စဉ်းစားကြစေလိုပါတယ် ( ၂၂ ) ( ၂၅ % )

Foreign ResidentMay 8, 20123min16513

စဉ်းစားကြစေလိုပါတယ် ( ၂၂ ) ( ၂၅ % )

 

အင်း ဒီ Post ကတော့ ၊

ဆရာ ” ထုံးဘဲဥ ” ရဲ့ Post ဖြစ်တဲ့

” မျက်လုံးတွေကို ကာလာခွဲကြည့်ရအောင် “

မှာတွေ့ရတဲ့ Comment တွေကို ဖတ်မိပြီး

နဲနဲလေး ဆန့်တွေးမိတာတွေပါ ။

 

အင်း ၊ နဲနဲလေးခြားသွားပြီ ဆိုတော့လည်း လွမ်းလာသလိုပါပဲ ၊

ဟဲ ဟဲ ၊ မြို့မေတ္တာလေး ခံကြည့်အုန်းမှ ပါပဲ ။

အင်း မတူတဲ့အမြင်နှင့် ပြောကြည့်မယ်နော် ။

 

အခု လွှတ်တော်ထဲမှာ စစ်သား ၂၅ % ပါနေပြီ ။

ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ။

တရားသည်ဖြစ်စေ ၊ မတရားသည်ဖြစ်စေ ပါနေပြီ ။

 

အဲဒီတော့ ။

အဲဒီအချက်ကို တိုင်းပြည် ကောင်းကျိုးအတွက် အသုံးချကြည့်ကြပါစို့လား ။

 

အခုဆိုရင် လွှတ်တော်ထဲကို  လွှတ်ထားတဲ့ စစ်သား တွေဟာ

တော်တော် ရာထူးကြီးတာတွေ ပါလာတာ သိသာနေပြီ ။

တပ်မှာ ဗိုလ်မှူးကြီးနှင့် အထက်ကို တပ်မတော် အရာရှိကြီးများ လို့ခေါ်တယ် ။

တပ် ( ရင်း ) တစ်တပ် ( ရင်း ) ထက်ပိုတဲ့ အစုအဖွဲ့ကို အုပ်ချုပ်ရလို့ပါ ။

 

တပ်ထဲမှာ အဲဒီလိုရာထူးနေရာတွေကို ရောက်လာဖို့ တော်တော်ကို ခက်ခဲပါတယ် ။

အနေကြာရင် မေဂျာ ဖြစ်တယ် ဆိုပေမယ့် ။

အဲဒီ မေဂျာ ( ဗိုလ်မှူး ) ဘဝ နှင့်ပဲ ဂိတ်ဆုံးသွားကြတာက အများစုကြီးပါ ။

 

အပြစ် ငယ်ငယ်လေး တစ်ခုလုပ်မိလို့ ၊

Service Card တစ်နှစ်လောက် ထိမိတာတို့ ၊

ပြစ်တင် ရှုံချတာ ခံရတာတို့ ဆိုရင်ကိုပဲ ၊

သေချာတာ တစ်ခုကတော့ သူနှင့် Same Batch တွေရဲ့

Promotion စဉ်းစားတဲ့ အထဲမှာ မပါတော့ပါဘူး ။

 

အခုခေတ်မှာ ပိုဆိုးနေတာကတော့ ၊

အရာရှိတွေ ဗုန်းဗောလအော များနေတော့ကာ ၊

နောက်နှစ်တွေမှာလုပ်တဲ့ Junior Batch တွေကို ၊

Promotion စဉ်းစားတဲ့ အထဲမှာပါ မပါတော့ပါဘူး ။

တနည်းပြောရရင် အဲဒီ အရာရှိ ဘဝ ပျက်သွားတာပါ ။

 

အေး ၊ အဲဒီမှာ လွယ်လွယ်ပြောနေကြတဲ့ ၊

ဖါးနိုင်ရင်ရတယ်တို့ ၊ ဗိုလ်ချုပ် နှင့် ပိုင်ရင်ရတယ်တို့ ၊

မရှိဘူးလားဆိုတော့ ၊ ရှိနိုင်ပါတယ် ၊ အနည်းစုပါ ။

( ပြောရမယ်ဆိုရင် ကမာ္ဘကြီးမှာ အဲဒီလို Favourism နှင့် လုံးဝကင်းတဲ့နေရာ မရှိပါဘူး ။

ရှင်းရှင်းပြောရရင် ဒီမို တွေကြားထဲမှာလည်း မရှိပါဘူး )

လိုရင်းကတော့ အများစုဟာ Officially အပြစ်ကင်းလို့သာ ဒီနေရာ ရောက်လာတာပါ ။

 

ကဲ အဓိကလေး စ လိုက်ရအောင် ။ လွှတ်တော်ထဲကို ရောက်လာခဲ့တဲ့ ၊

 

၁ ။ စစ်သားတွေ အားလုံးဟာ ညီနောင်ရင်းချာ မြန်မာ နိုင်ငံသားတွေပဲဖြစ်တယ် ။

 

၂ ။ အများစုဟာ Officially အပြစ်ကင်းတဲ့ တပ်မတော် အရာရှိကြီးများ ဖြစ်ပါတယ် ။

 

