ဘိုခေဲး

ムラカミMay 10, 20126min18116

 

 

အင်း.. DIY ကဏ္ဍ ဖွင့်ပြီး ဘူမှလည်း ဟုတ်တိပတ်တိ မရေးကြသေးဘူး…

သဂျီးတို့များ ..ဘစ်ဇနက်အောက်မှာ မားကတ္တင်း ဆပ္ပ ကတ္တဂိုရီလေး ဖွင့်ပေးပါပြောတော့

မသိချင်ထောင်ထောင်နေတယ်..။

 

အဲ့ဒါနဲ့ ခုရက်ပိုင်း မားကတ္တင်းအကြောင်း ရေးချင်စိတ်ကို မရှိတာ..

သည်တော့ တချက်ခုတ် ၃-၄ချက် ပြတ်အောင် DIY လည်းဖြစ်  ဓါတ်ကျနေတဲ့ ဖိုတိုဂလပ်ဖီလည်း ပါ …

စတစ်ကီတင်ထားပေမယ့် အဖတ်လုပ်ပြီး ဘာမှ ဝင်မဆွေးနွေးတဲ့ အမှုကို ကျူးလွန်ထားပြန်သေးတဲ့

သဂျီးလည်း  ပိုက်ပိုက်ကုန်အောင် လာပြီဗျို့……။

 

သဂျီးရေ … bokeh လေးဘာလေး မရိုက်ချင်ဘူးလားဗျာ..

😀

 

တကယ်တော့ Bokeh ဆိုတာ ဂျပန်လို မပြတ်သားခြင်း ဝါးခြင်း လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

ဓါတ်ပုံပညာမှာတော့ ပုံရိပ် တခုမှာ focus မပြတ်သားတဲ့ နေရာတွေကို bokeh လို့ တင်စားသုံးနှုန်းလေ့ရှိပါတယ်။

 

bokeh photography ရဲ့ ဝိသေသတွေ ရှိသေးရဲ့ဗျာ။  အဲ့သည့်ထဲက တချို့ ကို ထုတ်နှုတ်ပြောရရင်

လင်းသလား မှောင်သလား ပြီးတော့ ပြတ်သားသလား မှုန်နေသလားပေါ့

နောက်တချက်ကတော့ Bokeh ဖြစ်နေတဲ့ နေရာတွေထဲ မှာ ဘာရှိနေသလဲပေါ့..

(mirror lens တွေကတော့ ခပ်ချာချာ bokeh တွေ ထုတ်လုပ်တတ်ပါတယ်။)

 

theory အရတော့ Bokeh ကို ၃မျိုးခွဲကြည့်လို့ ရတယ် လို့ ဆိုထားပါတယ်။

 

Poor Bokeh – 

ဒါကတော့ အနားသတ်မျဉ်းတွေ အတိအကျ ရှိနေပြီး အလည်ခေါင်နဲ့ အနားသတ် ကွဲပြားခြားနားနေတဲ့

စုတ်စုတ်ပြတ်ပြတ် bokeh အမျိုးအစားပါ။

 

Neutral Bokeh

မီးခိုးရောင် ဖျော့ဖျော့နဲ့ ကြည့်ရမဆိုးတဲ့ bokeh ဖြစ်ပါတယ်။ သူ့မှာ အနားသတ်မျဉ်း ကို မြင်ရဆဲဖြစ်ပေမယ့်

လက်ခံနိုင်စရာ အရည်အသွေး ပြည့်မီတဲ့ bokeh အမျိုးအစားပါ.

 

Good Bokeh

Gaussian blur လို့ သုံးနှုန်း နိုင်မယ့် ပြေပြစ်ပြီး ကျနော်တို့ အလိုရှိတဲ့ bokeh အမျိုးအစားဖြစ်ပါတယ်။

(theory ကို မလိုက်နာ ထားတဲ့ ပုံတွေ ချည်း စုတင် ထားတာ မဟုတ်ပါဘူး …

တခါတရံမှာ night scene တွေမှာ theory ကိုက်ချင်မှ ကိုက်မယ် လို့ ပြောချင်တာပါ..)

