ကိုယ့်ဆရာရေ မီဒီယာခင်မောင်က ဖြစ်လိုက်မှ အထူးအဆန်းကြီးပဲ ။အခုလည်း အင်တာနက်ဆိုင်ကို အချိန်ပြည့်ထိုင်နေတယ်။နောက် အင်္ဂလိပ်စကားပြော စာအုပ်တွေ ဖတ်နေတယ် နိုင်ငံခြားထွက်မယ်လို့တော့ သတင်းသန့်သန့်ရတယ်။အရင်လို ဂျီတော့ပြောတာတွေ ဘာတွေလည်း မလုပ်တော့ ဘူး။သူက ကျွန်တော်ကိုတွေ့တော့ ရှင်းပြနေသေးတယ် LOVEepic.com ဆိုတာရှိတယ် ချစ်သူရှာလို့ရတယ်။ဓါတ်ပုံတွေလည်း ပါတယ်
ကြိုက်ရာရွေးတဲ့ ။နောက် မြှားနတ်မောင်မဂ္ဂဇင်းကို ဖတ်မလား ဒေါက်တာလွဏ်းဆွေဆိုက်ရှိတယ်။ သစ်ထူးလွင် သတင်းတွေကြည့်မလားရတယ်။နောက် လမ်းပြကြယ် ကြည့်မလား ဆရာ ဟိုဟာ ဒီဟာ ၀ါသနာပါရင် ဒေါက်တာချက်ကြီးရှိတယ်တဲ့ ။ သူဘယ်လောက် အင်တာနက်သုံးလည်း ကိုယ့်ဆရာစဉ်းစားကြည့်ပေတော့။မှတ်သားစရာ စကားလည်း သူကပြောသေးတယ်ဗျ
“ဒီမှာ ဆရာထက်ရဲ့ အင်တာနက်သုံးတယ်ဆိုပြီးChatting ချက်တင်သုံးစွဲသူ ၈၂ရာခိုင်နုန်းရှိတယ် game (ဂိမ်း)ကစားသူတွေက ၁၅%ပဲရှိတယ်ဗျ။”ကျွန်တော်တို့လို သတင်းဖတ် ၀က်ဘ်ဆိုက်ကြည့်သူတွေက နည်းတယ်
ကိုယ့်ဆရာရေ ဒီလိုကြတော့ လည်း ခင်မောင်တို့က တိတိကျကျလေ့လာထားတယ်။နောက်ပြောသေးတယ်
အ၀တ်အစားဝယ်ချင်ရင်တောင် အွန်လိုင်းပေါ်က ၀ယ်လို့ရတယ်ဗျ
ဒါကတော့ ကျွန်တော် မသိရိုး အမှန်ပါ ကျွန်တ်ာက ဖေ့ဘုတ်သုံးတယ် မန္တလေးဂေဇက် မှာ စာရေးတယ် ဒါပါပဲဗျာ ” လုပ်စမ်းပါအုံးခင်မောင်ရ ဘယ်လို ၀ယ်ရလဲ မင်းဆီမှာ ပညာယူရမယ်ဆိုတော့
အော် ဆရာနှယ် www. smpasoe.mm ၀က်ဘ်ဆိုက်မှာဝယ်လို့ရတယ် အိမ်တိုင်ယာရောက်ပို့ပေးတယ်ဗျာ
သူဒီလိုမျိုး သိတာကို ချီးကျူးမိတယ်။သူက တီးတိုးလေသံနဲ့ ကျွန်တ်ာကိုပြောသေးတယ်ဗျာ ချစ်သူရနေပြီတဲ့ ဟုတ်မှလည်းလုပ်ပါကွာဆိုတော့ ဟုတ်တယ်ဆရာ သြစီကတဲ့ နာမည်က vanessaotchere တဲ့ ဗျား
မြန်မာပြည်ကအမျိုးသမီးတွေ သူ စိတ်မ၀င်စားဘူးတဲ့။သူဘ၀ထဲက ထွက်မသွားပါနဲ့လို့တောင်ပြောတာ ဆရာနားလည်မှာမဟုတ်ဘူး ဘိုလိုပြောတာဗျလို့ သူက အားရ၀မ်းသာပြောတာဗျား။
ဒီအချိန်မှာပဲ ရပ်ကွက်ထဲက မြေပွဲစား ဒေါ် လှမြိုင်ရောက်လာတယ် မီဒီယာခင်မောင်ကို လာခေါ်တာလေ။ ခင်မောင်ကလည်းလိုက်သွားလေရဲ့ ကျွန်တ်ာလည်း ကိုယ်စိတ်ဝင်စားတာလေးတွေ ဖတ်မှတ်နေတုန်း
ဘေးနားမှာ နိုင်ငံခြားဖုန်းပြောဖို့ အမျိုးသမီးတစ်ယောက်ရောက်လာတယ်။
ဟယ်လို .. ကိုကျော်သောင်းလား နေကောင်းလား ….ကိုရယ် မလေးမှာ အဆင်ပြေရဲ့လား ငွေမပေးတာလည်း ကြာလှပေါ့….