၃ ။ အဘရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၂ဝ ) ( ဘာကြောင့် မုန်းနေကြသလဲ ) “

Post မှာရေးထားသလိုပါပဲ ။

( အနဲဆုံး ) ၁၉၈၈ မတိုင်မှီ မှာ ၊ စစ်ထဲဝင်တယ် ဆိုတာဟာ

တိုင်းပြည်အတွက်ရော ၊ ဂုဏ်သိက္ခာလည်းရှိတဲ့ အလုပ်မို့

အဲဒီအချိန် အခါက နိုင်ငံ့သားကောင်း တွေက

ရွေးပြီးတောင်လုပ်ခဲ့ကြတဲ့ အလုပ်တစ်ခုပါ ။

၁၉၈၈ ပြီးမှ စစ်ထဲဝင်ခဲ့တဲ့သူတွေ ၊ ဘယ်သူမှ ဗိုလ်မှူးကြီး မဖြစ်သေးပါဘူး ။

 

၄ ။ ပြောရမယ်ဆိုရင် အခုလက်ရှိ လွှတ်တော်ထဲ ပို့ထားတဲ့ ၂၅ % ထဲမှာ

နောင်တစ်ခေါတ်ရဲ့ ကာချုပ် ၊ တိုင်းမှူး ၊ စသဖြင့်ဖြစ်မယ့်သူတွေ ပါမှာပဲ ။

ဒီ ၂၅ % နေရာကိုလည်း ကာချုပ် မင်းအောင်လှိုင် က

သူ့လူတွေ နိုင်ငံရေး အတွေ့အကြုံရအောင် လဲလှယ်ပြီး လွှတ်နေမယ်လို့ ထင်တယ် ။

 

OK စစ်သား ဆိုတဲ့ မျက်မှန်စိမ်းကြီးကို ခဏလေး ချွတ်ကြည့် ပြီး ၊

ရိုးရိုးလေး မြင်ကြည့်ရအောင်နော် ။

 

၁ ။ ညီနောင်ရင်းချာ မြန်မာ နိုင်ငံသား အချင်းချင်း ၊

၂ ။ ဂုဏ်သိက္ခာရှိတဲ့ အလုပ်မို့ ၊ နိုင်ငံ့သားကောင်း ပီသအောင် ရွေးလုပ်ခဲ့တဲ့ ၊

၃ ။ ( အနဲဆုံး ) Officially အပြစ်ကင်းတဲ့ တပ်မတော် အရာရှိကြီး တွေ ၊

၄ ။ နောင်တစ်ချိန်မှာ ကာချုပ် ၊ တိုင်းမှူး ၊ စသဖြင့်ဖြစ်နိုင်မယ့်သူတွေ ၊

သူတို့တွေ နှင့် တွေ့ဆုံ ဆက်ဆံ ဆွေးနွေး ရတော့မယ် ။

 

အကောင်းဘက်က နဲနဲလေးမှ မြင်ကြည့်လို့ မရဘူးလား ကွယ်တို့ရယ် ၊

အခု ဒီမို လွှတ်တော် ကိုယ်စားလှယ် တွေအတွက်ရော ၊

တိုင်းပြည်ကြီးရဲ့ အနာဂါတ် အတွက်ပါ ။

အရမ်းကောင်းတဲ့ အခွင့်အရေးလို့ အဘကတော့မြင်တာပဲ ။

 

ပထမ အချက် ၊ သူတို့ရဲ့ အသံတွေကို ကိုယ်က ကြားရတော့မယ် ။

အဲလိုပဲ ၊ ကိုယ်တွေရဲ့ အသံတွေကိုလည်း သူတို့က ကြားရတော့မယ် ။

အချင်းချင်းရဲ့ အသံတွေကို အပြန်အလှန် နားထောင်တာဟာ ၊

နားလည်မှု ၊ တဆင့်တက်ရင် စည်းလုံးမှုတွေရဲ့ အစပါ ။

 

ဒုတိယအချက် ။

သူတို့တွေရဲ့ရှေ့မှာ ( အညိုးအတေး ထား တိုက်ခိုက်တာတွေ ရိတာတွေ မပါပဲနှင့် )

တိုင်းပြည်ကြီး ကောင်းကျိုးအတွက် ပြင်းပြင်းထန်ထန်

အမျှော်အမျှင် ရှိရှိ လုပ်ပြလိုက်စမ်းပါ ။

တိုင်းပြည် ကို အားရပါးရ ရင်ဘတ်ကြီးနှင့် အပြည့် ချစ်ပြလိုက်စမ်းပါ ။

 

အဲဒီ ၂၅ % ရဲ့ စိတ်နှလုံးတွေကို အဲဒီလိုနည်းတွေနှင့် ဆွဲဆောင်ပြစ်လိုက်စမ်းပါ ။

သူတို့တွေလည်း ညီနောင်ရင်းချာ မြန်မာ နိုင်ငံသား ” လူ ” တွေပါပဲ ။

ခံစားတတ် ၊ နားလည် စာနာတတ် ပါတယ်ကွယ် ။

 

