ဂေဇက်ရွာသူ ရွာသားအားလုံးကို ကျွန်တော်မှားတာရှိလျှင်ခွတ်လွှတ်ပါရန် တောင်းပန်ပါတယ်။ ကျွန်တော် ဂေဇက်ရွာကိုရောက်တာမကြာသေးပါဘူး။ ဂေဇက်ရွာမှာ ရေးသားနေသူများရဲ့စာများကိုဖတ်ပြီး ပျော်ခဲ့ပါတယ်။ ကျွန်တော်မှာ မိတ်သစ်ဆွေသစ်တွေတိုးခဲ့တယ်လို့လဲ ခံစားခဲ့ရပါတယ်။ ဂေဇက်ရွာမှာ ရေးသားကြတဲ့ ရွာသူရွာသားများရဲ့စာများကိုဖတ်ရင်းနဲ့ နာမည်လေးများကို မှတ်မိသမျှစာရင်းလေးပြုပြီး ဂေဇက်ရွာကို အပြင်မှာ တကယ်ရှိနေတဲ့ရွာကြီးတစ်ရွာလိုဖန်တီးပြီး ဂေဇက်ရွာထဲမှာရေးနေသူတွေကို လဲ ရွာသူရွာသားတွေလိုသဘောထားကာဇာတ်လမ်းလေးဆင်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရသလို..လက်တွေ့လေးလဲ စမ်းရေးကြည့်မိပါတယ်။
သူကြီးခိုင်ကိုတော့ စာတွေဖတ်ရင်းနဲ့ပဲ သိသွားခဲ့တာပါ။သူကြီးခိုင်ဆိုတဲ့ အသုံးတွေကိုတွေ့လို့ပါပဲ။ နောက် ကိုဗိုက်ကလေးပုံလေးကိုကျွန်တော် အရမ်းသဘောကျသွားပြီး ကိုဗိုက်ကလေးကို ဂေဇက်ရွာရဲ့ချစ်စရာ အရက် သမား လေးပုံဖော်ခဲ့ပါတယ်။ ထိုအတူ အခြားအခြားသောရွာသူ ရွာသားများ ကိုလဲ ပျော်ရွင်ဖွယ်ဇာတ်ဆောင်လေးအဖြစ်ပဲဖန်တီးမယ်။ နစ်နာစရာ ဇတ်ဆောင်အဖြစ်ကိုတော့ မည်သူကိုမျှမဖန်တီးဟုလဲ စဉ်းစားထားခဲ့ပါတယ်။ ကိုကြောင်ကြီးဟာ ကျွန်တော်ကိုဦးဆုံးနှုတ်ဆက်သူဖြစ်သလို နာမည်နဲ့ ကြောင်ရုပ်ကြီးကလဲ ခန့်တာနဲ့ ကာလသားခေါင်းဆိုပြီး စိတ်ကူးခဲ့ပါတယ်။ ဂေဇက်ရွာမှာ ဘုန်းကြီးနာမည်နဲ့ကတော့ အရှင်အရိယ ဆိုတဲ့ဆရာတော် တစ်ပါးကိုပဲ တွေ့သေးတာနဲ့ ရွာဦးကျောင်းဆရာတော်အဖြစ် ဖန်တီးခဲ့တာ ပါ။
လင်မယားခန်းမှာ အမှန်ယောကျာ်းတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို အမှန်ရေး ခဲ့လျှင် မကောင်းလောက်ပါဘူးလို့စိတ်ကူးမိပြီး ခင်လတ်ဆိုသူကို စာရေး သူနဲ့သိတဲ့ ကိုခင်လတ်ဆိုတဲ့သူ တစ်ဦးလဲရှိလို့ ရေးခဲ့မိပါတယ်။ မိန်းမချင်း ဆိုတော့ အဆင်ပြေမယ်လဲအောက်မေ့မိလို့ပါ။ အတိသဉ္ဖာနာဂရချစ်သူဆို လျှင် အတိသဉ္ဖာရဲ့သား မောင်ချစ်သူ စသဖြင့် ပျော်ရွင်စေလိုတဲ့ရည်ရွယ် ချက်နဲ့ ကျွန်တော်ပုံဖော်လိုက်မိခြင်းဖြစ်ပါတယ်။ ပျော်ရွင်စေလိုချင်း…ရွာ သူရွာသားများ စိတ်ဝင်စားစေလိုချင်း..စတဲ့အကြောင်းများကြောင့်ပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမဟုတ်သူများကိုပင် ချစ်စရာအသွင်ဖြင့်ရေးရန် စိတ်ကူးခဲ့ပါသည်။ ယခုအခါမှာ အဲဒီလို နာမည်သုံးတာကို မကြိုက်တဲ့ နာမည်သုံးစရာ ရှားသလားဟု ပြောဆိုသံကြားလိုက်ရတဲ့အခါ လွန်စွာ စိတ် မကောင်းဖြစ်သွားပါတယ်။ စာရေးသူထက် အရေးခံရသူ စိတ်ဆင်းရဲ သွားသလားဆိုတဲ့…ငါ့ကြောင့်များ စိတ်အနှောက်အယှက်ဖြစ်သွားသလားဟု နောင်တ ရမိသွားပါသဖြင့်…. ပျော်ရွင်စေလိုတဲ့ရည်ရွယ်ချက်။ အားလုံးမိတ်ဆွေဖြစ်ဖို့ရည်ရွယ်ချက် နှစ်ခုမှတပါး အခြားလုံးဝမပါကြောင်း ၀န်ခံလိုပါသည်။စာရေးသူမှာ အပြစ်တစ်စုံတရာရှိပါက ခွတ်လွတ်ပါရန် တောင်းပန်အပ်ပါကြောင်း…..နောက်နောင် ယင်းကဲ့သို့ရေးသားမှုကို ရှောင်ကြဉ်ပါမည်ဟု ကတိပြုပါကြောင်း အားလုံးကို တောင်းပန်အပ်ပါသည် ခင်ဗျာ…..တောသားမြို့ရောက်စ….မြောက်စွစွဖြစ်နေတယ်လို့ပဲ သဘောထားပေးကြပါလို့ အနူအညွတ်တောင်းပန်အပ်ပါကြောင်း….
ဇောက်ထိုး

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..