ဘယ်လိုလူမျိုးတွေသာ အမေရိကန်ဒေါ်လာ ဘီလျံ၂ဝ ပြပြီး MICကားပါမစ်လုပ်ကိုင်နိုင်

etoneMay 9, 20121min32624

ပြည်မြန်မာဂျာနယ် အမှတ်(၈၁၈) 10.5.12 ထုတ် ဂျာနယ် စာမျက်နှာ ၂၃ က သတင်းတစ်ပုဒ်ကို ဖတ်ရင်း…. ဉာဏ်မမှီတော့တာကြောင့် scan ဖတ်ပြီး တင်ပေးလိုက်ပါတယ်နော် ။

ဘီလျံ ၂ဝဆိုတာ နည်းနည်းနောနော ငွေကြေးလားနော် ။ ဒါတောင်မှ မြန်မာငွေမဟုတ်ဘူးနော် ။ အမေရိကန်ဒေါ်လာဆိုပဲ ။ ဖတ်ရင်းဖတ်ရင်း … သို့လော သို့လော အတွေးတွေပွားနေတာကြောင့် တင်ပေးလိုက်ပါတယ် ။  ဘယ်လိုလူမျိုးတွေ လုပ်ကိုင်နိုင်မလဲလို့လည်း သိချင်စိတ်ပြင်းပျမိပါတယ် ။

 

 

 

 

 

 

 

 

 

24 comments

  • အိမ်လွမ်းသူ

    May 9, 2012 at 12:17 pm

    ဟင်.င်.င်… နာတာ မြန်မာနိုင်ဂန် မှာ အမေဒိတန် ဒေါ်လှ တွမ်တီ ဘီလီယံ ရှိလိုကတော့ ကားမထုတ် တော့ဘူး ။ ငဲ.. ငဲ..ငဲ..

    • အိမ်လွမ်းသူ

      May 9, 2012 at 2:25 pm

      ဒါနဲ့ စကားမစပ် မြန်မာနိုင်ငံမှာ အဲဒီလောက် ချမ်းသာတဲ့သူ မရှိဘူးမထင်နဲ့နော်။ စာရင်းအင်း တွေနဲ့ တိတိကျကျ မရှိလို့သာမသိကြတာ။

  • Thel Nu Aye

    May 9, 2012 at 1:01 pm

    အဲလာကငွေမဲကိုငွေဖြူလုပ်ချင်သူတွေအတွက်ကိုဖွင့်ပေးတာ။ ကြည့်နေ ငွေမဲသမားတွေပေါ်လာလိမ့်မယ်။

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 9, 2012 at 1:16 pm

    အဲဒါဆို အရင်ကနဲ့ ဘာမှလဲမထူးဘူးပေါ့ … ဘာတွေလုပ်နေတာလဲ … အခုတစ်မျိုး တော်ကြာတစ်မျိုး …

  • ဦးဦးပါလေရာ

    May 9, 2012 at 1:17 pm

    အဲဒီသတင်းတခုခုတော့ မှားနေပြီထင်တယ်။
    ဒေါ်လာချည်း ဘီလီယံ၂ဝ ဘဏ်မှာထားတဲ့သူ ကမ္ဘာမှာရော ဘယ်နှစ်ယောက်ရှိလို့လဲ…။
    ကျုပ်ထင်တာတော့ million ပဲဖြစ်နိုင်ပါတယ်။
    သတင်းရေးတဲ့သူမှားတာ ဖြစ်နိုင်ပါတယ်။

  • phone_kyaw

    May 9, 2012 at 1:18 pm

    သတင်းထောက်က မှားပြီးရေးတာလား။ တကယ်လားတော့ ကျနော်လည်း မသိပါဘူး။ ဒေါ်လာဘီလီလျံ ၂၀-ဆိုတာက မြန်မာအစိုးရလက်ထဲမှာတောင်မရှိတာဆိုတော့ ဘယ်သူက ဝယ်နိုင်ပါ့မလဲသိဘူး။ အိတုံ….နင့်မှာ အဲဒိငွေရှိတယ်လို ့ကြားတယ်။ ငါ့ကို တစ်စီးလောက် ဝယ်ပေးစမ်း။ 🙂

  • မြေပေါ်ကုဋေရှစ်ဆယ် မြေအောက်ကုဋေရှစ်ဆယ် ဆိုတဲ့ရှေးက စာချိုးလေးကု ိသတိရမိပါတယ်.
    သတင်းအမှားကြီးဖြစ်နိုင်ပါတယ်။