နောက်တစ်ချက်က သူတို့ ဟာလည်း ပညာတတ်တွေပါ ။

သူတို့ တတ်တဲ့ စစ်ပညာက အရပ်ဖက်မှာ အံမဝင်တာသာ ဖြစ်ချင်ဖြစ်မယ် ။

( စစ်ပညာ မှာ အတွေးအခေါ် ၊ ပညာ မပါပါဘူး ထင်တဲ့သူတွေ

Age of Empire တို့ Command & Conquer General တို့ လို

Strategy War Game တွေကိုပဲ ဆော့ကြည့်ပါအုန်း ။

အတွေးအခေါ်ရော ၊ ပညာပါ ပါတယ်ဆိုတာ ရိပ်မိသွားမယ် )

 

ထားပါတော့ ။

အေး ဒီမိုဖက်တော်သား နိုင်ငံရေးသမားလုပ်နေပြီး ၊

အပြည့်အဝ မဟုတ်တောင် နဲနဲလေးလောက်တောင် မှ ၊

ဆွဲဆောင် စည်းရုံးနိုင်တဲ့ အရည်အချင်း မရှိကြပဲ ၊

ဆက်ပြီး ကွဲပြဲ နေကြဦးမယ် ဆိုရင်တော့လည်း ၊

အဘ တို့ နိုင်ငံကြီးရဲ့ ဆိုးလှတဲ့ ကံ ကိုပဲ အပြစ် ပုံချရတော့မှာပေါ့လေ ။

 

အဘ ကတော့ ရှင်းရှင်းပဲ ၊

အရင် အချိန်တွေတုန်းက

စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့သော်လည်း ၊

အခု လက်ရှိ သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာ စပြီး လုပ်ဆောင်နေတဲ့ ၊

ဖေါက်လုပ်နေတဲ့ နိုင်ငံကြီးရဲ့ လမ်းကြောင်းကို

( အကြမ်းဖျင်း အားဖြင့် ) လက်ခံနိုင်တယ် ။

 

ဟိုဖက် ဒီဖက် ( သမ္မတ ၊ စစ်တပ် ၊ NLD ၊ US ၊ UN စသဖြင့် ) နိုင်ငံရေး ကစားတာ ၊

အတိုးအလျှော့ အနှေးအမြန် လုပ်တာတွေတော့ ရှိမှာပေါ့ ။

ဒါပေမယ့် ၊ လမ်းကြောင်းမှန်ပေါ်မှာတော့ ရှိနေတယ်လို့ ယုံကြည်တယ် ။

 

စိတ်ရှည်ကြပါ ။ ညှိနှိုင်းရမှာ အတိုး အလျှော့ လုပ်ရမှာတွေ

အများကြီး ကျန်နေပါသေးတယ် ။

မမေ့စေချင်တာ တစ်ခုကတော့ ၊

ရောမ မြို့ကြီးကို တစ်ရက်ထဲ တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး ။

 

နောက်ပြီး မြန်မာလူမျိုးတွေမှာ ဂုဏ်ယူစရာ ၊ ကြွားစရာတစ်ခု ပေါ်ထွန်းနေပါပြီ ။

” Myanmar Spring ” ဆိုတဲ့ မြန်မာပုံစံ ဒီမိုကရေစီ ပြောင်းလဲမှု ပုံစံသစ်တစ်ခု ၊

ကမာ္ဘမှာ စံထား ပြောဆိုရမယ့် ၊ ပြောင်းလဲမှု ပုံစံသစ်တစ်ခု ပေါ်ထွန်းလာပါပြီ ။

အောင်မြင်သွားရင်တော့ အဘ ရဲ့သက်တမ်းအတွင်းမှာ ၊

ပထမ ဦးဆုံးသော မြန်မာကို ကမာ္ဘတစ်ခုလုံးက စံထားရမယ့် ဂုဏ်ယူစရာ ဖြစ်ရပ်တစ်ခုပဲ ။

 

အဘ ကြွားချင်လိုက်တာကွယ် ။

အောင်မြင် တည်တံ့အောင် ဝိုင်းကြ ဝန်းကြပါကွဲ့ ။

အညိုးအတေး ၊ မကောင်းမြင်တာတွေကို ၊ နဲနဲလေးလျှော့ပေးကြပါလားကွယ် ။

 

အင်း ၊ မြို့ မေတ္တာတွေတော့ ထားမလောက်လို့ ၊

ထားဖို့ ဂိုထောင် တစ်လုံးလောက်တော့ ထပ်ဆောက်ရတော့မှာပဲ ။

ဟဲ ဟဲ ၊ ဟဲ ဟဲ ။

 

တော်သေးဘီ ။

 