 

 

Bokeh ဘယ်လို လုပ် မလဲ..။

 

အလွယ်ဆုံးပြောရရင်တော့ Depth of Field ကို shallow ဖြစ်အောင် ရိုက်တဲ့အခါ ..subject ဟာ ပြတ်သားစွာ ပေါ်နေပြီး

background ဟာ ဝါးနေတတ်ပါတယ်။ သည်အခါမှာ background မှာ ရှိနေတဲ့

အလင်းရောင်ထွက်နေတဲ့ light sources တွေဟာ ဝါးသွားပြီး အဝိုင်းလိုက် အဝိုင်းလိုက်

အစက်အပျောက်လေးတွေ ဖြစ်သွားခြင်း လို့ ဆိုနိုင်ပါတယ်။

အလှဓါတ်ပုံ Tele သမားတွေ ရိုက်တဲ့ portraiture တွေမှာ bokeh တွေ တွေ့နိုင်ပါတယ်။

 

ပြန်ကောက်ရရင် Bokeh ထွက်ဖို့ Shallow DoF နဲ့ ရိုက်ဖို့အတွက် f number အငယ်ကို သုံးရပါမယ်။

(aperture အပေါက်ကျယ်ရမယ် ဆိုပါတော့)

 

Canon EF-50mm f/1.8 မှာ aperture ဟာ မဝိုင်းနိုင်တော့ဘဲ ပဉ္စဂံ ပုံဖြစ်နေတာ တွေ့ရပါမယ်။

 

 

ကိုယ်တိုင် ရိုက်ထားသော တခြား Bokeh များ ပြချင်ပါသော်လည်း

(စိုင်ကလေးတွေဆီက model release မရပါသောကြောင့် သည်းခံပေးကြပါ…အရသာရှိထှာ …)

 

ဟုတ်ကဲ့ ဆက်ပါ့မယ် ..ကျနော်တို့ ကိုယ်ပိုင် shape ရှိတဲ့ bokeh လုပ်နိုင်ပါတယ် …စမ်းကြည့်ပါ လွယ်လွယ်လေးပါ။

(စပြီ သဂျီးရေ့…)

 

လိုအပ်တဲ့ lens ကတော့ Canon 50mm F1.8 ဒါမှ မဟုတ် Nikon 50mm 1.8

နဲ့ စနိုင်ပါတယ်.. ဈေးပိုပေးရတဲ့  f/1.4 ဆိုရင် bokeh အရည်အသွေးဟာ ပိုတောင် ကောင်းပါသေးတယ်..။

နောက်ထပ် လိုတဲ့ပစ္စည်းကတော့ ပုံမှာ ပြထားတဲ့အတိုင်း အမည်းရောင် စက္ကူပဲဖြစ်ပါတယ်။

အမည်းရောင်မရလည်း အခြား ကတ်ထူစက္ကူ တမျိုးမျိုးကို သုံးနိုင်ပါရဲ့ဗျာ။

 

အဲ့သည့် စက္ကူနဲ့ lens ရဲ့ အဝ ကို ပိတ်ရပါမယ်။

ပြီးရင် အဆိုပါ စက္ကူရဲ့ အလယ်ခေါင်တည့်တည့်မှာ အပေါက် ဖောက်ရပါမယ်။ အပေါက်ရဲ့ ပုံစံဟာ မိမိနှစ်သက်ရာ ပုံစံ ဖောက်ယူနိုင်ပါတယ်။

ဥပမာအနေနဲ့ အသည်းပုံ ဖောက်ပြထားပေမယ့် လေယာဉ်ပျံပုံ အရိုးခေါင်းပုံ နှစ်သက်ရာ စမ်းသပ်နိုင်ပါသေးတယ်။

 

 

ဖောက်တဲ့ အပေါက်ရဲ့ size ကတော့ အချင်း 15mm လောက်ဆို အဆင်ပြေပါလိမ့်မယ် .. metering value အကြောင်းနည်းနည်းကျော်ချပြီး

