စဉ်းစားကြစေလိုပါတယ် ( ၂၁ ) ( ကား ပါမစ် )

Foreign ResidentMay 8, 20121min20815

စဉ်းစားကြစေလိုပါတယ် ( ၂၁ ) ( ကား ပါမစ် )

 

အင်း ဒီ Post ကတော့

” ster ” ရေးထားတဲ့

” ကားတင်သွင်းခွင့် ”

ဆိုတဲ့ Post ကို ဝင်မန့်ရင်း ရှည်သွားလို့ ။

Post တစ်ခု သတ်သတ် လုပ်လိုက်ရတာပါ ။

 

kai says:

” ကားတင်သွင်းခွင့်(ပါမစ်)ကို.. ဘာအကန့်အသတ်မှမထားပဲ.. ပေးသွင်းသင့်ပါတယ် “

 

မလုပ်ပါနှင့် သူကြီးရယ်

ငါးနှစ် ရှေ့ပိုင်း ( eg ; ၂၀၀ရ ) ဆိုတာမျိုးလေးတွေတော့ ထားသင့်ပါတယ် ။

နို့မို့ရင် ကျုပ်တို့နိုင်ငံ မလဲ ဂျပန်ရဲ့ ကားသချိုင်းကြီးကိုဖြစ်လို့ ။

သူများနိုင်ငံက သူများသုံးပြီးသားအကျ ကားအဟောင်းကြီး တွေကို ၊

ဒီနိုင်ငံမှာ သူဌေးလုပ်ပြီး စီးနေရတာနှင့်တင် စိတ်မကောင်းလွန်းလို့ ။

 

ကား မေါ်ဒါယ်တွေ သိပ်ဟောင်းလွန်းတော့လည်း ၊

Generally ပေါ့ လုံခြုံရေး အဆင့်မမှီယုံတင်မကဘူး ၊

သဘာဝပါတ်ဝန်းကျင်လည်း ထိခိုက်တယ်ဗျ ။

 

ဦးဦးပါလေရာ says:

” မော်တော်ယာဉ်တင်သွင်းမှု့မူဝါဒနဲ့ညီတဲ့-

၂၀၀ရ မော်ဒယ်အထက် ၁၃၀ဝ စီစီအောက် အိမ်စီးကားသေးတွေပဲ သွင်းခွင့်ရမှာပါ “

 

ဦးဦးပါလေရာ ရဲ့

Eleven News ထဲမှာတော့

” နိုင်ငံခြားငွေ Account ဖွင့်ထားသူတိုင်း ၂၀၀ရ မော်ဒယ်အထက် ကားများ

လွတ်လပ်စွာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း “

လို့ရေးထားတယ်ဗျ ။ ၁၃၀ဝ စီစီအောက် အိမ်စီးကားသေး လို့ မပါဘူးနော် ။

အဲဒီအချက် အရေးကြီးတယ်ဗျ ။

 

နောက်တစ်ခုက ၂၀၀ရ အထက်ဆို အခွန် တော်တော်များတယ် ။

စုစုပေါင်း ၁၆၅ % လားမသိဘူး ။ အဲဒါကိုရော မလျော့ပေးတော့ဘူးလား ။

 

ကြားတာကတော့ အခွန်ကို တစ်ဆင့်ခြင်း ညှစ်ယူနေတာပါတဲ့ ။

 

၂၀၁၅ ခုနှစ်မှာ အာဆီယံ AFTA စည်းမျဉ်းတွေကို စပြီး လိုက်နာရတော့မှာပါ ။

အဲဒီအခါကြရင် ၊ ကားပါမစ် ဆိုတာ မရှိတော့တဲ့ အပြင် ၊

အပေါ်မှာ ရေးထားတဲ့ စုစုပေါင်း အခွန် ၁၆၅ % ဆိုတာကိုလည်း ၊

၅ % ကိုလျှော့ပေးရတော့မှာပါ ။

 

