နေရာတိုင်းမှာ ရှိပါတယ်….

မောင် ပေMay 7, 20121min44524

ချစ်မိတ်ဆွေ စာဖတ်သူရေ….
ဖြစ်ပုံက ဒီလိုဗျ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကပေါ့… အဲဒီ တစ်ပတ်ကျော်ရဲ ့တစ်နေ ့သ၌ တုန်းကပေါ့ဗျာ…( တစ်နေ ့ကတော့ တစ်နေ ့ဘဲဗျ ၊ သ၌ ဆိုတာကတော့ ဘာကြီးမှန်း ကျုပ်လဲ မသိပါဘူး ) မောင်ပေ ဆိုတဲ့ ကျုပ် ဟာ ဝယ်နေကြ ကွမ်းယာဆိုင်လေးမှာ ကွမ်းယာမှာရင်း ၊ အဲဒီဆိုင်က ဝယ်ထားတဲ့ အဲဒီအပတ်ထွက် ဂျာနယ်တစ်စောင် ကို ဖတ်ဖြစ်ခဲ့တယ်။ ဂျာနယ်ထဲမှာပါတာကတော့ နိုင်ငံရေး ၊ စီးပွားရေး ၊ ကုန်ဈေးနှုန်းတွေ ၊ အပြောင်းအလဲ ဘာညာ အိုဗျာ..စုံစေ့နေတာပေါ့ဗျာ။ အဲ့မှာ ဘွဲ ့ရပြီး အလုပ်မရလို ့ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကိုလဲ ဖတ်လိုက်ရတယ်ဗျ ။ ကျုပ်အဲဒီဆောင်းပါးကို ဖတ်ရင်း အတွေးပွားနေတုန်း ၊ ကွမ်းယာသည် က ကျုပ် ကို ကွမ်းယာလာပေးရင်း..
“ အဲဒါ လက်တွေ ့ဖြစ်ရပ်မှန်ဘဲ ကိုပေရေ ”
“ ဘယ်သဟာကို ပြောတာလဲဗျ ”
“ ကိုပေ ဖတ်နေတဲ့ဟာလေ ၊ ဘွဲ ့ရ အလုပ်မရှိ ၊ ဘွဲ ့ရလို ့အလုပ်ရမယ် မထင်နဲ ့ဆိုတာ ၊ အလုပ်ရဖို ့ဘွဲ ့ယူတာ မဟုတ်ဘူးဆိုတာ ”
“ ဒါကတော့ အမှန်ဘဲလေ ၊ ခလေးတွေ အနေနဲ ့ကြည့်မယ်ဆိုရင် အလုပ်ရဖို ့ဘွဲ ့ယူတာမှ မဟုတ်တာ ၊ မိဘတွေအတွက်သာ ငါ့သားသမီး ဘွဲ ့ရရင် အလုပ်ကောင်းကောင်း တစ်ခုတော့ ရမှာဘဲ လို ့တချို ့က တွက်ကြတာမလား ”
“ တစ်ခြား မကြည့်နဲ ့လေ ၊ ကျုပ် သားအကြီးဆုံးကောင် ကို ဘဲ ကြည့် ၊ အဲ့ကောင် ကျောင်းပြီးလို ့ဘွဲ ့ရတဲ့ အထိ ကျုပ် ကွမ်းရောင်းပြီး ထားပေးခဲ့တာ ၊ အခု ဘွဲ ့လဲရပြီ ဆိုတော့ အလုပ်လုပ်ဖို ့ပြောတော့ ၊ သူကဘွဲ ့ရပညာတတ်မို ့လား ၊ အင်တိုက်အားတိုက် လုပ်ရတဲ့ အလုပ်ကြမ်းမျိုး ကြတော့ မလုပ်ချင် ၊ သူလုပ်ချင်တဲ့ အေးအေးလူလူ နဲ ့လခကောင်းတဲ့ အလုပ်မျိုးဆိုတာလဲ ၊ ထမင်းထုပ်သိုးအောင် လိုက်ရှာတောင် ရှား ၊ ရပြန်တဲ့ အေးအေးလူလူမျိုးကြပြန်တော့လဲ လခ က မဖြစ်စလောက် … ဟူး.. အဖေ့လို ကွမ်းယာရောင်းပါလား ဆိုတော့လဲ ၊ ရှက်တယ် တဲ့ဗျာ ”
“ အဲဒါ ခင်ဗျား မှားခဲ့လို ့ဗျ ၊ သည်ကောင် ကျောင်းတက်ကတဲက ၊ ဆိုင်မှာ ကူလုပ်ခိုင်းခဲ့ရင် ၊ ကွမ်းရောင်းတာနဲ ့အကျွမ်းဝင်ခဲ့ပြီး ၊ လုပ်ဖြစ်ရင် လုပ်ဖြစ်ဦးမှာ ”