တဖက်က ဘာတွေပြန်ပြောလည်း မသိဘူးကိုယ့်ဆရာရေ့ အမျိုးသမီးမျက်နှာ နီလာတယ် ပြီးတော့ ငိုသံပါကြီးနဲ့ …။“ အင်ဒိုမလေးနဲ့ ညားနေပြီ ရက်စက်လိုက်တာ ကိုကျော်သောင်းရယ် ရှင့်ကလေးတွေ
မျက်နှာ မကြည့်တော့ ဘူးလား ရှင့်.. ကျွန်မအပေါ်ရက်စက်ချင်ရက်စက်ပါ ဟလို ကိုကျော်သောင်း ရှင် ဖုန်းမချနဲ့နော် ဟင့် ဟီး
အမျိုးသမီးက ငိုချလိုက်ပါတယ် ရှင်ရက်စက်တယ် ကိုကျော်သောင်း ဟီးရွှတ်..အမျိုးသမီးက နှာရည်တွေ ကျလာပါတယ် ကျွန်တော့် တစ်ဖက်မှာလည်း ကောင်မလေးတစ်ယောက်က နားကြပ်တပ်ပြီး သီချင်းနားထောင်နေပါတယ် ကျွန်တော်က အလယ်က ကိုယ့် ဆရာရေ့။ကလေးမလေးကလည်း သီချင်းကို သံကုန်ဖွင့်နားထောင်နေတယ်ထင်တယ် ပတ်ဝန်းကျင်ကို မသိတော့ဘူးဒူးလေးတောင်နန့်နေလိုက်သေးတယ်
အမျိုးသမီးက တဖက်ကပြောတာကို နားထောင်လိုက် ငိုလိုက် ပြန်ပြောလိုက် လုပ်နေပါတယ်။
ကိုကျော်သောင်း ရှင်အရင်ကတော့ မိသားစု အတွက်ဆို ခုတော့ အင်ဒိုမရဲ့ အပြု အစုမှာ နစ်မွန်း သွားပြီပေါ့ ကိုကျော်သောင်းရဲ့ ဟီး ..ဟီး အင့်ရွှတ်
အမျိုးသမီးက ပူဆွေးမှုကို သက်သေပြလို့ မျက်ရည်ကျတယ် နှပ်ထွက်လာတာကို သတိလက်လွတ် ညှစ်ပြီး နဂို လိုပဲ ထင်ပြီး ပစ်လိုက်တာ စောစော သီချင်းနားထောင်နေတဲ့ ကောင်မလေးရဲ့ ပါးကို ကျွန်တော်ကိုကျော်ပြီး သွားမှန်ပါလေရော။ကိုယ့်ဆရာရေ ကောင်မလေးက နားကြပ်ကို ဖြုတ်လို့ သူ့ပါးကို ပွတ်လိုက်တယ် နှပ်ခဲကြီးက ပါလာတော့ ၀ုန်းကနဲ ထရပ်ပြီး ကျွန်တော်ကိုကြည့်တယ်။ကျွန်တော်ကလည်း အလျှင်အမြန် လက်ကာပြီး
အမျိုးသမီးကိုထိုးပြလိုက်တော့ စောစောက ဘာတွေပြော ဘာတွေ ဖြစ်နေတာကို မသိတဲ့ ကောင်မလေးက အမျိုးသမီးဆီ ဦးလှည့်သွားတယ်ဒီအချိန်မှာ အမျိုးသမီးကြီးက
“ ကိုကျော်သောင်းရယ် ဒီအရွယ်ကြီးေ၇ာက်မှ မမိုက်ချင်စမ်းပါနဲ့ ကျုပ်လည်း လွမ်းလှပါပြီ ပြန်လာပါတော့နော်”
