အလင်းဆက် ကျိုက်ထီရိုးသွားတုန်းက…..( ၂ )

alinsettMay 7, 20121min26010


ဘုရားသွားတုန်းက…ပုံလေးပါ။ ဘုရား သွားရာ..လမ်းတစ်လျှောက်က အလှုူခံ.တချို ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာက လွဲရင်..ဘုရားဖူး ခရီးစဉ်က အဆင်ပြေပါတယ် ။

အလှုူ ငွေ.မထည့်ရင် ပဲ ..ကျားတွေ..ထွက် ကိုက်တော့မလိုလို..ပြောနေတဲ့ အလှုူခံတချို ့ကို သေချာတွေ ့ခဲ့ရပါတယ် ။ ဒါ မဖြစ်သင့်ပါဘုူး ။
___________________________________-

ဒါကတော့ အမေပြောတဲ ့သားချောလေး…ကိုလင်းပါ။
နေလုံးကြီး ဝင်တော့မှာကို မကြည့်ရဲဘူး။ အရမ်းလှ တဲ ့မြင်ကွင်းလေ….။နောက်မကြည့်ရ မနေနိုင်ရင်..ဘယ်လို လုပ်မလဲ.။
ဒါကြောင့် ဘုရားဘက်ပဲ.လှည့်ပြီး..နေလိုက်တော့တယ် ။
သူငယ်ချင်းတွေက ပုံလေးတွေ .ရိုက်မယ်..ဆိုတော့လည်း..ပဲ.ေ.လး ပေးလိုက်တယ် ။
____________________________________-

ဒါကတော့..အလင်းဆက်တို ့ အတူခရီးထွက်လာတဲ ့အုပ်စုပါ။ တခြားကို ရောက်နေတဲ ့သူတွေ.လည်းရှိသေးတယ် ။ လူစုကွဲသွားတယ် ။

အားလုံး…16 ယောက် ထွက်လာကြတာလေ.။
_____________________________________

ပျော်စရာကောင်းတဲ ့..ခရီးပါ။ သူငယ်ချင်းတွေ.ရဲ ့ စကားသံတွေ..ကြောင့်ရော.. သဘာဝ ပတ်ဝန်းကျင်ရဲ ့ အလှအပတွေ.ကြောင့်ရော…

ဒါပေမယ့်..အလင်းဆက်ကတော့…ထုံးစံအတိုင်း မှုန်ကုပ်ကုပ်ပဲ.နော် ။ အလင်းဆက်..ရဲ ့မှုန်ကုပ်ကုပ် စတိုင်..ကို တွေ ့ရတော့..ရွာသူ ရွာသားတွေ..စိတ်ချမ်းသာပါ့မလား..။

ကိုယ့်ရဲ ့ပုံကို ကိုယ် ပြန်ကြည့်တာတော့တော်တော် ..ကြည့်ရဆိုးတယ် ။
__________________________________

ဒါကတော့..တောင်ပေါ် တက်တဲ ့လမ်းမှာေ တာင်းစားနေရတဲ ့ကလေးမလေးတစ်ယောက်ပါ ။ လမ်းတလျှောက်မှာ.တောင်းစားနေသူတွေ..အများကြီးပါ။
တောင်ပေါ်…လမ်းမှာ..သူတို ့ရဲ ့ပညာရေး..၊ စိတ်ဓါတ်ရေးရာ.နဲ ့ စီးပွါးရေး…၊ သူတို ့လေးတွေရဲ ့ဘဝ ဖွံ ့ဖြျိုးတိုးတက်ဖို ့အရေးဆိုတာ.တွေက ရင်လေးစရာပါ ။တွေးတောင် မတွေးရဲစရာပါ ။

ကျွန်တော်….သူတို ့အတွက် ဘာလုပ်ပေးနိုင်မလဲ.စဉ်းစားနေမိပါတယ် ။ သူတို ့နဲ ့ ကျွန်တော်.ထိုင်ပြီး.စကားတွေပြောခဲ့တယ်။ တစ်ယောက်ချင်းစီကို စကားတွေ.ပြောခဲ့တယ် ။

မေးခွန်းတွေ.မေးခဲ့ပါတယ် ။ ဓါတ်ပုံရိုက်ခွင့်တောင်း ရင်း…..မှုန် ့ဖိုးသဘောမျိုး.လည်း..လှုခဲ့ပါသေးတယ် ။ ကျွန်တော် ဒီ့ ထက်မက…သူတို ့ဘဝကို..ကူညီချင်တယ် ။

