဲ့ကလဲ ဓါတ်ပုံရိုက်ဘို့ ပြောထားတာရှိတော့ လာမယ်ဆိုပြီး ကတိပေးလိုက်ပါတယ်။.

အစကတော့ လူစည်ကားတဲ့နေရာကိုမသွားချင်တဲ့ မဒမ်ပေါက်ကို ထားခဲ့ဘို့စိတ်ကူးပါသေးတယ်။

တကယ်သွားမယ့် မနက်ရောက်တော့ မိုးကလေးကလဲအုံ့လို့ရာသီဥတုကောင်းတော့ မနက် ခြောက်နာရီလောက်မှာ ဆူးလေဘုရားကို အရင်ဖူးလိုက်ကြပါတယ်။

ချိန်းထားတာ က ကိုးနာရီဆိုတော့ စောသေးတာနဲ့ကန်တော်ကြီးထဲဝင် ကြာပန်းခင်းကို လက်ဆော့။

အပြွတ် က လှမ်းခေါ်တော့မှ ကန်တော်ကြီးကထွက်လို့ အရှေ့ဖက်စက်လှေခါးကိုလာခဲ့ပါတယ်။

လှေခါးအတက်မှာ ဇီးဖျော်ရည်တစ်ခွက် ကမ်းပေးတာ သောက်ရတာ လမ်းလျှောက်လာရတဲ့

အမောတောင်ပြေသွားပါတယ် အရသာရှိချက်ကတော့……………….။

နောက်တော့ဓါတ်လှေကားနားကိုသွားတန်းစီ ပြီး ရင်ပြင်တော်ပေါါ်တက်ခဲ့ပါတယ်။

အပေါ်ရောက်တော့ မယ်သဲတို့ မယ်နွေးတို့ အပြွတ်တို့ရောက်နေပါပြီ.။

သူတို့မိန်းကလေးတွေ စကားပြောနေတုန်းကျနော်က လစ်ထွက်ဓါတ်ပုံတွေရိုက်လို့လက်ဆော့ပါတယ်။

ဒါပေမယ့် လူစည်ကားတဲ့နေရာ မသွားတာကြာတော့ ရိုက်ချက်လှလှမရခဲ့ပါဘူး။.

ခဏနေတော့ ရှမ်းပြည်တောင်ပိုင်းကလာတဲ့သူလေးရောက်လာတော့ အမှတ်တရဓါတ်ပုံတွေရိုက်လို့

အပြီး မြေနီကုန်းအနီးက စားသောက်ဆိုင်မှာ အတူပျော်ပျော်ပါးပါးစားသောက်နေတုန်းလုလင်လေး

ရောက်လာပါတယ်.။

သူကအခုမှ ရွှေတိဂုံကို ဓါတ်ပုံသွားရိုက်မလို့ပါတဲ့။

အတော်ကြာကြာစကားပြောပြီး နုတ်ဆက်လို့ လမ်းခွဲခဲ့ကြပါတယ်။

 

နေ့လည်အိမ်ပြန်ရောက်တော့ မနက်က ညောင်ရေသွန်းပွဲမှာရိုက်တဲ့ပုံတွေပြန်ကြည့်တော့ တင်လောက်အောင်စိတ်တိုင်းမကျ။.

ဒါနဲ့ လုလင်နဲ့ချိန်းထားတဲ့ ဓါတ်ပုံပြပွဲသွားဘို့သူ့အိမ်ကိုရောက်သွားပါတယ်။

သူကလဲ မနက်က ဓါတ်ပုံကောင်းကောင်းမရ။

ဒါနဲ့နှစ်ယောက်သားရွှေတိဂုံကိုချီတက်။

အပေါ်လဲရောက်ရော ဓါတ်ပုံတွေကိုမဲနေတာနဲ့ လူချင်းကွဲသွားပါတယ်။

အတော်ကြာမှဖုန်းတွေအခါခါဆက်မှလူချင်းပြန်ဆုံပါတယ်။

သူ့ဓါတ်ပုံကောင်းတွေရတဲ့နေရာလေးကိုပြန်သွားလို့ရိုက်ကြနှက်ကြတဲ့အခါမှာ

တော့ အခုမြင်ရတဲ့ဓါတ်ပုံတွေကို ရလိုက်ပါတယ်.

