“ကောက်သင်းကောက်…………ပန်းတနော်” (ရွာအလှူသွားရန်ပြင်ဆင်ခြင်းနဲ့ ပန်းတနော်ခရီးအစ)(ပဒုမ္မာနဲ့ကိုပေါက်ပူးတွဲတင်ဆက်သည်)(အပိုင်းတစ်)

1 ပန်းတနော်အလှူကို သွားတော့ ကျနော်တို့အဖွဲ့စီးတဲ့ကား
2 ကျနော်တို့ မဆာအောင်နံနက်စာမုန့်ဟင်းခါး စားရင်း ခဏဝင်နားတဲ့ကျောင်း
3လက်သံပြောင်တဲ့ကိုကိုတွေပေါ့

 

4 ကျိုက်ထီးရိုး စေတီ ပုံတူ ဆီအသွားလမ်းက ထန်းပင်တန်း
5 ဆောက်လက်စစေတီ
6 မောလို့ခဏလေးနားမယ်ဗျာ................(အလုပ်လုပ်ရင်းအနားယူနေသူ)
7 ကောင်းကင်တိမ်ဖြူပြာ ထန်းပင် စိမ်းညို့ညို တည်လက်စ စေတီတော် နီညိုနဲ့နှောထားတဲ့ရွှေဝါဝါ
8 ပထမစရိုက်တော့ ရေထဲက အပင်တွေကြားမှာ ထန်းပင်ရိပ်က ဝိုးတဝါး
9မှော်တွေဖယ်လိုက်တော့ ဒီပုံ့လေးရလာပါတယ်

 

10 ဒီစေတီအနောက်ဘက်ဘေးမှာအောင်ပုအကြိုက်ထန်းပင်ရှိတယ် ယင်းထောင်တပ်ထားပြီးသား တက်သောက်ရုံဘဲ

 

11 အပေါ်စီးရိုက်ချက် လှတပတ
12 ကျိုက်ထီးရိုးပုံစံတူ.......................................ပန်းတနော်အသွားလမ်းမှာပါ

 

12 စေတီပေါ်တက်ပြီး အဝေးကိုလှမ်းကြည့်တော့ လှပသော မြင်ကွင်းလေးကိုရလိုက်ပါတယ်

 

13 လမ်းမှာ ကျနော်တို့ကားရှေ့မှာ ပိတ်ရပ်ပြီး ဆင်ကြီး ကနေတာဗျာ
14 ကျနော်တို့ရွာသားကို ဆင်ကြီးနောက်ပြန်ကန်လိုက်တာလေ
15မန်းလေးဂေဇက်မိသားစုများအလှူကျင်းပမယ့် ဆေးရုံကို အဝေးကမြင်ရတာပါ။

“ကောက်သင်းကောက်…………ပန်းတနော်”(အပိုင်းတစ်)

(ရွာအလှူသွားရန်ပြင်ဆင်ခြင်းနဲ့ ပန်းတနော်ခရီးအစ)

 