အဲဒီတော့ လောလောဆယ် မြန်မာပြည်ထဲမှာ ငွေပိုငွေလျှံလေး ရှိနေတဲ့သူတွေကို ၊

၂၀၁၅ မတိုင်မှီလေးမှာ ကားတွေ စုပြုံသွင်းခိုင်းထားပြီး ၊

အခွန်လေးတွေကိုလည်း ၁၆၅ % နှင့် ဆောင်ခိုင်းထားတာပါ ။

 

ဥပမာပေးရရင်

Hand Phone တွေကို ၁၅ သိန်း ဈေး နှင့် ၁၅ သိန်း ပေးနိုင်တဲ့သူတွေ

မြန်မာပြည်မှာ ကုန်လောက်တဲ့ အထိရောင်းတယ် ။

 

၁၅ သိန်း ပေးနိုင်တဲ့သူတွေ ကုန်ပြီလား ။

လာမယ်လေ ၊ ၅ သိန်း အထိလျော့ချပြီး ၊

၅ သိန်း ပေးနိုင်တဲ့သူတွေ မကုန်မချင်း ညှစ်ရောင်းတယ် ။

 

၅ သိန်း ပေးနိုင်တဲ့သူတွေ ကုန်သလောက်ရှိသွားပြီလား ၊

ဒါဆို ၂ သိန်း ပေးနိုင်တဲ့သူတွေ ကို ဆက်ရောင်းပေးမယ် ။

၂ သိန်း ပေးနိုင်တဲ့သူတွေ ကော ကုန်သွားပြီလား ။

ဟဲ ဟဲ ၊ ၁ သိန်း ကို လျော့ပေးမှာပေါ့ကွယ် ။

 

အဘ အစိုးရကို အပြစ် မဆိုပါဘူးကွယ် ၊

သူတို့မှာလည်း ဘတ်ဂျက် လိုငွေတွေ အရမ်းပြနေတာကိုး ။

ဒီလိုပဲ လုပ်ရမှာပေါ့လေ ။

 

အခုချက်ချင်း ကားသွင်းပြီး စုစုပေါင်း အခွန် ကို ၁၆၅ % နှင့်

ဝမ်းပမ်းတစ်သာ ဆောင်ချင်ကြသူများကိုလည်း အားပေးပါတယ်ကွယ် ။

နိုင်ငံတော်ကြီးအတွက် တစ်တပ်တစ်အား အခွန်ဆောင်ပေးကြတာပဲ ။

အားပေး ချီးမြှောက်သင့်တာပေါ့ ။

 

ဒါပေမယ့် ၂၀၁၅ ကျရင် AFTA စည်းမျဉ်းတွေကို လိုက်နာရတဲ့အခါ ၊

ကားတင်သွင်းခွန်ကို ၅ % ပဲဆောင်ရတော့မှာမို့ ၊

ကားဈေးတွေ အခုထက်ကို ထပ်ကျဖို့ ရှိနေတယ် ဆိုတာလေး သိထားရင် ပြီးတာပါပဲ ။

 

မှတ်ချက် ။  ။ အဘ အပေါ်မှာပြောထားတဲ့ အခွန် ၁၆၅ % ၊ ၅ % ဆိုတာတွေက

သင်္ဘောပေါ်ကနေ ရေးရတာဖြစ်တဲ့အတွက် မေးရမယ့် လူမရှိတော့ သိပ်မတိကျနိုင်ပါ ။

AFTA ဝင်ရင် ၅ % ကိုလျော့ပေးရမယ် ဆိုတဲ့ သဘောလေးကိုပဲ ပြောချင်တာပါ ။

 

စဉ်းစားကြစေလိုပါတယ် ။

 

အဘ Foreign Resident

 

