WordPress Templates Tag in detail

wailynnooJune 16, 20102min570

ကျွန်တော်တို့ WordPress theme တစ်ခုတည်ဆောက်တဲ့အခါ Template tag တွေကိုသုံးရပါတယ်။

Template tag ဆိုတာဘာလဲ?
Template tag ဆိုတာ wordpress ကို “ဘာလိုချင်တယ်” “ဘာလုပ်ချင်တယ်” ဆိုပြီးတော့ ညွှန်ကြားနိုင်တဲ့ code တွေဘဲဖြစ်ပါတယ်။
ဥပမာ။ ။ <?php bloginfo(‘name’); ?> ဆိုရင် wordpress ကနေပြီး ကျွန်တော်တို့ရဲ့ blog name ကို return ပြန်ပေးပါလိမ့်မယ်။
အဲဒီမှာ php tag <?php ?> ကို ကျွန်တော်တို့တွေ့ရမှာပါ။ wordpress ဟာ php language နဲ့ရေးထားတဲ့ အတွက် php tag ထည့်ပေးရပါတယ်။ ပြီးရင်တော့ wordpress ရဲ့ function ပိုင်းကိုတွေ့ရမှာပါ။ bloginfo(); ဆိုတာ wordpress ကကျွန်တော်တို့ အတွက်ပေးထားတဲ့ function ပေါ့။ wordpress ကကျွန်တော်တို့အတွက် function တွေအများကြီးပေးထားပါတယ်။ အဲဒီ functions တွေကိုသုံးပြီး Theme တွေ၊ plugin တွေကို ရေးနိုင်ပါတယ်။ ပြီးရင် function အတွက် parameters ပါပါမယ်။ အောက်မှာ အသေးစိတ် ရေးထားပါတယ်။

Parameters
<?php bloginfo(‘name’); ?> ဆိုတဲ့ ဥပမာမှာ ‘name’ ဆိုတာ parameter ပါဘဲ။ အဲဒီ ပေးလိုက်တဲ့ parameter ပေါ်မူတည်ပြီး ကျွန်တော်တို့ လိုချင်တာကို return ပြန်ပေးပါလိမ့်မယ်။ bloginfo(‘url’) ဆိုရင် ကျွန်တော်တို့ blog ရဲ့ url ကို return ပြန်ပေးပါလိမ့်မယ်။

Tag without parameter
parameter မပါတဲ့ tag တွေလည်းရှိပါတယ်။
ဥပမာ။ ။ <?php the_author_firstname(); ?> ဒီ tag မှာဆိုရင် parameter မရှိပါဘူး။ သူက ကျွန်တော်တို့ profile ရဲ့ first name ဆိုတဲ့အကွက်က string data ကို return ပြန်ပေးပါလိမ့်မယ်။

PHP function-style parameter
ဒီပုံစံ ကတော့ php မှာရေးနေကြ parameter ပုံစံအတိုင်းပါဘဲ။ <?php bloginfo(‘name’); ?> ဆိုတဲ့ပုံစံမျိုးပါဘဲ။ ဒီပုံစံမှာ parameter တစ်ခုထက်ပိုခဲ့မယ်ဆိုရင် comma ( , ) ခံပြီးထည့်ရပါမယ်။
the_title() ဆိုတဲ့ tag ကိုလေ့လာကြည့်မယ်ဆိုရင် သူ့မှာ parameter သုံးခုပါပါတယ်။
<?php the_title(‘before’, ‘after’, display); ?>  ဒီလိုပါ။
အဲဒီမှာ before ဆိုတာ title ရဲ့ရှေ့မှာပေါ်မှာဖြစ်ပြီး after ဆိုတာက title ရဲ့ နောက်မှာ ပေါ်မှာပါ။ display ဆိုတာကတော့ ပြမယ်ဆိုရင် TRUE ဆိုတာထည့်ပေးရမှာ ဖြစ်ပြီး မပြဘူးဆိုရင်တော့ FALSE ဆိုတာထည့်ပေးရပါမယ်။ ဘာမှမထည့်ရင်တော့ default က TRUE ဖြစ်ပါလိမ့်မယ်။
<?php the_title(‘Post Title:  ‘, ‘ &raquo;’ , TRUE); ?>  ဒီလိုရေးမယ်ဆိုရင် ဒီလိုပေါ်ပါမယ်။
Post Title: Using WordPress Makes Me Smile >>
အဲဒီမှာ ရှေ့ကနှစ်ခုကို sigle quote ထဲမှာ ရေးပေမယ့် နောက်က TRUE ကိုတော့ ဒီအတိုင်းဘဲ ရေးရပါမယ်။ parameter ရဲ့ data type ကြောင့်ပါ။ data type ကိုအောက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။
နောက်ထပ်တစ်ခုလောက်ထပ်ကြည့်ရအောင်။
<?php get_archives(‘type’, ‘limit’, ‘format’, ‘before’, ‘after’, show_post_count); ?>
ဒီ tag မှာ parameter 6 ခုတောင်ပါပါတယ်။
<?php get_archives(”, ”, ‘custom’, ”, ‘<br />’); ?>
အဲဒီမှာ single quote နှစ်ခုဘဲပေးထားတဲ့ parameter တွေကတော့ default အတိုင်းဘဲထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ နောက်ပြီး အဲဒီမှာ 5 ခုဘဲရေးထားတဲ့အတွက် နောက်ဆုံးတစ်ခုဖြစ်တဲ့ show_post_count ကတော့ default ဘဲဖြစ်ပါတယ်။ parameter တွေသူ့နေရာနဲ့သူ မှန်ဖို့အရမ်းရေးကြီးပါတယ်။ ကျွန်တော်တို့ format ဆိုတဲ့ parameter ကိုပေးဖို့အတွက် သူ့ရှေ့က နှစ်ခုကို default ဖြစ်အောင် single quote နှစ်ခုထည့်ပေးရပါတယ်။
<?php get_archives(”, ”, ‘custom’); ?>  ဒီလိုဆိုရင် format က custom ဖြစ်ပြီးကျန်တာတွေကတော့ default ဖြစ်ပါတယ်။

query-string-style parameters
ဒီ parameter ရဲ့ ပုံစံကတော့ ဒီလိုမျိုးဖြစ်ပါတယ်။
<?php wp_list_authors(‘show_fullname=1&feed=rss&optioncount=1’); ?>
wp_list_authors ရဲ့ parameter က 6 ခုရှိပေမယ့် သုံးမျိုးဘဲသုံးတဲ့အတွက်သုံးမျိုးဘဲ ရေးပါတယ်။ သူ့ရဲ့ပုံစံက parameter=value ဖြစ်ပါတယ်။ parameter ရဲ့ နာမည်တွေကိုတော့ မှန်အောင်ရေးနိုင်ဖို့ လိုပါတယ်။ အားလုံးကို single quote (သို့မဟုတ်) double quote ထဲမှာ ထည့်ပေးထားရပါတယ်။ ရှေ့နောက် အစီအစဉ်လည်း မရှိပါဘူး။
သူကိုဒီလိုပုံစံလည်း ရေးလို့ရပါတယ်။
<?php wp_list_authors(
‘show_fullname=1′
.’&feed=rss’
.’&optioncount=1′
); ?>
နောက်ထပ်ပုံစံတစ်မျိုးကတော့ ဒီလိုပါ။
<?php $params = array( ‘type’   => ‘postbypost’,
‘limit’  => 5,
‘format’ => ‘custom’,
‘before’ => ‘<li>&bull;&nbsp;’,
‘after’  => ‘</li>’ );
wp_get_archives($params); ?>

Ref: codex.wordpress.org