1 ကန်တော်ကြီး အရှေ့ဘက်ခြမ်းက ငုပန်းပင်

2 ငုဝါပန်းပင်လေးရဲ့ နံဘေးက နေပြီးတော့ အဝေးကိုမျှော်ငေး သူ့ဘာတွေ တွေးနေမယ်ဆိုတာ သိချင်စမ်းပါရဲ့

3အရွက်စိမ်းစိမ်း အပွင့်ဝါ၀ါ လှရက်လိုက်တာဗျာ.........

4 အပွင့်ဝါ၀ါ အနီးကပ်

5 ကန်တော်ကြီး အနောက်ဘက်ခြမ်းက ငုဝါပင်

6 ငုဝါပန်းတွေနောက်က ရွှေရောင်တောက်နေတဲ့ ကရိဝိက်ဖောင်တော်ရှိတယ်လေ

7 တံတားနံဘေးက ငုဝါပင်လေး

8 ငုဝါ၀ါ ရေစိမ်းစိမ်း အရိပ်အဖြစ်သိမ်းထားပါတယ်

9 အစိမ်းထဲက အ၀ါ...............

10 ကန်တော်ကြီးအနောက်ဘက်ခြမ်း သံတိုင်နံဘေးက ငုဝါပင်တန်း

 

11 စွယ်တော်စေတီအနီးက ငုဝါပန်း

12 ငုဝါပန်းတွေက အ၀ါရောင်စိုလွင် စွယ်တော်စေတီက ရွှေဝါရောင် အရင့်ဆင်

13 လှလိုက်တာဟဲ့ လို့တောင် ပါးစပ်က လွှတ်ကနဲ့ထွက်သွားပါ၏

14 အနီးကပ်ငုဝါ၀ါ

15 အဆင့်ဆင့် အစီစီ အ၀ါနုလွင်လွင်

 

“ငုဝါပန်းတွေကမြိုင်”

ငုနဲ့ပိတောက်က တစ်ချိန်တည်းလိုလိုပွင့်ပေမယ့် ရနံ့မသင်းတော့ ပန်းပိတောက်အောက်မှာအလိုလိုရောက်

နေရှာတဲ့ပန်းကလေးက တော့ ငုပန်းလေးတွေပါ။.

ကျနော် ငုပန်းပင်ကို တစ်ခါမှမရိုက်ဘူးသေးပါဘူး။

မန်းလေးမှာ ငုပန်းပင်ရှိပေမယ့် အခုတော့ အတော်နည်းသွားပါတယ်။

ဒီတစ်ခါ ရန်ကုန်အရောက်သွားလေရာရာမှာ အ၀ါလွင်လွင်အလှဆင်တဲ့ငုပန်းပင်တွေကိုတွေ့ပါတယ်။

ကားပေါ်ကဆိုတော့ လှမ်းရိုက်လို့လဲမရ ဆင်းနေလို့လဲမဖြစ် အဲတော့ စိတ်ထဲမှာ မချင့်မရဲနဲ့။

ဒီလောက် ငုဝါချင်တဲ့သူဆိုပြီး လုလင်က ကန်တော်ကြီးထဲလိုက်ပို့ပါတယ်။.

စိတ်တိုင်းကျနှက်လိုက်ရသပေါ့။.

နောက်ရက် စွယ်တော်ဘုရားဘက်လမ်းလျှောက်ထွက်တော့ လှချက်က ရက်စက်တဲ့ငုဝါ၀ါတွေကိုမြင်ရတော့

ဘာပြောကောင်းမလဲပေါ့။

ကဲ………………………….

 

ကိုပေါက်လက်ဆောင် မြန်မာပြည်က အလှတရားများ

(8-5-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။