ကျွန်တော်..သူတို ့နဲ ့ အေးအေးလူလူ ထိုင်စကားပြောနေတာကို..တောင်ပေါ်တက်တဲ ့အခြားသူတွေက တအံ့ တဩ..ကြည့်သွားကြသေးတယ် ။
__________________________________________

အင်မတန်..သနားစရာကောင်းတဲ့ အမေအိုကြီးပါ ။
သူ ့ ဘဝ ကိုလည်း စပ်စုခဲ့သေးတယ် ။
ကျွန်တော်…ထိုင်ပြီး.သူနဲ ့စကားပြောနေရင်းနဲ ့ကို ငိုချင်လာပါတယ် ။
သူ ့အကြောင်းကို စာ တစ်ပုဒ်ရေးချင်ပါသေးတယ် ။
ဓါတ်ပုံရိုက်ခွင့်တောင်းတော့..တစ်ပုံမကဘူး။ကြိုက်သလောက်သာရိုက်ပါ.သားရယ်…တဲ ့ ။ အမေကြီး…ပုံကို.သားက အင်တာနက်မှာ တင်မှာနော်…ဆိုတော့..အင်တာနက်ဆိုတာ.ဘာလဲ..တဲ ့။

ကျွန်တော်..အရမ်း ဝမ်းနည်းပါတယ် ။ အမေ့ကြီးအတွက်….သုံးဖို ့ ငွေနည်းနည်းလှုခဲ့ပါတယ် ။ ကြွားတာ မဟုတ်ပါဘူးဗျာ။ အားလုံး..သာဓုခေါ်နိုင်အောင်နဲ ့..နောက်နောင် ရောက်ဖြစ်ကြရင်…ကျွန်တော့် လို ပေးဖြစ်ကြအောင်ပါ ။ ကျွန်တော့် ထက်..ပို ကူညီနိုင်ကြမယ့်သူတွေ..များများရှိစေချင်လို ့ပါ ။
__________________________________________

နောက်ထပ် ပုံတွေ.အများကြီး.ရှိသေးပေမယ့် ပုံတင်ရတာ နည်းနည် ခက် နေလို ့ ဒီလောက်နဲ ့ပဲ..ရပ်လိုက်ပါဦးမယ် ။

အခု..ဒီ ပို့စ်ကို ပုံ တစ်ပုံ တင်လိုက်.တစ်ခါ…တင်ပြလိုက်..နဲ ့ အခုလောက် ဖြစ်လာတာပါ ။ 3 နာရီလောက်ကြာပါတယ် ။

ကျွန်တော်…နောက်တစ်ခါ…သွားဖြစ်ရင်..အဲဒီ ကလေးတွေ..ဖို ့…

စာအုပ်ကလေးတွေ.နဲ ့..သူတို ့ ဖို ့ လက်ဆောင်တွေ.ပါ…ယူသွားမယ် ။
အခုကျွန်တော်တို ့က ပေါများ.တယ်.လို ့ပြောရမယ့် ရန်ကုန်ူက မိတ်ဆွေတွေ.အတွက်.လက်ဆောင်တွေ.ဝယ်လာပြီး.ပြန်ခဲ့တယ် ။ နောက်တစ်ခါ..တော့…ရှားပါး.ချို ့တဲ့နေတဲ ့ သူတို ့

ဆီ..ကို လက်ဆောင်တွေ..ယူသွားမယ်..လေ။

ဒါနဲ ့အမေအိုကြီးတို ့လို….လူတွေ.အတွက်..ဘာ လို မယ် ထင်လဲ…။
___________________________________

အားလုံးကို ခင်မင်လေးစားစွာ…

အလင်းဆက်
7 . 5 . 2012 .
alinsett.art@gmail.com

10 comments

  • windtalker

    May 7, 2012 at 8:31 pm

    တစ်ပုံထဲ တွေ ့ရတယ် ကလား ။ ဘယ်လိုဖြစ်တာလဲဗျ ။

  • မဟာရာဇာ အံစာတုံး

    May 7, 2012 at 8:34 pm

    ဟုတ်တယ် ကိုအလင်းဆက်ရေ ..
    ကျနော်လည်း ကျိုက်ထီးရိုး ရောက်ခဲ့တုန်းက
    ကျတဲ့ ဘုရားတွေပါ ဖူး ဖူးတယ် ရှိအောင် ဆိုပြီး ..
    ဖားဘုရားငါးဘုရား ဆိုတာပဲ ..
    အဲဒီထိ သွားခဲ့တယ်ဗျ ..
    အဲ့တုန်းက အလှူခံတွေက ဇွတ်ပါပဲဗျာ …..
    ရိုင်းရိုင်းပြောရရင် ဓါးပြတိုက်တဲ့ အတိုင်းပဲ …
    ကျိုက်ထီးရိုး ဘုရားကြီးဖူးရတာ ကြည့်နူးစရာ ကောင်းလှပေမယ့် …
    အဲလိုမျိုး အလှူခံတွေကြောင့်တော့ စိတ်အနှောက်အယှက် နည်းနည်း ဖြစ်တတ်ပါတယ် ..

