စာတွေထဲရေးထားသမျှ ချင့်သာယုံကြပါ

လင်းဝေJune 16, 20101min421

ကျွန်တော့် မေးလ်ကို ခင်မင်တဲ့သူငယ်ချင်းမိတ်ဆွေတွေ က ကျန်းမာရေးနဲ့ပတ်သက်တာ ဟိုဟာဒီဟာ တွေ ပို့ပေးကြပါတယ်။ ကျေးဇူးလည်းတင်မိပါတယ်။ ဒီလိုပို့တဲ့ အထဲမှာ စဉ်းစားချင့်ချိန်ဉာဏ်ကောင်းသူ များပါသလို စိုးရိမ်လွယ် ကြောက်လွယ်ပြီး မိတ်ဆွေသူငယ်ချင်းများအတွက် ပူပန်လို့ ထပ်ပို့ကာ forward လုပ်ပေးကြသူများလည်းပါပါတယ်။ အဓိက ပြောချင်တာကတော့ တစ်ခါတစ်လေ ဘာတွေမှန်းမသိပဲ လျှောက်ရေးလို့ အင်တာနက်ပေါ်မှာ တင်ကာ လူတွေကို အတွေးမှား အမြင်မှားဖြစ်လို့ စိုးရိမ်စိတ်တွေ ပွါးစေတာကို မလိုချင်လို့ ဒီစာကိုရေးမိတာပါ။

လူတစ်ချို့ရှိပါတယ် သူတို့က မဟုတ်က ဟုတ်က လျှောက်ရေးပြီး လူအထင်ကြီးခံရနည်းလားဆိုတာမျိုးက တစ်ဖုံ။ တစ်ချို့က ဟိုဟိုဒီဒီ အိုင်ဒီယာကွေးပြီး ထင်ရာမှန်မယ် လုပ်ကာ ရေးချင်ရာရေး ကြတာမျိုး တစ်သွယ် အမျိုးမျိုးပါပဲ။

အောက်က စာသား ဥပမာလေးကိုကြည့်ပါ။ သူငယ်ချင်းအရင်းခေါက်ခေါက်က ပို့ပေးတာပါ။ သူကတော့ အလုပ်လုပ်တဲ့နေရာမှာ သပ်ရပ်သေချာပြီး ကျန်းမာရေးလည်း ဂရုစိုက်တတ်တဲ့သူပါ။ သူ့ဆီကို ဒီစာလာတော့ သူလည်း ဘာပဲဖြစ်ဖြစ်ဆိုပြီး ပို့ပေးတာနေမယ်ထင်ပါရဲ့။ ကိုယ့်ကို ဂရုတစိုက်ပို့ပေးတာကို ကျေးဇူး တင်တာပေါ့ဗျာ။ စာဖတ်ပြီး စဉ်းစားဖို့ကတော့ ကိုယ့်အလုပ်ပဲလေ။ ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်တော့

တော်တော် အဓိပ္ပါယ်မရှိတာပဲ…အောက်မှာ ဆက်ဖတ်ကြည့်ပြီးမှ ဘာဖြစ်လို့ အဓိပ္ပါယ်မရှိတာတုန်းဆက်ပါရစေ။

* နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါ*

(ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ပက်သက်တဲ့
ဆောင်းပါးလေးပါ။)
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို ့ သတိပေးတာ တခုတည်း မဟုတ်ပဲ
နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေး
သောက်သုံးတဲ ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။
ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကို
ကျွန်တော်တို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ခုဆောင်းပါးလေး က တော့ ထမင်းစား
ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ တကယ်တော့
ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော်
လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ
့ အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့
အဖတ်တွေကလဲ အက်စစ် အဖြစ် တုံ့ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့အူနံရံ
တွေကနေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ
အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ်
ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေ ဖို ့ ဦးတည်နိုင်ပါတယ်။
အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ်
ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။ (အရေးကြီးတဲ့ နှလုံးခုန်ရုတ်တရက်
ရပ်တာမျိုး)သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့်တဲ့ လက္ခဏာတွေ
အားလုံးမှာဘယ်ဖက်လက်မောင်းကိုက်

ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက်
နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။) (နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ
တော့ သင်ဟာ ဘယ်တော့မှပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ ဖျားနာခြင်းနဲ့
ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆ဝ ရာနှုန်းသော
နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ ့ သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည်
နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု ့ က သင့် ကို
နိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။
အဲတာက ကျွန်တော်တို့ ဆက်လက်အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။
(နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့
နောက်ထပ် ၁ဝ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ ့ ကျွန်ုပ်တို ့ ဟာ အနဲဆုံး
အသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို
ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ
အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ်
နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကိုဒီဆောင်းပါးလေး နဲ့အတူ ဂရုတစိုက်ရှိဖို့
ပေးပို့ဖြစ်အောင်ပို့ပေးလိုက်ပါဗျာ။
သူကတော့ ပြောထားပုံနဲ့ မိတ်ဆွေတွေကို စိုးရိမ်တာလေး ကတော့ ချစ်စရာပါ။
ဒါပေမယ့် ဘာမှန်းမသ ထမင်းစားပြီး ရေခဲရေသောက်လိုက်ရင်ပဲ နှလုံးခုန် ရပ်မှာလိုလို မရှင်းမရှင်းပြောတော့ စိုးရိမ်တတ်သူတွေ အလကားကြောက်နေရအောင်လုပ်တယ်။
နောက်မဖြစ်နိုင်တာကတော့ လူဟာ သွေးနွေးသတ္တဝါပါ။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးတဲ့စနစ်ကိုယ်ထဲမှာပါပါတယ်။
ရေခဲရေသောက်လိုက်တာနဲ့ ဗိုက်ထဲမှာ ခဲကုန်မယ်ဆိုတာမဟုတ်ပါဘူး။
ဟုတ်ပြီ ခဲတယ်ထားဦး ခဲသွားရင် နှလုံးခုန်ရပ်မှာလား .. မဟုတ်ဘူးတဲ့ ကင်ဆာဖြစ်နိုင်ချေရှိတာတဲ့။
အဲဒါနဲ့ နှလုံးခုန်ရုတ်တရက် ရပ် ဘယ်လို ရပ်မှာတုန်း ဆိုတော့ မရှင်းမရှင်း ရေးထားတယ်။
စာဖတ်တဲ့သူများ ဘယ်မှာ ပဲဖြစ်ဖြစ် ဘယ်စာကိုပဲ ဖတ်ဖတ် သေသေချာချာဖတ်ကြည့်ပြီး စဉ်းစားချင့်ချိန်ကြပါလို့။
ဒီစာကို လည်း ချင့်ယုံပေါ့လေ……………….။

One comment

  • char too lan

    August 13, 2010 at 6:55 am

    အင်းဟုတ်တယ် စဉ်းစားချင့်ချိန်ရမယ့်စာတွေ Online မှာများနေပီ
    ကျန်းမာရေးဗဟုသုတအတွက် ကျေးဇူးတင်ပါတယ်
    ကူးယူပီးဖြန့်လိုက်ပါမယ်

Leave a Reply