ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ယနေ့ကျင်းပ ၂၀၀ရ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြု

sterMay 7, 20121min21425

ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မေလ ရရက်နေ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံခြားငွေ Account ဖွင့်ထားသူတိုင်း ၂၀၀ရ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ မိမိသွင်းလိုသော ကားအရေအတွက်၊ မိမိ တင်သွင်းရာတွင် ကုန်ကျမည့် ငွေပမာဏကိုသာ ငွေစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ပြီး အစိုးရဘဏ်များတွင် သာမက ပုဂ္ဂလိကဘဏ်များတွင်လည်း Account ဖွင့်နိုင်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မဟုတ်ဘဲ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တင်သွင်းလိုပါက သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားပါသည်။

…..

Pleased to know you all and just copied from eleven news, sorry for the ppl, who’ve known aldy.

==

မှတ်ချက်။  ။  သတင်းအပြည့်အစုံမဖြစ်စေရန် စာပိုဒ်များကို အက်ဒ်မင်မှဖျက်လိုက်ပါသည်။
မူရင်းသတင်းအပြည့်အစုံကို.. အထက်ပါ URL မှတဆင့်ဖတ်ပါရန်

25 comments

  • ster

    May 7, 2012 at 8:01 pm

    အရင် ပါမစ်ဝယ်ထားတဲ့သူတွေဘယ်လိုလုပ်ကြမလဲ။ ပလုံ သွားပြန်ပြီ။
    အင်ဂျင်ပါဝါကန့်သတ်ချက်ရှိမရှိ နဲ့ အခွန်တွေရော ဘယ်လိုကောက်မလဲ မသိဘူး။

  • Gipsy

    May 7, 2012 at 9:05 pm

    ကားမရှိတဲ့သူတွေ ( ယ္ခင်မဝယ်နိုင်ကြသေးတဲ့သူတွေ) အတွက် မင်္ဂလာသတင်းထူးပါ…
    ကျုပ်နားမလည်သေးလို့ပါ… ဥပမာဗျာ .. ရွှေငါး ၁ စီး သိန်း၃၀ဝ ဆိုပါတော့..
    ပါမစ်မပါတော့ ဘူးဆိုရင် ပါမစ်ဖိုး သိန်း၁၅ဝ မပါတော့ရင် …
    အဲဒီရွှေငါးကို ကျုပ်တို့ သိန်း၁၅ဝ နဲ့ ဝယ်ယူလို့ ရနိုင်တော့မဲ့ အခွင့်အရေးမျိုးလားဗျာ…။
    ဦးဦး ၊ ကိုကို ၊ မမ တို့ ရေ အားလုံးနားလည်သိရှိနိုင်ဖို့ ဆွေးနွေးပေးကြပါလား….။

    • noob

      May 7, 2012 at 11:44 pm

      အဲဒီ လို ဘယ်ဟုတ်လိမ့်မတုန်း ရွှေငါး ကား မော်ဒယ် အမြင့်ဆုံး စီးဦးမယ်ဆိုရင်တောင် 2004 နောက်ဆုံးပဲ ကုန်မနီ ကထုတ်ထားတာ ။ သူတို သတ်မှတ်ထားတာ 2007 နောက်ပိုင်း ကားတွေ လေ အခု ဒီမှာ စီးနေတဲ ့ ရွှေငါးတွေ က ကားဟောင်း အပ်ပြီး သွင်းမှရတဲ ့ကား တွေ ရွှေငါး စီးချင် ကားဟောင်း အပ်တဲ ့ဟာ နဲ ့မှ သွင်းပြီး စီမှရမယ်

    • Thel Nu Aye

      May 8, 2012 at 2:50 pm

      ရွှေငါးတော့မရပေမဲ့ အခုစနစ်နဲ့တောင် ဘဏ်မှာငွေသွင်းပြီး ၂၀၀ရ မော်ဒယ်ဝယ်တာတောင်မှ ၁၃၅ဝ စီစီအောက်ဆိုရင်တောင် အပြီးအစီး သိန်း ၂၅ဝ မှ ၂၈ဝ ကြားလောက်ကျကြောင်းပါ။ ပါမစ်မပါပါ။ အခွန်ပဲပါပါတယ်။

