ဆု နှင့် လာဘ်

Moe ZMay 8, 20121min22725

“ဆုလာဘ်”ဟူသော ဝေါဟာရကို ကျွန်မတို့ မကြာခဏအသုံးပြုကြပါသည်။ ထိုစကားလုံးကို မြန်မာစာအဘိဓာန်၌ မည်သို့အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတော့ ကျွန်မ မလေ့လာရသေးပါ။ ကျွန်မ၏အယူအဆမှာ ဆုနှင့်လာဘ်သည် အဓိပ္ပါယ်လုံးဝကွဲပြားခြားနားပါသည်။ “ဆု”ဟူသည် တစ်ဦးတစ်ယောက်၏စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုကို အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ “လာဘ်”ဟူသည် တစ်စုံတစ်ဦးအား မိမိ၏အလိုဆန္ဒအတိုင်းဖြစ်လာစေရန် တွန်းအားပေးခြင်းနှင့် စွဲဆောင်သိမ်းသွင်းခြင်းဖြစ်သည် ဟုဆိုချင်ပါသည်။

အကယ်၍မိမိမှ ကလေးတစ်ယောက်အား “အိမ်စာတွေပြီးအောင်လုပ်ရင် မင်းကြိုက်တဲ့သကြားလုံးဝယ်ကျွေးမယ်” ဟု ပြောလိုက်ခြင်းသည် ကလေးအားလာဘ်ထိုးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ပြောလိုက်ခြင်းဖြင့် ကလေး၏အိမ်စာပြီးအောင် ကြိုးစားအားထုတ်မှုမှာ သကြားလုံးတစ်ထုပ်အတွက်ဖြစ်သွားပါသည်။ ကလေးများနှင့် ဈေးဝယ်ထွက်သည့် အခါမျိုးတွင်လည်း ကုန်တိုက်တွင် ဟန့်တားမရနိုင်အောင် ပြေးလွှားဆော့ကစားနေခြင်းမျိုးရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ကလေးများရပ်တန့်သွားအောင် “ငြိမ်ငြိမ်နေရင် မင်းတို့ကြိုက်တဲ့ချောကလက်တစ်တောင့်စီဝယ်ပေးမယ်” ဟူသောစကားမျိုး ပြောမိကြပါသည်။ ထိုနည်းလမ်းသည် တစ်ခဏတော့အသုံးကျပါလိမ့်မည်။ သို့သော် သိပ်မကြာခင်မှာပင် မိမိကိုယ်တိုင်၏အရေးပါအရာရောက်မှုနှင့် မိဘတစ်ယောက်၏အရှိန်အဝါမှေးမှိန်သွားသလို ခံစားမိပါလိမ့်မည်။ ကလေးများအနေဖြင့်လည်း မိဘများကိုအကြပ်ကိုင်နိုင်မည့် မကောင်းသောအမူအကျင့်တစ်ခုကိုလည်း  ရှာဖွေတွေ့ရှိသွားမည်ဖြစ်ပါသည်။ မိဘများသည် မိမိတို့သားသမီးများအား ငယ်စဉ်ကပင်လာဘ်လာဘကို မျှော်ကိုးတတ်သူများအဖြစ် ပုံမသွင်းမိဖို့ရန် အလွန်အရေးကြီးပါသည်။