မန်းဂေဇက်အလှူ ကို ပန်းတနော်မှာသွားလုပ်မယ်ဆိုတော့ ကျနော်လိုက်ချင်ပါတယ်။

အားလုံးကလဲ လိုက်စေချင်ကြတယ်ဆိုတာသိပါတယ်။

“လေးပေါက်လိုက်မှာလားလို့”မေးရင်လိုက်မယ်ဘဲဖြေခဲ့ပါတယ်။

သွားမယ့်နေ့က မေလတစ်ရက်နေ့ မေဒေးနေ့ဖြစ်ပါတယ်။

လိုက်ချင်လွန်းလို့သာလိုက်မယ်ပြောလိုက်တာ သင်္ကြန်နားနီးလေ အလုပ်ကများလေပါဘဲ။

မတ်လကတည်းက စပြင်ဆင်ရတဲ့ ဒီခရီးအတွက်တကယ်ရင်မောပါတယ်။

အလုပ်နဲ့သွားရမယ့်နေရာက တောင်ကြီး အောင်ပန်းဘက်က မသွားမဖြစ်။

သင်္ကြန်တွင်းမှာလဲ ရုံးပိတ်ပေမယ့် အရောင်းအဖွဲ့ရှိတော့ ဘယ်မှသွားမရ။

အဲတော့ သင်္ကြန်ပြီးတာနဲ့ရှမ်းပြည်တောင်ပိုင်းကိုပြေး။

နောက်မန်းလေးကိုပြန်မလာဘဲရန်ကုန်ကိုဆက်သွားပြီး ပန်းတနော်လိုက်ဘို့စီစဉ်ရပါတယ်။

အဲလိုသွားမယ်ဆိုတာကိုလဲ အလုပ်ထဲမှာ ခွင့်တောင်းထားပါတယ်။

ဒါနဲ့ဘဲ 24ရက်နေ့ညကားနဲ့တောင်ကြီးကိုသွား နောက်နေ့မနက်ရောက်တော့အလုပ်တွေလုပ်။

တောင်ကြီးမှာတစ်ညအိပ်။

27ရက်နေ့အောင်ပန်းကူူး အလုပ်တွေအမြန်လုပ်။

ပြီးတော့ကလောကို သွားရင်း လွိုင်ကော်ဘက်အသွားလမ်းက မြင်းမထိသဘာဝလှိုဏ်ဂူကိုသွား။

28ရက်နေ့ ပင်းဒယလှိုဏ်ဂူကိုသွား နေ့လည်ပိုင်းအလုပ်တွေဆက်လုပ်။

29ရက်နေ့ညနေမှာတော့ မိုးထဲလေထဲကနေ ရန်ကုန်ကိုဆင်းလာခဲ့ပါတယ်။

30ရက်နေ့မနက်ရောက်တော့ မန်းလေးမှာကောက်ခံလို့ရသမျှ အလှူငွေကို ဆူး ကိုစာရင်းနဲ့အပ်လိုက်ပါတယ်။

နက်ဖြန်ဘယ်လိုသွားကြမယ်ဆိုတာ အစီအစဉ်တွေဆွဲပြီးနောက်မှာ Mလုလင်နဲ့ ကန်တော်ကြီးကိုသွားလို့ ငုဝါပန်းပင်တွေကို ဓါတ်ပုံရို်က်ကြပါတယ်။

 

အစက စီစဉ်တာက လုလင်က ကျနော်တည်းတဲ့ စွယ်တော်နားက ရေကူး မြန်မာ့အသံဝန်ထမ်းအိမ်ယာ

မှာလာခေါ်လို့ အတူသွားမယ်ပေါ့။.

စုရပ်ရှိတာက မြေနီကုန်း ၊လှည်းတန်းနဲ့ ဘုရင့်နောင်………………..

 

ဒါပေမယ့်ဖြစ်ချင်တော့ ရွာစားကျော်တို့မိသားစု က လုလင်ဆီမှာတည်းမယ်ဆိုတော့ သူတို့ချင်းဘဲသွားခိုင်းပြီး  ကျနော်ရယ် မဒမ်ပေါက်ရယ် သူ့တူမလေးရယ်က လှည်းတန်းစိန်ဂေဟာကို

ဘဲလာခဲ့မယ်ဆိုပြီး အစီအစဉ်ဆွဲလို်က်ပါတယ်.။

စုရပ်ကိုရောက်ရမယ့်အချိန်က မနက် ခြောက်နာရီတိတိ။

အဲဒါနဲ့ညကျတော့ စောစောအိပ်ပြီး မနက်လေးနာရီခွဲမှာ နိုးစက်ပေးထားပါတယ်။

သုံးယောက်သားခရီးသွားမှာဆိုတော့ ရေချိုးကြ ပြင်ကြဆင်ကြနဲ့ တစ်အိမ်လုံးလဲနိုးကုန်ပါရော။

ငါးနာရီကျော်ကျော်လောက်မှာအိမ်မှာတင်ကော်ဖီသောက်မုန့်စားလို့ကားငှားပြီးထွက်ခဲ့ပါတယ်။