အဘ Foreign Resident

13 comments

  • Thel Nu Aye

    May 8, 2012 at 2:05 pm

    ဟုတ်ပါတယ်။ အဘပြောသလိုပါပဲ။ သူတို့ကိုအပါယ်ခံထားတာထက် လက်ခံပြီးကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ဖို့လိုပါတယ်။ အမေစုပထမဆုံးလွှတ်တော်တက် တဲ့နေ့ကမေးခံရတဲ့မေးခွန်းက ” ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲရောက်ရင် စစ်တပ်ကိုစည်းရုံးမယ်ဆိုတာ ဟုတ်ပါသလားတဲ့”။ အမေစုမှာအစီအစဉ်ရှိပုံရတယ်။ ကျွန်မတော့ကြိုဆိုတယ်။ တတ်နိုင်သလောက်လဲအဘပြောသလိုဝိုင်းဝန်း ကူညီကြတာပေါ့။ ဒါပေမဲ့သူတို့ဘက်ကလဲ တပ်ချုပ်ကြီးလက်ထက်ကပြခဲ့တဲ့ ပါဝါအာဏာတွေထားခဲ့ဖို့တော့ လိုတာပေါ့နော့အဘ။

  • MaMa

    May 8, 2012 at 3:54 pm

    မြန်မာပြည်ကော်နက်ရှင်ကြောင့် ပိုစ့်တွေ ဝင်ဖတ်ဖြစ်ပေမယ့် မန့်ဖို့ မလွယ်လို့ မမန့်ဖြစ်ဘူး။
    စာရေးသူရဲ့ စေတနာကို စာထဲမှာ မြင်နေတွေ့နေရပါတယ်။
    ဆိုတော့ကာ…. ရွာ့မေတ္တာ၊ မြို့မေတ္တာတွေထက် ကြီးမားတဲ့….
    နိုင်ငံ့မေတ္တာခံယူဖို့ ဂိုထောင် တစ်လုံးလောက်တော့ ထပ်ဆောက်ထားလိုက်ပါ။ 😉

  • kyeemite

    May 8, 2012 at 4:19 pm

    အတူတူ စောင့်ကြည့်ကြသေးတာပေါ့ ကိုFR ရေ…
    ကျွန်တော်တော့ ဒေါ်စုနဲ့တကွ လွှတ်တော်အမတ်တွေ
    ကြိုးစားရင် တပ်မှုးကြီးတွေလည်း တဖြည်းဖြည်း ပြည်သူ့ဘက်ပါလာမယ်လို့ယုံတယ်ဗျာ..

  • ကောင်းမြတ်သူ

    May 8, 2012 at 8:17 pm

    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အဘက်ဘက်က ပါဝင်ကူညီလာကြတယ်လို့ထင်ပါတယ်။ စစ်တပ်ရဲ့ပျော့ပြောင်း လာမှုတွေကိုလည်းမြင်တွေ့နေရလို့ အတိုင်းမသိ ဝမ်းသာမိတယ်။ နိုင်ငံတော်လှေကြီးကို ဒီမိုကရေစီ မြစ်ကြီးထဲမှာ အပြင်းအထန် တက်ညီလက်ညီစတင်လှော်နေကြပြီ လို့မြင်ပါတယ်။
    ပြည်သူပါဝင်မှုနဲ့ နားလည်လာအောင်ကြိုးပမ်းဖို့တော့လိုသေးတယ်လို့မြင်ပါတယ်။ အမြင်မတူရင် comment ပြန်ပေးကြပါ။ အနီအစိမ်းက (မကြိုက်တာက ဘာကိုမှန်းမသိ၊ ကြိုက်တာက ဘာကိုမှန်းမသိ) ဘာမှန်းမသိရလို့ပါ။

  • Onyx

    May 8, 2012 at 8:49 pm

    သူတို့ ပါလာတော့လဲ ကျွန်တော့တို့ တွေ စည်းစည်းလုံးလုံးနဲ့ နိုင်ငံကို မြန်မြန် တိုးတက်အောင် လုပ်နိုင်တာပေါ့ဗျာ ။ အဓိက ကပန်းတိုင်ရောက်ဖို့ ဆိုတာ သိကြရင်ကောင်းမယ် ။ ကိုယ်ကောင်းဖို့ပဲ ကြည့်ကြတဲ့ သူတွေကို အများအတွက်ပါ လုပ်ပေးတက်အောင် တော့ တော်တော်လေး ကို ပြောယူရမယ်။

  • zaw min

    May 9, 2012 at 1:21 am

    အဘရေ..အို…အဘရဲ့..ကမ္ဘာမှာ စံထားပြောဆိုရမယ့်၊၊ပြောင်းလဲမူ ပုံစံသစ်တစ်ခုပေါ်ထွန်းလာပါပြီ၊
    အောင်မြင်သွားရင်တော့၊အဘရဲ့သက်တမ်းအတွင်းမှာ …
    မြင်စေချင်ပါသည်…။သို့သော်…
    ဒီ တသက်တော့ မြင်ရပါအုံးမှာလာဟင်င်င်င်င်…..