15 comments

  • Foreign Resident

    May 8, 2012 at 8:19 am

    ဟင့် ၊ အဘ လည်း ကားပါမစ် လျှောက် ကို မ လျှောက် လိုက်ရဘူး ။
    ဒီတစ်ခါ သင်္ဘော ဆင်းတော့မှ ကားပါမစ် လျှောက်မယ်လို့ စဉ်းစားထားတာ ။
    အခုတော့ အခုတော့ ပိုက်ပိုက် ရမယ့် နည်းတနည်းတာ့ လျှော့သွားပြီပေါ့ ။
    ဟင့် ၊ ပါမစ်ဈေး ၆ဝ ဆိုရင် တော်တော်သုံးရမှာ ။
    ကို Black Chaw ကြီး ရေးထားတဲ့ ချိုပေါ့ကျ လေးတွေဆို
    တော်တော် သောက်ရမှာ ။ 😛

    • Thel Nu Aye

      May 8, 2012 at 1:56 pm

      အောင်မယ်လေးအဘရယ်။ ၆ဝ ကပိတ်သွားမှဖြစ်သွားတာပါ။ ပိတ်ပိတ်ချင်းနေ့ခင်းကဆို ၈၅ ထိတက်သွားတာ။ မပိတ်ခင်က ၂၅ ပဲရှိတယ်။ မသွင်းပဲ ကိုင်ထားတဲ့သူတွေ၊ နောက်ကျ လို့ပိတ်ပြီး မှပါမစ်ကျတဲ့ သူတွေတော့ကိုက်တာပေါ့။ အဲလိုမှန်းသိလျှောက်လိုက်ပါတယ်ဆိုတဲ့သူတွေလဲ ရှိတယ်။ အခုပြန်ဖွင့်ရင်တော့လျှောက်ပြီး မရောင်းပဲကိုင်ထားမယ်။ ပိတ်မှတက်ဈေးရောင်း မယ်စိတ်ကူးတဲ့ သူတွေတော့ အခုအမိန့်အရတော့ သေပီဆြာ ပဲအဘဖောရေ။

  • Inz@ghi

    May 8, 2012 at 8:25 am

    ကျုပ်တို့နိုင်ငံ မလဲ ဂျပန်ရဲ့ ကားသချိုင်းကြီးကိုဖြစ်လို့

    ဟုတ်ပါ့အဘရယ် …
    သည်ကျွန်းမယ် ကားအဟောင်းဆိုသည်မှာ
    ဟန်းနီးမွန်း ခရီးမှာ သွေးဆုံးသွားတဲ့ သတို့သမီး လိုပါပဲဗျာ….
    ကြည့်လုပ်ကြပါ ကိုယ့်ဆြာတို့…

    သများကတော့ …
    အိုဘယ့် ၂၀၁၅….

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • မှော်ဆရာ

    May 8, 2012 at 8:49 am

    တို့ကတော့ ပူကို မပူတာ …
    ခုလောလောဆယ်မှ မဝယ်နှိုင်သေးတာကိုး 🙂

  • ကြောင်ကြီး

    May 8, 2012 at 10:11 am

    မြန်မာပြည်မှာ အခွန်စနစ် မဖွံ့ဖြိုးဒေါ့ အစိုးမရအဖို့ သယံဇာတတွေ ကုန်ဂျမ်းဇေးနဲ့ ထုတ်ယောင်း၊ လှီးလိုရဒဲ့ ပြည်ဒွင်းစားသုံးသူဒွေဆီဂ ရသလောက်လှီးရဒါပေါ့..။ ကားများဒါဒေါ့ ဟုတ်ပါဘီ.. နောက်ဆက်တွဲ ပြသနာတွေ ထိန်းဖို့ ဘယ်လို အကြံအစည်ရှိလည်း မသိဘူးနော်..။ လိုင်စင်ဂျေးဒွေ တက်လာနိုင်စရာရှိဒယ်။ ကညနရုံးဂ ဆြာဒွေ ထောဂျအုံးမှာပေါ့…။