ကလေးများအား မိမိဖြစ်စေချင်သလိုလိုက်နာရန်အတွက် မလိုအပ်ပဲ ပူဆာသမျှကိုဝယ်ပေးခြင်းသည်လည်း ကလေးအားဖျက်ဆီးရာရောက်ပါသည်။ ကလေးများငွေကြေးတန်ဖိုးကို နားမလည်အောင်၊ ငွေကိုအလွယ်တကူ ဖြုန်းတတ်သူများဖြစ်အောင် လမ်းကြောင်းပေးရာရောက်ပါသည်။ မိဘများအနေဖြင့် ကလေးများအားလာဘ်ထိုးခြင်း (သို့) သူတို့နှစ်သက်သော အစားအသောက်၊ ပစ္စည်းတစ်ခုခုဖြင့် စွဲဆောင်သိမ်းသွင်းခြင်းသည် ကလေးများအား သူတို့ဝါသနာပါရာ လမ်းကြောင်း၊ ရည်ရွယ်ချက်များမှ လမ်းလွဲသွားနိုင်သည်ကို အထူးဂရုပြုစေချင်ပါသည်။ (ဥပမာ- ကလေးစိတ်ပါဝင်စားသည့် ဘာသာရပ်ကို မသိပဲ “သချင်္ာဘာသာရပ်မှာ အမှတ်ပြည့်ရလျှင် လိုချင်တာဝယ်ပေးမည်” ဟု မပြောသင့်ပါ)။ အကယ်၍ ကလေးသည် သိပ္ပံဘာသာရပ်ကို နှစ်သက်ကျွမ်းဝင်သူဖြစ်လျှင် မိမိမှဝယ်ပေးမည့်ပစ္စည်းအတွက် သူ မကြိုက်သော ဘာသာရပ်ကို လေ့လာဖို့ရန် ပိုမိုအားထုတ်ရမည့်အပြင် ထင်သလောက်ခရီးမရောက်နိုင်သည့်အခါ သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု လျော့နည်းသွားနိုင်သလို သူနှစ်သက်သည့် ဘာသာရပ်မှာလည်း အားနည်းသွားနိုင်ပါသည်။ ကလေးများကိုယ်တိုင် လိုလားနှစ်ခြိုက်စွာရွေးချယ်သောလမ်းကြောင်းတွင် အောင်မြင်မှုများရစေရန် မိဘများမှ ပံ့ပိုးပေးသင့်ပါသည်။

မိဘအများစုသည် သားသမီးများကို ကိုယ့်အားကိုယ်ကိုးတတ်စေရန် ပြုစုပျိုးထောင်ပေးနိုင်မှုတွင် အားနည်းကြပါသည်။ မူလတန်းတက်သည့်အရွယ်အထိ အိမ်မှလူများက ထမင်းလိုက်ခွံ့ကျွေးတတ်ကြသည်။ ကလေးတစ်ယောက်သည် အသက်သုံးနှစ်အရွယ် မူကြိုတက်သည့်အချိန်မှစတင်ကာ တစ်ခြားတစ်ယောက်မှ ဖိနပ်ကြိုးချည်ပေးခြင်း၊ ထမင်းခွံ့ကျွေးခြင်း၊ ကျောင်းလွယ်အိတ်ကိုကူသယ်ပေးခြင်းမျိုး မလုပ်ပေးသင့်ပါ။ ကလေးမှ သူကိုယ်တိုင် လုပ်နိုင်စွမ်းရှိကြောင်းသိပါစေ။ အိမ်တွင်လည်း သူကိုယ်တိုင်၏အရေးပါမှုကို သိရှိစေနိုင်ရန် တာဝန်များခွဲဝေပေးထားပါ။ (ဥပမာ- အရုပ်များသိမ်းဆည်းရှင်းလင်းခြင်း၊ အိမ်မွေးတိရစာ္ဆန်များအား အစာကျွေးခြင်း၊ ထမင်းစားပွဲခင်းကျင်းခြင်း(သို့)သိမ်းဆည်းခြင်း၌ ပါဝင်ကူညီစေခြင်း၊ အိပ်ယာခင်းခြင်း (သို့) သိမ်းခြင်း)။ ထိုသို့သောတာဝန်များကို ကလေးကိုယ်တိုင် စိတ်ပါဝင်စားစွာလုပ်ဆောင်စေရန် အားပေးပါ။