စုရပ်ရောက်တော့ ငါးနာရီခွဲ။

မဝေတို့ကတော့ရောက်နေပါပြီ။

ခဏနေတော့ ရွာစားကျော်တို့မိသားစုနဲ့လုလင်တို့ရောက်လာ။

မဒမ်လုလင်နဲ့မိတ်ဆက်ပေးပါတယ်။

သိပ်မကြာခင်ဖုန်းဝင်လာပါတယ် ကားဘီးပေါက်နေလို့ပါတဲ့။

အဲဒီအချိန် ရွာစားကျော်ဆီကို စွယ်တော်ရွက်ဆီက ဖုန်းဝင်လာပါတယ်။

ခြောက်နာရီကျော်ကျော်လောက်မှာ မြေနီကုန်းကထွက်လာပြီလို့ မမဆီက ဖုန်းဝင်လာပါတယ်။

ခြောက်နာရီခွဲလောက်မှာ ကျနော်တို့စောင့်နေတဲ့ စုရပ်ကိုကားဆိုက်ရောက်လာတော့မှ ရင်မောတာတွေ  ပျောက်သွားပါတယ်။

ကားပေါ်အတက်မှာ လူကြီးတန်မယ့် ကျနော်စိတ်ကောက်ပြီး မခေါ်ဘဲနေတဲ့ ဆံရှည်သခင်မ မနောဖြူလေးက ပြုံးပြုံးကြီးနဲ့ “လေးပေါက်” လို့ အားရဝမ်းသာနုတ်ဆက်လိုက်တဲ့အခါမှာ

သူ့ကို လက်ဆွဲနုတ်ဆက်ရင်း မဒမ်ပေါက်နဲ့ မိတ်ဆက်ပေး။

(လူကြီးတန်မယ့် စိတ်ကောက်မိတာရှက်မိပါ၏)

ကားပေါ်က လူတွေက ကျနော်ကို ဝမ်းသာအားရနုတ်ဆက်သံကြားရတဲ့အခါ ရင်ထဲမှာအပျော်တွေ

နဲ့ကြည်နူးမူ့တွေဆောင့်တက်လို့သွားပါတယ်။

ကားပေါ်ရောက်တော့ အားလုံးကိုနုတ်ဆက်ပြီး လုလင်နဲ့စီစဉ်ထားတဲ့အတိုင်း နောက်ပိုင်းမှာသွားထိုင်လိုက်ပါတယ်။

ကိုထက်ဝေးက သူ့အနားထို်င်ဘို့လှမ်းခေါ်လိုက်တော့ သူနဲ့စကားပြောဘို့ထိုင်ရင်းဘယ်သူတွေ

ပါသလဲဆိုတာကို ဝေ့ဝိုက်ပြီးကြည့်လိုက်တော့………………………………

 

 

 

ပဒုမ္မာနဲ့ကိုပေါက် ပူးတွဲတင်ဆက်ခြင်း အမှတ်တစ်

(ယခုပို့စ်မှ ဓါတ်ပုံများကို ကိုပေါက်နှင့်ပဒုမ္မာရိုက်ခဲ့သောပုံများကို တင်ထားပါသည်၊

ဘယ်သူက ဘယ်ပုံရိုက်ထားတယ်ဆိုတာကို ဖြေနို်င်သူများကိုဆုချပါမည်)

(9-5-2012)

 

40 comments

  • water-melon

    May 9, 2012 at 8:19 am

    လေးပေါက် ဝါးလုံးကြီးကိုင်ပြီး လုပ်နေတာ
    ဒါကြောင့်ကိုး
    အဟိ
    လေးပေါက်ရေ အမှတ်တရပါဘဲဗျာ

  • Thel Nu Aye

    May 9, 2012 at 8:55 am

    လေးပေါက်ရေ အားပေးသွားပါတယ်။ နောက်အပိုင်းတွေလဲစောင့်နေပါတယ်။ ကွန်နက်ရှင်မကောင်းလို့ ပုံ တွေမစုံသေးဘူး။ ပုံစုံမှဘယ်သူရိုက်တာလဲပြောတော့မယ်။

