မန္တလေးဂေဇက်နဲ.တာဝန်ရှိသူမျးကိုအထူးကျေးဇူးတင်ပါတယ်

Kyaw SoeAgMay 8, 20121min20419

မန္တလေးဂေဇက်မှ Adminများခင်များ

ကျွန်တော် ပြီးခဲ.တဲ.(၃.၅.၁၂)ရက်နေ.လောက် က ရခိုင်ပြည်နယ်သံတွဲမြို.က မီးဘေးသင်.ဈေးသည် ၊ ကျွန်တော်.ရဲ.နစ်နာမှု တွေကို post ရေးပြီးတင်ပြခဲ.ပါတယ်၊ဆိုင်ခန်းမီးလောင်ခံရတဲ.အပြင် ၊ဈေးကော်မတီ ရဲ.မသမာမှု ကြောင်. လုပ်ငန်းနဲ.မသက်ဆိုင် တဲ.နေရာမှာ ဆိုင်ခန်းနေရာချထားခံရလို.ပါ

Postတင်ပြီး ၂ရက်  လောက်အကြာမှာ ပဲ သံတွဲ စည်ပင်သာယာရေးအဖွဲ.မှ   အမှုဆောင်အရာရှိ   နဲ. ဈေးကော်မတီ  အပါအဝင်တာဝန်ရှိသူများ ကိုယ်တိုင် လာရောက်ပြီး  ၊ ကျွန်တော် .အား စစ်ဆေးခဲ.ပါတယ်၊ကျွန်တော်ရဲ.နစ်နာမှုတွေကို သေချာစုံစမ်းမေးမြန်းပြီး  အခု ဆိုင်ခန်းနေရာ အသစ်ကိုပြောင်းလဲ ချထားပေးခဲ.ပါတယ်

အခုချထားပေးတဲ.ဆိုင်ခန်း က သားငါး တန်းမှာ ပဲဖြစ်လို. ကျွန်တော်. ရေခဲရောင်းတဲ. လုပ်ငန်းနဲ. ပတ်သက်ပြီး အဆင်ပြေပါတယ်၊

အခုလို ကျွန်တော် ကိစ္စ အဆင်ပြေ ရတာ ဟာ မန္တလေးဂေဇက် ကတဆင်.တင်ပြမိလို.ပါ ၊ ပြီးတော.  တာဝန်ရှိ  လူကြီးများ ကလည်း အောက်ကတင်ပြလာတဲ.နစ်နာမှု တွေကို အလေး ထား ဆောင်ရွက်ပေးလို.ပါ၊

ဒီကိစ္စ နဲ. ပါတ်သက်ပြီး   မန္တလေးဂေဇက်မှ Admin များကို ၎င်း၊  သံတွဲခရိုင် စည်ပင်သာယာရေးမှ အမှု ဆောင်အရာရှိ နဲ.တကွ ၊ ဈေးကော်မတီ တာဝန် ရှိသူများကို၎င်း၊  အခြားသောကျေးဇူးတင်ထိုက်သူများကို၎င်း  အထူးပဲကျေးဇူးတင်  လျှက်ရှိပါတယ်   ခင်များ

ဦးသိန်းထွန်း (ရေခဲ အရောင်းဆိုင်)

၁၂/မဂတ( နိုင်) ဝ၁၂၅၇၂

ဆိုင်အမှတ်  ၁၀/၄၃  ( ယခု အသစ်နေရာ ချထားပေးသော သံတွဲယာယီဈေးမှ ဆိုင်ခန်းလိပ်စာ)

19 comments

  • MTY

    May 8, 2012 at 7:45 am

    ကြည်နူးဝမ်းမြောက်ရပါတယ်။

  • windtalker

    May 8, 2012 at 9:00 am

    သည်စာအရဆိုရင် ကျုတို့ မန်းဂေဇက်ဟာ ပြည်သူကို အကျိုးပြု နိုင်တဲ့ လွှတ်တော် အမတ် ဖြစ်ပြီပေါ့ဗျာ။ ဘရာကြော်ပါ အိုင်ခူး။

  • ဆူး

    May 8, 2012 at 9:19 am

    ကောင်းလေစွ ကောင်းလေစွ..
    အမှန်တော့ ဒီ ဆိုဒ်မှာ ရေးတာ ဖတ်သွားပြီး အဆင်ပြေအောင် ပြန်လုပ်ပေးတာ..
    ဒီဆိုဒ်က သဂျီးက အဲလောက် ပါဝါ မကြီးဘူး.. မျက်မှန် သေးသေးလေးတပ်တာမိုလို့.. 🙂 😉

  • kyeemite

    May 8, 2012 at 9:29 am

    ဝမ်းသာပါတယ် ဦးသိန်းထွန်းခင်ဗျား..
    အားလပ်တဲ့အခါ ကိုယ့်အတွေ့ အကြုံလေးတွေကို
    စာစီပီး ဂေဇက်မှာဝေမျှဘို့ တိုက်တွန်းပါတယ်..

