မန္တလေးက မဟာဗောဓိပင်ဘုရား နှစ် ၁၅၂ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

Diamond KeyMay 8, 20124min23028

မန္တလေးတဝိုက်မှာ လူသိများ စည်ကားတဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်တွေ ထဲမှာ အမရပူရက ရွှေကြက်ယက်ဆုတောင်းပြည့် ဘုရားက ကဆုန်ညောင်ရေသွန်းပွဲတော် ပါသလို မန္တလေး အောင်မြေသာစံမြို့နယ် ဗောဓိကုန်းရပ်ကွက်က မဟာဗောဓိပင်ဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် ကလည်း မန္တလေးမှာ အထူးစည်ကား လူသိများပါတယ်။

ဒီဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်က ကောဇာသက္ကရာဇ် ၁၂၂၂ ခုနှစ်မှာ ပဉ္စမသင်္ဂါ်ယနာတင် မင်းတုန်းမင်းကြီး စိုက်ပျိုးတော်မူခဲ့တဲ့ မဟာဗောဓိပင်ကို နှစ်စဉ်မပျက် ကဆုန်ညောင်ရေသွန်းပူဇော်ပွဲမို့ သမိုင်းဝင်ဖြစ်ကာ ပိုစည်ကားပါတယ်။

နှစ်စဉ်မပျက် ကျင်းပလာခဲ့တဲ့ ဒီ မဟာဗောဓိပင်ဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ဟာ ဒီနှစ်မှာဆို ၁၅၂ ကြိမ်မြောက် ကျင်းပတာပါ။ ဒီပွဲတော်ကို ဒေသခံတွေ၊ အနယ်နယ် အရပ်ရပ်က ဧည်သည်တွေ တစ်ကူးတက ရောက်ကြတာမို့ ဒေသထွက် စားစရာတွေ၊ ကလေးတွေ အတွက်ပျော်ပါးစရာတွေ၊ ပွဲတော်လာတွေကို ဖြေဖျော်တာတွေ နဲ့ ပွဲတော်က တော်တော်စည်ကားပါတယ်။

ဘုရားဆီလာရာ လမ်းတစ်လျှောက်မှာ စတုဒီသာ ကျွေးမွေးကြတာကလည်း နေရာအနှံ့ မှာ ရှိပါတယ်။

စားကြအုံးမလား

သူလေးကလည်း မမောနိုင် မပန်းနိုင်

ဒီပွဲတော်ကို ဒေသခံလူငယ်တွေက ဒုတိယသင်္ကြန်လို့တောင် တင်စားကြပါတယ်။ သင်္ကြန်ပွဲတော် အပြီးမှာ ပျော်စရာ ပွဲတော်ဖြစ်တာကြောင့်လည်း ညောင်ရေသွန်းရင်း ပွဲတော်လာတွေ ရေစိုတာ၊ ရေစင်တာကနေ ဘာသာရေးပွဲတော်လည်း ဖြစ်တာနဲ့ အညီ တစ်ဦးနဲ့ တစ်ဦး စိတ်မဆိုးကြပဲ ညောင်ပင်ကို ညောင်ရေသွန်းသလိုလိုနဲ့ ဟိုဖက်ဒီဖက် ကျော်လောင်းကာ ရေကစားကြတာလည်း ရှိပါတယ်။ တစ်ကယ်ကို ပျော်ပျော်ပါးပါး တစ်ပြုံးပြုံးနဲ့ပါပဲ။

အညာဒေသ မန္တလေးက ချစ်စရာ ပျော်စရာ ပွဲတော် တစ်ခုကို မရောက်ဖြစ်ခဲ့သူတွေ အတွက် မှတ်တမ်း ပုံလေးတွေပါ။

စိန်သော့

 

28 comments

  • Inz@ghi

    May 8, 2012 at 4:48 pm

    အားပေးသွားတယ် ဆြာသော့ရေ…
    ကင်မလာ ရေစိုသွားသေးလားဗျ
    😀

    • Diamond Key

      May 8, 2012 at 4:57 pm

      မိုးထဲ ရေထဲမှာ ရိုက်တတ်နေပီဗျ… ဖတ်ခနဲရိုက် ……. ဇတ်ခနဲ့ ကာ 😀
      (ဗွမ်းခနဲထိ ……….. ကျောမှာပိုးထားတဲ့ ကင်မလာအိပ်ကို :mrgreen:)

