က ည န နဲ ့ စက်မှုဇုံ ဂျစ်ကား အမိုးပျော့ – အမိုးမာ

the bestMay 9, 20121min1118

စက်မှုဇုံ ထုတ်ကားတွေ နှစ်ပြည့်လို ့လိုင်စင်ဝင်ပြီဆိုရင် ကညန မှာ စိတ်ညစ်တဲ့ဒဏ်အမြဲခံ နေရပါတယ်။
အခုဆို ကားဈေးကျနေတဲ့ အချိန် ဇုံ ကားတွေဆို ငွေထပ်ကုန်ခံပြီး ဘယ်သူမှ မပြင်ချင်ကြလို ့ ကားဟောင်းကားစုတ်တွေထက်တောင်အမြင်မကောင်းပါ။
ကြံ ့ခိုင်မှု မရှိလို ့အန္တရယ်များပြီး ယာဉ်တိုက်မှုတွေ ဖြစ်တာလည်း မနည်းတော့ပါ။
စက်မှုဇုံထုတ်ကားတွေ ပြဿနာများထဲက ကျွန်တော့်မိတ်ဆွေအဖြစ်ပဲ တင်ပြပါမယ်။
ကျွန်တော့်မိတ်ဆွေထဲက တစ်ချို ့ဂျစ်ကားစီးသူများ မိုးရာသီရောက်တိုင်း ရေစိုခံရတဲ့ဒဏ်၊
ငွေကုန်ခံ အမိုးအသစ်လဲရတဲ့ဒဏ် မချိမဆန် ့ခံနေရပါတယ်။
အမိုးပျော့ ကို အမိုးမာပြောင်းခွင့်မရလို ့ဟုသိရပါတယ်။
ကျွန်တော် စဉ်းစားမိပါတယ်။ အမိုးပျော့ ကို အမိုးမာ တရားဝင်ပြောင်းခွင့်ပေးပါက ကားလည်းလှလာမယ်။
မြို ့လည်းလှလာမယ်။ စီးတဲ့သူလည်းအဆင်ပြေမယ်။
သူတို ့ ကားကိုလည်း သူတို ့ တတ်နိုင်သလောက် ပြင်ချင် လာလိမ့်မယ်။
ဒါကြောင့် တရားဝင်ပြောင်းခွင့်ပေးစေလိုပါတယ်။
တရားမဝင်ကားတွေတောင်မှ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တာကြောင့် ခက်ခဲမယ် မထင်ပါ။
မသမာသော နည်းဖြင့် အလုံးလဲခြင်း မဟုတ်ပဲ၊ ပြည်တွင်း ပညာရှင်များ မှ တီထွင် ဆောင်ရွက်ခြင်းကို အားပေးကာ သက်ဆိုင်ရာ တာဝန်ရှိသူများ အလေးထား စဉ်းစားပေးပါရန် နှင့် အဆင်ပြေအောင် ဆောင်ရွက်ပေးပါရန် MG မှ တဆင့် တင်ပြတောင်းဆိုအပ်ပါသည်။
MG ရွာသား များ ဝိုင်း ကူညီ Share ပေးကြပါရန် တောင်းဆိုအပ်ပါသည်။

8 comments

  • Khin Kha

    May 9, 2012 at 9:27 am

    အဲဒီဂျစ်ကိုရောင်းပြီး၊တစ်ခါတည်းအမိုးမာ ပါပြီးသားဇုံထုတ်ဂျစ်
    ဒါမှမဟုတ် အခုကားဈေးတွေကျနေတယ် အောက်ကားတစ်စီဖြစ်ဖြစ်
    ဝယ်စီးလိုက်ပေါ့သူငယ်ချင်းရယ်။
    က – ကညစ်
    ည – ညစ်ပတ်ခြင်းနည်းမျိုးစုံနဲ့
    န – နဂါးအမောက်ထောင်သလိုဟောက်စားလုပ်ပြီးအကြံအဖန်လုပ်နေသော
    ရုံးဖြစ်သတည်း။