  • ster

    May 7, 2012 at 10:32 pm

    အခု သတင်းအတိုင်းဆိုရင် အဲဒီအတိုင်းပဲပေါ.။

  • ဦးဦးပါလေရာ

    May 7, 2012 at 11:03 pm

    Gipsy ပြောသလို မဟုတ်သေးပါဘူး…တဲ့
    (တဲ့.. ခံပြီးပြောရတာက ကျုပ်ကိုယ်တိုင်သိလို့မဟုတ်ဘူး။ သူငယ်ချင်း ရဲဘော်ဟောင်းကြီး ပိုက်ဘောမိသွားလို့ ရင်လာဖွင့်တာလေး ပြန်ပြောရတာကြောင့်… 😛 )

    အခု နိုင်ငံခြားငွေစာရင်းရှိသူတိုင်း ပါမစ်လျှောက်လို့ရတယ်ဆိုတာက
    အရင် သင်္ဘောသား တွေကိုပေးတဲ့ ပါမစ်မျိုးပါ။
    မော်တော်ယာဉ်တင်သွင်းမှု့မူဝါဒနဲ့ညီတဲ့-
    ၂၀၀ရ မော်ဒယ်အထက် ၁၃၀ဝ စီစီအောက် အိမ်စီးကားသေးတွေပဲ သွင်းခွင့်ရမှာပါ။
    သင်္ဘောသားပါမစ်က ၆၀-၇ဝ ပဲရှိတာဆိုတော့ အဲဒီကားမျိုးတွေအတွက် ၆၀-၇ဝ လောက်သက်သာသွားတဲ့သဘောပါ။

    လက်ရှိ မေလ ၂ ရက်နေ့အထိ ၁၅၅ ဝန်းကျင်ပေါက်နေတဲ့ ပါမစ်က ယာဉ်အိုယာဉ်ဟောင်းတွေ ဖျက်သိမ်းဘို့အပ်နှံရင် မော်ဒယ်ဟောင်းတွေကိုပဲ အစားထိုးသွင်းခွင့်ပေးတဲ့ ပါမစ်ပါ။
    အဲဒီကားအမျိုးအစားတွေက အများအားဖြင့် ၁၈၀ဝ စီစီမှ ၃၅၀ဝစီစီအတွင်း ရှိတဲ့ကားတွေပါ။ ဒီနိုင်ငံနဲ့ကိုက်ပြီး လူကြိုက်များလို့ ဒီလောက်ပါမစ်ဈေးကြီးနဲ့ ကားဟောင်းတွေသွင်းရတာပါ။
    အဲဒါနဲ့ပဲ သူများနိုင်ငံမှာ မူလ ၁ဝသိန်း၁၅သိန်းလောက်တန်တဲ့ ကားဟောင်းတွေက လေလံဈေးမတရားတက်ပြီး အပေါဆုံးသိန်း၃ဝ မှ သိန်း၂၅ဝ (ဆဖ်) အထိ ဈေးပေးဆွဲပြီး ဒီနိုင်ငံထဲရောက်လာတာပါ။

    ဒီနိုင်ငံက ဆီပြဿနာရှိတယ်။ ဒါကြောင့် ဒီဇယ်ကြိုက်တယ်။ ဒီဇယ်က ကားဟောင်းတွေမှာပဲရှိတော့တယ်။
    ဒီနိုင်ငံက လမ်းပြဿနာရှိတယ်။ ဒါကြောင့် ကားမြင့် ကားမာ ကြိုက်တယ်။ ဒီတော့ တောသားစီးတဲ့ ဝက်ဂွန်တွေ ဖိုးဝှီးတွေ ကိုအဓိကသွင်းရတယ်။
    ဒီနိုင်ငံက မော်ဒယ်မြင့်ကားသစ်တွေကို ပြုပြင်ဖို့ ဆားဗစ်မလုပ်နိုင်သေး၊ အပိုပစ္စည်း လိုသလို အလွယ်တကူမရနိုင်သေးဘူး။ ဒါကြောင့် ကမ္ဘာမှာ မသုံးတော့တဲ့ ကားစုတ်ကားဟောင်းတွေနဲ့သာ အဆင်ပြေပါသေးတယ်။

    ကားစုတ်ကားဟောင်းတွေကို အချဉ်ဈေးနဲ့ လေလံဆွဲပြီး ပါမစ်ဘိုး ၁၅ဝလောက် ကပ်ပြီး ဝယ်ကြရတာ အဲဒါတွေကြောင့်ပါ။

    အခုတော့ ဒီနေ့ မူဝါဒပြင်လိုက်လို့ ကားဟောင်းပါမစ်လဲ သိန်း ၃ဝ ဝန်းကျင် ဈေးကျသွားပါတယ်။

  • windtalker

    May 8, 2012 at 12:06 am

    နိုင်ငံခြားငွေ အကောင့် ဖွင့်တယ်ဆိုတာ ပဲပြုတ်သည်ကော ဖွင့်လို့ရလားဗျ… ရပ်ကွက်ထဲက ပဲပြုတ်သည်ကြီးက မေးနေလို့ဗျ

