အညာခရီးစဉ် (၆) တန့်ကြည့်တောင် စွယ်တော်မြတ်စေတီတော်

weiweiMay 9, 20123min23418
ဗူးဘုရားပေါ်မှ မြင်ရတဲ့ သင်္ဘောဆိပ်
ခပ်ဝါးဝါးဖူးမြင်ရတဲ့ တန့်ကြည့်တောင် စေတီတော်
ဘိလပ်မြေစက်ရုံလို့ထင်တာပဲ (သိပ်တော့မသေချာ ...)
လှေအတက်အဆင်းကို ကြုံသလိုပဲ လုပ်လိုက်ကြတာပဲ ..
စေတီနားအထိ ကားနဲ့တက်လို့ရတယ်
ဘုရားပေါ်မှမြင်ရတဲ့ ရှုခင်း
စေတီအသေးလေးတစ်ဆူလဲရှိတယ်
ရွှေထီးဆောင်းတယ်ဆိုတာ ဒီလိုမျိုးနဲ့တူတယ်နော် ...
လှေဆိပ်
ဘုရားဖူးရင်း လှေစီးရတာ ပျော်စရာ ...
မြစ်ထဲမှ ဖူးမြင်ရတဲ့ ဗူးဘုရား
အနီးကပ်ဖူးမြင်ရတဲ့ ဗူးဘရား

ပုဂံကိုရောက်တဲ့သူတိုင်း စွယ်တော်လေးဆူကို တစ်မနက်ထဲဖူးနိုင်အောင် ဘုရားဖူးအဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ ကျွန်မတို့က ကိုယ့်အစီအစီနဲ့ကိုယ်မို့လို့ စွယ်တော် ၄ ဆူကို ၂ ရက်အချိန်ယူခဲ့ပါတယ်။ တန့်ကြည့်တောင်ကို သွားဖို့ မနက်စောစော ဗူးဘုရားကို အရင်သွားပြီး စက်လှေငှားရပါတယ်။ တစ်ယောက်ချင်းဆိုရင် အသွားအပြန်တစ်ထောင်ဖြစ်ပြီး စင်းလုံးငှားရင်တော့ အသွားအပြန် နှစ်သောင်းကျပ်ဖြစ်ပါတယ်။ ကျွန်မတို့က ၁ဝ ယောက်လောက်မို့လို့ စင်းလုံးပဲ ငှားလိုက်ပါတယ်။ တန့်ကြည့်တောင်ဘက်ရောက်တော့လဲ တောင်ပေါ်တက်မယ့်ကားတစ်စီး (townace) ငှားပြီး တက်ကြပါတယ်။ အတက်အဆင်း နှစ်သောင်းကျပ်ပေးရပါတယ်။ အရင်က ရောက်ဖူးတာထက် နဲနဲလေးလမ်းပိုကောင်းလာတယ်လို့ ထင်ရပေမယ့် ဆိုးတာတော့ ဆိုးနေတုန်းပါပဲ။ သင်္ကြန်ရက်မို့ ဘုရားပေါ်မှာ လူတွေကြိတ်ကြိတ်တိုးစည်ကားနေပါတယ်။ မနက်စောစောပေမယ့် ရင်ပြင်တော်ပေါ်မှာ အရမ်းပူနေတုန်းမို့ ခုန်ဆွခုန်ဆွနဲ့ ဓါတ်ပုံကောင်းကောင်းမရိုက်ဖြစ်ခဲ့ဘူး။

မရောက်ဖူးတဲ့သူတွေနဲ့ ရောက်ဖူးပြီးရင်လဲ အလွမ်းပြေ ကြည့်ရအောင် ပုံတွေကြိုးစားပြီး တင်ပေးလိုက်ပါတယ် …

18 comments

  • ဆူး

    May 9, 2012 at 10:27 am

    ရွှေထီးဆောင်းတဲ့ အချိန် နောက်တချိန် ရှိသေးတယ်။ အဟိ..
    မြန်မာ အယူအဆ တွေပဲ ပြောရမလား မသိဘူး မောင်ရှင်လောင်းတွေ ရွှေထီးဆောင်းပြီး လှည့်တယ်။ သေတဲ့ လူတွေ အခေါင်းဘေးမှာ ၂လက် ဆောင်းပေးတယ်။