အလွယ်ပဲ ပြောပါတော့မယ်။

 

lens ရဲ့ aperture ကို ဖွင့်နိုင်သလောက် ကျယ်ကျယ် ဖွင့်ပြီး ရိုက် ပေတော့ဗျို့ …

အောက်က sample image တွေထဲကလို lightsource တွေဟာ စက္ကူမှာ ဖောက်ထားတဲ့ပုံစံလေး အတိုင်း blur ဖြစ်ပြီး ထွက်လာတာကို တွေ့ရပါလိမ့်မယ်ဗျ

 

 

 

သဂျီးရေ… သမီးတော်လေးမွေးနေ့ပွဲ တို့ ချစ်ချစ်နဲ့ အန်နီဗာစရီတို့ဆို ..အလွန် ရိုက်လို့ကောင်းတဲ့ တက္ကနီကွေးဗျ…

၅ဝမမ တလုံး ဒေါ်လှ ၁၀ဝ အောက်ပဲ ရှိတာပါဘောဇိ ရယ်… မြန်မြန်သာ ဝယ်လိုက်ပါ…

(အာဟိ… ဒက်ဂလောက်..)

 

 

အဲ့ .. ကြုံလို့ ဆက်ပြောရရင်ဖြင့်

18-55mm ရဲ့ 18mm end ဟာ aperture အကျယ်ဆုံး f/3.5 အထိ ဖွင့်နိုင်တဲ့အတွက် သူ့ကိုလည်း bokeh စမ်းနိုင်ပါရဲ့ဗျာ…။

ဖောက်ရမယ့် အပေါက်ရဲ့ diameter ကတော့ 10mm လောက်ဆို အဆင်ပြေမယ် ထင်ပါရဲ့ …။

(ရိုက်မယ်ဆို ရိုက်လို့ရတာ ပြောပါတယ်…quality ကတော့ f/1.8 ရှိတဲ့ ၅ဝမမ လောက်တော့ ကောင်းမှာ မဟုတ်ပါ…)

 

Customized bokeh မလုပ်တတ်လို့ စိတ်မညစ်ကြပါနဲ့ဗျာ

http://www.google.com/products/catalog?q=bokeh&hl=en&safe=off&rlz=1C1SKPM_enMM481MM481&prmd=imvns&bav=on.2,or.r_gc.r_pw.r_cp.r_qf.,cf.osb&ix=aca&biw=1280&bih=663&um=1&ie=UTF-8&tbm=shop&cid=7680160758298963270&sa=X&ei=_uypT5rBN8vUmAW7wMDhBA&ved=0CG0QxBUwAA

ဟောသလို ရှာပြီး ဒေါ်လှ အစိတ် ပေးဝယ်ရင် တပုံကြီး ရမှာ ဖြစ်ပါကြောင်း….။

 

 

ီ စာကို ီ အက်စ်အယ်လ်အာရ် ပိုင်ကြသော ီ အက်စ်အယ်လ်အာရ် ဝယ်လတ္တံ့သော

ီ အက်စ်အယ်လ်အာရ် အပေါ် စိတ် ဝင်တစားရှိသော ီ ရွာသူားတွေ အတွက် ရည်စူးပါသည်..။

 

test on fireworks 1

 

totally blurred

 

 

 

မားကတ္တင်းသမားပီပီ ယုတ်မာရရင်ဖြင့် mid-range လက်ပကျွတ် တလုံး ၅သိန်းမှ ရသိန်းကြား ရှိပါသည်။

အိမ်က ဒက်စတွတ် မသေသေးလျင် လက်ပကျွတ် မဝယ်ပါနှင့် .. လက်ပကျွတ် ဝယ်မယ့်ပိုက်ပိုက်ကို entry-level or mid-range DSLR

ဝယ်လိုက်ပါ….။

 

ပြန်မရနိုင်မယ့် ခဏတာလေးတွေကို မှတ်တမ်းတင်ဖို့ ရယ်မှာ ကိုယ့်ဘက်ကတော့ သေချာနေဖို့ လိုပါသည်။

 

 

တော်သေးဘီ

ခင်တဲ့

ဂီ

 

Ref:

http://www.diyphotography.net/diy_create_your_own_bokeh

http://www.kenrockwell.com/tech/bokeh.htm

 