“ အေးဗျာ..အရင်တုန်းက သူက တက္ကသိုလ်ကျောင်းသား ဆိုတော့လဲ ၊ အေးအေးလူလူကျောင်းစာသာလုပ်ပါစေ ဆိုပြီး ကျုပ်ကလဲ လွှတ်ထားခဲ့တာကိုး ၊ သူ ကွမ်းမရောင်းလဲ ကိတ်စတော့ မရှိပါဘူး ၊ ဒါပေသည့် သူ ့ဘဝအတွက် သူ ့နောင်ရေးအတွက် က အလုပ်တစ်ခုရှိမှဖြစ်မှာလေ ၊ အဲဒါ ကိုပေ့မှာ တွေ ့ထားတာလေး ရှိရင်လဲ ပြောပေးပါဦးဗျာ ”
“ ကောင်းပြီလေ.. ကျုပ် လဲ စုံစမ်းပေးပါမယ် ၊ တစ်ခုခုတွေ ့ရင် ချိတ်ခဲ့လိုက်မယ်ဗျာ ”
ဒါနဲ ့ကျုပ်လဲ ကွမ်းယာထုပ်ယူပြီး ၊ ကျုပ် ရဲ ့ကျောက်သူဌေးဆီကိုထွက်လာခဲ့တယ်။ ကျုပ်အလုပ်က သူဌေးရဲ ့လူယုံပေါ့။ သူက ဟိုဟာလေးသွားလုပ်စမ်း ဆို သွားပေးရ ၊ ဒီဟာလေးဝယ်ပေးဆို ဝယ်ပေးရ နဲ ့သူခိုင်းသမျှ လုပ်ပေးရတာပေါ့ဗျာ။ အလုပ်ကသာ အကုန်လုပ်ရတာ ရာထူးနာမည်ကြ ကောင်းသား၊ ဘောစိရဲ ့လူယုံ တဲ့ ။ လခကတော့ စားသောက်ရုံ ထပ်ပိုရပါတယ် ။ သူဌေးဖြစ်လောက်တဲ့အထိတော့ မရပေမယ့် ၊ ကျုပ်သူဌေး အရောင်းအဝယ်တစ်ခုဖြစ်ရင် အမြတ်ထဲကနေ ရာခိုင်နှုန်းနဲ ့သပ်သပ်ခွဲပေးသေးတာဆိုတော့ လုပ်ပျော်တာပေါ့ဗျာ။ အခုလည်း သူဌေး ဆီ ရောက်တော့ ၊ သူဌေးက သူ ့ကား ကို အင်ဂျင်ဝိုင်လဲ ၊ ရေဆေးပေါလစ်တိုက် သွားလုပ်ခိုင်းတာနဲ ့၊ သူဌေးကား ကို ခပ်မိန် ့မိန် ့ကြီးမောင်းပြီးထွက်လာခဲ့ရတာပေါ့ဗျာ။ ကျုပ်တို ့မြို ့က အရင်တုန်းကတော့ မြန်မာနိုင်ငံရဲ ့ဒုတိယမြို ့တဲ့ ၊ အခုတော့ ဘယ်အဆင့်လဲ မသိတော့ပါဘူး။ မြို ့ကြီးဖြစ်တာနဲ ့အညီ လူတော်တော်ရှုပ်ပြီး အင်မတန်စည်ကားတဲ့မြို ့ကြီးဗျ ။ လမ်းတိုင်းမှာ သွားလာနေတဲ့ ကားဆိုင်ကယ်စက်ဘီးတွေနဲ ့အပြည့်.. အဲ..မြို ့ကြီးဆိုပေမယ့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း နဲ ့ပတ်သက်ရင် တော်တော်မလိုက်နာတဲ့ ၊ ဗရမ်းဗတာမြို ့လို ့ဆိုရင်လဲ မမှားပါဘူး။ ( ကျုပ် ကိုယ်တိုင်တောင် ဆိုင်ကယ်မောင်းရင် ဘယ်တော့မှ ဦးထုပ်မဆောင်းဘူးရယ် ၊ ယာဉ်ထိန်းရဲ ရှိတဲ့လမ်းကိုတော့ ရှောင်မောင်းရတာပ ) ကျုပ်သွားတဲ့ ရေဆေးဆီလိုက်က လမ်းမကြီးတစ်ခုရဲ ့ဘေးမှာ။ အဲဒီလမ်းမကလဲ ဘုရားစူးလမ်းမ ၊ ဘာလို ့လဲဆိုတော့ လမ်းက ဟိုဘက် ဒီဘက် ကားတစ်စီးစာလောက်ဘဲ သွားလို ့ရတယ် ။ ရေဆေးဆီလိုက်ကိုရောက်တော့ ဝင်လို ့မရဘူး။ ရေဆေးဆီလိုက်ကိုလာတဲ့ကားတွေရယ် ၊ အဲ့နားက အိမ်က ကားတွေရယ်နဲ ့၊ အားလုံးက ရပ်ချင်သလို ရပ်ထားကြတာဆိုတော့ ၊ ရေဆေးဆီလိုက်ထဲကို ဝင်မရဘူး။ လမ်းဘေး ပလက်ဖောင်းက ဆေးအဖြူအနီကျားတွေနဲ ့မရပ်ရ တဲ့ ဟာဆိုပေမယ့်လဲ ၊ ရပ်ချင်သလို ရပ်ထားကြတာပါဘဲ ။ ဒါနဲ ့..ရေဆေးဆီလိုက်က လူကို ဘယ်အချိန်လောက် ရှင်းမလဲ ဆိုတော့ ၊ နောက်နာရီဝက်လောက်ဆိုရင် ရမယ်ဆိုတာနဲ ့၊ အဲ့ခါကြမှ ပြန်လာခဲ့မယ်ပြောပြီး ၊ ကျုပ်ဖုန်းအတွက် ငွေဖြည့်ကဒ်ဝယ်ဖို ့၊ ဖုန်းဆိုင် ကို ထွက်လာခဲ့တယ် ။ ဖုန်းဆိုင်ရှေ ့ကိုရောက်လို ့ကြည့်လိုက်တော့ ၊ ပလက်ဖောင်းက မျဉ်းအဖြူအနီ ၊ မရပ်ရတဲ့ သင်္ကေတ၊ ဒါပေမယ့် ဆိုင်ရှေ ့မှာ ကားရှင်းနေတာရယ် ၊ ခဏဘဲရပ်မှာရယ်နဲ ့၊ ကားထိုးလိုက်ပြီး ဆိုင်ထဲကို ဖုန်း ငွေဖြည့်ကဒ်ဝင်ဝယ်လိုက်တယ် ။ အဲ… ဆိုင်ထဲကလဲ အထွက် ကားဆီသွားမယ်လဲ လုပ်ရော ၊ မော်တော်ပီကယ် ခေါ် ယာဉ်ထိန်းရဲ ပါဗျား ၊ ကားဘေးမှာ ကားကို လက်ထောက်ရပ်နေရင်းနဲ ့၊ ကျုပ် ကို စောင့်နေတဲ့ ပုံပါဘဲ။ ဒါနဲ ့ခပ်တည်တည်နဲ ့
“ ဟဲဟဲ.. အစ်ကိုကြီး ဘာကိတ်စ ရှိလို ့လဲ ”
“ ဒါ.. အစ်ကို ့ကားလား ”
“ ဟုတ်ပါတယ် ၊ ဘာလို ့လဲ ဟင် ”
“ အစ်ကို ့ကားက ဒီ ယာဉ်ရပ်နားလို ့မရတဲ့နေရာ (အဖြူအနီတုံးဘေး) မှာ ရပ်ထားလို ့၊ အဲဒါ ဒဏ်ငွေဆောင်ရမယ် ခင်ဗျ ”
“ ဗျာ… ဒဏ်ငွေဆောင်ရမယ် ဟုတ်လား ၊ ကျွန်တော် ခဏလေးဘဲ ရပ်တာလေဗျာ ၊ မလုပ်ပါနဲ ့အစ်ကိုရာ ”
“ စည်းကမ်းက စည်းကမ်းပါဘဲဗျာ ၊ ကဲ အစ်ကို ့လိုင်စင်လေးပေးပါ ”
ကျုပ်လဲ စိတ်ညစ်ချွေးတွေထွက်လာပြီး ၊ သူ ့ကို ငိုပြလိုက်ပါတော့တယ် ၊ သူဌေး က ခိုင်းလိုက်လို ့၊ သူဌေးကား ကို ဆီလဲ ၊ ရေဆေး ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ ကျုပ် လခ ဟာ မဖြစ်စလောက်ဖြစ်ကြောင်း ၊ ဒဏ်ငွေရယ်လို ့အတိအကျကြီးဆောင်ခိုင်းမယ့်အစား ၊ မိတ်ဖြစ်ဆွေဖြစ်လေး လျှော့လျှော့ပေါ့ပေါ့ ကူညီပေးစေလိုကြောင်း ၁ဝမိနစ်လောက် သူ ့ကို ညည်းပြလိုက်တော့ ၊ သုံးထောင်ကျပ် နဲ ့အဆင်ပြေသွားတယ် ၊ ကျုပ်လဲ သူ ့ကို ကျေးဇူးတင်စကား အထပ်ထပ်ပြောရင်း ၊ နောက်ကိုတွေ ့ရင်လဲ ကူညီပါဦးလို ့ပြောခဲ့ပြီး ရေဆေးဆီလိုက် ကို ပြန်လာခဲ့တယ် ။ ကားရေဆေးပြီးတော့ သူဌေးဆီ ကို ကားပြန်သွားပေးရင်း ၊ သူဌေး ကို ပိုပိုသာသာလေး တစ်သောင်းခွဲ ဒဏ်ငွေဆောင်ခဲ့ရကြောင်း ပြန်ညည်းပြလိုက်တော့ သူဌေးက ငွေပြန်ပေးရှာပါတယ်။ (ဒါကတော့ ဆေးဖိုးဝါးခ ဆိုသလိုမျိုးပေါ့နော)