    • Thel Nu Aye

      May 8, 2012 at 2:40 pm

      ရပါ့ကိုပေရေ့။ ပိုက်ပိုက်သာပေးဒီခေတ်ကအားလုံးဖိုင်း၏။ အရင်လိုလာဘ်ပေးလာဘ်ယူမ ရှိတော့ဘူး။ လာဘ်ပေးလာဘ်ယူအားလုံး တရားဝင်တိုင်းပြည်ကိုပေးတဲ့အခွန်ဖြစ်သွားကြောင်းပါ။ စကားမစပ်ကိုပေရေ့ ကျောက်စိမ်းတတုံးလောက်။ ပြေးပြီရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

  • the best

    May 8, 2012 at 12:53 am

    ရိုက်စား ခွင်တော့ စ ပါ ပြီ ။ သူတို ့ရဲ့ စားပေါက် ထွင်လိုက်ပြန်ပြီ။ ဘယ်သူခံခံ သူတို ့စံရဖို ့ပဲ။ သိ နေ တယ် လေ။

  • kai

    May 8, 2012 at 2:55 am

    ကားတင်သွင်းခွင့်(ပါမစ်)ကို.. ဘာအကန့်အသတ်မှမထားပဲ.. ပေးသွင်းသင့်ပါတယ်..။
    ငွေရှိသူသွင်းပေါ့… စီးစီးရောင်းရောင်းပါ..
    အစိုးရက ..ဒီလိုနေရာ ဝင်မစွက်ဖက်သင့်ပါဘူး..
    အစိုးရဝင်ပါသလောက်.. လဘ်စားမှုဖြစ်စေတတ်လို့ပါ..။

    ဆိုတော့..
    ရန်ကုန်မန္တလေးမြို့တွင်း.. .. ဒီဇယ်ကားတွေ..ကန့်သတ်ချက်ဖြင့်မောင်းရန် ဥပဒေထုတ်သင့်ပြီလည်း.. ထင်ပါကြောင်း…..
    မြို့နေလူထုကြီးရဲ့.. အသက်ရှုလမ်းကြောင်းနဲ့ပါတ်သက်တဲ့.. လေထုမသန့်မှုကြောင့်ဖြစ်တဲ့.. ရောဂါတွေအတွက်.. ရန်ကုန်မန္တလေးမြို့ စည်ပင်က (နောင်တချိန်မှာ) တာဝန်ယူရမည်ဖြစ်ကြောင်း.. :mrgreen:

    http://www.kankyo.metro.tokyo.jp/en/automobile/diesel.html
    Regulations on Diesel Vehicle Emission
    In metropolitan areas, including Tokyo, air pollution is a serious issue. Among others, it is confirmed that particulate matters (PM) emitted from diesel vehicles are carcinogenic, and there are concerns about health hazards to residents.
    In Tokyo, exhaust gases from diesel vehicles have been regulated since October 2003. Diesel vehicles subject to the regulation include large vehicles for business use such as buses and trucks. Those diesel vehicles that do not meet the PM emission standard stipulated by the Ordinance on Environmental Preservation are not allowed to drive in the Metropolitan area. Those automobiles that do not meet the standard must be replaced by those vehicles that meet the standard or must be equipped with the designated devices to reduce particulate matters (PM reducers).
    To ensure the effectiveness of the regulation, TMG provides assistance to businesses to comply with the standard by assigning automobile pollution inspection officers, regulating those vehicles that do not meet the standard of the ordinance, creating a system to help businesses be furnished with loans to buy new vehicles to replace their vehicles that do not meet the standard, and creating a system to subsidize businesses to buy PM reducers.
    As a result of such measures, the environment standard for suspended particulate matters (SPM) has been met since 2005 at all of the roadside air pollution monitoring stations.
    ==
    Tougher Emission Rules Set for Big Diesel Vehicles
    By MICHAEL JANOFSKY
    Published: May 11, 2004

    The Bush administration announced new regulations on Monday that will significantly reduce emissions from tractors, bulldozers, locomotives, barges and other nonroad vehicles propelled by diesel fuel that altogether spew more soot than the nation’s entire fleet of cars, trucks and buses.

    Michael O. Leavitt, administrator of the Environmental Protection Agency, said after a meeting with President Bush that the regulations would be made official on Tuesday, setting in motion a plan for full compliance by 2012.