    • Thel Nu Aye

      May 9, 2012 at 9:20 am

      ၁ အန်တီပဒုမ္မာ
      ၂ အန်တီပဒုမ္မာ
      ၃ လေးပေါက်
      ၄ လေးပေါက်
      ၅ အန်တီပဒုမ္မာ
      ၆ အန်တီပဒုမ္မာ
      ရ အန်တီပဒုမ္မာ
      ၈ လေးပေါက်
      ၉ လေးပေါက်
      ၁၁ လေးပေါက်
      ၁၂ အန်တီပဒုမ္မာ
      ၁၂ အောက်ပုံ လေးပေါက်
      ၁၃ လေးပေါက်
      ၁၄ လေးပေါက်
      ၁၅ လေးပေါက်
      မှန်လားလေးပေါက်။ မှန်ရင်ဆုချနော်။ မှားသွားရင်တော့ တောင်းပန်ပါတယ် အန်တီပဒုမ္မာ ရေ။

  • windtalker

    May 9, 2012 at 9:40 am

    သဂျီးဆီကနေ ဓါတ်ပုံဖိုး ဒေါ်လာ ကြက်ကီ ရထားပြီးဘီလို့ သတင်း အတိအကျရထားတယ်။ မန်းလေး ပြန်ရောက်ရင် လာထားဘဲ။

  • weiwei

    May 9, 2012 at 9:41 am

    2, 3, 12, 14 ကိုတော့ အန်တီပဒုမ္မာလို့ ထင်မိတယ် …

  • ဦးဦးပါလေရာ

    May 9, 2012 at 9:42 am

    ရေထဲက ထန်းပင်လေးတွေကို သဘောကျတယ်ဗျာ…။
    ကိုပေါက်က ကင်မရာနဲ့ ပန်းချီဆွဲတယ်ပဲ ထင်ထားတာ..
    ကင်မရာနဲ့ ကဗျာလဲရေးသေးသကိုး…။

    မပဒုမ္မာနဲ့ ကိုပေါက်နဲ့ ဓါတ်ပုံတွဲတင်တဲ့ အိုင်ဒီယာလေးလဲကောင်းတယ်
    ပုံလဲ မထပ်တော့ဘူး – အရသာလဲ မျှ သွားတယ်။

  • ဆူး

    May 9, 2012 at 10:02 am

    လေးပေါက်ရေ.. ပင်ပန်းခဲ့ပေမဲ့ ကျေနပ်ခဲ့ပါတယ်။
    စေတနာထားခဲ့ပြီးတော့ ပီတိဖြာခဲ့ ရပါတယ်။
    လေးလေး လိုတော့ ပိုစ်အဖြစ်နဲ့ စာစီမရေးချင်တော့ဘူး။
    လေးလေး ရေးတဲ့ ပိုစ်လေးကို ဖတ်ပြီး မေလ ၁ရက်နေ့ အချိန်ကို ပြန်ပြေးမြင်နေမိတယ်။
    နောက်ထပ် ပိုစ်လေးတွေ စောင့်နေမယ်နော်။

  • Mလုလင်

    May 9, 2012 at 11:14 am

    ကျွန်တော် လဲ ဝင်ဖြေမယ်ဗျာ ….
    ဦးပေါက် ပုံတွေက …. 2,3,4,5,7,8,9,10,12အောက်ပုံ,14
    တီတီ ပဒုမ္မာ ပုံတွေက …. 1,6,11,12အပေါ်ပုံ,13,15

    ကဲ .. မှန်းလိုက်ပြီဗျာ …

  • Novy

    May 9, 2012 at 11:20 am

    1.2.5.8.9.10.11.12အောက်.14
    လေးပေါက်

    3.4.6.7.13.12ပေါ်.13.15
    အန်တီပဒုမ္မာ

  • ဗိုက်ကလေး

    May 9, 2012 at 11:25 am

    အားပေးကြည့်ရှုသွားပါတယ် အူးပေါက်နဲ ့ အူးကြာရေ

  • နွယ်ပင်

    May 9, 2012 at 11:36 am

    လေးပေါက်ရေ
    တင်ထားတဲ့ ပုံလေးတွေနဲ့ စာကိုဖတ်ပြီး အလှူသွားခဲ့ရတာကို
    ပြန်ပြီး မြင်ယောင်ခံစားမိစေပါတယ် …………..