  • ဦးဦးပါလေရာ

    May 8, 2012 at 10:51 am

    ကိုဖေါရင်း နဲ့ ရွာသားတို့ရေ…
    မနေ့ကထွက်တဲ့ သတင်းက ၁၃၀ဝ စီစီအောက်လို့ပြောပြီး (ပြောတဲ့သူက အစည်းအဝေးတက်တဲ့သူ)
    ဒီကနေ့မနက်ကျတော့ စီစီမကန့်သတ်ဘူး လို့ ဖြစ်ပြန်ရော…။ (ပြောတဲ့သူက ပို့ဆောင်ရေးက…တဲ့)
    ဒီမနက် မှာတော့ ကားနဲ့ပတ်သက်ထားတဲ့ ရန်ကုန်သား တသောင်းကျော်လောက် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသဗျာ..။

    အဲဒါကြောင့်ပြောတာ… ဒီနိုင်ငံနေတာ ပျင်းစရာမကောင်းဘူး…
    အမြဲစိတ်လှုပ်ရှားစရာတွေပြည့်နေတာ… 😀 😀 😀

  • Thel Nu Aye

    May 8, 2012 at 1:59 pm

    သများတို့တော့ ၂၀၁၅ မှပဲ ၅ % နဲ့ကားဝယ်စီးတော့မယ်။ အဲဒီကျတော့ ပါမစ်လဲမရှိတော့ဘူးကြားတယ်။ ဂျပန်ကကားပေါက်ဈေးနဲ့အခွန် ၅% ပဲပေးရမယ်ဆိုတန်မှတန်။ အဲကျမှစီးတော့မယ်အဘရေ။ အခုလဲမတန်သေးဘူး။ အခွန်ကအဘပြောသလိုများတုန်းပဲ။

    • Foreign Resident

      May 8, 2012 at 2:44 pm

      မ Thel Nu Aye ရေ
      တစ်ခုတော့ သတိထားစရာရှိတယ်နော် ။
      အဲဒီ ၂၀၁၅ ကျရင် အခွန် က ၅ % ကို ကျော်လို့မရပေမယ့် ၊
      သူတို့က က ည န ရဲ့ ကားမှတ်ပုံတင်ကြေးကို ဟိုးထိပ် အထိ ဆွဲတင်လိုက်နိုင်တယ် ။

      ဥပမာ စင်္ကာပူမှာ C O E ( Certificate of Entry ထင်တယ် )
      ( ကားမှတ်ပုံတင်ကြေး နှင့် သဘော တူမယ် )
      အဲဒီကြေးက ဒေါ်လာ လေးသောင်းလောက် ရှိတယ် ။

      အင်းးး ၊ အဓိက ကတော့ အာဏာပိုင်များ ရဲ့သဘောပါပဲကွယ် ။
      ဘယ်တတ်နိုင်မလည်း ၊ ရှင်တို့က ရဲတွေကိုး ။ ဆိုသလိုပေါ့လေ ။

      • Thel Nu Aye

        May 8, 2012 at 6:50 pm

        အင်းအဲဒါဆိုလဲတမျိုးစဉ်းစားကြသေးတာပေါ့အဘရယ်။

  • kyeemite

    May 8, 2012 at 2:23 pm

    ဟုတ်ပါ့ ကိုပါလေရာရေ..အမြဲစိတ်လှုပ်ရှားစရာတွေပြည့်နေတဲ့အပြင်
    ငွေကြေးအရှုံးအမြတ်တွေပါတွဲပါလို့ နှလုံးရောဂါရှိသူဆို ဘိုင်းကနဲလဲသေလောက်ပါရဲ့…