  • phone_kyaw

    May 9, 2012 at 1:30 pm

    ကားထုတ်လုပ်ချင်တဲ့လူတွေပြောတာဖြစ်မယ်။ သတင်းကိုသေချာဖတ်ကြည့်ပါ။ ဘီလီလျံ ၂၀-အထိ…လို ပြောထားတယ်။ ရှိရမယ်လို ့ပြောတာမဟုတ်ဘူးထင်တယ်။ သတင်းထောက်က စာမရေးတတ်တာတော့ အမှန်ပဲ။ အဲဒါ မြန်မာပြည်က သတင်းထောက်တွေရဲ ့အရည်အချင်းလားမသိဘူး။

  • etone

    May 9, 2012 at 1:37 pm

    ကျွန်မတွေးတာကတော့ …
    (၁) တိုက်ပင်မှားရိုက်တာများလား ပေါ့ … ။ (မသေချာ) ဘာလို့လဲဆိုတော့ ပြည်မြန်မာဂျာနယ်က ..ဟိုတစ်ခါ အစ်မနွယ်ပင် ရေးသလို … ငါးရှည့်ဝင်သွားတာ .. ဆီးအိမ်ထဲရောက်သွားသလိုတွေ …. အတည်ပေါက်နဲ့ ရေးတဲ့သတင်းတစ်ပုဒ်ရယ် ၊ နောက် .. ဘာသတင်းလဲ မမှတ်မိတော့ဘူး ..အ ဲ့ဒီလိုပဲ တပုဒ်ရယ် ဖတ်ခဲ့ဖူးတာကြောင့်ပါ … ။

    (၂) အစ်မသဲနုအေးပြောသလို နဲ့ … ဘော်ဒါတစ်ယောက်တို့ကို ဆွေးနွေးသလိုပေါ့ …. ငွေဖြူ ၊ ငွေမည်း ပြသနာအတွက်ကြောင့်လို့လည်း ထင်တယ် … လာပြောပြတဲ့ ဘော်ဒါကတော့ …Money Loundryလုပ်မှာလို့ထင်ပါသတဲ့ … ။ သူပြောပြသွားတာလေးတွေက .. အများကြီးဖြစ်နိုင်ခြေရှိပေမယ့် …. ပို့စ်ထဲမှာတော့ ထည့်မရေးတော့ပါဘူး …။ 😀

    • Thel Nu Aye

      May 9, 2012 at 2:07 pm

      July လထဲမှာ ကမ္ဘာ့ဘဏ်ကလာတော့မယ်လေ။ အဲလိုလာရင်သူကငွေကြေးထိန်းချုပ်မှု့တွေ လုပ်တော့မှာ။ အဲဒီကျမှ ဆိုမလွယ်ဘူးလေ။ သူတို့ဇာတ်ရှုပ်သူတို့ပဲသိတာဆိုတော့ အခုကတဲ ကကြိုရှင်းထားတာဖြစ်နိုင်တယ်။

  • kai

    May 9, 2012 at 3:26 pm

    ကမ္ဘာ့အကြီးဆုံးကားထုတ်တဲ့ကုမ္ပဏီ.. ဂျီအမ်တောင် ဘီလျှံ၂ဝ ဘဏ်ထဲရှိမယ်မထင်…
    ဖယ်ဒရယ်က ဘီလ်အောက်လုပ်ပြီး ဖို့ဒ်..ဂျီအမ်..ခရိုက်စလာကယ်တာတောင်.. ဘီလျှံ ၂၄.၉ တဲ့..

    Auto Bailout – US Economy – About.com
    useconomy.about.com/od/criticalssues/a/auto_bailout.htm
    Kimberly Amadeo
    Updated March 28, 2012
    In December 2008, the three major U.S. auto industry companies — GM, Chrysler and Ford — asked the government for a $34 billion bailout to avoid bankruptcy. The Big 3 stated that their demise would trigger 3 million layoffs within a year, plunging the economy further into recession.

    In January 2009, the Federal government used $24.9 billion of the $700 billion bank bailout fund to rescue two of the Big 3 :

    $17.4 billion for General Motors and Chrysler.
    $6 billion for GMAC.
    $1.5 billion for Chrysler Financial.
    အနိစ္စ…

    • etone

      May 9, 2012 at 4:02 pm

      မြန်မာနိုင်ငံမှာ အဲ့ဒီလောက် ချမ်းသာတဲ့လူမရှိဘူးလို့ ကျွန်မလည်း ထင်ထားတာ .. ရွာထဲက ရွာသားတစ်ယောက်က ချတွက်ပြတော့မှပဲ … ရှိနိုင်တာပဲလို့ …. လက်ခံလိုက်ရတယ် … ။
      ဘယ်သူတွေလည်းတော့ မပြောတော့ပါဘူး … အချက်အခြာနေရာတွေမှာ .. စီးပွားရေး ဖြန့်ကျက်နေသူတွေရဲ့ အိမ်တစ်လုံးတောင် … မနည်းမနောတန်တာပဲ … ။