ကျုပ်လဲသူဌေးဆီက ပြန်ခဲ့တော့ ၊ အစက ကျုပ်နဲ ့စကားပြောခဲ့တဲ့ ၊ ကွမ်းယာသည်ရဲ ့သား အတွက် အိုင်ဒီယာရသွားတယ် ။ ဒါနဲ ့ကွမ်းယာဆိုင် ကို ပြန်သွားပြီး ၊ ကွမ်းယာသည် နဲ ့စကားထိုင်ပြောဖြစ်ကြတယ် ။ သူ ့သား ကို ယာဉ်ထိန်းတပ်ဖွဲ ့ထဲ မှာ အလုပ်ရအောင် လျှောက်ဖို ့၊ လခ ဘယ်လောက်ရသည်ဖြစ်စေ ၊ အလုပ် ရအောင် လျှောက်ဖို ့တိုက်တွန်းလိုက်တယ်။ ကွမ်းယာသည် က ဘာအကျိုးတွေရှိမလဲပြန်မေးတော့ ၊ ကျုပ် ကြုံလာခဲ့ပုံလေးကို ပြောပြလိုက်တယ်။
“ ဒီအလုပ်ဟာ ကုသိုလ်လဲရ ဝမ်းလဲဝ ဆိုတဲ့ စကားလို ့ပြောလို ့မရပေမယ့် ၊ အဓိပ္ပါယ်ကတော့ အဲ့နီးပါး သွားတဲ့ အလုပ်ဗျ ”
“ အဲဒါဘာသဘောလဲ ကိုပေရဲ ့၊ လုပ်ပါဦး ”
ကျုပ်လဲ
“ အခုအခါ ပြည်ထောင်စု သမ္မတ နိုင်ငံတော်ကြီးမှာ ဝန်ထမ်းဌာနတွေ ဟာ ကိုယ့်ဌာနအတွက် ဘက်ဂျက် ကို ကိုယ့်ဟာကိုယ် ရှာရတော့မယ် လို ့ဂျာနယ်တွေထဲမှာ ဖတ်ရကြောင်း ၊ ကလင်းဂါးဗားမန် ့ဖြစ်ဖို ့အတွက် အခွန်အခ တွေကို အတိအကျ ကောက်ခံတော့မှာဖြစ်ကြောင်း ၊ ယာဉ်ထိန်းရဲ အဖြစ် အလုပ်လုပ်မယ်ဆိုရင် ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဖာက်တဲ့ ယာဉ်မောင်းတွေ ယာဉ်တွေကို လိုက်အရေးယူ ဒဏ်ငွေကောက်ခြင်းအားဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေ တိုးလာစေမယ့်အကြောင်း ၊ နောက်တစ်ချက်အနေနဲ ့၊ အခုအခါ စည်းကမ်းချိုးဖောက်သူက များလွန်းတဲ့အတွက် ၊ ကျုပ်ကြုံခဲ့ရသလိုမျိုး…ယာဉ်မရပ်ရတဲ့နေရာမှာ ရပ်တဲ့ကားတွေ ဆိုင်ကယ်တွေ ကို လိုက်ဖမ်းရုံနဲ ့တင် တစ်ရက်တစ်ရက် အမှုပေါင်း မနဲရမှာဖြစ်ကြောင်း ၊ တစ်ရက် ကို အမှု၂ဝ ရအောင်လိုက်ရှာပြီး ၊ ၁ဝမှုကို နိုင်ငံတော်အတွက် တရားဝင် ရှိုးပြပြီး ၊ ၁ဝမှုအတွက် ဒဏ်ငွေ ကို အိတ်ထဲကောက်ထည့်လို ့ရကြောင်း ၊ ထိုသို ့လုပ်သည့်အတွက် နိုင်ငံတော်လဲ အာလကေရ ၊ ကိုယ်လဲ အာလကေ ရ ၊ ဘယ်လောက်ကောင်းမလဲ ၊ နောက်ပြီး အမှုများများဖမ်းနိုင်တဲ့ အတွက် ရာထူးတိုးမယ့် လမ်းကြောင်းလဲ နှေးမှာ မဟုတ်ကြောင်း … ” ရှင်းပြလိုက်တယ်။ စကားအဆုံးမှာ ကွမ်းယာသည်လဲ ဝမ်းသာအားရ ဖြစ်သွားပြီး..