ကလေးများအား နေ့စဉ်မှတ်တမ်းကို အသုံးပြုတတ်အောင်မိတ်ဆက်ပေးပါ။ တစ်ပတ်စာဇယားကွက်လေးများနှင့် နေ့အလိုက် ပြုလုပ်ရမည့်အရာများကို ကလေးနှင့်တိုင်ပင်ပြီး သဘောတူညီမှုရယူပါ။ ညနေတိုင်း ကလေးမှသူလုပ်ရမည့် တာဝန်ဝတ္တရားများ ပြီးစီးလျှင် ကြယ်လေးများ(သို့)အမှတ်လေးများခြစ်ပေးပါ။ တစ်ပတ်ပြည့်လျှင် ကလေး၏တာဝန်ကျေမှုကို သူနဲ့အတူစစ်ဆေးပါ။ ရမှတ်များကိုပေါင်းပြီး ကလေး၏ပြီးမြောက်အောင်မြင်မှုအတိုင်းအတာအလိုက် ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးပါ။ အမှတ်ပေးစနစ်တွင် တာဝန်ကျေမှုကိုသာ အမှတ်ပေးသင့်ပြီး ပျက်ကွက်မှုကို အမှတ်လျော့ခြင်း မပြုလုပ်သင့်ပါ။ ကလေးများအား ဝေဖန်အပြစ်တင်ခြင်းထက် ကလေးမှ ကောင်းသောအပြုအမူတစ်ခု လုပ်လိုက်တိုင်း ချီးကျူးဖို့ ဝန်မလေးပါနှင့်။ သူကိုယ်တိုင် ချမှတ်ထားသောပန်းတိုင်သို့ ရောက်ရှိလျှင် ကလေးအား လှိုက်လှိုက်လှဲလှဲ ချီးကျူးခြင်း၊ ရက်ရက်ရောရော ဆုချီးမြှင့်ခြင်းများပြုလုပ်ပေးပါ။ ဆုချီးမြှင့်ရာ၌ ကလေးအတွက် အသုံးဝင်အကျိုးရှိမည့် ပစ္စည်းမျိုးဖြစ်ရန်လိုအပ်ပါသည်။ အစားအသောက်နှင့်ဆုချခြင်းမျိုးကို ရှောင်ကျဉ်သင့်ပါသည်။ ကလေးများရေရှည်မှာ အောင်မြင်မှုရရှိစေရန်အတွက် ခဏတာပျော်ရွှင်မှုမျိုးကို အားမပေးသင့်ပါ။

ယနေ့ခေတ်မိဘတိုင်းသည် အချိန်ရှားပါးကြပါသည်။ တစ်ခါတစ်ရံ စီးပွါးရေး၊ လူမှုရေးပြဿနာများကြောင့် ကလေးများအားလျစ်လျူရှုမိတတ်ပါသည်။ ကလေးတိုင်းသည် မိဘများ၏ချစ်ခင်မှု၊ ဂရုစိုက်မှုကို လိုလားကြပါသည်။ ကလေးများတွင်လည်း ပတ်ဝန်းကျင်၊ သူငယ်ချင်းများနှင့်ပတ်သက်၍ အခက်အခဲများ စိတ်ဖိစီးမှုများရှိတတ်ပါသည်။ မိမိ၏ သဘောထားသည် ကလေးများအတွက် စံနမူနာဖြစ်သည်ကို မမေ့ပါနှင့်။ တစ်ခုခုအဆင်မပြေဖြစ်သည့်အချိန်တိုင်း ကြိုးစား၍ပြုံးကြည့်ပါ။ အစပိုင်း၌ခက်ခဲသော်လည်း အကျိုးရှိသည်ကိုတွေ့ရပါမည်။ မိဘများ၏ချစ်ခြင်းမေတ္တာသည် ကလေးများအတွက် နွေးထွေးမှုနှင့် လုံခြုံမှုကိုဖြစ်စေသော အဓိကအကြောင်းအရင်း ဖြစ်ပါသည်။

Ref; empoweringparents.com

 

25 comments

  • etone

    May 8, 2012 at 1:56 pm

    မိုးဇက်ရေ … လာဘ်ဆိုတဲ့ အရာကို ဆုနဲ ့တွဲတဲ့အခါ … လာဘ်လာဘ ၊ ကြွယ်ဝမှု ၊ ထိုက်တန်စွာရရှိမူ ဆိုတဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အဓိပ္ပါယ်လို့ပဲ လက်ခံထားခဲ့တာ … အခု မိုးဇက်ပြောသလိုဆိုတော့လည်း …. လာဘ်ဆိုတာက .. လာဘ်ထိုးတယ်ဆိုတဲ့သဘော သက်ရောက်သွားတယ် … ။ အဲ့အခါကျပြန်တော့လည်း မကောင်းတဲ့ အဓိပါ္ပယ်ဘက်သမ်းနေပြန်ရော ။

    အို ရှုပ်ပါတယ်ကွာ ……စုတ်ရော လာဘ်ရော ဝင်ပါစေ မိုးဇက်ရေလို့ ဆုတောင်းပေးပြီး ….. လစ်ပြီ ဗျို့ … :mrgreen: ဟိဟိ