  • ထုံးဘဲဥ

    May 9, 2012 at 12:24 pm

    ညီညီညွတ်ညွတ်နဲ့ ပန်းတိုင်ကို ရောက်အောင်လှမ်းနိုင်ရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ အဘFRခင်ဗျား။ အဲ့ဒီလိုမဟုတ်ပဲ အရင်စနစ်ဟောင်းကဆိုးမွေတွေကို သယ်ဆောင်လာရင်တော့ တိုင်းပြည်အတွက်ရင်လေးမိတယ်ဗျာ။ အမှန်အတိုင်းပြောရရင် အဲ့ဒီ ၂၅% ကိုမယုံကြည်ရဲသေးဘူး။
    သူတို့လုပ်ရပ်တွေကို စောင့်ကြည့်ရအုံးမယ်ဗျ။ တိုင်းပြည်အတွက် စေတနာသန့်သန့် ၊ စိတ်ထားဖြူဖြူနဲ့
    ဆောင်ရွက်ပေးနိုင်ရင် အားရဝမ်းသာစွာနဲ့ ဂုဏ်ပြုပေးမှာပါ။ အဲ့ဒီလိုမဟုတ်ပဲ နောက်ပြန်သွားချင်ရင်တော့……… ?????????

  • Swal Taw Ywet

    May 9, 2012 at 12:37 pm

    Dear Uncle FR,
    Good point of view by positive thinking.
    But….
    WHY did they change their Military representative YEARLY?
    Is it more than the power of people ( Chance by the people )?
    Our Myanmar people can select their representative only once in FIVE years.
    So…. it is the big gap between Parties and Military.
    How could we accept it?
    By the way, you used- Service Card တစ်နှစ်လောက် ထိမိတာတို့ ၊,
    I think it should be – SERVICE CUT-.
    OK?
    Willing to read your posts by struggling in Myanmar Internet connection.

    Let’s try our best for our mother land,
    With respect,
    Swal Taw Ywet.
    ( Yangon, Myanmar. )

  • ဦးဦးပါလေရာ

    May 9, 2012 at 1:11 pm

    ဒီပိုစ့်ကို ကွန်မင့်ရေးဘို့ မရဲဘူးဖြစ်နေတယ်…။
    ၁၉၈၈ မတိုင်မီ စစ်ထဲဝင်ခဲ့သူတွေဟာ အာပလာတွေ မဟုတ်တာတော့ သေချာပါတယ်။
    အဲဒီတုန်းက (မဆလနှစ်အစိတ်ဖြတ်ခဲ့တာတောင်) စစ်သားဆိုတာဂုဏ်ယူစရာပါ။
    ကျုပ်ကိုယ်တိုင် စစ်ထဲဝင်ဘို့ အားထုတ်ဖူးပါတယ်။ (သူတို့ လက်မခံလို့)
    ကျုပ်သူငယ်ချင်းတစ်ဦးကတော့ ဆယ်တန်းအောင်ပြီးတော့ ဗိုလ်သင်တန်းခေါ်တာ မစောင့်နိုင်လို့ ဒီအတိုင်း စုဆောင်းရေးမှာ သွားဝင်တယ်။ အခြေခံစစ်သင်တန်းပြီးတော့မှ ဆယ်တန်းအောင်မို့ တပ်ကြပ်ကြီးစာရေး စာမေးပွဲဖြေခိုင်း(တပ်ရင်းမှုးကခိုင်းတာ)ပြီး အရစ်တင်ရတယ်။ အခုတော့ ဗိုလ်ကြီးဘဝနဲ့နားပြီး လတ်ညွှန်ဖြစ်နေပါပြီ..။ လူရဲ့ စာရိတ္တလဲ ပထမတန်း၊ စိတ်ထားကောင်းမှု့လဲ ပထမတန်း၊ တိုင်းပြည်ချစ်တဲ့ နေရာမှာလဲ ပထမတန်းပါ..။
    ခက်တာက သူတို့ထဲမှာ အဆင့်တခုရောက်လာရင် အတွေးအခေါ်ကအစ ပုံစံပြောင်းသွားရော…။
    သူတို့ကို စစ်သားအဖြစ်နဲ့ စည်းရုံးနိုင်ဘို့တော့ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး…။
    မလွယ်ရင်လဲ ကြိုးစားလုပ်ရမှာပါပဲ။
    တိုင်းပြည်ကို အနုနည်းနဲ့ပြောင်းလဲဘို့က ဒီတနည်းပဲ ရှိပါတယ်။
    တကယ်လို့များ အမြော်အမြင်ရှိတဲ့ ကာချုပ်တယောက် ပေါ်ထွန်းလာခဲ့ရင်ပေါ့လေ…။
    တိုင်းပြည်ကို ပြုပြင်တည်ဆောက်သလို
    တပ်မတော်ကိုလဲ အခြေခံကစပြီး အစအစအရာရာ ပြုပြင်တည်ဆောက်ခဲ့ရင် သိပ်ကောင်းမှာ..။