“ ဟာ… ဟုတ်တယ်နော..ကိုပေ ပြောတာ အကောင်းဆုံးဘဲ ၊ ကျုပ်ဘာလို ့ဒီလို မစဉ်းစားမိမှန်းမသိဘူး ၊ ကျုပ်ကောင်ကို မနက်ဖန်ကစပြီး ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ ့ထဲ သွားဝင်ခိုင်းလိုက်တော့မယ် ၊ ဒီကောင် က ဘွဲ ့ရပြီးသား ဆိုတော့ ၊ ရမှာပါနော ”
“ ရရမှာပေါ့ဗျာ ။ ဘာလို ့မရရမှာလဲ ၊ အရင်အစိုးရလက်ထက်တုန်းက ဆိုရင် စစ်တပ်တို ့၊ ရဲစခန်း တို ့မှာ နိုင်ငံတော်ကို ကာကွယ်ရန် သင့်အားအလိုရှိသည် ဆိုလား ဆိုင်းဘုတ်ရှိခဲ့ဖူးတယ်လေ ၊ အခု ကိတ်စက နိုင်ငံတော်ရဲ ့ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေ ကို ထိန်းသိမ်းဖို ့၊ နိုင်ငံတော် အတွက် ဝင်ငွေ/ဘဏ္ဍာငွေ တိုးပွားဖို ့၊ ကိုယ့်အတွက် မြိုးမြိုးမြက်မြက် အာလကေ ရဖို ့၊ ဆိုတော့ဗျာ ၊ ဟို တီဗီကြေငြာထဲကလို ၊ ဘာလိုသေးလဲ ဥကြီးရာ ပေါ့ဗျာ.. ဟားဟားဟား ”
“ ဦးကြီးရာတော့ လုပ်ပါ ကိုပေရယ် ”
“ အော်…နောက်ပိုင်း စားပါများတော့ သိလာရမှာပေါ့ဗျာ ၊ ကြည့်နေပါ ဟားဟား… ကဲကဲ ကျုပ်လဲ ပြန်လိုက်ဦးမယ် ၊ ခင်ဗျားသား ကိုသာ မနက်ဖန်ကြ လှုပ်ရှားခိုင်းလိုက်တော့ ”
“ ဟုတ်ကဲ့..မနက်ဖန်က စပြီး သေချာသွားဝင်ခိုင်းလိုက်ပါမယ် ၊ ကိုပေ့ကျေးဇူးကိုလဲ မမေ့ပါဘူး ”
“ ကျုပ်ကျေးဇူးမမေ့ဘူးဆိုရင် ၊ လမ်းမှာတွေ ့တဲ့အခါ မဖမ်းဖို ့၊ မရစ်ဖို ့တော့ ပြောပေးဗျာ ”
“ ဟားဟား.. ဟုတ်ပါပြီ ”
အဲဒါနဲ ့.. ကျုပ်လဲ အသိတစ်ယောက်အား ကြုံတွေ ့ရသော ဖြစ်ပုံလေးမှ အိုင်ဒီယာထုတ်ကာ ကူညီနိုင်ခဲ့လေသတည်း ။ ကျုပ်ပြောချင်တာကတော့… အလုပ်အကိုင်ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်လို ့၊ သေချာလေးသာ ကြည့်ကြပေါ့ဗျာ.. နော… လောကကြီးဟာ လုပ်တတ်ကိုင်တတ်ရင် နေပျော်စရာဘဲ မလား ။ ကဲကဲ..တော်သေးဘီဗျာ ၊ ကျုပ် ရဲ ့အရေမရ ရေးထားတဲ့ “ ကွမ်းပို ့စ် ” ကို ဖတ်ပေးတဲ့ အတွက် ၊ ကျုပ်မောင်ပေ က စာဖတ်သူအား ကျေးဇူးအထူးတင်ပါတယ်နော ။
…………………
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