  • marblecommet

    May 9, 2012 at 11:36 am

    ကိုကိုပေါက်…..
    ဘဒူတွေဘာပြောပြော
    တားတားပုံတွေကို လိုချင်ပေမဲ့ (သတင်းအတွက်ပေးတဲ့ပုံကလွဲလို့)
    စည်းစောင့်နေတာကြာပြီ
    ကောက်သင်းကောက်လို့ပြီးရင် ပေးတော့နော်
    ဒါနဲ့ စကားအဓမစပ်….
    သားပုံကို ကြိုက်သလို လုပ်ခွင့်ရှိပါတယ်နော်
    အာဟိ…
    အရှက်မှ မရှိတာ….

  • ပုံအမှတ် (11)မှာလေးပေါက်လမ်းလျောက်လာတဲ့ပုံ ပါနေတော့ အဲဒီပုံကို လေးပေါက်လို့ဖြေရင်မှားပါတယ်ကွယ်။
    လာခဲ့ ဘူဘောင်း တစ်လုံး………………………….
    (ဆန်းထွဋ်လေသံဖြင့်)
    ဖောင်း………………………………
    (ဘူဘောင်းပေါက်သံ)

    • Thel Nu Aye

      May 9, 2012 at 1:06 pm

      ဟင့်တေပီဆြာ။ တွားပါဘီ။ ဆုရဘီမှတ်တာ။ လေးပေါက်ကြီးတယောက်လုံးကိုမမြင်မိဘူး။ တခုမှန် ၁ဝ မှတ်လောက်အမှတ်နဲ့ပေးလေ။ ဟီးးးးးးးးးးးးးးးးးး

    • Novy

      May 9, 2012 at 4:24 pm

      11 အမြင့်ကရိုက်ထားတဲ့ ပုံဖြစ်နေတော့
      အန်တီပဒုမ္မာ ကျိုက်ထီးရိုးတောင်ပေါ်တက်တာမတွေ့တော့
      လေးပေါက်လို့ မှန်းလိုက်တာ လွဲပြီပေါ့လေ

  • Swal Taw Ywet

    May 9, 2012 at 12:24 pm

    Dear Ko Pauk,
    Dear Ma Ma Padonma,
    I am eagerly waiting for your posts to know more detail of our Donation trip.
    Now I am at my motherland.
    Please share my loving kindness to all of our MG villagers.
    By the way, tomorrow morning ( 10 May,2012 ) around 6:30 am,
    I have to meet our MG brother , Ko Kyee Mite, at Yangon.
    Please let me meet you too.

    Let’s try our best for our mother land, unitedly and together,
    With respect,
    Swal Taw Ywet.
    ( Yangon, Myanmar.)

  • အရင့်ရောင်

    May 9, 2012 at 12:46 pm

    ဦးပေါက် ကောက်သင်းကောက်တာ
    ဆင် ရဲ့ အကန်ခံလိုက်ရပါလားနော်
    အမငှီး……….နာထှာ…….

    • ရွာစားကျော်

      May 9, 2012 at 12:51 pm

      သူ့နှာမောင်းက အစိမ်းအနီ အတန်ကြီးတွေ ဖြုတ်မလို့ကြံတာ သိသွားလို့ပေါ့..
      😆
      နောက်တာ..

  • အရင့်ရောင်ရေ ဆင်ကန်တဲ့ပုံလေးရလိုက်တာ တကယ့်ကိုရှားပါးမို့ အမှတ်တရထည့်ပေးလိုက်တာ
    မေးလိပ်စာပေးပါအုံး မင်းရိုက်ခိုင်းထားတဲ့ပုံလေးတွေ ပို့ပေးချင်လို့ပါ။

  • စွယ်တော်ရွက်ရေ ကိုကြီးမိုက်နဲ့တွေ့တုန်းက လဲခင်ဗျားအကြောင်းပြောဖြစ်ပါသဗျာ။
    မန်းလေးကို လာခဲ့ပါ တွေ့ချင်လွန်းလို့