    • ဗိုက်ကလေး

      May 8, 2012 at 3:04 pm

      တားတားကိုလဲ ဆုတောင်းပေးဦး

    • Moe Z

      May 8, 2012 at 4:34 pm

      မမအိတုံရေ ဆုလာဘ်ဆိုတာ ကောင်းတဲ့အဓိပ္ပါယ်ပါ …
      လာဘ်ဆိုတာလည်း မြန်မာစကားမှာ ကောင်းတယ်လို့ပဲပြောရမှာပေါ့နော် ..
      လာဘ်ထိုးသည် ဆိုရင်တော့မကောင်းတော့ပြန်ဘူး ..
      မိုးစက်ဝန်ခံထားပါတယ် အဘိဓာန်မကြည့်ရသေးဘူးလို့
      (ကြည့်ဖြစ်မှာလည်းမဟုတ်ဘူး) 😛
      bribe နဲ့ reward ကိုပဲပြောချင်တာပါ
      ဆုတောင်းပေးတာကို ကျေးဇူးတင်ပေမယ့်
      အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ပါဦးနော် 🙂

  • Thel Nu Aye

    May 8, 2012 at 2:59 pm

    ကျေးဇူးပါ။ မှတ်သားလိုက်နာစရာတွေများလို့ကူးယူပြီးသိမ်းထားပါတယ်။ လိုအပ်လျှင်ပြန်ဖတ်ပြီးအချိန်မရွေးထုပ်သုံးလို့ရအောင်ပါ။

    • Moe Z

      May 8, 2012 at 4:36 pm

      မမသဲနုအေးရေ
      အားပေးတာ ကျေးဇူးပါ၊ လိုအပ်တာတွေရှိရင်လည်း ဖြည့်စွက်နိုင်ပါတယ်နော်..

  • ဗိုက်ကလေး

    May 8, 2012 at 3:03 pm

    အင်း
    ခလေးငါးယောက်အဖေ မောင်ပေ ဖတ်မိပါစေဗျား
    အဲဒလူက သူ ့သားသမီးတွေကို လွှတ်အလိုလိုက်တာကလား..
    အိုင်ဖုန်းဆို အိုင်ဖုန်း၊ ပြိုင်ကားဆိုလဲ ပြိုင်ကား အမျိုးမျိုး မြှူဆွယ်ပြီး လိုချင်တဲ့ပုံစံရအောင် လာဘ်ထိုးပြီး သိမ်းသွင်းတတ်တဲ့ပုတ်ဂိုဗျ

    • Moe Z

      May 8, 2012 at 4:48 pm

      ဘဘဗိုက်ကလေးရေ ကိုပေ လာဖတ်သွားပြီရှင့် 😛
      ဒါနဲ့ ဆံပင်တွေက ဘယ်လိုဖြစ်နေတာလဲဟင်
      Lightning Thief ထဲက Uma Thurman ရဲ့ခေါင်းကို ပြေးမြင်သွားတယ် 😀

  • windtalker

    May 8, 2012 at 4:10 pm

    အခုလို မိုးဇက်လေးရဲ့ လမ်းပြမှုတွေကြောင့် ကိုပေ့ မွေးစားသားလေး ပေါက်ဖော် အတွက် စိတ်အေးသွားရတယ်။ ကျေးကျေးနော်

    • ဗိုက်ကလေး

      May 8, 2012 at 4:53 pm

      ဟား..
      တော်တေးတာပေ့ါအူးပေရာ
      ခင်ဗျား ဖတ်မှ ဖတ်ပါ့မလားလို ့..
      တားတမီးတွေကို စနစ်တကျ ဂရုစိုက်ပါဗျာ..
      ခလေးက ငါးယောက်တောင်ဆိုတော့ မနဲ ထိန်းကျောင်းရမှာ ခင်ဗျားအစား ရင်လေးလိုက်တာဗျာ..
      ကျုပ်တို ့ဆို ဘာအပူအပင်မှမရှိ အားလုံး အေးဆေးပဲ….ဒါကြောင့် ခင်ဗျားကို ကျုပ်လို လူပြိုဂျီးလုပ်ပါလို ့
      ခဏခဏ သတိပေးနေရတာ..ခင်ဗျားကနားမလည်ပဲကိုးဗျ..