ဒီစကားလည်းကြားရော ကောင်မလေးက လင်ထရူးမကြီး ဘယ်လိုလုပ်တာလည်း လို့မေးပြီးစောစောကနှပ်ချီးခဲကြီးကိုပြတယ်။အမျိုးသမီးကြီးကလည်း သူနှပ်ညှစ်တာမေ့နေတယ် အပူမိနေတော့ ဘာလုပ်လို့ ဘာကိုင်မိလည်း သတိမထားမိဘူးကိုယ့်ဆရာရေ့။
ဘာပြောတယ် လင်ထရူး ဟုတ်လား နင်လည်း လင်ရရင် ဒီလို ဖြစ်ရင် ဒီလို ဖြစ်မှာပဲ
မိန်းမကြီးနော် ရှင်လူပါးမ၀နဲ့ ရှင့် အညစ်အကြေးကို ဒီမှာ လာမသွန်နဲ့ .ဒါ အင်တာနက်ဆိုင် အမှိုက်ပုံ မဟုတ်ဘူး ကျွန်မပါး….
နင်က ပါးကောင်းတယ်လို့ ဆိုတာလား …ဟလို ကိုကျော်သောင်း ရှင်မရှိတော့ သူငယ်နပ်စား အနုတ်စုတ်မလေးက စော်ကားနေပြီရှင့်
ဟင် ..ဘာပြောတယ် ရှင်သာ အစုတ်အပြတ်မ အ၇ွယ်နဲ့ မလိုက် လွမ်းတယ်လေး ဘာလေးနဲ့ အရှက်မရှိတာ…
တစ်ယောက်နဲ့တစ်ယောက် ရိုက်လုဆဲဆဲကိုယ့်ဆရာရေ ဆိုင်ရှင်ကလည်း ၀င်တောင်းပန် ကျွန်တ်ာကိုကျော်ပြီး လက်ရွယ်လို့ ကျွန်တော်ကလည်း မလုပ်ကြပါနဲ့ တော်ပါတော့ လို့ပြော ကိုယ့်ဆရာရေ မြင်ကြည့်ဗျာ
ကျွန်တော်မှာ စက်ကိုတောင်မပိတ်အားဘူး အတင်းတိုးထွက်ရတယ်။ သူတို့နှစ်ယောက်ကတော့ ဆက်ဖြစ်ကြတာကိုဆိုင်ရှင်ကတောင်းပန်လို့ ငြိမ်းသွားတယ် ဆိုပဲ ဟို..နှပ်ချီးကို ဘယ်သူက သုတ်ပေးတယ် ဘယ်သူကတောင်းပန်တယ် မသိတော့ ဘူး။တချိုးထဲ ထွက်ခဲ့ရတယ် ကိုယ့်ဆရာရေ။
မီဒီယာ ခင်မောင်ရှိလို့ကတော့ ဒါမျိုးသတင်းရေးမှာ အသေချာပဲ နေေ၇ာင်ခါး အင်တာနက်ဆိုင်တွင် အမျိုးသမီးနှစ်ဦး အညစ်ကြေးစွန့်ရာက ခိုက်ရန်ဖြစ်ပွားဆိုပြီး ရွှေမြို့တော်တို့ အရူးလွယ်အိတ်တို့ မှာရေးပြီးသားပဲ
ကိုယ့်ဆရာရေ အင်တာနက် ဆိုင်ကလည်း မသွားမနေနိုင် အိမ်မှာသုံးရင်လည်း ကော်နက်ရှင်ကမကောင်းမီးက မမှန်နဲ့ စိတ်ညစ်တယ်ဗျာ။ နီးရာ လက်ဖက်ရည်ဆိုင် ၀င်ထိုင်ပြီး လက်ဖက်ရည်တစ်ခွက်မှာသောက်လိုက်တော့