16 comments

  • nozomi

    May 10, 2012 at 11:52 am

    ဆြာဂီ ကျေးဇူး တဝက်တင်ပါ၏

    တက်ကနီကွေးအတွက် အပြည့်တင်တဲ့အထဲက အိမ်သုံးအတွက် မပါလို့ တဝက်ပြန်လျှော့ထားတာ
    အနော်တို့ ရွာသားအများစုက အိမ်သုံးလေးတွေပဲ ကိုင်နိုင်တာမို့ အိမ်သုံး တက်ကနီကွေးတွေလဲ ချီးမြှင့်ပေးပါဦး

    ဘာပဲဖြစ်ဖြစ် သဘောကျလွန်းလို့ လက်မရော ခြေမရော ( ဟိုလူကြီး မပြောခင် ) ရှိတာ အကုန် ထောင်သွားပါတယ် ဗျို့ 😀

    • Inz@ghi

      May 10, 2012 at 12:12 pm

      အိမ်သုံးကင်မရာ မှာလည်း aperture အကျယ်ထားပြီး ရိုက်မယ်ဆိုရင်
      ဘိုခေဲးထွက်အောင် ရိုက်နိုင်ပါရဲ့ ဦးနိုရယ်…အဲ .. အသဲပုံ adapter တပ်ဖို့ကတော့ မလွယ်ဘူးပေါ့ …။
      သူ့ sensor အရွယ်အစား sensor ကနေ အကွာအဝေး ဒါတွေ မသိလို့ပါ။

      ကွာခြားချက်ကလေး တခု ပြောရရင် D-SLR တွေမှာက ပြောင်း အတိုအရှည် Zoom, wide
      တွေကို mm နဲ့ ပြောကြတယ်ဗျ။ compact တွေကတော့ Zoom ကို အဆ x နဲ့ ပြောလေ့ရှိတယ်။
      သည်တော့ ကျနော်တို့က ကိုယ်တပ်ထားတဲ့ ပြောင်း ဟာ Zoom ဘယ်နှဆ ဆိုတာ သိချင်ရင်
      ပြန်ချတွက်ရလေ့ရှိရဲ့ဗျာ …။ ဦးနို ကင်မရာ အမျိုးအစား ပြောပြရင် ကျနော် သက်ဆိုင်ရာ spec: နဲ့
      feature ကို ရှာဖတ်ပြီး နည်းနည်း အကြံပေးနိုင်မယ် ထင်ရဲ့ဗျာ…

      ခင်တဲ့
      Inz@ghi

      • nozomi

        May 10, 2012 at 12:51 pm

        Panasonic DMC-FX33 ပါ ဆြာဂီ ခင်ဗျာ

        ဆရာဗိုက် ကျွန်တော် အခု ထောင်ပြီးသွားပြီ ခင်ဗျ
        ( ချောချောက လောကြီးသွားလို့ပါ )

        • Inz@ghi

          May 10, 2012 at 3:15 pm

          http://www.trustedreviews.com/Panasonic-Lumix-DMC-FX33_Digital-Camera_review_features-table_Page-4
          ဒါဖတ်ကြည်ပြီး ပြောချင်တာကတော့ဗျာ..
          သည်ကင်မရာမှာ သဘောကျစရာ အကောင်းဆုံး mode ကတော့ 5cm macro mode ပဲ ဦးနိုရေ…
          သစ်ခွတွေဘာတွေကို ကင်မရာရဲ့ lens ရှေ့ ၁လက်မခွဲလောက်မှာ ထားပြီး Zoom ဆွဲရိုက်ပေတော့ဗျို့..

          f/2.8 ဟာ ခပ်လှမ်းလှမ်းကနေ zoom ဆွဲပြီး လူရိုက်လို့ အင်မတန် ကောင်းတဲ့ aperture size ဗျို့…
          Zoom က 3.6x ဆိုတာကတော့ နည်းနည်း နည်းတယ်ဆြာ …
          Zoom ဆွဲတဲ့အခါ မော်နီတာမှာ ပြတဲ့ ဘားမှာ အလည်ခေါင် ကန့်လန့်ဖြတ်မျဉ်း လေး တွေ့မယ်ဗျ..
          အဲ့ဒါ optical zoom နဲ့ digital zoom ကို ခွဲခြားထားတဲ့ line လေးပါဗျာ…
          လိုင်းရဲ့ သည်ဘက်သည် optical zoom(lens ထဲက မှန်ချပ်တွေ ရွေ့လျားပြီး ချိန်ညှိတဲ့ zoom)
          ဟိုဘက်ကတော့ digital zoom (4x လို့ ရေးထားတယ်ဗျ..)