    The new regulations require refineries to produce cleaner-burning diesel fuel and engine makers to cut diesel emissions by more than 90 percent, a reduction that health experts say could prevent as many as 12,000 premature deaths and 15,000 heart attacks every year.

    ”This is a big deal,” Mr. Leavitt told reporters after the meeting at the White House, comparing the importance of the new diesel standards to regulations decades ago that took lead out of gasoline. ”The result of this is that people will live longer, live better and live healthier lives.

    • Inz@ghi

      May 8, 2012 at 6:29 am

      ဗျို့ ဖူးစတား သဂျီး …
      အီလဲဗင်း က သူ့သတင်း မကူးပါနဲ့ ပြောထားလျက်က
      ကူးတင်တာ ဘာမှ မပြောတော့ဘူးလားဗျ…
      ဟုတ်တော့ ဟုတ်နေပါဘီ …
      အိုဘယ့် .. သတင်းတွေရယ်…
      🙁

      • Foreign Resident

        May 8, 2012 at 1:33 pm

        ” ဗျို့ ဖူးစတား သဂျီး ”

        မလုပ်ပါနှင့် ဂီဂီ ရယ် ။
        ဖိုး စတား ( 4 Stars ) လောက် လုပ်ပါဟဲ့ ။
        ဂီဂီ ဆိုလိုချင်တာက Full Stars ( ကြယ် အပြည့် ရထားတဲ့ ) ဆိုတာ အဘ သိပေမယ့် ။
        သိပ်မသိသေးသူတွေက Fool Star ( ရူးတဲ့နေရာမှာ ရှယ်မို့လို့ Star တောင် ရထားတယ် )
        လို့ ထင်သွားအုန်းမယ် ။ 😛

        • Inz@ghi

          May 8, 2012 at 1:55 pm

          တိန်..
          သများကို တည်ကြက် လုပ်ပြီး သဂျီးကို ၁ဂိုး ထည့်သွားဘီ…
          😀
          အဘ လုပ်တာနဲ့
          ဟိုဘက် က ရာထူးတိုးပေးရေးတောင်းဆိုတဲ့ပိုစ့်မှာ

          သဂျီး (သို့မဟုတ်) ရွာသူား များကို အရှက်ရစေသူ
          ဆိုပြီး လောင် မလို့ဟာတောင် မရေးဖြစ်တော့ဘူးရယ်…

          အာဟိ…ဒက်ဂလောက်..

  • Foreign Resident

    May 8, 2012 at 7:01 am

    ဟင့် ၊ အဘ လည်း ကားပါမစ် လျှောက် ကို မ လျှောက် လိုက်ရဘူး ။
    ဒီတစ်ခါ သင်္ဘော ဆင်းတော့မှ ကားပါမစ် လျှောက်မယ်လို့ စဉ်းစားထားတာ ။
    အခုတော့ အခုတော့ ပိုက်ပိုက် ရမယ့် နည်းတနည်းတာ့ လျှော့သွားပြီပေါ့ ။
    ဟင့် ၊ ပါမစ်ဈေး ၆ဝ ဆိုရင် တော်တော်သုံးရမှာ ။
    ကို Black Chaw ကြီး ရေးထားတဲ့ ချိုပေါ့ကျ လေးတွေဆို
    တော်တော် သောက်ရမှာ ။ 😛

  • ဦးဦးပါလေရာ

    May 8, 2012 at 10:58 am

    ဒီမနက်ကျတော့ သတင်းက – စီစီ မကန့်သတ်ဘူးလို့ဆိုပါတယ်…။
    မကန့်သတ်ရင်တော့ ယာဉ်ဟောင်းပါမစ်တွေ သွားလေပြီပေါ့….

    အရင်သွင်းထားသူတွေ၊ လက်ရှိသွင်းထားဆဲ လမ်းမှာ ဆိပ်ကမ်းမှာတွေ၊ ပါမစ်ဝယ်ထားသူတွေ၊ စလစ်ဝယ်ထားသူတွေ၊ ကားဟောင်းကို ဝယ်ပြီး ကိုယ်တိုင်အပ်ဖို့စီစဉ်သူတွေ၊
    ပြီးတော့ စီးဘို့ ၊ သုံးဘို့၊ တက္ကစီဆွဲဘို့ ဝယ်ထားသူတွေ –
    အားလုံး အားလုံး အားလုံး
    အမျှ.. အမျှှ.. အမျှ (ဒင်းတို့ဒါဏ်ကို) မျှခံတော်မူကြပါလော့…….