      မိန်းမမလာခင်ပြေးဘီ..
      ဗစ်..ဘစ် ဗျစ်စ်…

  • pooch

    May 8, 2012 at 5:04 pm

    မိုးစက်ရေ ဒါလေး ပရင့်ထုတ်ပြီး အမဝမ်းကွဲကို သွားပေးအုန်းမယ်။

    ဒါနဲ့ မိုးစက်ရယ် အမဖတ်ဖူးတာပါ။ ပန်းသီးပိုင်ရှင်ကြီး ငယ်ငယ်က စာမလုပ်ချင်တာကို သူ့ဘဝရဲ့ ရှေ့ဆောင်လမ်းပြ ဆရာမကြီး တဦးက ဒီအိမ်စာတွေ လုပ်ရင် မင်းကို ၅ ဒေါ်လာပေးမယ် ဟော့ဒီမုန့်တွေလည်း ကျွေးမယ်လို့ ပြောပြောပြီး စာလုပ်ချင်လာအောင် ဆွဲဆောင်ခဲ့တယ် ဆိုပါတယ်။ အဲ့လို မက်လုံးပေးလို့ သူစာတွေကို စိတ်ပါဝင်စားလာခဲ့တယ်လို့ သူ့ကိုယ်တိုင်ရေး တခုကို အမဖတ်ဖူးတယ်။

    ဒါဆို ဒီနည်းလမ်းက တချို့သော ဂျီးနီးယပ်စ်တွေ အတွက်တော့ ချွင်းချက်များ ရှိနေမလားပဲနော်။

    မိုးစက်ရေးတဲ့ ဒီစာလေးကတော့ ၁ဝ စောင်လောက်ဆွဲပြီးတော့ကို ဝေရမှာ အမျိုးတွေရော သူငယ်ချင်းတွေရော ။ အားလုံးက နားအေး ပြီးရော လုပ်နေကြတဲ့သူတွေမို့။
    ဒါမျိုးလေးတွေ များများရေးပေးပါ။

    • Moe Z

      May 9, 2012 at 9:29 am

      မမပူးချ်ရေ
      သားသမီးတွေအကြောင်းကို အတူနေတဲ့မိဘတွေက အသိဆုံးပါ …
      မိုးစက်က ပုံမှန်မိသားစုနဲ့ကလေးတွေအတွက် ခြုံငုံပြီးရေးတာပါ
      တစ်ချို့သောကလေးတွေအတွက်ကတော့ ချွင်းချက်ရှိနိုင်ပါတယ်
      (အဲဒီလူကြီးက ငယ်ဘဝကို စိတ်ဒဏ်ရာတွေအများကြီးနဲ့ ဖြတ်သန်းခဲ့ရတာလေ)
      နောက်ပြီး ပုံမှန်မဟုတ်တဲ့ကလေးတွေ ADHD တို့ Autism တို့စတဲ့ diagnosis ရထားတဲ့ ကလေးတွေအတွက်ကတော့ ချွင်းချက်ပေါ့ …
      ဒီပို့စ်ကနေ မိဘတွေအတွက် ပေးချင်တဲ့ message လေးပါ
      (It’s important to understand that bribery can become an ongoing pattern that ultimately teaches your child to act out to get what they want.)

  • laypai

    May 8, 2012 at 5:22 pm

    သားသမီး ရှိသူတွေ ကူးယူ သင့် တယ် ထင် လို့ ကူးယူ ပရင့် အောက် မဒမ် ကို ပေးဖတ်ပါမည်။

  • MaMa

    May 8, 2012 at 5:57 pm

    မိုးစက်ရေ- ပူးပေါင်းပြီး မူကြိုဖွင့်ချင်စိတ်တောင်ပေါက်လာတယ်။
    ကလေးတွေကို ထိန်းကျောင်းပေးဖို့ အသိပညာတွေ ကြွယ်ဝတဲ့ မိုးစက်က ဆရာမလေး တာဝန်ယူ။
    ဘာမှမသိတဲ့ အန်တီက ကလေးတွေကို သင်ပြပေးဖို့ အဆင်မပြေတော့ ကျောင်းအုပ်ကြီးလို့ နာမည်ခံပေးမယ်။
    :mrgreen:

    • Moe Z

      May 9, 2012 at 9:34 am

      ကို laypai ရေ …… သားသမီးတွေကိုထိန်းကျောင်းဖို့ဆိုတာ အမေတစ်ယောက်တည်းရဲ့တာဝန်မဟုတ်ဘူးနော် 😀

      မမရေ
      မိုးစက်က မူကြိုဆရာမတော့မဖြစ်နိုင်ဘူး မနေ့ကဆရာမတစ်ယောက်နေမကောင်းလို့ substitute လုပ်ပေးလိုက်တာ ဒီမနက်အသံမထွက်တော့လို့ ဆေးပြန်သောက်နေရတယ်
      မမကကျောင်းအုပ်ဆိုရင် မိုးစက်ကို ဒုကျောင်းအုပ်လောက်တော့ခန့်မယ်မဟုတ်လားဟင်င် …