ရော ခက်ပြီ မီဒီယာ ခင်မောင်နဲ့ တန်းတိုးတာပဲ သူ့လက်ထဲ စာအုပ်တစ်အုပ်နဲ့ တွေ့ပါ့မလားလို့ ဆရာရယ် ဒါလေးပြချင်တာ လူရှေ့မှာ မပြချင်ဘူးကျွန်တော်ပွပေါက်ဗျ စုတ်ေ၇ာ လာဘ်ရော ၀င်တယ်ဆိုတာ ကျွန်တော်ကိုပြောတာပေါ့။
ကိုယ့်ဆရာရေ စာအုပ်ထဲမှာ စာအိတ်ညှပ်ထားတယ် စာအိတ်ကို တယုတယ ချစ်သူ ဆံနွယ်လေးကို ပင့်သပ်သလိုမျိုး ဖွင့်ပြီး စာတစ်စောင်ထုတ်ပြတယ်။ဖတ်ကြည့်တဲ့ စာက အင်္ဂလိပ်လိုရေးထားတာဗျာ
Account number /27854896325141
Roll number IDBS/733/GZA
Amount 3.7 million Dollars
Next of Kin Farida Hammed
ကိုယ့်ဆရာရေ ဖရီဒါ ဟမ်းမက်ဆိုတဲ့ ကောင်မလေးက သူ့ကိုငွေတွေ လွှဲတော့မယ်ဆိုပဲ။ ဟိုက ဖုန်းနံပတ်၇ယ် သူရဲ့ နိုင်ငံရယ် နေရပ် ရယ်တောင်းနေပြီ ဆိုပဲ စာရှည်ကြီးလည်း ထုတ်ပြတယ်။ ကောင်မလေး အဖေက သေသွားပြီ အမေလည်းမရှိတော့ ဘဏ်မှာ အပ်ထားတဲ့ငွေတွေကို နိုင်ငံခြားပါတနာ ရှာတာတဲ့ သူ့ကိုလည်း ဓါတ်ပုံတွေပို့ပြီး ချစ်သူဖြစ်နေပြီတဲ့ဗျာ။ဒါကာ မှာနေတာဆိုပဲ။ ကျွန်တော်လည်း သူစကားတွေနားထောင်ပြီး ဘာပြောရမယ်မှန်းမသိဘူးကိုယ့်ဆရာရေ ။သူကတော့ မှိုရတဲ့ မျက်နှာနဲ့ ပြုံးနေတာပဲ ကျွန်တော်ကသာ လက်ဖက်ရည် ဘယ်လို ကုန်သွားတယ်မသိတော့ ဘူး စိတ်ညစ်သွာတာ
စောစောက မြေရောင်းမလို့တဲ့ အမွေရတဲ့မြေကိုရောင်းပြီး ကောင်မလေးနောက်လိုက်သင့်လိုက်ရမယ်တဲ့ ကိုယ့်ဆရာရေ ဒါကြောင့် အင်္ဂလိပ်စာတွေ လေ့ကျင့်နေတာဆိုပဲ။ကောင်မလေးလိပ်စာကို သူကပြောနေသေးတယ် ဘာတဲ့
Address 40,Avenue Malick SY DaKar .DAKAR SENEGAL တဲ့ မီဒီယာ ခင်မောင် ကတော့ လုပ်ချလိုက်ပြန်ပါပြီ။
( ဆက်ရန်)

About htet way

has written 133 post in this Website..