  • ဦးဦးပါလေရာ

    May 9, 2012 at 9:49 am

    အရင် ၂၀၀၅ လောက်မှာ အမိုးမာဖိုက်ဘာတွေ / သံပြားတွေနဲ့ ထုတ်ကြတော့ အဲဒီတုန်းက ဝစ်သောက် တံခါးနှစ်ပေါက် ဖိုးဝှီးတွေနဲ့ အခွံချိန်းစီးကြတယ်။ နောက်ပိုင်းမှာ အလုံးချိန်းပြီး ချက်စီလေးပဲ ဇုံကဟာယူပြီး စီးကြတယ်။ အဲဒါကြောင့်အမိုးပျော့တွေ ကို အမိုးမာအဖြစ်အပြောင်းမခံတော့တာပါ..။
    ထုတ်ကတည်းက အမျိုးအစားလဲမတူပါဘူး
    အမိုးပျော့က Jeep
    အမိုးမာက SUV

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 9, 2012 at 10:07 am

    အဲ့ဒါဂဒေါ့ ခင်ဗျားဒို့ဒဒွေ အမေဒိဂန်ဒွေကိုပြဿနာရှာဗျာ
    စစ်ပွဲတွေမှာသုံးဘို့ လေးဘိန်းစလုံး မောင်းလို့ရဒဲ့ ဖိုးဝှီးဒရိုက်ဗ်
    ရှေ့နောက်ဂီယာ နှစ်ပေါက်ပါအောင်တီထွင်ခဲ့ဒဲ့
    အမေဒိက သားတွေဂိုပြဿနာရှာဂျ
    ဘယ့်နဲ့ အမိုးကို အမာမလုပ်ခဲ့ဂျဘူးလို့
    ဂျစ်ကားကို အမိုးအမာကြီးထည့်လိုက်ရင် ဂျစ်ကားမျိုးပျက်သွားမလားသိဘူးနော 😀
    ( တရားမဝင်ကားတွေတောင်မှ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တာကြောင့် ခက်ခဲမယ် မထင်ပါ။)
    တွေးကြည့်ရင်လည်း ရင်နာစရာကြီးနော
    ကားတစ်စီးလုံးကိုတောင် အကြံဖန်လုပ်ပြီးမှတော့ အမိုးကလေးကြမှ ဂွကျနေတယ်
    တစ်ခုရှိတာက အမိုးမာဖြစ်သွားရင် အခွန်တော့ပိုဆောင်ရမယ်ထင်တယ်
    နားတော့မလည်ပါဘူး ရမ်းချလိုက်ဒါ 😀

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 9, 2012 at 1:04 pm

    ဦးလေးကလဲ … ဇုန်ကားတွေရဲ့ ဆောင်ပုဒ်ကို မသိဘူးလား ….
    မှတ်ထားနော် … ( ဘယ်ကွေ့ … ညာရောက် … အသက်ပျောက် ) တဲ့ဗျ ။

