အလွမ်းသမားရဲ့စောင်းကြိုးခက်သံ

အလွမ်းသမားရဲ့စောင်းကြိုးခက်သံ
…………………
ကောင်မလေးရယ်……
မထင်မှတ်ဘဲတွေ့ဆုံမှုက
ခွဲခွာမှုရဲ့အဆုံးသက်မှာ
လွမ်းတေးတွေသီဆိုခဲ့မယ်ဆိုတာ
သိခဲရင်………..

ကောင်မလေးရယ်…
တိတ်ဆိတ်တဲ့ချစ်ခြင်းတွေက
ခိုင်မြဲတဲ့သံယောဇဉ်အမျှင်စတွေအဖြစ်
ဝတ်ရည်ဖွဲ့နေခဲ့တယ်ဆိုတာ
သိခဲ့ရင်…………..

ကောင်မလေးရယ်……..
တွေ့ဆုံမှု့တွေက
အမှတ်တမဲ့ဆိုပေမဲ့
‘အမှတ်တရ’ဖြစ်သွားခဲ့မယ်ဆိုတာ
သိခဲ့ရင်………..

ခုတော့………….
ကာရံမညီတဲ့တေးသွားတွေနဲ့
ကွဲအက်နေသောဒဏ်ချက်တစ်ခုကို
ငါဘယ်လိုဖြေသိမ့်ပေးရမလဲ………။

3 comments

  • ဗိုက်ကလေး

    May 7, 2012 at 6:42 pm

    ကျနော့ မိတ်ဆွေ အူးပေနဲ ့ ကွာတယ်ဗျာ
    အူးပေဆို အသဲကွဲရင် ဆောင်းကြိုးလဲ မခတ် ဂစ်တာကြိုးလဲ မခတ်ပဲ
    ကေတီဗွီသွားပြီး မို်က်ခဲတော့ပါပဲဗျာ
    စတုတ္ထမယားကြီး တုတ်နဲ ့ လိုက်လာမှ ကြောက်ပါပြီဆိုပြီး ပြန်ပြေးတတ်တာကလား..

    • မဟာရာဇာ အံစာတုံး

      May 7, 2012 at 7:45 pm

      ကျုပ်ဘော်ဘော် ပေါက်ဖော် ဆိုတဲ့
      တစ်ယောက်လည်း အဲဒီ အတိုင်းပဲ …
      အဲ .. သူက အသဲကွဲရင် …
      ဘီအီး ဆွဲတတ်တယ် ….. 😀

  • Shar Thet Man

    July 20, 2012 at 10:11 am

    u should change ur title like that ” thi khe’ yin” .it will be nice!

Leave a Reply