  • ဗိုက်ကလေး

    May 8, 2012 at 10:35 am

    အဆင်ပြေသွားတဲ့ အတွက် ဝမ်းသာတယ်ဗျို ့
    သဂျီးဆို ပုဆိုးခါးတောင်းကျိုက်ြုပီး ထတောင် ကနေပြီ..
    ဟိုမှာကြည့်
    😆

  • laypai

    May 8, 2012 at 10:43 am

    ဟုတ်တယ် ဗျ၊ ပို့ တင် ပြီး အခု လို ထိ ရောက် မှု ရှိ သွား တဲ့ အကြောင်း ပြန် ရေး ပေး တာ ကို သဘော ကျ အားပေးပါ တယ်။
    ကြာပါပြီ တနှစ် နီးပါး လောက် က အကြောင်း ပြန်ပြော ပြချင် တယ်။
    မြေနီကုန်း လန်းဆုံ ပဒုမ္မာ ကွင်း ဘက် ပန်းခြံ ထောင့် ပလက်ဖောင်းကို ခွ ပြီး ကြော်ညာ ဘုတ် ထောင် ဖို့ ဖောင်ဒေးရှင်း ချနေ တုံး မန်းဂေဇက် မှာ ပို့ ရေးတင်လာတာ တွေ့ တယ်။ ဘယ်သူရေးတင်တယ် ဆိုတာ တော့ မ မှတ်မိတော့ ဘူး။
    laypai လည်း ဟုတ်တဲ့ အကြောင်း ခွ ကျော် လျောက်ခဲ့ ရ ကြောင်း အဲဒီ ပို့ မှာ မှတ်ချက် ရေးခဲ့ တယ်။

    နောက် သုံး ရက် လောက် မှာ အဲ ဒီ ကို ပြန်ရောက် တော့ ပလက်ဖောင်း ကို ဆိုးဆိုးရွားရွား ခွ ဆောက်ထားတဲ့ ကြော်ညာဘုတ် ဖောင်ဒေးရှင်း မရှိ တော့ ဘူး။
    အဲဒီတုံး က တိုက်ဆိုင် တာလား မသိဘူး လို့ သံသယ ရှိ ခဲ့ ပေ မဲ့ ခု ပို့ နဲ့ အတူ အဲ ဒီ သံသယ ပြေ ပျောက် သွားပါ ကြောင်း ဝန်ခံ ရင်း မန်းဂေဇက် ဧ။် ထိရောက်မှု အား သိစေအပ်ပါသည်။

  • htet way

    May 8, 2012 at 10:48 am

    ဒီလို သိရတာ ဝမ်းသာတယ်
    ဂုဏ်ယူတယ်

  • manawphyulay

    May 8, 2012 at 10:52 am

    သံတွဲရောက်ရင်တော့ ရေခဲလာဝယ်ပြီး အားပေးမယ်နော်…. လုံးသာ၊ ဂျိပ်တော့ရွာလေးတော့ သတိရမိပါတယ်။

  • water-melon

    May 8, 2012 at 11:45 am

    ဦးလေးနဲ့အတူ ထပ်တူထပ်မျှခံစားရပါတယ်
    ဝမ်းသာပိတီဖြစ်မိပါတယ်

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 8, 2012 at 12:02 pm

    ကောင်းလေစွ … ကောင်းလေစွ

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 8, 2012 at 12:03 pm

    ကောင်းလေစွ … ကောင်းလေစွ … ဒီလိုဖြစ်သင့်နေတာကြာပါပြီ

  • jujuma

    May 8, 2012 at 12:38 pm

    ဝမ်းသာစရာသတင်းပါပဲနော် …
    ခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးပါ ….

  • Thel Nu Aye

    May 8, 2012 at 1:57 pm

    အင်းရဲဟရဲဟ ဘာလို့များဘယ်သူတွေကအညှိးနဲ့ရဲနေပါလိမ့်။

  • Thel Nu Aye

    May 8, 2012 at 2:20 pm

    အများအကျိုးပြုဆိုဒ်ဖြစ်တဲ့ဂေဇက်အဖွဲ့ဝင်ဖြစ်ရတာ ဂုဏ်ယူပါ၏။ နောင်ကိုလဲ ဂေဇက်ကြီး ဒီထက်မက အကျိုးပြုနိုင်ပါစေ။ ဂေဇက်ကြီးသက်တော်ရာကျော်ရှည်ပါစေလို့လဲဆုတောင်းလိုက်ပါတယ်။

  • ရွှေအိမ်စည်

    May 8, 2012 at 2:52 pm

    မုဒီတာပွား….ဝမ်းမြောက်မိကြောင်းပါ

    ကျေးဇူးတုန် ့ပြန်သော

    ဦးသိန်းထွန်း (ရေခဲ အရောင်းဆိုင်)

    ၁၂/မဂတ( နိုင်) ဝ၁၂၅၇၂

    ဆိုင်အမှတ် ၁၀/၄၃ ( ယခု အသစ်နေရာ ချထားပေးသော သံတွဲယာယီဈေးမှ ဆိုင်ခန်းလိပ်စာ)

    ကိုလည်းလေးစားပါတယ်.။။

    မင်္ဂလာသတင်းတစ်ခုမလို ့မျှဝေခွင့်ပြုပါခင်ဗျား

  • R Ga

    May 8, 2012 at 3:26 pm

    ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

    ရင်ထဲမှာ အေးချမ်းသွားတယ် ရေခဲရေ…
    .နှလုံးသားထဲအေးချမ်းသွားတယ်ရေခဲရေ
    ဆိုသလို ထပ်တူထပ်မျှ…အေးချမ်းမှုကူးစက်သွားပါကြောင်း။

  • မဟာရာဇာ အံစာတုံး

    May 8, 2012 at 3:43 pm

    ခုလို အဆင်ပြေသွားတာ
    ဝမ်းသာမိကြောင်းရယ်ပါ …

  • Gipsy

    May 8, 2012 at 9:46 pm

    ဒီလိုဆိုတော့လဲ မဆိုးရှာပါဘူး …
    ကျေးဇူးတင်ထိုက်ခံ ဖြစ်သင့်ပါတယ်…
    ပျက်အစဉ် ပြင်ခဏ ဆိုတာမျိုးထင်ပါ့…။

  • maungmoenyo

    May 10, 2012 at 10:19 am

    စတုတ္ထမဏ္ဍိုင်…။

Leave a Reply