          ဆိုလိုသည်မှာ Zoom က စုစုပေါင်း (optical+ digital) 3.6+4 =7.6 ရှိတယ်ဆိုပေမယ့်..
          optical zoom နယ်ပယ် ကျော်လွန်ပြီး digital zoom နယ်ထဲရောက်တဲ့အထိ မဆွဲစေချင်ဘူးဗျာ..
          ဘာလို့လဲဆိုတော့ digital zoom ဟာ အမှန်တကယ် မှန်ချပ်တွေချိန်ငြှိတာမဟုတ်ဘဲ .
          digital နည်းနဲ့ ချဲ့ယူတာ ဖြစ်တဲ့အတွက် resolution (pixel) ကျပါတယ်

          8.1 MP ပဲရှိတဲ့အတွက် အဲ့သည့်အထိဆွဲလို့ pixel ကျမယ်ဆိုရင် ပုံဟာ ဖွယ်တယ်တယ်ဖြစ်သွားပါလိမ့်မယ်
          နောက်ပြီး ဗြုတ် digital noise လည်း တက်လာပါလိမ့်မယ်ဗျ…

          နောက်ထပ် နှစ်သက်မိတဲ့ feature ကတော့ shutter speed ကို ၁စက္ကန့်ရဲ့ ၂၀၀ဝပုံ ၁ပုံအထိ ချရိုက်လို့ရတယ်
          ဆိုတာလေးပါ.. manual mode ဒါမှမဟုတ် TV(time value) or (shutter priority mode) မှာထားရင်
          ဖန်ခွက်ထဲ ရေစက်ချတဲ့အခါ ရေမျက်နှာပြင်ထိလို့ ဖွာပြီး ထွက်လာတဲ့ ရေမှုန်လေးတွေကို မလွတ်တမ်း ရိုက်နိုင်ပါလိမ့်မယ်
          လို့ လက်တို့ လိုက်ရပါတယ်….။

          (manual ဆန်ဆန် ရိုက်နိုင်ဖို့ စာ ရေးပါဦးမယ်ဗျာ သည်တပါတ် ထဲ ပေါ့ ..)

          ခင်တဲ့
          ဂီ

    • ဗိုက်ကလေး

      May 10, 2012 at 12:15 pm

      အူးလေး ညာဒယ်..အူးလေးညာဒယ်..
      ရှိတာအကုန်ထောင်မယ်ဆိုပြီး တားတားလာတော့ ဘာမှလဲ ထောင်ထားတာမတွ ့ဘူး
      တားတားထောင်တဲ့ တစ်ချောင်းပဲရှိတယ်..
      အူးလေး..လူညာ….အူးလေး..လူညာ
      😀

  • ဗိုက်ကလေး

    May 10, 2012 at 12:11 pm

    အပေါ်က အူးလေးကြီးက ရှိတာအကုန်ထောင်သွားတော့ တားတားတို ့ နောက်လူတွေ ထောင်စရာမကျန်ပဲနေဦးမယ်..
    လောလောဆယ် အိမ်သုံးလဲမရှိ ရုံးသုံးလဲမရှိလို ့…. ကျန်တာလေးထောင်ပြီး အားပေးတွားပါတယ်

  • manawphyulay

    May 10, 2012 at 1:13 pm

    ဆြာက အကုန်ကျောတော့ ကျန်တဲ့တူတွေက ဘာကျောရမှာရဲရို့ ဂယ်ပဲ… ကင်မရာလေး တစ်လုံးလောက်တောင် လက်ဆောင်မပေးပဲ ထုတ်ပြနေပြန်ပါပြီ။

