အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ

zaylayJune 16, 20101min470

အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ

မြတ်စွာဘုရား ဟောကြားတော်မူသော ဝေလာမပုဏ္ဏားကြီးအလှူနှင့် စပ်လျဉ်း၍ အလှူတစ်ခုထက် တစ်ခု ကြီးကျယ်မြင့်မြတ်ပုံကို အောက်ပါအတိုင်း နှိုင်းယှဉ်ခဲ့ပါသည်။

-ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စားဖွယ်ပစ္စည်း ၈၄၀၀ဝ စီ လှူသော အလှူထက် သောတာပန်တစ်ဦးကို လှူပါက ကြီးမြတ်ကြောင်း။

-သောတာပန် ၁၀ဝ ကို လှူသည်ထက် သကဒါဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။

-သကဒါဂါမ် ၁၀ဝ ကို လှူသည်ထက် အနာဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။

-အနာဂါမ် ၁၀ဝ ကို လှူသည်ထက် ရဟနာ္တတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။

-ရဟနာ္တ ၁၀ဝ ကို လှူသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။

-ပစ္စေကဗုဒ္ဓါ ၁၀ဝကို လှူသည်ထက် သမ္မာသံဗုဒ္ဓ ဘုရားရှင်ကို လှူသူက ပိုမြတ်ကြောင်း။

-ဘုရားတစ်ဆူကို လှူသည်ထက် ဘုရားအမှူးထားသည့် သံဃာကို လှူသူက ပိုမြတ်ကြောင်း။

-ဘုရားအမှူးပြုပြီး သံဃာကို လှူသူထက် ကျောင်းတစ်ဆောင်ကို လှူသူက ပိုမြတ်ကြောင်း။

-ကျောင်းတစ်ဆောင် လှူသူထက် ဘုရား၊ တရား၊ သံဃာ (သရဏဂုံ ၃-ပါး) ကို ကိုးကွယ်ဆည်းကပ်သူက သာလွန်မြင့်မြတ်ကြောင်း။

-ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်သူထက် ငါးပါးသီလကို စောင့်ထိန်းသူက ပိုမြတ်ကြောင်း။

-ငါးပါးသီလကို စောင့်ထိန်းသူထက် ပန်းတစ်ရှုပ် နမ်းခို်က်မျှ မေတ္တာစိတ်ကို ပွားများပါက ပိုမြတ်ကြောင်း။

-မေတ္တာပို့သ ပွားများသူထက် လက်ဖျစ်တတွတ်မျှ အနိစ္စသညာကို ပွားများသူက အမြတ်ဆုံး ဖြစ်ပါသည်။

(ဓမ္မမိတ်ဆွေ ရေးသားသော လူ့ပြည်မှအပြန် စာအုပ်မှ ကောက်နှုတ်ချက်) သစ္စာတရားများစုဝေးရာမှ ကူးယူဖော်ပြပါသည်