    ဂွမ်……. လန်လန်လန်လန်န်န်န်န်န်……
    😀 😀

    • Thel Nu Aye

      May 8, 2012 at 2:43 pm

      ကုန်ဘီ———-ကုန်ဘီ—————ကုန်ဘီ——————။

  • Foreign Resident

    May 8, 2012 at 1:17 pm

    ဆရာ ” ster ” ရေ
    အဘ ရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၂၁ ) ( ကား ပါမစ် ) ” Post မှာ
    နဲနဲ တို့ထိထားတယ်နော် ။ အားပေးပါအုန်း ။

  • kyeemite

    May 8, 2012 at 1:31 pm

    ခုတလော ကားနဲ့ပါတ်သက်ပီး ဘာလုပ်ရမှန်းကိုမသိအောင်ဘဲ..
    ဗမာပြည်မှာက ခုတမျိုး တော်ကြာတမျိုးနဲ့..

  • the best

    May 8, 2012 at 2:02 pm

    ကြိုတင်ကြံစည်ပြီး သူတို ့လက်ထဲက ကားတွေ၊ပါမစ်တွေ ရောင်းပြီး FEC တွေ ဝယ်ထားပြီးပြီ။
    ဒီတစ်ခွင် ပြီးရင် နောက်တစ်ခွင်လာအုံးမယ်။
    ဒါရိုက်တာ ခုတစ်မျိုး(တော်ကြာတစ်မျိုး) စံစားတင်ပြသော “ ခံသူခံ စံသူစံ” မြန်မာကား ဇာတ်လမ်းတွဲ အပိုင်း (၇) မျှော်……

  • Thel Nu Aye

    May 8, 2012 at 2:45 pm

    အော်အစကတဲကပြောပါတယ်။ ဒီနိုင်ငံမှာဥပဒေနှစ်မျိုးပဲရှိပါတယ်ဆို။ အခုတမျိုးတော်ကြာတမျိုး။ ဒါပဲ။ ဒီဥပဒေနှစ်ခုပဲ။

  • kai

    May 8, 2012 at 2:51 pm

    နောက်တခါက..
    အိမ်မြေယာဖြစ်မယ်လို့ထင်တယ်..
    မြန်မာပြည်ဈေးက.. ဖြစ်နိုင်ချေဈေးကိုကျော်နေတာမို့ပါ…။

    ယူအက်စ်ကို..မြန်မာ့ငွေရှင်တွေတော်တော်လေး..အလယ်လာကြတယ်..
    မြေဈေးတွေနှိုင်းကြည့်သွားနိုင်ကြတာပေါ့…

    ဆိုတော့…
    စောင့်ကြည့်ချင်ကြောင်း…။ 🙂

  • ster

    May 8, 2012 at 3:13 pm

    အဟောင်းပြန်အပ်ပြီး သွင်းတဲ.ကားကဈေးပိုကြီးနေတော. အပ်ကြပါတော.မလား။ မအပ်လဲ ရတယ်လို. ကြေငြာထားခဲ.သေးတာကိုး။ အလွတ် သွင်းတဲ.သူက မော်ဒယ်အမြင်.တောင်သွင်း လို.ရသေးတယ်။ ဟိုမှာက နောက်ဆုံးမော်ဒယ် မဟုတ်ရင် အနိမ်.အမြင်. ဈေးမှ သိပ်မကွာတာ။

  • Gipsy

    May 8, 2012 at 9:39 pm

    အနိစ္စ၊ ဒုက္ခ ၊ အနတ္တ ပါလား ။
    အနိစ္စ အမြဲ မရှိ ၊
    ဒုက္ခ ဆင်းရဲ၏ ၊
    အနတ္တ ဘာမှ မရှိ ဖြစ်ကြပေတော့မည်တကား ။

  • သားငယ်

    May 9, 2012 at 1:49 am

    သူများနိုင်ငံမှာ သိန်းငါးဆယ် လောက်တန်တဲ ့ကားတွေကို ဒီမှာ စီးမယ်ဆိုရင်တောင် သယ်ယူစရိတ်ကပေါင်းဦးမှာ
    များများသက်သာလေ ကောင်းလေဘဲ..တန်းတူ ဖြစ်ရင် ပိုကောင်းတယ်..စက်ရုံတွေလာဆောက် ပြီးရောင်းပေးရင်
    ပိုတောင်ကောင်းဦးမယ်နော့်…လုပ်စား တွေ ကတော့ ထိကုန်တာပေါ့..မတတ်နိုင်ဘူးလေ..သူတို ့ဈေးကစားလို့ လဲ..
    ယာဉ်ဟောင်းဈေးတွေ အဆမတန် မြင့်ကုန်တာ ….

Leave a Reply