ဓါတ်ပုံတွေရိုက်ပြီးလို့ ပြန်ဆင်းလာမှာ နှစ်ယောက်သားညောင်းရမှန်းသိပါတော့တယ်။.

ကဲ…………..အားပေးလိုက်ကြပါအုံးနော်.

 

 

 

ကိုပေါက်ရဲ့လက်ဆောင် မြန်မာပြည်မှအလှတရားများ

(7-5-2012)

 

 

 

 

 

 

 

 

 

 

 

26 comments

  • bo bo

    May 8, 2012 at 8:30 am

    သာဓုသာဓုသာဓု,တို့တွေမှာတော့မိုးရွာလို့မိုးနတ်မင်းကြီးတစ်ယောက်ဘဲညောင်ရေလောင်းသွားတယ်ကွယယ်(မြဝတီသားလေး)

  • windtalker

    May 8, 2012 at 8:45 am

    နံပါတ်၉ မှာ အညိုရောင်လေးနဲ့ အလှလေးအား မည်သူဆိုတာ သိချင်စမ်းပါဘိ။

    • water-melon

      May 8, 2012 at 11:52 am

      ဟဲ့ ပြောင်ကြီး လူကဖြင့် မပြောချင်ဘူး
      ဒါကြောင့် ထိပ်ပြောင်နေတာ တဏှာတွေလျှော့အေ

    • water-melon

      May 8, 2012 at 11:53 am

      နာကတော့ ကြိုက်ဘူေးအ့
      လက်ဆစ်ကြီးတွေတုတ်တယ်
      အဟိ

  • kyeemite

    May 8, 2012 at 9:17 am

    ကိုပေါက်ရိုက်ချက်တွေ ကတော့ လက်ရာပိုပိုမြောက်လာတယ်ဗျို့..
    ပုံ ၁၄နဲ့၁၆ဆိုရင် တော်တော်လှတယ်ဗျာ..

  • ဆူး

    May 8, 2012 at 9:17 am

    မြန်မာပြည့် ရဲ့ ဓလေ့ ကို ပုံဖော် ထားတဲ့ ပိုစ်တခုပါပဲ။

  • manawphyulay

    May 8, 2012 at 10:35 am

    အင်း အရင်နှစ်တွေကတော့ အဲဒီဒေါင့်မှာပဲညောင်ရေအိုးကမ်းပေးတယ်။ ဒီနှစ်တော့ အရေးပေါ်ကိစ္စကြောင့် မသွားဖြစ်တော့ပေမယ့် ခုလိုတွေ့ရတော့လည်း ကြည်နူးမိပါတယ် လေးပေါက်ရေ ကျေးဇူးပါ…

  • ဗိုက်ကလေး

    May 8, 2012 at 11:20 am

    ဟိုအဒေါ်ကြီးက ဆံပင် နီကြောင်ကြောင်လေး ဖယ်လိုက်ရင် တစ်ကယ်ကျက်သရေ ပိုရှိမယ် အူးလေးရ
    နော်.
    အူလေးနော်..
    ဟုတ်ပါတယ်လို ့ပြောလေဗျာ အူးလေးရာ

    • Thel Nu Aye

      May 8, 2012 at 2:47 pm

      ဟယ်ဗိုက်ဗိုက်တူးစတားတော့။ ခုမှမြင်တယ်။ ကြာပလား။

      • ဗိုက်ကလေး

        May 8, 2012 at 5:45 pm

        မကြာတကြာပါပြီ အူးလေး
        အူးလေးလဲ တယ်ငြိမ်နေပါကလား..

  • ရွာစားကျော်

    May 8, 2012 at 1:17 pm

    ဦးရေးပေါက်က တကယ်မြင်တတ်လယ်ဂျာ..
    ရွာတားတွေ အကြိုက်လည်း အမှတ်တိလယ်.. 😆

  • Thel Nu Aye

    May 8, 2012 at 1:49 pm

    လေးပေါက်ရေ အမှတ်တရပါပဲ။ ပုံလေးတွေမြင်ရတာအဲနေ့ကကိုသတိရမိပါတယ်။ ညောင်ရေမသွန်းဖြစ် တာကြာပါပြီ။ လေးပေါက် တို့ကျေးဇူးနဲ့ညောင်ရေသွန်းဖြစ်ခဲ့တာလဲကျေးဇူးပါ။