    ဗူးဘုရားပုံစံ ကြည့်ရတာ တမျိုးပဲနော်.. တခုခု လိုနေသလိုပဲ.. အရင်ကလောက် သိပ်မလှတော့ဘူးလိုပဲ.. ခံစားမိတာ ပြောပါတယ်။

    • weiwei

      May 9, 2012 at 10:35 am

      ရာသီဥတုကလဲမကောင်း .. ဓါတ်ပုံဆရာကလဲ ခပ်ညံ့ညံ့နဲ့ ကင်မရာကလဲ ခပ်စုတ်စုတ်မို့လို့ပါ …
      ဗူးဘုရားအောက်က ပုဇွန်ကြော်နဲ့ ငါးကြော်သည်တွေ ကြော်မလောက်အောင် ရောင်းကောင်းကြတယ် … တိုးမဝယ်နိုင်လို့ မစားခဲ့ရတာကို သတိရသွားတယ် ..

  • Mလုလင်

    May 9, 2012 at 10:39 am

    “ခုန်ဆွခုန်ဆွနဲ့ ဓါတ်ပုံကောင်းကောင်းမရိုက်ဖြစ်ခဲ့ဘူး။” ကျွန်တော် နဲ့ ဦးပေါက် လဲ အစ်မ တို့ နားက ဘုရား မှာ အဲ့လို ဖြစ်ခဲ့ပါကြောင်း …. ခုန်တာနဲ့ တင် မရတော့ဘူး .. ပြေး ပါ ပြေးကြရတာ ဗျို ့ …။

  • nozomi

    May 9, 2012 at 11:44 am

    ငယ်ငယ်က အဘိုးအဘွားတွေဆီပြန်တိုင်း ပုဂံကနေ ပခုက္ကူအသွား ဇက်ပေါ်ကနေ တန့်ကြည့်တောင်ကို အဝေးက လှမ်းမြင်နေကြ ၊ အခုလိုတော့ တစ်ခါမှ အနီးကပ် မမြင်ဘူး ဘူး ၊အန်တီဝေ ကျေးဇူးပါနော

    ဘိလပ်မြေစက်ရုံတော့ မဟုတ်ဘူးထင်တယ် ပြန်စဉ်းစားကြည့်တာ ခေါင်းထဲ သိပ်မမှတ်မိတော့ဘူး
    ကျွန်းချောင်းဓါတ်မြေဩဇာစက်ရုံလားလို့ ကျွန်တော်လဲသိပ်မသေချာတော့ဘူး

    စွယ်တော်လေးဆူကို တစ်ရက်ထဲဖူးရရင် ဘာဖြစ်မလဲမသိ

    • weiwei

      May 9, 2012 at 11:49 am

      ဓါတ်မြေဩဇာစက်ရုံဖြစ်နိုင်တယ် … ကျွန်မလဲ ပြန်စဉ်းစားလို့မရလို့ ထင်တာ ရေးလိုက်တာ …
      စွယ်တော်လေးဆူကိစ္စကတော့ အယုံအကြည်မရှိလို့ မဆွေးနွေးတော့ဘူးနော် …

      ကျွန်မအထင်တော့ ဘုရားဖူးကားစီစဉ်သူတွေ ထွင်လိုက်တာလို့ထင်တာပဲ … တစ်မနက်ထဲ အားလုံးအမှီပို့လိုက်တော့ အချိန်ကုန်သက်သာတာပေါ့ … နံမည်ကြီးအောင် လုပ်လိုက်တော့ ဘုရားဖူးလဲ ပိုရတာပေါ့နော် ….

  • Diamond Key

    May 9, 2012 at 12:03 pm

    အားပေးသွားပါတယ်မဝေရေ၊ အောက်ဆုံးက ပုံလေးရိုက်ထားပုံကို သဘောကျတယ်ဗျာ 😀

  • ဗိုက်ကလေး

    May 9, 2012 at 12:14 pm

    တားတားလဲ ထီခဏခဏပေါက်ရင် အူးလေးတို ့လို ခရီးခဏခဏ ထွက်ဦးမယ်

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 9, 2012 at 12:41 pm

    ကျွန်တော်ကြားဖူးတာက စွယ်တော်လေးဆူကို နေ့လည် 12 နာရီ မကျော်ခင် ဆွမ်းကပ်ပြီးတော့ ဆုတစ်ခုတည်းတောင်းရင် ပြည့်တယ်တဲ့ … မဝေတို့တော့ ပြည့်တော့ဘူးထင်တယ် 2 ရက်တောင်ဆိုတော့ … အဟီး … စတာနော် …:P