  • သားငယ်

    May 9, 2012 at 2:24 pm

    အဖွဲ ့အစည်း တစ်ခု ထဲ လုပ်တာထက် စာရင်တော့ အားလုံးသော အဖွဲ ့အစည်းတွေက အကောင်းမြင် စိတ်ဓာတ်နဲ ့ပူးပေါင်း
    လုပ်ဆောင် ကြမယ်ဆို ရင်ဖြင့် ကျနော်တို ့လိုချင်သော ပုံစံကို အမြန်ဆုံးရောက်လာမှာ သေချာပါဘဲ..အုပ်ချုပ်သူတွေ ရော
    အတိုက် အခံတွေ ရော ပြည်သူပြည်သားတွေက ပါ အင်တိုက်အားတိုက် အမြန်ဆုံး တတ်နိုင်တဲ ့ဘက်က ပါဝင်ပြီး
    ပူးပေါင်းဆောင်ရွက် ကြဖို ့တော့ လိုအပ်ပါတယ်..တိုင်းပြည်တိုးတတ်အောင် လုပ်မယ်ဆိုရင်..ဘယ်လိုလူမျိုးက ဦးဆောင် ပြီး
    လုပ်ပါစေ ကျေနပ်မိမှာပါ..နိုင်ငံတကာ ရဲ ့အကူ အညီကို လိုအပ်သည် နှင့် အညီ..နိုင်ငံတကာ ရဲ ့ထောက်ခံ မှု ့ကို ရထားတဲ ့
    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ် မယ် ဆိုရင်တော့ ပိုမို မြန်ဆန် စွာ ခရီးရောက်နိုင်လိမ့်မယ်လို ့ထင်မိပါတယ်။
    လက်ရှိအခြေအနေ အရ မဖြစ်နိုင်သေးဘူး ဆိုလည်း ဖြစ်နိုင်သလောက် မြန်မြန်အကောင်အထည်ဖော်နိုင်ပါစေလို ့
    တရက်ထက် တရက် မျော်လင့်မိပါတယ်…တပ်မတော်က ဦးဆောင်ဖို ့ဆိုတာကတော့ မဖြစ်နိုင်တာပါ..တပ်မတော်ဆိုတာ အခြေခံကို က နိုင်ငံတော် ကာကွယ်ရေးအတွက် တည်ဆောက်ထားတာပါ. နိုင်ငံတော် အုပ်ချုပ်ဖို ့အတွက် တော့ နည်းပညာ ရပ်တွေ လိုအပ်
    နေမှာပါ…အဲ့ဒါကြောင့်လည်း ကျနော်တို ့အခု အချိန်ထိ ကြာအောင် တိုးတတ်သင့်သလောက် မတိုးတတ်ဘဲ ဆုပ်ယုတ်လာတာကို
    ဘဲ မြင်တွေ ့နေရတာဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် နိုင်ငံ တစ်နိုင်ငံတည်ဆောက်ရာ မှာ လည်း တပ်မတော် ဆိုတာ အဓိက နေရာက
    မရှီမဖြစ် လိုအပ်ပါတယ်။ ခောတ်မှီဖို ့လည်း လိုသလို အင်အားတောင့်တင်းဖို ့လည် း အမှန်လိုအပ်ပါတယ်…အဲ့ဒီတော့ ကာ..
    ကာကွယ်ရေးမှာ ကျွမ်းကျင်အောင် သင်ယူထားတဲ ့တပ်မတော်သားတွေက ကိုယ်ကျွမ်းကျင်တဲ ့ကာကွယ်ရေးကို လုပ်…
    နိုင်ငံရေးမှာ ကျွမ်းကျင်တဲ ့သူတွေက နိုင်ငံတကာ နဲ ့တွဲ ့ပြီး နိုင်ငံတော် အုပ်ချုပ်ရေးကို လုပ်သင့်တယ်လို ့ထင်မိသဖြင့် စကားရှည်
    လိုက်ရပါကြောင်း ..အမှားပါရင် ကျနော် ဉာဏ်မမှီဘူး ဟု ဖြည့်တွေး ပေးပါရန်…

  • Foreign Resident

    May 9, 2012 at 3:40 pm

    မဟုတ်သေးဘူး ( ထင်တယ် ) Swal Taw Ywet ရဲ့

    စစ်တပ် ထဲမှာ စစ်သားတိုင်းရဲ့
    စစ်မှုထမ်း မှတ်တမ်း ( Service Card ) ဆိုတာရှိတယ် ။
    အဲဒီထဲမှာ အဲဒီ စစ်သား ရဲ့ စစ်မှုထမ်းစဉ် အဖြစ်အပျက် ၊
    ကောင်းတာ ဆိုးတာ အကုန် မှတ်တမ်းတင်ထားတယ် ။
    သူ့မှာ အပြစ်ဖြစ်ရင် အဲဒီထဲမှာ မှင်နီ နှင့် ရေးထားလေ့ ရှိတယ်ကွယ့် ။
    အပြစ်ဖြစ် / မှင်နီ နှင့် အရေးခံရတာ( eg, ပြစ်တင် ရှုံချတာ ) မပြောနှင့် ၊
    စုံခုံ ဆိုတဲ့ စုံစမ်းရေး စုံညီ ခုံရုံး အဖွဲ့ခံရတဲ့ Record ရှိရင်ကို ၊
    အဲဒီ အရာရှိရဲ့ ဘဝ ရှေ့ရေးက သိပ်မကောင်းတော့ဘူးကွယ့် ။
    အဲဒီ Service Card ကို အဘ ဆိုလိုတာပါကွယ် ။

