မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်

သားငယ္May 9, 20121min11912

ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရင် မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်—-
၁၉၅၉.ခုနှစ် စင်ကာပူ အကြိုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ခေါင်းဆောင် လီကွမ်ယုပြောကြားချက်..။

၁၉၅၉-ခုနှစ် (ပါလီမန်ဒီမိုကရေစီခေတ်) ဖွင့်လှစ်ခဲ့သော ရန်ကုန်လေဆိပ်အား ဖွင့်လှစ်သူ သမ္မတကြီး မန်းဝင်းမောင်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ရန်ကုန်လေဆိပ်ဟာ အာရှမှာ (ဂျပန်နဲ့ ဟောင်ကောင်မပါ) အကြီးဆုံးလေဆိပ်ကြီးဖြစ်ပါတယ်။ ထိုအချိန်က Thai Airways မပေါ်သေးသလို Singapore ချန်ဂီလေဆိပ် မရှိသေးပါ..။

အဲဒီအချိန်က မြန်မာပြည်မှာ UBA လေကြောင်း (ယခု မြန်မာ့လေကြောင်းတွင်) DC-3 ဒါကိုတာ လေယာဉ် (၁၈-စီး) ဗိုင်းကောင့်(ပန်ကာ လေးလုံးတပ်) လေယာဉ်ကြီး (၄စီး) ရှိခဲ့သည်။ ဟောင်ကောင်လို ခရီးဝေးကို တိုက်ရိုက် ပျံသန်းခဲ့သည်။ Time Newsweek များတွင် UBA လေကြောင်းလိုင်းကြော်ငြာများ မရိုးနိုင်အောင်တွေ့ရသည်..။

စီးပွားရေးနှင့် ငွေကြေးခိုင်မာမှု..။
ကမ္ဘာ့ဘဏ်နှင့် ဆွစ်ဘဏ်များတွင် ငွေကြေးကိုအာမခံထားရှိသည့်အတွက် ကမ္ဘာ့ထင်ရှာသောမြို့တော်များရှိ လေဆိပ်များတွင် မြန်မာ့ငွေကြေးကို ၁၉၆၂ မတိုင်မီအထိ ပေါက်ဈေးဖြင့်တိုက်ရိုက်လဲလှယ်ခွင့်ရှိ..။ မြန်မာငွေဖြင့် ပေးချေနိုင်..။ (ဦးနေဝင်းခေတ်တွင် နိုင်ငံတကာတွင် ကျပ်ငွေအာမခံထားမှုဖျက်သိမ်းပြီး အာမခံ ဒေါ်လာသန်းပေါင်းများစွာ ပြန်လည်ထုတ်ယူ)

ဆက်သွယ်ရေးကဏ္ဍ
၁၉၆ဝ ဝန်းကျင်တွင် အော်တို တိုက်ရိုက်လှည့်ပြီး ခေါ်ဆိုသောဖုန်းကို ဂျပန်နှင့်အပြိုင် အာရှတွင် ပထမဆုံးအဖြစ် တပ်ဆင်ခဲ့..။

ပညာရေး
ဆေးတက္ကသိုလ်များမှဆရာဝန်ဖြစ်လာသူများနိုင်ငံတကာအသိအမှတ်ပြုဆရာဝန်ဖြစ်ချင်လျင်အင်္ဂလန်ဆေးကောင်စီကို ပေါင်စတာလင် ၃၅ဝ သွင်းလျှင် မည်သည့်စာမေးပွဲမှ ဖြေစရာမလိုပဲ နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်ဖြစ်သည်..။ (ထိုစဉ်က နိုင်ငံတကာငွေလဲလှယ်နှုန်း တစ်ပေါင်- ဆယ့်ငါးကျပ်ခန့်) ဆေးတက္ကသိုလ်ပညာသင်များ..။ WHO / UNICEF / COLUMBO / ADB စသော scholarships များကို အလွယ်တကူဖြေဆိုနိုင်ကြသည်..။

(အတိတ်ကို ပြန်လွမ်းနေခြင်းမဟုတ်ပါ.။ ရွှေထီးဆောင်းခဲ့သော မြန်မာနိုင်ငံအား မခံချင်စိတ်ဖြင့် အားလုံး ပြန်လည်တူးဆွဖော်ထုတ်စေရန် ရည်ရွယ်ပါသည်..။)@www.dawnmanhon.com

 

12 comments

  • သားငယ်

    May 9, 2012 at 12:44 am

    အဲ့ဒီအဖြစ်အပျက်တွေကအမှန် တကယ်ဖြစ်ခဲ ့တာတွေပါ…ယုံရဖို ့တော ့အခု လက်ရှိမြင်တွေ ့နေရတာတွေ နဲ ့
    ဆို..တော်တော်ခတ်တယ်…

  • Thel Nu Aye

    May 9, 2012 at 6:22 am

    မယုံစရာမရှိပါဘူး။ စကာင်္ပူနိုင်ငံကိုမြန်မာ တည်ထောင်ပေးခဲ့ရတာပါ။ သူတို့ပြဋ္ဌာန်းတဲ့ ဥပဒေဆိုတာမြန်မာ ကရေးဆွဲပေးခဲ့ရတာပါ။ ယနေ့ထိတချို့ လူကြီးပိုင်းပညာတတ် စလုံးတွေမေးရင်သိပါတယ်။ စကာင်္ပူကျွန်းကိုလူနေမယ်ဆိုတုန်းကဒီကမြန်မာပညာရှင်တွေကိုကူညီဖို့ခေါ်တာပါ။ အခုမှနှိမ်ခံနေရတာပါ။ လူကြီးပိုင်း စလုံးတွေနှိမ်မယ်ကြံရင် စကာင်္ပူကိုဘယ်သူတည်ထောင်ပေးခဲ့တာလဲလို့ ဒီမေးခွန်းမေးလိုက် ရင်ငြိမ်သွားတာပဲ။ ဘာမှမပြောရဲတော့ဘူး။