  • the best

    May 9, 2012 at 2:04 pm

    ဝိုင်းပြီး အကြံပေးကြတဲ့ အတွက်ကျေးဇူးပါပဲ။
    သူ ့ကားက အမိုးမာ တပ်ပြီးသားပါ။ ဝယ်စကတည်းက ပါပဲ။
    ရောင်းတဲ့ဇုံက တာဝန်ယူပြီး ပထမနှစ်မှာ လိုင်စင်ဝင်ပေးတယ်၊
    ပြီးတော့ ဒီပုံကို ဓါတ်ပုံမှတ်တမ်းယူပြီးပြီ နောက်နှစ်ဒီအတိုင်းဝင်လို ့ရပြီ လို ့ပြောတယ်။
    လိုင်စင်ဝင်တာ သူကိုယ်တိုင်ပါတယ်ဆိုပေမဲ့ ဘယ်လိုညှိလိုက်လဲမသိဖူး ငွေ တစ်သိန်းကျော် ပေးလိုက်ရတယ်။ နောက်နှစ်သွားဝင်တော့ အမိုးမာ မရဖူးလို ့ပြောတာကြောင့် ငွေကုန်ခံပြီးဖြုတ်ပေး ပြီးမှ လိုင်စင်ဝင်လို ့ရတယ်။
    သူကအေးအေးသမား ဆိုတော့ လိုင်းမဝင်တတ်ဖူးလေ။
    နောက်နှစ်တွေတော့ ကိုယ်တိုင်ဖြုတ်ပြီးဝင်တယ်။အဆင်ပြေပါတယ်။
    တစ်ခါတစ်လေ ယာဉ်ထိန်းရဲက ဝှိးတက်စစ်တော့ ရစ်ခံရတယ်လေ။
    သူ ့အဖြစ်ကို ကြည့်ပြီး အတွေးဝင်လာလို ့ဒီပို ့(စ်) ကိုရေးမိတာပါ။
    တစ်ကယ်ခွင့်ပြုချင်ရင် ခွင့်ပြုလို ့ရနိုင်တာကြောင့် သက်ဆိုင်ရာလူကြီးတွေကို တင်ပြတာပါ။
    ဘယ်လိုနည်းနဲ ့ ခွင့်ပြု သင့်တယ်ဆိုတာတော့ သက်ဆိုင်ရာလူကြီးတွေ စီစဉ်ပေးစေလိုပါတယ်ခင်ဗျာ။

  • the best

    May 9, 2012 at 7:43 pm

    တစ်ခြား ပြဿနာတွေ၊ ကညန မှာ နှစ်တိုင်းလိုလိုတွေ ့နေရတယ်။
    ဆေးအကောင်း ခြစ်ပစ်တာတွေ၊ အမိုးဖေါက်၊ ကျောဖေါက်တာတွေပေါ့။
    ကျန်တာတော့သိတဲ့သူတွေ ဆက်ရေးစေချင်တယ်။

    ဒါမှ တစ်စုတစ်စည်း မသိတာလည်းသိခွင့်ရတာပေါ့။
    တစ်ကယ်ခွင့်ပြုလို ့ရနိုင်တာရှိရင် သက်ဆိုင်ရာလူကြီးတွေ
    ခွင့်ပြုခဲ့ရင် ကားလိုင်စင်ဝင်တဲ့အခါ မလိုအပ်တဲ့အဆင့်တွေလည်းလျှော့ချနိုင်ရင် အားလုံး ဝမ်းသာကြမှာပါ။

  • ပြည်ပကနေ ကားတွေ ဆက်တင်သွင်းနေမယ့် အစား ပြည်တွင်းဖြစ်ကို
    အားပေးလာဖို ့ ပိုအရည်အသွေးကောင်းအောင် ကြိုးစားသင့်ပီထင်ပါတယ်

  • the best

    May 13, 2012 at 1:50 am

    ပြည်တွင်းဖြစ်ကားကို စက်မှုဇုန်က အကြံအဖန်ကားထုတ်တဲ့သူတွေနဲ့
    နိူင်ငံတော်က ကိုယ်ကျိုးရှာ ဝန်ကြီးတွေက
    မူရင်းပုံစံတူ ကားတွေကို စနစ်တကျကြံစည်ပြီး ထုတ်ခဲ့တယ်။
    စက်မှု ဝန်ကြီးဌာနက ထုတ်တဲ့ မူရင်းပုံစံတူ ကားတွေက
    ပြည်တွင်းဖြစ်ကား ထုတ်လုပ်မှုကို ပြိုလဲအောင်သတ်လိုက်တဲ့
    ပြည်တွင်းဖြစ်ကား ထုတ်လုပ်မှု သမိုင်းရဲ့ သက်သေခံ ပါပဲ။
    ဒါတွေကို စနစ်တကျ ဖေါ်ထုတ်သင့်ပါတယ်။
    တာဝန်ရှိ တရားခံက ဘယ်သူလဲ။
    ဒီတရားခံတွေရှိနေရင်၊ အရေးမယူပဲထားလိုက်ရင်၊
    အရေးယူရဲတဲ့သူ မပေါ်သေးရင်
    ကားလောက ပျက်စီး နေအုံးမှာပါပဲ။

Leave a Reply