  • ဗိုက်ကလေး

    May 8, 2012 at 5:03 pm

    ရိုက်ချက်တွေကတော့ အမိအရပဲဗျာ..
    အူးသော့ဆီမှာ သုံးနှစ်သုံးမိုး ပညာသင်ပါရစေ
    တပည့်ခံပါ့မယ်
    ဘီအီးတော့ နေ ့တိုင်းတိုက်ပါ

    • Diamond Key

      May 9, 2012 at 9:39 am

      တပည့်ခံမယ်ဆိုရင် နေ့တိုင်းတိုက်ရမယ့် ဟိုဟာ …. ဟိုဟာလေ ……. အဲဒီရှေ့မှာ “ဘေ” တစ်လုံး ထည့် လိုက်မယ်နော် 😆
      ဒါမှ နေ့တိုင်း ဝတ္တရားမပျက်မှာ :mrgreen:
      :mrgreen: :mrgreen:

  • pooch

    May 8, 2012 at 5:40 pm

    ညောင်ရေသွန်းပွဲမရောက်ဖြစ်တာတောင် တော်တော်ကြာနေပြီ လူရှုပ်လွန်းလို့
    ထသီးဆံ နုနုလေးတွေ ဆိုရင်တော့ စားကောင်းမဲ့ပုံပဲ 😀

    • Diamond Key

      May 9, 2012 at 9:41 am

      လူရှုပ်လွန်းလို့ ဆိုပြီး သိပ်အောင်းမနေပါနဲ့ ၊ အပြင်လေးထွက်ပြီး ထသီးဆံ နုနုလေးတွေ ထွက်စားအုံးနော ………….. 😀

  • marblecommet

    May 8, 2012 at 6:20 pm

    အူးသော့ရေ့
    ထန်းသီးမုန့် စားချင်တယ်ဗျာ….

    • Diamond Key

      May 9, 2012 at 9:42 am

      ရှာလိုက်အုံးမယ် ထန်းသီးမုန့် 😛

  • Thel Nu Aye

    May 8, 2012 at 6:50 pm

    သူတို့မန်းလေးကပိုပျော်ဖို့ကောင်းနေပါလားဗျို့။ အားပေးသွားပါ၏။ ဝင်ပျော်သွားပါ၏။

    • Diamond Key

      May 9, 2012 at 9:42 am

      တားတားတို့မြို့က ပျော်စရာ ကြီးပါဆို ………… 😆

  • water-melon

    May 8, 2012 at 7:25 pm

    ဦးသော့က မီးကိုလည်းခေါ်ဘူး
    စိတ်ဆိုးတယ်
    နောက်ဆို ဘယ်နေရာဖစ်ဖစ်ခေါ်နေ ဥလေး
    မီးစောင့်နေမယ်
    အဟိ

    • Diamond Key

      May 9, 2012 at 9:44 am

      ဖုန်းဆက်လိုက်ရမလား ……………..
      ဖုန်းဆက်လိုက်ရမလား …………………….
      ငါ့သမီးစာကျက်နေတယ် ……….. အဲဟုတ်ပေါင် 😆
      ခေါ်မှ ..စာကျက်နေတယ် .. လို့မပြောနဲ့ :mrgreen:

  • windtalker

    May 8, 2012 at 7:46 pm

    မန်းတလေး ဆိုတာ အပူပိုင်း ၊ တစ်ကယ့်ခေါင်ခိုင်တဲ့ အပူချိန်ရှိတဲ့ မြို ့
    ဒီမြို ့ရဲ ့နွေရာသီ အပူဆုံးအချိန်မှာ ကျင်းပတဲ့ ညောင်ရေသွန်းပွဲ ၊ အဲ့ပွဲမှာ ခြစ်ခြစ်တောက်ပူနေတဲ့ကြား ရေထိကြပေမယ့်လဲ ဘေးမသီ ရန်မခ တာ ဗုဒ္ဓကို ကြည်ညိုသဒ္ဒါတဲ့ စိတ်စေတနာ ကြောင့်မို ့လို ့ဆိုပါရစေဗျား ။

    • Diamond Key

      May 9, 2012 at 9:45 am

      ဟုတ်မှာနော …………. ကိုပေ 😀

  • weiwei

    May 8, 2012 at 7:55 pm

    ဆြာသော့က ရေကိုရိုက်တာ တော်တော်လေးဝါသနာပါတယ်လို့ သတိထားမိတယ် …
    ရိုက်ချက်လေးတွေ လှတယ် …
    ဓါတ်ပုံပညာကို အနုပညာအနေနဲ့ခံစားတတ်လာတာ ရွာထဲက ဆြာသော့အပါအဝင် ဓါတ်ပုံဆရာတွေကြောင့်ပဲ …