    ” သူတို့ထဲမှာ အဆင့်တခုရောက်လာရင် အတွေးအခေါ်ကအစ ပုံစံပြောင်းသွားရော ”
    မှန်ပါတယ် ဦးပါလေရာ ရေ ၊
    သူတို့ အဖွဲ့အစည်းမှာလည်း
    သူတို့ဟာနှင့် သူတို့ လက်ခံထားတဲ့
    Ideology / Mind Set တစ်ခု
    ခိုင်ခိုင် မာမာ ကို ရှိနေပါတယ် ။
    ဒါကြောင့်သာ ၊ သူတို့လည်း စည်းစည်းလုံးလုံး နှင့်
    အခု အချိန်အထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တာပေါ့ ။
    မှန်တယ် ၊ မှားတယ် တော့ အဘ မပြောဘူးနော် ။

    ” သူတို့ကို အပါယ်ခံထားတာထက် ”
    မ Thel Nu Aye ရေ
    မြန်မာပြည်ထဲမှာ တစ်ခုတည်းသော တရားဝင် အင်အား အကြီးမားဆုံး
    လက်နက်ကိုင် အဖွဲ့အစည်းကြီးကို ပါယ်ထားဖို့ စဉ်းစားမိရင်တော့
    သိပ် မိုက်မဲလွန်းရာ ကျသွားမှာပေါ့ ။
    အမေရိကန် လို နိုင်ငံမှာတောင် စစ်တပ်ကို ဖူးဖူးမှုတ်
    အထူး အခွင့်အရေး မျိုးစုံ ပေးထားရတာကွယ့် ။

    အခု Comment တွေမှာ
    အဘ ရဲ့ ဆိုလိုရင်းကို သိပ်မမိချင်တာတွေ့ရတယ် ။
    မန့်တဲ့သူတွေက စစ်တပ်ကို ပြောင်းခိုင်းချင်နေကြတယ် ။

    အဘ ဒီ Post မှာ အဓိက ဆိုလိုချင်နေတာက
    စစ်တပ် ကို ပြောင်း ဖို့ ပြောနေတာလဲ မဟုတ်ဘူး ။
    စစ်တပ် မှန်တယ် မှားတယ် ၊ တရားတယ် မတရားဘူး ပြောနေတာလဲ မဟုတ်ဘူး ။

    Real Politic ပေါ့နော် ။
    ဒီလို ဒီလို ၊ အခြေအနေတွေ ရောက်နေကြပြီ ။
    အဲဒီ အခြေအနေ ကနေ တိုင်းပြည် အတွက် အကျိုးအမြတ်ရအောင်
    အထူးသဖြင့် Win / Win အခြေအနေ / အဖြေ ထွက်အောင် ၊
    ဘာဆက်လုပ်ကြရင် ကောင်းမယ်ဆိုတာ ဆွေးနွေးကြည့်တာပါ ။

    လိုရင်း ကတော့ လွှတ်တော်ထဲက စစ်တပ် ၂၅ % ဟာ ၊
    ညီရင်းအကို ၊ တနိုင်ငံတည်းသား ၊ Officially အပြစ်ကင်းတဲ့ ၊
    ပညာတတ် ၊ တပ်မတော် အရာရှိကြီး တွေ နှင့် ဆက်ဆံ နှီးနှောခွင့် ရနေပြီ ။

    ၁ ။ နာကျည်းချက်တွေ ( ရှိခဲ့ရင် ) ကို လုံးဝ ( လုံးဝ ) ဘေးဖယ်ထား ပြီး ၊
    တစ်ယောက်အသံ တစ်ယောက် အပြန်အလှန် လေးလေးစားစား နားထောင်ကြပြီး ၊
    ပထမ နားလည်မှု ၊ ဖြစ်နိုင်ခဲ့ရင် စည်းလုံးမှု အထိ တည်ဆောက် ကြည့်ဖို့ ။

    ၂ ။ သူတို့ကို ပြောင်းလဲပေးရမယ်လို့ တောင်းဆိုတာမျိုး မဟုတ်ပဲ ၊
    သူတို့ကို ရိတာ ထေ့တာ တိုက်ခိုက်တာတွေ မပါပဲနှင့် ၊
    ကိုယ်တွေကလည်း တိုင်းပြည်ကို ရင်နှင့် အပြည့်ချစ်ကြောင်းကို ၊
    သူတို့တွေရဲ့ ရှေ့မှာ အမျှော်အမြင် ရှိရှိ အနစ်နာပါခံပြီး လုပ်ပြပြီး ၊
    သူတို့ရဲ့ အထင်ကြီး လေးစား ချစ်ခင်မှုကို ၊
    သူတို့ကိုယ်တိုင်က လှိုက်လှိုက် လဲလဲ ပေးလာတဲ့အထိ ၊
    လုပ်ပြစေချင်တာပါကွယ် ။

    အင်း ဒီနေရာမှာ အဘ ရဲ့ Personal အမြင်လေးကို ထုတ်ရေးရရင်ဖြင့် ၊
    အဘ ကတော့ အမေစု လောက် ဒူး မခိုင်လှပါဘူးကွယ် ။
    တိုင်းပြည်အတွက် ရေရှည်တည်တံ့မယ့် အကျိုး ရမယ်ဆိုရင်တော့ ၊
    အဘ ဒူးက ညွတ်ပေးလိုက်ဖို့ အဆင်သင့်ပါပဲကွယ် ။
    အဘ နာမည် ( ဘဝ ) ကြီးပျက်ပြီး ကျန်ခဲ့မယ် ဆိုရင်တောင်မှ အဆင်သင့်ပါပဲကွယ် ။