  • အလင်းဆက်

    May 7, 2012 at 8:34 pm

    ဟုတ်တယ်…ကိုပေ..ရေ..။ ပုံတွေက တင်လို ့ကို မရဘူး။ အံစာတုံးရေ… အမှန်ပေါ့ ဘုရား အတွက် အလှုူခံတာနဲ ့ကို မတူတော့တာ.. ဓါးပြတိုက်နေသလားပဲ…။
    ဒါမျိုးတွေ..နိုင်ငံခြားသာတွေ.ကြုံရင် တော်တော် အထင်လွဲ သွားနိုင်တယ်နော် ။ မဖြစ်သင့်ဘူးဗျာ.။

    ပုံတွေ.အများကြီး တင်ချင်တာ ..ဘယ်လိုမှ တင်လို ့မရဘူး။
    တောင်ပေါ်လမ်းမှာေ တာင်းစားနေတဲ ့ကလေးတွေ..နဲ ့…အမေအိုကြီးတွေ…ရဲ ့ပုံတွေ. တင်ချင်တယ် ။

    သူကြီးရေ..
    လုပ်ပါဦး။
    ပုံလေးတစ်ပုံ တင်လို ့ရ ဖို ့ တစ်နာရီလောက်ကြာနေတယ် ။

    ဘယ်လို လုပ်ရပါ့..။

    • မဟာရာဇာ အံစာတုံး

      May 7, 2012 at 8:41 pm

      ကိုအလင်းဆက်ရေ …
      ဒါတွေက ဒီလိုပါ …. ဆိုတဲ့ ပို့စ်မှာ “နှေးကွေးနေတဲ့ ကွန်နက်ရှင်မှာ ပုံတွေကို Upload တင်မယ်ဆို” ဆိုပြီး ပုံတွေ လွယ်လင့်တကူ Upload တင်လို့ရမယ့် နည်းလမ်းလေးကို ရှဲထားပေးပါတယ်ဗျာ ..
      အဲဒါလေး စမ်းကြည့်ပါလားလို့ … ပို့စ်ရဲ့ လင့်ကတော့ ဒီမှာပါ …

      http://myanmargazette.net/112860/education/learn-how-to-do-just-about-everything

  • kyeemite

    May 8, 2012 at 1:25 pm

    အလင်းတွေ ဆက်ပေးနိုင်ပါစေကြောင်း..

  • ဗိုက်ကလေး

    May 8, 2012 at 3:40 pm

    မရောက်ဖြစ်ပေမဲ့ ရောက်ခဲ့သလိုခံစားသွားပါတယ်ဗျား..

  • အလင်းဆက်

    May 8, 2012 at 5:43 pm

    ကို်ဗိုက်…နဲ့ ကိုကြီးမိုက်..ရေ.ကျေးဇူးပါပဲ.နော် ။

    ဘုရားဖူးခရီးစဉ်ကို အတူ ခရီးထွက်ခွင့်…ရလိုက်သလို….ခံစားလိုက်စေချင်တာ တကယ်ပါ ။

  • water-melon

    May 8, 2012 at 6:35 pm

    ညီလေး အလင်းဆက်ရေ
    နောက်ထပ်လည်း အလင်းရောင်တွေထွန်းလင်းပါစေလို့
    ဆုတောင်းပေးပါတယ်
    နောက်ထပ်လည်း ဒီထက်မက လှူနိုင်ပါစေ

  • marblecommet

    May 9, 2012 at 1:41 am

    ကာယကံ
    ရှင်နှင့်အတူ
    မနောစိတ်က
    ိုလိုက်ပါဖူးမျှော်သွားပါ၏.
    ……

  • အလင်းဆက်

    May 9, 2012 at 9:16 am

    အံစာတုံးးရေ..ကျေးဇူးပါပဲ။

    ဖရဲ.ရေ… အိုး……အကိုကြီးဖရဲ…..ပေးတဲ ့ဆုနဲ ့ပြည့်ရပါလ်ု၏ ခင်ညာ….။

    marbkecommet..ရေ.. ကျေးဇူးပါပဲ.နော် ။

    အားလုံးကို ခင်မင်လေးစားလျက်…
    alinsett.art@gmail.com

Leave a Reply