  • kai

    May 10, 2012 at 3:55 pm

    မာကက်တင်း..ကက်တဂရီထည့်လိုက်ပါပြီ…ဂီဂီရေ..
    ဆိုတော့.. ပြောတော့.. ၁၀ဝအောက်တဲ့..
    အခုတပါတ်.. ဒစ်စနီလန်းဒ်သွားမလို့ဟာ.. ဝင်ကြေး၃ရာပြုတ်သွားသမို့.. ဘာပြောပြော မဝယ်ရေးချ.. မဝယ်..
    ၁ရာတန်တကယ်ရှိလားဟင်င်င်… :mrgreen:
    =
    http://www.amazon.com/s/ref=nb_sb_ss_i_0_2?url=search-alias%3Delectronics&field-keywords=50mm+1.4&sprefix=50%2Celectronics%2C356
    Nikon 50mm f/1.4G SIC SW Prime Nikkor Lens for Nikon Digital SLR Cameras
    Buy new : $582.00 $484.95

    • Inz@ghi

      May 10, 2012 at 4:21 pm

      ကျေးကျေးဖော် မားကတ္တင်း ပါသဂျီး..

      လိုအပ်တဲ့ lens ကတော့ Canon 50mm F1.8 ဒါမှ မဟုတ် Nikon 50mm 1.8 နဲ့ စနိုင်ပါတယ်..
      ဈေးပိုပေးရတဲ့ f/1.4 ဆိုရင် bokeh အရည်အသွေးဟာ ပိုတောင် ကောင်းပါသေးတယ်..။

      http://www.amazon.com/Nikon-50mm-Nikkor-Digital-Cameras/dp/B00005LEN4/ref=sr_1_1?ie=UTF8&qid=1336643361&sr=8-1
      Nikon 50mm f/1.8D AF Nikkor Lens for Nikon Digital SLR Cameras

      f/1.8 က သည်လောက်ပဲရှိတာ ..
      f/1.4 က ဈေးပိုပေးရပါတယ်ဆို ..
      ဂယ်ပဲ…

      • kai

        May 15, 2012 at 1:12 pm

        ရုံးမှာ.. ကက်တလောက်လုပ်ရင်.. ကင်မရာကို အကြိမ်သိန်းချီရိုက်နေရတာ…
        အဲဒါ..ပစ္စည်းကို.. လိုက်ဘောက်စ်ထဲထည့်ထားပြီး.. . ဟိုလိုလေးပုံပြင်..ဒီလိုလေးပုံပြင်.. ထရိုင်ပေါ့ပေါ်က.. ကင်နွန်နဲ့.. စာအုပ်ထဲရေးတဲ့.. ဇယားအတိုင်းကြည့်ဆော်လိုက်တာပဲ..

        ကွန်ပျုတာနဲ့ကင်မရာချိပ်ထားပြီး.. ရိုက်သမျှအကုန်ကွန်ပျူတာထဲရောက်တော့… အဒိုဘီဆရာလက်ထဲ..စိတ်ကြိုက်လုပ်ချင်တာလုပ်ပစ်တာ..

        အခုမှ.. ကင်မရာ/လန်းစ်အကြောင်း.. ကြည့်ဖြစ်တော့တယ်..။
        သူ့ဟာက.. ၁.၈နဲ့.. ၁.၄လောက်ကွာတာနဲ့.. ဒေါ်လှရာချီကွာနေလေရဲ့..
        အနိစ္စ…

        • Ch@vez

          May 15, 2012 at 1:39 pm

          http://www.fredmiranda.com/reviews/showproduct.php?product=153
          သည်လီဂျင်ဒရီ ကန်နွန် အီးအိုအက်စ် အက်ဖ် ၁.ဝ အယ်လ် ယူအက်စ်အမ်
          ဒေါ်လှ ၂ထောင် ကျော် တယ်ဗျို့ ..
          ထုတ်လုပ်မှု စားရိတ်ကြီးလွန်းလို့ ..အခု မထုတ်တော့ပါ…

          ၅ဝမမ f/1.8 ပလတ်စတစ် လန်းစ်လေးဟာ ၁၀ဝလောက်ပဲပေးရတာမို့ အလွန်တန်ပါကြောင်း။
          နောက်ထပ် ၁၀ဝ ကျော် ထပ်သုံးပြီး 2x extension tube ဝယ်လိုက်တဲ့အခါ ၁၀ဝမမ ဖြစ်သွားပြီး
          ယင်ကောင် မျက်စိက အကွက်တွေ ပါ ပေါ်အောင် ဆွဲနိုင်တဲ့.. မာခုရို လန်းစ် အဖြစ် သုံးနိုင်ပါကြောင်း …

          ဒန်တန့်တန်….