24 comments

  • Khin Latt

    May 7, 2012 at 10:37 pm

    ကိုပေ့ ကွမ်းပို ့စ် က မိုက်တယ်ဗျို့။
    ခေါင်က တကယ်ဘဲ လုံလာခဲ့ရင် ????
    ဒီတော့ ခေါင်လုံ မလုံ အရင် စောင့်ကြည့်ပါရစေဦး ရှင်။
    အခုတော့ ထွေးပစ် ရမှာ နှမြောစရာကြီး မို့ မျိုဘဲ ချလိုက်ပြီ။ 😀

    • windtalker

      May 8, 2012 at 9:20 am

      ဖတ်ပြီး သေချာ ကွန်မင့်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ် ခဗျာ။ ဒါနဲ့ အရီးလတ်ဆိုတာ male or female အခုထိ မသိပါကြောင်း။

      • nozomi

        May 8, 2012 at 1:15 pm

        ကိုပေ ရေ ကျွန်တော်လဲ အရီးလတ်ကို လူချင်းမတွေ့ဘူးပေမဲ့ ဒါ့ပုံထဲတော့ မြင်ဘူးတယ်ဗျို့
        အသက်က မေသန်းနုလောက်၊ ချောတာက ဝတ်မှုန်လေးလိုလို၊ ခန့်တာက ခင်သန်းနု နုစဉ်ကအတိုင်း လောက်ဆို မျက်စေ့ထဲ မြင်မလားပဲ

        သတင်းတွေ မှာ ဖတ်ရတာ တရုတ်က အဝယ်နဲလို့ ကျောက် အရောင်းအဝယ် အေးဆိုပဲ ၊ ကိုပေကြီး ရော ?

        ကပေ့ အိုင်ဒီယာတွေတော့ လေးစားသွားပြီ ၊ လူ ချင်းတွေ့ မှ ဘာ ဆက်လုပ်ရင် ကောင်းမလဲ အကြံတောင်းရဦးမယ်

        • windtalker

          May 8, 2012 at 1:27 pm

          ဒီလောက် ဗယုတ်ကျပြနေတာကို ဘိုနိုက အနော့် ကို ယုံပမလားဗျာ…. windtalker ဆိုတာ ဗမာလို တိုက်ရိုက် ယူထားတာဗျ 🙂

        • Khin Latt

          May 9, 2012 at 3:33 am

          အိပ်ချင်နေသော မျက်လုံးများ ပြူးသွား၏။
          ညောင်းနေသော ဇက်များ ပြေ သွား၏။
          အဟိ ဟိ ဟိ 😀

          တစ်ခုတော့ ရှိတယ်။
          သူတို့ ကိုနို့ ကို ပြတာ အရီးပုံ အစစ်ရော ဟုတ်ရဲ့လား ငင်င်င်င်င်င်င်င်။ 😉

          ဘာဘဲဖြစ်ဖြစ် မောင်ပေရေ
          ကိုနိုလေး ရဲ့ မှတ်ချက် ကို “Best Comment” ပေးလိုက်ပါကွယ်။
          နောက်တစ်ခေါက် ကျောက်ကောင်းကောင်း တစ်လုံး သယ်လာပေးပါ့မယ်။
          တကယ်ပါ။ 😆