  • ster

    May 8, 2012 at 2:57 pm

    ဒီနေ.တော. စလစ်ဈေးတွေ ထိုးဆင်းကုန်ပြီ။ သိန်း(၁၁၀) နဲ.ရောင်းတာ အဝယ်မရှိဘူး။

  • myanmarcitizen

    May 8, 2012 at 3:31 pm

    ပါပစ်မလိုပဲတင်သွင်းခွင့်ပေးလို့ကြိုဆိုပါတယ်။ ကောင်းပါတယ်။ ကားများလို့လမ်းတွေပိတ်တာကိုတော့ မလိုလားဘူး။ ဂုံးကျော်တံတား တွေမပြီးခင် စွတ်သွင်းပြီးစီးကြလို့ လမ်းတွေပိတ်ပြီး ရုံးသွားနောက်ကျမှာ ကိုတော့ဆိုးရိမ်မိတယ်ဗျာ။ ကိုတွေကလိုင်းကားစီးတဲ့သူတွေလေ (ပါမစ်မလိုဘူးဆိုလဲ အခွန်တွေ အကြေးတွေ ကများတော့ မစီးနိုင်ပါဘူး 🙂 )။ အခုကားဟောင်းဖျက်သိမ်း တာနဲ့တင်တော်တော် ပိတ်နေပြီ။ အဲ့ဂုံးကျော်တံတား တွေကလဲ ၄ လနဲ့ အပြီးဆောက်မယ် ပြောပြီး အခုတော့ မြေပေါ်မှာ ခဲခြစ်တာနဲ့တင် ၄လ ကျော်သွားပြီထင်တယ်။ လမ်းတွေပိတ်မယ့်အရေးလဲ စဉ်းစားကြစေလိုပါတယ် ဗျာ။

  • ster

    May 8, 2012 at 3:57 pm

    တင်သွင်းမယ်. အစီးရေ ကန်.သတ်ချက်ကို ကြိုတင်ပြီးသေသေချာချာ စဉ်းစားသင်.နေပါပြီ။ ဂုံးကျော်တွေ လုပ်ရုံနဲ. ပြီးသွားမယ် မထင်ဘူး။ ဒီ ပွိုင်.ကျော်သွားရင် နောက်ပွိုင်.သွားပိတ်မှာပေါ.။ ဘုရင်.နောင်ဂုံးကျော်တံတားကတော. ရုံးခန်းဆောက်ပြီး လေ.လာတုန်း အဆင်.ပဲ ရှိသေးတယ်နဲ.တူတယ်။ မိုးတောင်ကျတော.မယ်။ တခြားတိုးတက်မှု.တော. မတွေ.သေးဘူး။ လမ်းတွေကတော. တော်တော်ပိတ်နေပြီ။

    • myanmarcitizen

      May 8, 2012 at 5:00 pm

      လမ်းတွေကိုတော့ သေချာလုပ်မယ်မစိတ်ကူးဘူး။ နောက်လုပ်မယ့် ဘုရင့်နောင်တံတား အသစ်ကလဲပြီးသွားပြီ ဆိုင်းပုဒ်လေ :-)။ (ဘုရင့်နောင်တံတား တည်ဆောက်ရေးစီမံကိန်းနေရာ ဆိုပြီး ထောင်ထားတယ်)။

      • Thel Nu Aye

        May 8, 2012 at 6:58 pm

        ကားကြပ်တဲ့ကိတ်စကတော့ လမ်းချဲ့၊ တံတားထိုးရုံနဲ့မရပါဘူး။ သယ်ယူပို့ဆောင်ရေးချောမွေ့ ဖို့ ချောင်ချိဖို့ဆိုရင် မြို့ပါတ်ရထားကိုအဆင့်မြှင့်ဖို့လိုမယ်လို့ထင်ပါတယ်။ ဒါဆိုရင် ဘတ်စ်ကား တစီး မှာလူ ၅ဝ ပဲပါနိုင်ရင်၊ ရထားဆိုလူထောင်ချီပြီးပါသွားတာမို့ ဘတ်စ်ကားတွေလဲ မှတ်တိုင် မှာကျောက် ချတာတို့ ပြိုင်မောင်းတာတို့ လမ်းပိတ်ရပ်တာတို့ နဲသွားမယ်ဆိုရင် လမ်းကလဲ အလိုလို ပွင့်သွားပြီး ကားတွေကဂျမ်းမဖြစ်တော့ဘူးလို့ထင်ပါတယ်။

Leave a Reply