  • windtalker

    May 9, 2012 at 9:12 am

    စင်ကပူရမတွေကို ကျေးဇူးအမြန်ဆုံး ဆပ်ဖို့ ပြောရမယ် ။:)

  • ဦးဦးပါလေရာ

    May 9, 2012 at 9:27 am

    လူဦးရေနဲ့ အချိုးချကြည့်ရင် မြန်မာနိုင်ငံဟာ တကမ္ဘာလုံးနဲ့တွက်ရင်ကို အောက်ပါနေရာတွေမှာ ထိပ်တန်းက ရပ်တည်နေပြီး သူများ လိုက်မီဘို့လဲ မလွယ်ပါဘူး..။

    ၁-လာဘ်ပေးလာဘ်ယူပြုသူ အများဆုံး (၉၉%)
    ၂-စိတ်ဓါတ်/စာရိတ္တ နိမ့်ကျသူ အများဆုံး
    ၃-စည်းကမ်းမဲ့သူ အများဆုံး
    ၄-ပျင်းတဲ့သူ အများဆုံး
    ၅-အချောင်သမား အများဆုံး

    • သားငယ်

      May 9, 2012 at 12:18 pm

      ဦးဦးပြောတဲ ့အထဲ မှာ နံပါတ် ၄ ကို ကြို်က်တယ်..ဇိမ်ကျလို ့..ဟိဟိ

    • ဗိုက်ကလေး

      May 9, 2012 at 6:23 pm

      တားတားလဲ နံပတ်လေးထဲမှာပါဒယ် အူးလေး
      😆

  • moethidasoe

    May 9, 2012 at 5:01 pm

    အခု စင်္ကာပူလို ဖြစ်အောင် ဘယ်နှနှစ်အတွင်း ဆောင်ရွက်မယ် ဆိုပြီး မြို့တော်ဝန်က ကျုံးဝါးထားလေရဲ့ .. အခုလဲ သွားလေ့လာဖို့ ဆိုပြီး သွားနေပြန်ပြီ .. ပြန်လာရင် အမှိုက်အိတ် ပြဿနာကို ဘယ်လို ရှင်းမလဲ တော့မသိသေး .. လောလောဆယ် အမှိုက် ရှင်း မရှင်းတော့ မသိသေးဘူး .. အမှိုက်အိတ် ရောင်းတာနဲ့ကို စည်ပင်က ဝင်ငွေ တက်နေပြီ ..
    ဒါနဲ့ စကား မစပ် မောင်ကောင်းတို့ စံလင်းတို့ လက်မှတ်ပါတဲ့ ငွေစက္ကူ ဝယ်ရောင်းအခြေအနေသတင်း ငြိမ်သွားပါလား

    • Thel Nu Aye

      May 9, 2012 at 7:28 pm

      မောင်ကောင်းတို့စံလင်းတို့ကလိမ်ခံလိုက်ရတာလေ။ အဲဒါကြောင့်ငြိမ်သွားတာ။ ပါသွားတာမနဲ ဘူးလေ။ လိမ်မဲ့လူတွေကသတင်းလွှင့်တာလေ မောင်ကောင်းတို့စံလင်းတို့လက်မှတ်ပါရင် ဘယ်လောက်ဆိုပြီး။ အဲတော့ရှိတဲ့သူတွေကဆက်သွယ်တယ်။ တကယ်လဲသူတို့ပြောတဲ့ဈေးပေး ဝယ်သွားတာ။ ပြီးတော့မှ မှာခဲ့တာ။ အရွက်ဘယ်လောက်ရရယူမယ်။ ဝယ်ထားပေးဆိုပြီး။ အဲဒီဈေးနဲ့ပဲပေါ့။ အဲဒါနဲ့ အဲကလူတွေကလဲအလုအယက်လိုက်ရှာဝယ်တာ။ ရောင်းတဲ့သူတွေက အစောကလာဝယ်တဲ့သူတွေနဲ့အပေါင်းအပါတွေလေ။ နောက်ဝယ်ပြီးလို့ရပြီဆို ဆက်သွယ်တဲ့ အချိန်ကျမှ အလိမ်ခံလိုက်ရမှန်းသိတာ။ တယောက်တယောက်ပါသွားတာမနဲဘူး။ သိန်း ကို ဆယ်တော်တော်များများတချို့ပါသွားတယ်။

  • မဟာရာဇာ အံစာတုံး

    May 9, 2012 at 7:52 pm

    .. ♫ .. လွန်ခဲ့ပါပြီလေ .. ♫ ..
    ♪ .. ဒါတွေ မပြောတော့ပါဘူး .. ♫ ..
    ♪ .. ခုများ ကြည့်လေ .. ♫ .. ♪ ..
    ခြေလှမ်းသစ်တွေ ပြန်စနေပါပြီ …. လို့ ……..

  • maungmoenyo

    May 10, 2012 at 10:15 am

    အခုတော့စင်္ကာပူကိုခေါင်းမော့ပြန်ကြည့်ရတဲ့ဘဝ….။
    လီကွမ်းယူ ကတောင်အကြံကောင်းတွေပေးနိုင်တယ်လို့ကမ်းလှမ်းခဲ့ရဘူးတဲ့ဘဝ…။

  • cobra

    May 10, 2012 at 1:42 pm

    ဦးဦးပါလေရာပြောသလိုပဲ
    နံပါတ်၄အချက်ကတော်တော်များနေကြတာ
    ကျွန်တော်လည်းပါတယ်။

Leave a Reply