  • ဦးဦးပါလေရာ

    May 7, 2012 at 10:44 pm

    တွေးစရာတွေ တပုံကြီးရလိုက်ပါတယ် …။
    ဘွဲ့ရတော့ အလုပ်ရွေး မီးမြင့်သွားတဲ့ကလေးရယ်…
    နေရာတကာ စည်းကမ်းမဲ့နေတဲ့ နေပြည်တော်ဟောင်းရယ်…
    သူများနဲ့ အေးအတူပူအမျှ လိုက်စည်းကမ်းမဲ့ရတဲ့ ကိုပေရယ်…
    တာဝန်ကျေပြီး ကျေတာဝင် တဲ့ ယာဉ်ထိန်းရဲရယ်…
    ………..

  • ကြောင်ကြီး

    May 8, 2012 at 9:51 am

    ကပေယယ် နင်ဂ ဘဲဥတလုံးဖြစ်ဖို့ အဲလောက်လွယ်ဒယ် ထင်လို့လား.. ရဲသင်ဒန်းမှာ အမှတ်အကောင်းဇုံးနဲ့ အောင်သူဒွေ၊ လူဂျီးအကက်ရှိသူဒွေသာ အက်စ်ဘီ၊ ယဉ်ထိန်းရဲ ဖြစ်တာ၊ သူနောက်ကမှ စခန်းရဲ.. ကျန်လုဒွေဂဒေါ့ သွားပေါ့ကွာ လုံထိန်းတပ်ရင်းထဲဂို။ ရဲတပ်သားဆိုလို့ အထင်မသေးနဲ့နော် အားလုံးလိုလိုဂ ဆယ်တန်းအောင် ဘွဲ့ယဒွေ…။

    • windtalker

      May 8, 2012 at 12:52 pm

      ဥကြောင် တို့ သဂျီး ဒို့ကြ ဘာတွေ ဆက်ဖြစ်မှာဒုံး … ပြောဦးဗျ

  • kyeemite

    May 8, 2012 at 10:25 am

    ( ကျုပ် ကိုယ်တိုင်တောင် ဆိုင်ကယ်မောင်းရင် ဘယ်တော့မှ ဦးထုပ်မဆောင်းဘူးရယ် ၊ ယာဉ်ထိန်းရဲ ရှိတဲ့လမ်းကိုတော့ ရှောင်မောင်းရတာပ )
    ကိုပေခင်ဗျား..ဆိုင်ကယ်ဦးထုပ်တော့ မဖြစ်မနေဆောင်းစေလိုပါတယ်..
    စည်းကမ်းလိုက်နာ မနာတာနဲ့မဆိုင်ပါ…မိမိအသက်အန္တရာယ်အတွက်ပါ..
    ဆိုင်ကယ်ဆိုတာ အက်ဆီးဒင့် ဖြစ်ဘို့အင်မတန်လွယ်တာ ကိုပေပိုသိပါတယ်လေ..
    ကျောက်ခဲသေးသေးနင်းမိလဲ မှောက်နိုင်တာကလား…ဦးထုပ်တောင် အလှမဟုတ်
    ခေါင်းကိုတကယ်အကာအကွယ်ပေးနိုင်တဲ့ ဦးထုပ်ရွေးဆောင်းသင့်ပါတယ်..
    ဆရာကြီးလုပ်တာမဟုတ်ပါဘူးနော်..ခင်မင်ရင်းနှီးသူတစ်ယောက်
    မဆုံးရှုံးချင်လို့ပါဗျာ…ကျွန်တော့မိတ်ဆွေတစ်ယောက်..ဖြစ်ပျက်ခဲ့ပုံ ဒီနေ့ထိမျက်လုံး
    ထဲကမထွက်သေးလို့ပါ…
    လေးစားခင်မင်တဲ့..
    ကြီးမိုက်။

    • windtalker

      May 8, 2012 at 12:56 pm

      ကိုမိုက်ရဲ့ စေတနာ နဲ့တိုက်တွန်း အကြံပေးတာ ကို လေးစားကျေးဇူး တင်ရှိပါတယ် ခင်ဗျား

  • ဗိုက်ကလေး

    May 8, 2012 at 10:45 am

    အိုစခေ ညီလေး
    အကို သမဒဖြစ်ရင် ညီလေးကို အာကြံပေးအာရာရှိ ခန် ့မယ်နော်
    😀

    • windtalker

      May 8, 2012 at 1:03 pm

      အဲ့ခါကြ ဘီမအီးရတော့ဝူးနော်။ သေချာ စဉ်းစားပါဦးဗျ

  • Novy

    May 8, 2012 at 11:23 am

    အမလေးကပေရဲ့ ကျောက်သမားပီသ သကို
    ဉာဏ်နီ ဉာဏ်နက် ဉာဏ်စိမ်း ဉာဏ်ဝါတွေ
    ထွက်လည်း ထွက်တက်ပါပေ့တော်