      ကိုရွာစားကျော်ရေ … အားပေးတာကျေးဇူးပါရှင့်
      မမရဲ့ကျောင်းမှာအပ်လိုက်နော် 🙂

      • Mလုလင်

        May 9, 2012 at 11:41 am

        ရှယ်ယာပါပ ရစေဗျာ …အဲလို အလုပ် မျိုး စိတ်ဝင်စား လို့ပါ။ အခြေခံ ကစပြီး ပြုပြင် မှတိုးတက် မယ် မဟုတ်လားဗျာ ……

  • ရွာစားကျော်

    May 8, 2012 at 10:36 pm

    ကျုပ်တို့ သတိထားရမယ့် အချက်လေးပါဘဲဗျာ ဗရာဗို.. မိုးဇက်
    မိုးဇက်ဆီမှာ ကျုပ်သားကို လာအပ်ထားမလား စိတ်ကူးတယ်.. 🙂

  • marblecommet

    May 9, 2012 at 5:36 am

    မိုးဇက်ရေ့……..
    တစ်ခုပြောဗျဇေ……..
    မီယန်မာ(နာလည်းမျန်မာဖျစ်လျက်) တော်တော်များများဟာ
    ဘလောက်ပဲတော်တော်(ကိုယ့်သားသမီးနဲ့ ပတ်သက်လျှင်)အလွန်ကိုပဲ
    အဖြစ်သည်းတတ်ကြပါတယ်..(အဲ့ဒါကိုကအမှား)……..အနော်ဆို
    ငယ်တုန်းက ရန်ဖြစ်ရင် အဖေကရိုက်၊ အမေကရိုက်၊ အစ်ကိုကရိုက်၊ အစ်မကရိုက်နဲ့
    နောက်ဆုံးတော့ ရန်ကိုရှောင်တတ်သွားပါဒယ်။ ခင်ဗျ။ မိသားစုက ကိုယ့်ဖက်က ဝင်မပါ ကြဘူးလေ။
    ပြောချင်တာကတော့ကွယ်(ကျတော့်အမြင်)၊ မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးကို
    ပုံသွင်းချင်တာထက်၊ ဒီဂေါင် ဘယ်ဟာလက်စောင်းထက်လဲ။ သူတို့ပဲသိမှာပေါ့။ သူဒို့မွေးထားတာကိုး…အဲဒီအပေါ်မှာ သူတို့အတ္တစွက်ရင် ကလေးအနာဂတ်မကောင်းလောက်ဘူး)
    အဲဒီ သူတို့သိဒဲ့အပေါ်မှာ
    မှန်မှန်ကန်ကန်သုံးသပ်ပီးဒေ့ါ အကောင်အထည်ဖော်စေချင်တယ်။ ဦးနှောက်ပြုန်းတီးအောင်မလုပ်စေချင်ဘူး။
    ငါ့သားကဆြာဝန်၊ ငါ့သားက အင်ဂျင်နီယာ၊ငါ့သားက ချစ်ဗိုလ်ကြီးဆိုတဲ့ခေတ် ကုန်ဆုံးစေချင်ပါဘီကွယ်
    ခင်တဲ့
    ရှက်ကီမန်း
    ငကမ်း……….