  • pooch

    May 8, 2012 at 5:34 pm

    ဒီထဲက ဓာတ်ပုံတွေ အန်တီရှယ်လီ့ ဆီမှာ ပြပြီးပါပြီလား ဦးလေးပေါက်
    မပြရသေးရင် အနော်လက်တို့လိုက်မလို့ 😆

    • ဗိုက်ကလေး

      May 8, 2012 at 5:47 pm

      ရဘူး.ရဘူး
      ဘီအီးမတိုက်ရင် ပြောမှာဘဲ.ပြောမှာဘဲ

  • snow white

    May 8, 2012 at 7:14 pm

    ကျက်သရေတော့ရှိပါတယ် ဒါပေမယ့် ဆံပင်ဆေးဆိုးထားတာ တော်တော် ရုပ်ဆိုးတယ် ယောဂီဝတ်စုံနဲ့ဘယ်လိုမှမလိုက်ဘူး

  • Onyx

    May 8, 2012 at 8:44 pm

    လေးပေါက် အဲဒါ ဘူလေးလဲ ………အနော်နဲ့ မိတ်ဆက်ပေးပါယား
    နောက်တာနော် ……
    တစ်ကယ်ကို ကြည်နူးဖို့ကောင်းတဲ့ ပုံလေးတွေပါ ။ ကျေးဇူးပါလေးပေါက်ရေ ။

  • ဆံပင်ဆေးဆိုးတာ အပေါ်ယံအလွှာပါ။
    လျှောက်မလည်ဘဲ ကုသိုလ်ရေးလုပ်တာ ရင်ထဲမှာရှိတဲ့အလှတရားပါ။

  • marblecommet

    May 9, 2012 at 2:28 am

    ကိုပေါက်တို့က ရောက်လေရာ
    ရက်ထူးရက်မြတ်နဲ့တိုးမှာပေါ့
    စိတ်ထားကောင်းတာကိုး
    စိတ်ထားကောင်းတော့ကံကောင်း၏ဆိုတာမျိုးနေမှာနော့
    တစ်ခါလောက်တော့ ကိုပေါက်နဲ့
    စကားတူတူပြောရင်း
    ပညာ၊ အတွေ့အကြုံ ယူချင်စမ်းလှဗျ

  • စော်ဘွားလေး မောင်မာန်ခ

    May 10, 2012 at 12:06 pm

    အူးပေါက်အူးပေါက်….
    သားတို့အုပ်စုလိုက်ပုံတင်ရသေးရင်သားရွာထဲဖွလိုက်တော့မယ်နော်….ရတယ်မလား….
    အဲဒီ့နေ့ကတော်တော်လေးပျော်ဖို့ကောင်းတယ်ကုသိုလ်လဲရခဲ့ပါတယ်….
    ရွာသားတွေနဲ့ဆုံဖြစ်အောင်စီစဉ်ပေးတဲ့မခိုင်ကိုလဲကျေးကျေးတင်ပါတယ်….
    လေးပေါက်တို့အန်တီသဲတို့မနွေတို့ကိုလုလင်တို့နဲ့တွေ့ရလို့လဲအတိုင်းမသိဝမ်းသာမိတယ်…
    ဂီဂီတို့ကိုဖတ်တို့ကိုသူရတို့မအုံတို့ကိုလဲမြင်ဖူးသွားတယ်ဆိုတော့ရွာထဲကလူတော်တော်များများကိုသိသွားတယ်ဗျ….
    အလှူမလိုက်ဖြစ်တာတော့ရင်နာလို့မဆုံးဘူးဗျို့…..
    …ခွင့်တောင်းပြီးပြီနော်…ဒါ့ပုံတွေတင်တော့မယ်…..
    ဟဲဟဲ…မဒမ်ပေါက်ကိုပါပြောလိုက်ဦးနော်…
    မောင်ရှမ်း….

    • Thel Nu Aye

      May 10, 2012 at 12:22 pm

      တင်ပါ့ရှင် မောင်ရှမ်းလိပ်ရေ။ မျှော်နေမယ်။ တခုပဲ သများလှမှတင်။ မလှရင်မတင်နဲ့။ ဒါဗြဲ။

Leave a Reply