  • MaMa

    May 9, 2012 at 4:29 pm

    ကွန်မကောင်းလို့ ပုံတွေ မကြည့်ရသေးဘူး။
    စာတွေပဲ ဖတ်ရသေးတယ်။
    အဲဒီခရီးမှာ ဓာတ်ပုံမရိုက်ခဲ့မိတာကို နောင်တရတယ်။

  • Ma Ei

    May 9, 2012 at 4:38 pm

    8,9,14 က ကိုပေါက်
    11 က မပဒုမ္မာ Comment တွေကြည့်ပြီးရေးလိုက်တယ်…
    မမှားနိုင်တော့ဘူးပေါ့…

  • manawphyulay

    May 9, 2012 at 6:01 pm

    10,11,12,13,14 လေးပေါက်…
    ကျန်တာ အန်တီပဒုမ္မာ

    သေချာတာကတော့ ၁၅ က အန်တီပဒုမ္မာ ဘုရားပေါ်က ပုံတွေကတော့ လေးပေါက်ရိုက်တာတွေကြီးပဲ..

  • moe minthar

    May 9, 2012 at 7:03 pm

    ကိုပေါက်နဲမမပဒုမ္မာရေ………
    နောက်တခေါက်ခရီးစဉ်ဆို….လိုက်ပါရစေနော်….
    သူများနည်းတူ…မလှူနိုင်ရင်တောင်……..လုပ်အားလေးတော ့လှူပါရစေလေ……..။
    ရေကန်ထဲမှာထန်းပင်ပုံလေးတွေပေါ်နေတယ်နော်……..
    အဲဒီထဲမှာ……ငါးလေးတွေတွေ ့ရတော ့ပိုလှသွားပါတယ်…….
    ခံစားကြည် ့ရင်းနဲ ့တွေလိုက်မိတယ်…….ဒီပုံလေးကတော ့………
    ကိုပေါက်ရဲ ့လက်ရာဆိုတာ….တန်းသိလိုက်တယ်….
    မှန်ရဲ ့လား….ကိုပေါက်
    ချစ်ခြင်းမေတ္တာဖြင် ့

  • မဟာရာဇာ အံစာတုံး

    May 9, 2012 at 7:41 pm

    သေချာတယ် ..
    ကန်ထဲက ထန်းပင်ပုံနဲ့ ..
    ရှုခင်းပုံလေးကတော့ ဖေဂျီး လက်ရာတွေပဲ …
    မှန်ရင် မုန့်တွေ ဝယ်ကျွေးရမယ်နော် … 😀

  • မိုးမင်းသားရေ နောက်တစ်ခါဆိုတာတွေက အများကြီးလာအုံးမှာပါ။
    အတူတကွ ဆိုတဲ့ အတိုင်း အတူတကွ ပျော်ပျော်ပါးပါးသွားကြရအောင်ဗျာ။
    မောင်ပေရေ သူကြီးဆီက ရတဲ့ ဓါတ်ပုံဘိုးက အခုဒီအလှူထဲမှာ ထည့်လိုက်ပြီကွဲ့။
    ပြောရအုံးမယ် ကျနော်က ရေကန်ထဲက အမိူက်တွေဖယ်ဘို့ တုတ်ကိုင်တော့ ကျနော်ကို ငါးမထိုးရဘူးလို့
    ဝိုင်းအော်ကြတာ ပျော်စရာကြိးပါဗျာ။

  • kotun winlatt

    May 9, 2012 at 11:01 pm

    ပျော်စရာကြီးးးပဲဗျ…
    ကိုးးးနတ်ရှင်ကမကောင်းးးတော့ ပုံတွေ အစုံမြင်ရဘူးးးဗျာ…။

  • zaw min

    May 10, 2012 at 1:39 am

    အူးပေါက်က အလုပ်တွေ ဒီလောက်မနားတမ်းလုပ်နေတာတောင် ဝိတ်ကလျှော့မသွားဘူးနော်…(စတာနော်)
    ကိုယ်တိုင်မလိုက်နိုင်ပေမယ့် ရွာထဲမှ လိုက်ပါသူတွေက အခုလို ပုံစံမျိုးစုံ၊ရသမျိုးစုံလေးတွေကို မျှဝေပေးတော့ ကိုယ်တိုင်လိုက်ပါခဲ့ရသလိုခံစားရပါတယ်ဗျာ…
    ပုံတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..
    ခင်မင်တဲ့ ဇော်မင်း….