    • Diamond Key

      May 9, 2012 at 9:48 am

      အယ် …… မဝေပြောမှ ………. ရန်ကုန်လာရင် ……. ဟိုလူကြီးတွေက …. အင်းယားတို့ …. ကမ်းနား တို့ ပို့နေတော့မှာပဲ 😀
      ဓါတ်ပုံလေးတွေက ကြည့်သူကို ပုံလေးတွေ ပြောပြနေတာပါဆို …………… :mrgreen:

  • ဆူး

    May 9, 2012 at 9:32 am

    ထန်းသီးတွေ အားကြီးပါပဲလား..

    • Diamond Key

      May 9, 2012 at 9:50 am

      လာနိုင်ရင် ………… လာပါ .. လာပါ …… တို့ကတော့ ကျွေးအုံးမှာ … “ထန်းသီးတွေ”
      :mrgreen:

  • MaMa

    May 9, 2012 at 2:37 pm

    ဆြာသော့ပုံတွေကြည့်လိုက်တာ လူတောင်ရေစိုသွားပြီ။ 😀
    (ရေမှုန်လေးတွေကို အမိအရ ရိုက်လိုက်နိုင်လို့)

  • Diamond Key

    May 9, 2012 at 2:51 pm

    ကျွန်တော်လည်း ခုတလော မန္တလေးမှာ ပူနေတော့ မဝေပြောသလို ရေတွေများ အရိုက်သန်နေမိသလားပဲ :mrgreen:

    • Diamond Key

      May 9, 2012 at 5:16 pm

      ဟင့် ……… သူတို့နဲ့ မလိုက်လိုက်ရလို့ စိတ်ညစ်နေတဲ့ဟာကို ……… ပြောရက်တယ် ဒီဘဘကြီးက 😥

  • ကိုသော့ရေ
    ခင်ဗျား ရေဖြာထွက်တဲ့ပုံက ပိုမိုက်တယ်။
    လုလင်နဲ့ကျနော့် အဲလိုရေဖြာထွက်တာကို မရလိုက်ဘူးဗျာ။
    စိတ်လေတယ်.

    • Diamond Key

      May 9, 2012 at 5:17 pm

      ရေဖြာတာ ဝေဆာချင်ရင် ကင်မရာတော့ နာမှာပေါ့နော … :mrgreen:
      (ကင်မရာမစိုရင် လူစိုမယ် 😛 )

  • Ma Ei

    May 9, 2012 at 4:24 pm

    ကိုသော့ရေ…
    ရေလေးတွေဖြာထွက်နေတဲ့ ပုံတွေလှလိုက်တာ…
    ညောင်ရေသွန်းရင်းနဲ့ ထန်းသီးဆံလေးတွေစားသွားတယ်နော်…

  • Novy

    May 9, 2012 at 4:41 pm

    မနိုလွန်ခဲ့တဲ့ အနှစ်20လောက်က မန်လေးကမဟာဗောဓိပင်
    ကဆုန်ညောင်ရေသွန်းပွဲကို ရောက်ဖူးတယ်
    ရေတွေတစ်ကိုယ်လုံးစိုရွှဲပြီး သင်္ကြန်ပြန်ရောက်သွားသလိုပါပဲ
    အရမ်းကို ပျော်ဖို့ကောင်းပါတယ် ရေတွေစိုသွားလို့ ဘယ်သူမှ စိတ်လည်းမဆိုးကျပါဘူး
    အခု ကိုသော့ရဲ့ ဓါတ်ပုံလေးတွေကို ကြည့်ပြီ
    အမှတ်တရနဲ့ ငယ်မူတောင်ပြန်သွားပါတယ်ရှင်

    • Diamond Key

      May 9, 2012 at 5:21 pm

      မအိနဲ့ မနိုရေ……. ညောင်ရေသွန်းရင်းနဲ့ ထန်းသီးဆံလေးတွေစားသွားတာ ကျေးကျေးပါဗျာ။ ငယ်မူပြန်ရင် သတိရစရာလေးတွေ သတိရနိုင်ပါစေ 😀

Leave a Reply