    တစ်ခုတော့ ပြောစရာရှိတာပေါ့လေ ၊
    အဘ ရဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေက အခွင့်ထူးခံ Elite ထဲကမို့လို့ ၊
    ဘာမှ မထိခိုက် မခံစားခဲ့ရဘူးတော့ ၊ စိတ်နာစရာ မရှိတော့ ၊
    မင်းက လျှော့ပေးဖို့ သည်းခံဖို့ ပြောအားရှိတာပေါ့လို့ ၊
    စွတ်စွဲ နိုင်စရာတော့ ရှိတာပေါ့လေ ။

    အဲလိုလူတွေကို တခုလေးပဲ တောင်းပန်ချင်တာက ၊
    သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ၊
    အရင်က မမျှော်မှန်းရဲလောက်အောင်ကို
    စစ်တပ်ဖက်က စတင်ပြီး ( စတင်ပြီး ) လျှော့ပေးခဲ့ပြီးပါပြီ
    ဆိုတဲ့ အချက်ကို မမေ့ပစ်ကြပါနှင့်လို့ ၊ ယထာဘူတ ကျကျ အသိပေးပါရစေ ။

    အမေရိကန်ကြီး တို့ ၊ အီးယူ တို့ ၊ ဆန် ရှင် တို့ကို သိပ် အထင်မကြီးကြပါနှင့် ။
    အီးယူ ဆိုတာ တရုတ်ကြီးကို ခြေသလုံးဖက်ပြီး ငွေချေးနေရတဲ့ အဖွဲ့ ။
    တရုတ်ကြီး ကသာ စစ်တပ်ဖက်က ရှိနေလို့ကတော့ ၊
    အမေရိကန်ကြီးလဲ ၊ မြန်မာပြည်ကို မထိ မတို့ရဲပါဘူး ။

    အဲဒီတော့ စစ်တပ်ဖက်က စတင်ပြီး ( စတင်ပြီး ) လျှော့ပေးပြီး လက်ကမ်းလာတဲ့ အချိန်မှာလည်း ၊
    အရင်လိုပဲ အရင်အညှိုးနှင့်ပဲ ၊ စစ်တပ်ကို ဆဲရေး ရှုတ်ချပြီး ဆက်ဆံကြအုန်းမယ် ဆိုရင်တော့ ၊
    ဒီတစ်ခါ ထပ်ကွဲကြရင် ၊ သမိုင်း ရဲ့ တရားခံဟာ ဘယ်သူဖြစ်လာမယ်လို့ ထင်သလဲ ။

    Real Politic ဆိုတာ ဖြစ်နေတဲ့ ဖြစ်နိုင်တဲ့ အခြေအနေကနေ စရတာပါကွယ် ။

    မမေ့ပါနှင့် ၊ သူတို့ စပြီး လက်ကမ်းခဲ့ပါတယ် ။
    မဆဲပါနှင့် ။ ပြုံးပြရမယ့် အချိန်ပါ ။
    ညီနောင် ရင်းချာတွေပါ ။

  • ထုံးဘဲဥ

    May 9, 2012 at 4:11 pm

    ဒို့ အဘက တရုတ်ကို တော်တော်အမွှန်းတင်နေတာပဲနော်
    မြစ်ဆုံစီမံကိန်း ပြန်စချင်လို့လားဗျာ ❓

  •  
    ““နောက်တစ်ချက်က သူတို့ ဟာလည်း ပညာတတ်တွေပါ ။
    သူတို့ တတ်တဲ့ စစ်ပညာက အရပ်ဖက်မှာ အံမဝင်တာသာ ဖြစ်ချင်ဖြစ်မယ် ။
    ( စစ်ပညာ မှာ အတွေးအခေါ် ၊ ပညာ မပါပါဘူး ထင်တဲ့သူတွေ
    Age of Empire တို့ Command & Conquer General တို့ လို
    Strategy War Game တွေကိုပဲ ဆော့ကြည့်ပါအုန်း ။
    အတွေးအခေါ်ရော ၊ ပညာပါ ပါတယ်ဆိုတာ ရိပ်မိသွားမယ် )””
    —————————
    အဘပြောတာကို ကျနော်လုံးဝမထောက်ခံနိုင်သလို၊လုံးဝလဲမငြင်းဆန်ပါဘူး။
    ဘာလို ့လဲ ဆိုတော့ စစ်တပ်ထဲနောက်ပိုင်းရောက်လာသူတွေရော၊ရှေ ့ကရောက်
    နေသူတွေရော သေနတ်ပစ်တတ်ရုံနဲ ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရမယ်လို ့စိတ်ထင်
    နေလို ့ပါဘဲ။ကျနော် အထင်ပြောတာပါ။လွဲမှားနေရင် ပြင်ပေးနိုင်ပါတယ်။
     

Leave a Reply