  • mgwalone

    May 9, 2012 at 2:29 pm

    စက်ရုံက ကျွန်းချောင်း ဓတ်မြေဩဇာ စက်ရုံ မှန်ပါတယ်။ ဆိပ်ကမ်းက မော်တော်တွေနားမှာ ပလတ်စတစ်တွေ အများကြီး မြေကြီးတဲက ပေါ်နေတာ သတိထားမိတယ်။ တန့်ကြည်တောင်ဖက် ဆိပ်ကမ်းလို့ ထင်တယ် ။ ဟုတ်ပါသလားခင်ဗျာ။

    • weiwei

      May 9, 2012 at 3:48 pm

      ဟုတ်ပါတယ် .. တန့်ကြည့်တောင်ဘက် ဆိပ်ကမ်းပါ ..

    • ကျွန်းချောင်းကိုလဲ အရင်က ဇက်သင်္ဘောရှိတယ်မဟုတ်လားဗျ။
      ကျွန်းချောင်းကနေ ပခုက္ကူထိ ဆိုင်ကယ်နဲ ့သွားဖူးပါတယ်။
      မမဝေဝေ ရေ ပုံလေးတွေ အတွက်ကျေးဇူးပါနော်။

  • Ma Ei

    May 9, 2012 at 5:02 pm

    ဝေဝေရေ…
    ပုဂံ ကိုတော့ ဘယ်နှစ်ခေါက်ရောက်ရောက် မရိုးနိုင်တဲ့နေရာမို့
    ဓါတ်ပုံတွေကြည့်ပြီးထပ်သွားချင်လာပြီ…

  • manawphyulay

    May 9, 2012 at 5:26 pm

    ရွှေထိးဆောင်းနေတာ ဒူလဲဟင် မမဝေ….

    ဘယ်နှခါဖူးဖူး ပြန်ဖူးချင်မိတယ်။ ကျေးဇူးပါ

    • weiwei

      May 9, 2012 at 9:30 pm

      ဘယ်သူလဲ ဘယ်သိမလဲလေ … ဘုရားဖူးတစ်ယောက်ဆိုတာတော့ သေချာတယ် … လျှပ်တစ်ပြက်ရိုက်ချက်တွေပေါ့ …

  • မဟာရာဇာ အံစာတုံး

    May 9, 2012 at 5:56 pm

    စွယ်တော် လေးဆူကို တစ်မနက်တည်း အပြီးဖူး ..
    ပြီးတော့ လေးဆူစလုံးကို လှူဖွယ်ဝတ္ထု အတူတူလှူ …
    ဆုကို အတူတူ တောင်း ..
    ဒါဆို တောင်းတိုင်း ပြည့်တယ်လို့ .. ဂိုက်က ပြောဖူးတယ် …
    ဂျီးဒေါ်ရဲ့ ပုံတွေကို အားပေးသွားပါတယ် …
    ရှဲရှဲပါ …

  • windtalker

    May 9, 2012 at 8:09 pm

    အခုလို ဘုရားပုံတော်များကို ပြန်ဝေငှသည့်အတွက် လိုချင်တာတွေ ရပါစေ ဗျား ။

  • Khin Latt

    May 11, 2012 at 4:23 am

    ဝေဝေရေ
    မြစ်တွင်း ပုံလေးတွေ ကြည့်ပြီး ကြည်နူးခဲ့ပါတယ်။
    ပုဂံသွားတုန်းက မြစ်မကူးနိုင်လို့ မရောက်ခဲ့တဲ့ တန့်ကြည့်တောင်ကို ရောက်အောင် ပို့လိုက်လို့ ကျေးဇူးပါနော်။
    ဝေဝေ တို့နဲ့ နောက်တစ်ခါ ပြန်ဆုံဦးမယ်လို့ ယုံကြည်ပါတယ်။ 🙂
    စကားတွေ ဖောင်ဖွဲ့ခဲ့တဲ့ ညလေး ကို လွမ်းဆဲပါ။

    • ကြောင်ကြီး

      May 11, 2012 at 9:08 am

      ပြန်ဆုံဂျမယ်
      ချစ်သဲညှာ
      စစ်ပွဲတရာ
      အောင်ပွဲတရာ
      ဒေါ်လာတရာ
      မြန်မာငွေတသိန်းပေါက်တဲ့နေ…..။ 🙄

Leave a Reply