  • Moe Z

    May 9, 2012 at 11:12 am

    @ ကိုကမ်းရေ ..
    မိုးစက်ငယ်ငယ်တုန်းက နည်းနည်းမာနကြီးတယ်ရှင့်
    ဖေဖေ့ရာထူးလေးကလည်းရှိတော့ သွားလေရာ ဦးစားပေးခံရတာပေါ့
    အတန်းထဲမှာဆိုရင်လည်း ရှေ့ဆုံးကထိုင်ရမှ၊ အိမ်ကလူကြီးတွေက တစ်ခြားကလေးတွေကိုချီရင် စိတ်ကောက်ပြီးစကားမပြောတော့ဘူး၊ ကိုယ့်ထက်ပိုပြီး ဦးစားပေးတာမကြိုက်တာလေ
    တစ်ရက်တော့ မေမေက မိဘမဲ့ဂေဟာကိုခေါ်သွားတယ်၊
    မိုးစက်နဲ့ရွယ်တူကလေးတွေရဲ့ မျက်လုံးအကြည့်တွေလေ အခုထိပြန်မြင်နေတုန်းပဲ
    အဲဒီနောက်ပိုင်းတော့ ကိုယ့်ထက်ငယ်တဲ့သူ၊ အားနည်းတဲ့သူတွေကို စာနာတတ်လာတယ်
    ကိုယ့်မှာ မုန့်တစ်ခုရှိရင် တစ်ဝက်စီခွဲစားဖို့ဝန်မလေးတော့ဘူး
    ကိုကမ်းရေ မိဘဆိုတာ ကိုယ်မွေးထားတဲ့သားသမီးအကြောင်းကိုအသိဆုံးပါပဲ
    လမ်းမှားနေရင် လမ်းမှန်ပေါ်ရောက်အောင်ဘယ်လိုပို့ပေးမလဲ ဆိုတဲ့နည်းလမ်းကပဲအရေးကြီးတယ်
    ငယ်ကတည်းက သားသမီးတွေကို ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတဲ့ ဖိအားပေးမှုမျိုးကိုတော့မလုပ်သင့်ပါဘူး
    အဲဒီအကြောင်းတော့ အရင်ကရေးဖူးပါတယ် …

    @ကိုအလင်းဆက်ရေ – ကျေးဇူးပါနော်

  • marblecommet

    May 9, 2012 at 11:41 am

    အိုက်ဒါဂျောင့်
    မိုးဇက်ကလေးက
    လိမ္မာနေဒါဂိုး…..
    ခင်တဲ့…..
    ရှက်ကမ်း….

  • TTNU

    May 9, 2012 at 12:58 pm

    မိုးစက်ရေ…
    ဆရာလေးကိုဉာဏ်စိန်ပြောတာကတော့
    ” ယာဖျက်တော့ သခွား.. မြေးဖျက်တော့ အဖွား ” တဲ့။

    • Novy

      May 10, 2012 at 3:44 pm

      မိုးစက်ရေ.
      သားသမီးရှိတဲ့ မိဘတိုင်း လက်စွဲထားသင့်တဲ့စာလေးပါကွယ်

      တီတီနုရေ..
      ” ယာဖျက်တော့ သခွား.. မြေးဖျက်တော့ အဖွား ” တဲ့။
      ဒီစာလေးကိုတော့ တိုက်ဆိုင်မှု့တွေများလွန်းလို့
      မှတ်သားသွားပါတယ်ရှင်

  • Moe Z

    May 9, 2012 at 2:07 pm

    တီချာရေ ဟုတ်ပါရဲ့ အဲဒီလိုအဖွားမျိုးတွေမြင်ဖူးတယ်
    သမီးကတော့အဖိုးအဖွားတွေနဲ့ မနေခဲ့ရဘူး …

    စကားမစပ် တီချာရေ ကြုံတုန်းလေး ခွင့်တိုင်ပါရစေနော်
    ဒီရက်ပိုင်းအတန်းတွေမတက်နိုင်ရင် အမှတ်မလျှော့ပါနဲ့လို့
    သမီးတကယ်မအားတာပါ တစ်ယောက်တည်းကို နှစ်ကိုယ်ခွဲထားရတယ်
    နောက်မှ တီချာ့ဆီလာခဲ့မယ်နော် 😀

  • Ma Ei

    May 10, 2012 at 12:36 pm

    မိုးစက်လေးရေ…
    သမီးလေးကတော့ အဖွားနဲ့အဖေကအလိုလိုက်…
    အန်တီအိကတော့ အာဏာပါးကွက်သားဖြစ်နေတယ်…
    သူတို့မနိုင်တော့ရင် အိရေဒီမှာ ဆိုပြီးတိုင်ကြရော…
    ချော့လိုက်ခြောက်လိုက်နဲ့ နည်းမျိုးစုံသုံးနေရတယ်…
    ခုလဲ တစ်နည်းရလို့ ကျေးဇူးပါနော်…

  • ကြောင်ကြီး

    May 11, 2012 at 8:13 am

    တော်လိုက်တဲ့ မိုးစက်ဂလေး.. မမွေးရသေးဒဲ့ ခလေးတွေအတွက် မိုးစက်ဂလေးထံမှာ ဦးကြောင်ကြီးဘဝဂို ယုံကြည်စွာ ပုံအပ်ပါဒေါ့မယ်…။။ လာခေါ်လှည့် လာခေါ်လှည့်ပါ ခြစ်သူယေ….ဝိုး…..။

Leave a Reply