လွန်ခဲ့ သော(၂)နှစ်လောက်ကအကြောင်းလေးတစ်ခုကိုရွာသူရွာသားများဖတ်ဖို့ တကယ်ကြုံတွေ့ ခဲ့ ရတဲ့ …..ကိုက်ထီးရိုးခရီးသွားတောလားအကြောင်းရင်ဖွင့် လိုက်ပါတယ်။
သူငယ်ချင်း၉၉)ယောက်နဲ့ ဘုရားပေါ်ကိုခြေလျှင်တတ်ခဲ့ ကြပါတယ်…အရင်ဆုံးကျားဆွဲဘိုးဘိုးကြီးနတ်နန်းဆိုတဲ့ (အလှူခံနေရာကိုဖြတ်မိပါတယ်….)အလှူခံနေတဲ့ သးများကထိုင်ပြီးကန်တော့ ခိုင်းပါတယ်..အလှူငွေကိုတတ်နိုင်သလောက်လှူဒန်းပါဆိုပြီးဆော်သြပါတယ်…တကယ်လို့ မလှူခဲ့ ရင်…ထိုင်မကန်တော့ ရင်…..
“သူတို့ ပြောပုံအရ….ကျားပဲထွက်ဆွဲတော့ မလိုလို….(အခုပဲ…..)။
အဲဒီလို..တောင်ပေါ်ကိုလမ်းလျှောက်တတ်ရင်းရင်ပြင်တော်ပေါ်ရောက်လာခဲ့ ပါတယ်…။ရင်ပြင်တော်ပေါ်ရောက်တာနဲ့ ကိုက်ထီးရိုဘုရားကြီးကိုဖူးလိုက်ရတော့ ရင်ထဲကအမောတွေပြေပျောက်သွားပါတယ်…။ဒီလိုနဲ့ ကျီးပါးစပ်နဲ့ မုဆိုးတောင်ကိုခရီးဆက်ခဲ့ ပါတယ်..(မမောနိုင်မပန်းနိုင်ပါပဲ)….ကျီးပါးစပ်ရောက်တော့ ဂူထဲမှာရှိတဲ့ 
ဘုရားကိုဖူးကြပါတယ်….အော်…ဒါနဲ့ …စကားမစပ်အခုကျီးပါးစပ်ထဲဝင်ဖို့ ကိုယ့် အဖွဲ့ လူအရေအတွက်နဲ့ တုံကင်(တန်းစီဝင်)စနစ်နဲ့ ဝင်ရပါတယ်….
တုံကင်ယူတဲ့ အခါမှာလည်းအလှူငွေထည့် ရပါတယ်….ဂူထဲမှာရှိတဲ့ ဘုရားကိုဖူးပြီးဂူပြင်ကိုထွက်ဖို့ လုပ်တဲ့ အခါအထဲကအလှူခံတဲ့ လူက…ကိုယ်ဝင်လာတဲ့ ဂူကဘာဂူလည်းဆိုတာ..သတိထားဦးလို့ ဆိုပါတယ်…ဘာကိုပြောချင်တာလည်း…..အလှူခံချင်တာလား…ခြိမ်းခြောက်ချင်တာလား…..
ဘယ်လိုတွေးရမလဲတောင်မသိတော့ ဘူး..(ကြောက်စရာကောင်းလှပါဘိ….)
ဒီလိုနဲ့ ဈေးတန်တလျှောက်ဟိုငေးဒီကြည့် လုပ်ရင်းမုဆိုးတောင်ဘုရားကိုရောက်ခဲ့ ပါတယ်…(ဟိုနေရာနား..ဒီနေရာနားကိုတော့ ထည့် မရေးတော့ ပါဘူး……
မောလို့ ရေအိုးကရေတစ်ခွက်သောက်မိပါတယ်….ရေတော့ သောက်တယ်..အလှူငွေတော့ မထည့် ကြဘူးလို့ ပြောပါသေးတယ်…ထားပါသူတို့ ကရေလှူတာမဟုတ်ဘူးလားလို့ …မေးချင်ပါသေးတယ်…။
ဒါနဲ့ မုဆိုးတောင်မှာခရီးတထောက်နားပြီး..ကျောက်ထပ်ကြီးဘုရားဖက်ကို…ခရီးနှင်ခဲ့ ပါတယ်…….။
လမ်းတလျောက်မှာဖူးခဲ့ ရတဲ့ ဘုရားများကတော့ …ဖါးဘုရား…ငါးဘုရားကျောက်လှူပ်ဘုရား…အစသဖြင့် ကျောက်ထပ်ကြီးကိုရောက်ခဲ့ ပါတယ်….။
ကျောက်ထပ်ကြီးဘုရားမှာရွှေသင်္ကန်းကပ်လှူခဲ့ ပါသေးတယ်…။ကျောက်ထပ်ကြီးမှာရွှေသင်္ကန်းကပ်ပုံကထူးဆန်းတယ်လေ…ဘုရားပေါ်ကိုရေ့သင်္ကန်းကပ်ပေးမဲ့ လူက၀မ်းလျှားထိုးတတ်ပြီးပြန်ဆင်းတော့ လက်လွှတ်ပြီးဝမ်းလျှားထိုးပြန်ဆင်းလာပါတယ်…ကြည့် လို့ တော့ အကောင်းသား..