    • ဗိုက်ကလေး

      May 8, 2012 at 11:49 am

      အော်..
      အူးလေးပြောသလိုဆို ကျောက်သမားတွေက ဉာဏ်ရောင်စုံရှိတယ်ဆိုတဲ့ သဘောပေါ့လေ
      ဟေ့..အူးပေ
      ဒီဂျီးဒေါ်ပြောတာ ဟုတ်ပါတလားခင်ဗျ

    • windtalker

      May 8, 2012 at 1:00 pm

      အော်…မနိုရယ်
      ဝမ်းတစ်ထွာရယ် အတွက်
      ခေါင်း မီးခိုးထွက်မတတ်
      ကြံဖန်နေရသူ ရယ်ပါလေ

      • မဟာရာဇာ အံစာတုံး

        May 8, 2012 at 2:20 pm

        အလုပ်တကာ့ အလုပ်ထဲမှာ
        စဉ်းစားရတဲ့ အလုပ်က အခက်ဆုံးတဲ့ဗျ ..
        ဒါကြောင့် အဲ့အလုပ်ကို ဘူမှ လုပ်ချင်ကြဘူးတဲ့ ..
        အဲ့လို နိုင်ဂံချားက သဋ္ဌိန်းဂျီး တစ်ယောက်က ပြောတယ်လို့ ဖတ်ဖူးတယ်ဗျ ..

      • Thel Nu Aye

        May 8, 2012 at 8:07 pm

        အခုတလောဝမ်းတထွာတွေတော်တောကြားနေရပါလား။ ဆူးကိုမေးသလိုမေးလိုက်အုံးမယ်။ ကိုပေ ဝမ်းတတောင် ဆိုရင်ကော ????????????
        စာကိုတော့ဖတ်ဖို့အချိန်မရသေးလို့ ကူးထားလိုက်ပါကြောင်း။

  • kyeemite

    May 8, 2012 at 4:10 pm

    မောင်အံဇာ…ဖြေးဖြေးမော့ပါဟ..
    နာနဲ့ အတူသောက်နေတဲ့ ကမ်းကြီးကိုကြည့်ပါလား..မှောက်သွားတာ.

  • pooch

    May 8, 2012 at 5:29 pm

    ဦးထုပ်မဆောင်းတဲ့ နင့်ခေါင်းကြီးလည်း ကြပ်ကြပ်သတိထား ။
    ဟန်ချက်ပျက်လို့ကတော့ ခွပ်ခနဲ ပဲ :mrgreen:

    • windtalker

      May 8, 2012 at 7:41 pm

      အော် ပု က ပေ့အတွက် စိုးရိမ်ရတယ်ပေါ့ ။ စိတ်ချပါ ပုရယ် ။ ပေ ဂလုစိုက်ပါမယ် ။ ဟီဟိ

  • အလင်းဆက်

    May 8, 2012 at 6:23 pm

    အရေ လည်းရ အဖတ်လည်းရတဲ ့အပြင်..စဉ်းစားတွေးခေါ် စရာလေးတွေပါ.ရတဲ ့ပို ့စ်ပါ..ဗျာ။ တကယ်ပါ။
    ကျေးဇူးပါပဲ.။

    • windtalker

      May 8, 2012 at 11:54 pm

      အလင်းကြီးရေ…. ပတ်ဝန်းကျင်က မြင်ကွင်းလေးတွေ ရယ်ပါ

  • marblecommet

    May 9, 2012 at 1:31 am

    ဒီလူကတော့ မန်လေး ဖူကူယားမားလား
    မန်းလေး ဟင်နရီကစ်ဆင်းဂျားလား…
    တစ်ခုခုဒေါ့ တစ်ခုခုဘဲ…….

    • windtalker

      May 9, 2012 at 8:23 pm

      မန်းတလေးမှာ စူပါနေချာရယ်တွေကြည့်ပြီး ဘူနေတဲ့ သူပါ မာဘယ်ဆိုး ရယ်

Leave a Reply