အလွမ်းသမားရဲ့စောင်းကြိုးခက်သံ
…………………
ကောင်မလေးရယ်……
မထင်မှတ်ဘဲတွေ့ဆုံမှုက
ခွဲခွာမှုရဲ့အဆုံးသက်မှာ
လွမ်းတေးတွေသီဆိုခဲ့မယ်ဆိုတာ
သိခဲရင်………..

ကောင်မလေးရယ်…
တိတ်ဆိတ်တဲ့ချစ်ခြင်းတွေက
ခိုင်မြဲတဲ့သံယောဇဉ်အမျှင်စတွေအဖြစ်
ဝတ်ရည်ဖွဲ့နေခဲ့တယ်ဆိုတာ
သိခဲ့ရင်…………..

ကောင်မလေးရယ်……..
တွေ့ဆုံမှု့တွေက
အမှတ်တမဲ့ဆိုပေမဲ့
‘အမှတ်တရ’ဖြစ်သွားခဲ့မယ်ဆိုတာ
သိခဲ့ရင်………..

ခုတော့………….
ကာရံမညီတဲ့တေးသွားတွေနဲ့
ကွဲအက်နေသောဒဏ်ချက်တစ်ခုကို
ငါဘယ်လိုဖြေသိမ့်ပေးရမလဲ………။

About ဇွဲမာန်(အင်းဝ)

ဇွဲမာန် (အင်းဝ) has written 49 post in this Website..

   Send article as PDF