ကျောက်ထပ်ကြီးကပြန်တော့ လမ်းဘုရားဖြစ်တဲ့ ကျောက်စည်ယိုဘုရားမှာရေအိုးတစ်လုံးလှူခဲ့ာာာာာာာကြသေးတယ်လူ(၉)ယောက်ရေအိုးတစ်လုံးလှူတာကို…..
လူက(၉)ယောက်ရေအိုးကတစ်လုံးပဲလှူနိုင်တာလားလို့ မေးတာခံလိုက်ရပါတယ်….ဒေါသထွက်လိုက်တာပြောမနေပါနဲ့ တော့ …..ကုသိုလ်ကတော့ မရတော့ ပါဘူး…
သဒ္ဒါတရားကိုပျက်သွားစေပါတယ်…….။အားလုံးစိတ်ပျက်လက်ပျက်နဲ့ ပြန်လာကြပါတယ်……..
တစ်ညအိပ်ပြီးတော့ …မနက်(၈)နာရီလောက်မှာရေတံခွန်ဖတ်ကိုဆင်းဖြစ်ခဲ့ ပါတယ်….။ရေတံခွန်သွားတဲ့ လမ်းမှာဘာအလှူခံမှမရှိပါဘူး….။
စိတ်ချမ်းမြေ့ စရာပါ…..။အဆင်းကိုကုန်းဆင်းတွေပဲမို့ အတတ်ကိုတော့ လေးဖတ်တောင်တတ်ရတဲ့ သူတွေလည်းတွေ့ ခဲ့ ရလို့ ရီစရာတွေဖြစ်ခဲ့ ပါသေးတယ်….။
ရေတံခွန်သွားတဲ့ လမ်းမှာ“ကိုးန၀င်း”..ဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုဖြတ်ရပါတယ်…ကျောင်းထိုင်ဘုန်းဘုန်းကလာသမျှလူတွေကို(အယုတ်..အလတ်…အမြတ်..မရွေး)
သတ်သတ်လွတ်ထမင်းကျွေးပါတယ်….ထမင်းစားပြီးရသောက်ဖို့ ရေနွေးကြမ်းနဲ့ အစာကြေဆေးကိုလည်းကျွေးပါသေးတယ်….နည်းနည်းနောနောကုသိုလ်မဟုတ်ပါဘူး…..။
အလှူလည်းမခံပါဘူး….လှူချင်သလောက်လှူလို့ ရပြီး….မလှူချင်လည်းရပါတယ်…….။
ညကျတော့ တစ်ကိုယ်လုံး…ကိုင်ရိုက်ထားသလို…..တစ်ယောက်နဲ့ တစ်ယောက်ဆေးတွေလိမ်းပေး…ဆေးတွေသောက်ရင်းအိပ်ခဲ့ ရပါတယ်…..။
မနက်ပိုင်း(၅)နာရီလောက်…..အာရုံဆွမ်းကပ်ပြီး….ကင်မွန်းစခန်းကိုဆင်းလာခဲ့ ပါတယ်……
လမ်းဘုရားတွေဝင်ပြီး….ရန်ကုန်ကိုပြန်လာခဲ့ ပါတော့ တယ်………..။
မှတ်ချက်……..အလင်းဆက်ရဲ့ ဓါတ်ပုံနဲ့ စာတွေကိုဖတ်ပြီးတော့ ရေးချင်စိတ်…..တအားဖြစ်လာလို့ ရေးလိုက်မိပါတယ်……
ဒေါ်အလင်းဆက်ရေ…….ကျေးဇူးပါရှင်…..အဲလေ….ဗျာ

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။