      • Thel Nu Aye

        May 9, 2012 at 10:16 pm

        ဟုတ်ပါ့။ အိမ်နဲ့မြေတန်ဖိုးတောင်မှ သိန်းသိန်းချီတန်တဲ့ အိမ်တွေပိုင်ဆိုင်ထားတဲ့သူတွေရှိတယ်။ ဒါကရန်ကုန်တင်။ စကာင်္ပူမှာလဲကွန်ဒိုတွေဝယ်ထားသေးတယ်။ တချို့ဆို အော်ဇီမှာတောင်ဝယ် ထားတယ်တဲ့။ ပေါင်းလိုက်လို့ကတော့ ပြည့်ရုံမကပိုတောင်နေအုံးမှာ။ တပ်ချုပ်ကြီးဆို နောက်ဆုံး ပိတ်အိပ်နဲ့လွယ်သွားတာ ဒေါ်လာ ၁ဝ သန်းလေ။ ရှေ့ရှေ့တွေမှာတော့မတွက်တောင်မ တွက်နိုင် တော့ဘူး။

      • kai

        May 10, 2012 at 12:10 am

        $1 billion = $1000 million
        $1 million = ကျပ်ငွေသိန်းပေါင်း ၈သောင်းကျော်

        • အိမ်လွမ်းသူ

          May 10, 2012 at 10:05 am

          သူကြီးရေ $1million မှာ သိန်းရှစ်ထောင်ကျော် မဟုတ်ဘူးလားဗျို့။

        • kai

          May 10, 2012 at 10:22 am

          မှန်ပါတယ်ကွယ်..
          ဒေါ်လာ ၁သန်း.. သိန်းရှစ်ထောင်ပါ..
          (ဆယ်တန်းသချာ်ဘယ်လိုအောင်လာတယ် မသိ..) 🙂

  • Uncle Lay

    May 9, 2012 at 4:36 pm

    ဘီလျံ ၂၀…………ဘဏ်မှာထားပြီး…နှက်နေတော့မယ်။ နင်တို့ဆီလာတော့ဘူး….ဒါပဲ..။

  • windtalker

    May 9, 2012 at 7:39 pm

    ကျုပ်ကတော့ ၊ အဲဒီ ဘီလျှံ၂ဝ ရှိတယ် ဆိုတဲ့ လူဆီမှာ ၊ ဘက်စ်မန်းလုပ်ချင်တယ်ဗျာ ။ တစ်ကယ်ပြောတာပါ ။

    • ဗိုက်ကလေး

      May 9, 2012 at 7:50 pm

      အိုကေ..ညီလေး
      အကို ့ဆီလာခဲ့.
      အကို ့မှာ ရှိတယ်..

      • မဟာရာဇာ အံစာတုံး

        May 9, 2012 at 8:05 pm

        အူးရေး .. ဗိုက်သဋ္ဌိန်း ..
        သားသားလည်း လုပ်ချင်လို့ ..
        လာခဲ့ရမလားဟင် …

  • water-melon

    May 9, 2012 at 7:42 pm

    ဘက်စ်မန်းမလုပ်နဲ့ ကိုပေ
    စပက်တာမန်းလုပ်
    အဟိ
    နာမှာဆီတယ်အေ့

    • windtalker

      May 9, 2012 at 8:14 pm

      စ ပက် တာ မန်း ဆိုတာ ဘာကြီးတုန်း
      ရှင်းရှင်းလင်းလင်း ပြောစမ်းပါ တရုတ်မ ရယ်

  • zaw min

    May 10, 2012 at 12:17 am

    နဲနဲလေးတော့ လွဲနေတယ်…လွဲလွဲလေးပဲကောင်းပါတယ်…
    သူကြီးဆီမှာ သန်းနှစ်သောင်းရှိပါသည်။သူကြီးခေါင်းမှ သန်းတစ်သောင်း၊သူကြီးကတော်ထံမှ သန်းတစ်သောင်း စုစုပေါင်းသန်းနှစ်သောင်းရှိတယ်။
    ရွာထဲမှာ ပါမစ်လိုချင်တဲ့လူရှိရင်ပြော…တစ်ယောက်ကို တစ်သန်းပေးမယ်။

  • အမလေး ဗျ.
    မြန်မာပြည် ဝယ်ခိုင်းမလို ့များလားမသိ။
    ဘယ်ကောင်တွေ အဲလောက်ပေါနေသလဲနော်။
    ခိုးစားရင်တော့ ရနိုင်မှာဘဲနော်

Leave a Reply