  • surmi

    May 10, 2012 at 2:02 am

    တကယ်ရောက်သွားသလိုဖြစ်အောင် ပြနိုင်ပါပေတယ် …
    ကိုပေါက်ကိုတော.အထူးပြောဖို.မလိုပေမဲ.
    အစ်မပဒုမ္မာကိုတော. လေးလေးစားစားချီးကျူးပါတယ်
    တကယ်ကိုရိုက်နိုင်လို.ပါ …။

  • Khin Latt

    May 10, 2012 at 4:52 am

    ပြောင်းကြီးတစ်ဖက်၊ ထီးတစ်ဖက် နဲ့ ဘုရားတွေကို အားရပါးရ ရိုက်နေတဲ့ အစ်မပဒုမ္မာ ကို မြင်နေတယ်နော်။
    ၁၊ ၆၊ ၈၊ ၁၀၊ ၁၂၊ ၁၃ – အစ်မပဒုမ္မာ။

    ကိုပေါက်ကြီး ရယ်
    ဖတ်ရတာ ဆန့်တငန့်ငန့် နဲ့ ဗျာ။
    ဆက်ဖတ်ဖို့ မျှော်နေပြီ ဗျို့။ 😆

  • တစ်ဆက်ထဲဆိုရင် အရှည်ကြီးဖြစ်မှာရယ်ကြောင့် ဓါတ်ပုံတွေအရင်အမြည်းပေးပြီး
    နောက်မှ စာရေးပါတယ်.။
    သုံးရက်ဆက်တိုက် တင်ပေးမှာပါ ကိုလတ်ရေ.
    ကိုဇော်ရေ ဝိတ်ကမရော့ဆို ကျနော်အစားကြီးတယ်လေ။
    လမ်းလျောက်လေ ပင်ပန်းလေ စားနိုင်လေ ဝလေပါဘဲ။

  • MaMa

    May 10, 2012 at 10:48 am

    ကိုပေါက်
    ၂၊ ၃၊ ၄၊ ၆၊ ၈၊ ၉၊ ၁၀၊ ၁၃၊ ၁၄၊ ၁၅
    ပဒုမ္မာ
    ၁၊ ၅၊ ၇၊ ၁၁၊ ၁၂
    အဖြေမှန်ရင် ဆုချပါ။
    အဖြေမမှန်ရင် မုန့်ကျွေးပါ။ 😛

    သူများတင်တဲ့ပုံတွေကြည့်ပြီး ……
    ကိုယ်သွားနေကျ လမ်းခရီးမို့လို့ ဓာတ်ပုံမရိုက်မိတာကို နောင်တရမိတယ်။ 🙁

  • အမှတ်နှစ်တင်ပြီးပါပြီ ။
    အဲဒီအထဲမှာ မနိုညီမလေးနဲ့ ရွာစားကျော်သားက အထူး သရုပ်ဆောင်ပေးထားပါတယ်.

  • pan pan

    May 12, 2012 at 9:57 pm

    ပုံတွေတော့ အလကားရတိုင်းမ,သွားဘီ လေးပေါက်ရေ
    လေးပေါက်ကတော့ ရေထဲကအမှိုက်ကအစ တုတ်နဲ့ထိုးဖယ်လိုက်ရသေး…။

  • myat pearl phyu

    February 27, 2014 at 2:43 pm

    အလှူ ပွဲ နဲ့ ကြုံ ဆုံ ချင် ပါ သေး သည်…

  • padonmar

    February 27, 2014 at 10:08 pm

    ကိုပေါက်ရေ
    ၂နှစ်ပြည့်တော့မယ်နော်။အဲဒီတုံးက တော်တော်ပျော်ခဲ့ကြတာလွမ်းမိတယ်။
    ရွှေပြည်သာအလှူကျ တကယ်ဆုံမှာနော်။

Leave a Reply