  • Davit

    May 10, 2012 at 4:21 pm

    ကိုဂီရေ
    ကြုံတုန်းအကြံလေးတစ်ခုလောက်တောင်းပါရစေဗျာ။ ကျွန်တော့်မှာ Nikon D100 လေးတစ်လုံးရှိတယ်ဗျ။ သူကရိုက်လို့ကောင်းလားဟင်။ ကျွန်တော်သိသလောက်(မွှေကြည့်/ကလိကြည့်သလောက်) တော့ သိပ်မစွံဘူးဖြစ်နေတယ်။ Function တွေလည်းသိပ်မစုံသလိုဘဲနော်။ ပြီးတော့သူ့မှာ ပါနိုရားမား ရိုက်တဲ့ System မပါဘူးနဲ့တူတယ်နော်…အသစ်ဝယ်ထားတာတော့ မဟုတ်ပါဘူး… ညီမတစ်ယောက်ကသူဝယ်ပြီး 1 နှစ်လောက်အကြာမှာ သူက ပြည်ပကိုအပြီးထွက်သွားလို့ ကျွန်တော့်ကို 3 သိန်းနဲ့ရောင်းခဲ့တာပါ။ External Battery Pack (2 Battery) ရယ် Flash တစ်ခုရယ်ပါတယ်ဗျ။ ကိုယ်ကလည်း ဝါသနာပဲပါတာလေ။ ဘာမှမသိဘူးရယ်။ စာအုပ်ကိုကြည့်တော့လည်း အီးလိုချည်းရေးထားတော့ ဒီကကောင်နဲ့တော့ ဒုက္ခနဲ့ လှလှတို့နဲ့ လင်မယားကိုဖြစ်နေတာ။
    တက်နိုင်ရင်ကူညီပါဦး ကိုဂီရယ်။ အသေးစိတ်မဟုတ်ရင်တောင် သူ့မှာပါတဲ့ Function လေးတွေ(ဘာတွေသုံးလို့ရတယ်ဆိုတာလေးတွေ) ပြောပြပေးနိုင်မလားကိုဂီ

    ကျွန်တော့်မေလ်းကတော့ davit.chelsea@gmail.com ပါ။

    ချစ်တဲ့
    ဗစ်ဗစ်

    • Inz@ghi

      May 10, 2012 at 4:29 pm

      နိုက်ကွန်းကြီးပဲ ..
      ကျနော် နိုက်ကွန်း မပိုင်ဘူးဗျ….
      ကိုသော့ နဲ့ မှော်ဆြာ တို့ ကို မေး ..သူတို့က နိုက်ကွန်းဆြာတွေ…
      ရိုက်သက်လည်း ကြာဘီ
      ကျနော် အဲ့ ကင်မရာ ထွက်တုန်းက ဆို..
      အိမ်သုံးကင်မလာတောင် ဖြောင့်အောင် မရိုက်တတ်သေးဘူး…ဟီး …

      လင့်လေးတော့ တွေ့လို့ ထည့်ပေးလိုက်ပါသည်

      http://en.wikipedia.org/wiki/Nikon_D100

      • Davit

        May 10, 2012 at 4:51 pm

        ဘာပဲပြောပြော….ကျေးဇူးတင်ပါတယ်ဗျာ 🙂

        ကိုသော့နဲ့ မှော်ဆြာ တို့ခင်ဗျား….သိရင်ပြောပေးကြပါဦးနော်….

        စောင့်နေတဲ့
        ဗျစ်

        အဲလေ (ဗစ်ဗစ်)

  • Ever Golli

    May 10, 2012 at 11:33 pm

    ကိုဂီရေ..
    အနော်ကင်မလာလေးကတော့..Canon powershot sx130 is ပါ.. DSLR လေးတွေ.
    တွေ့တိုင်းလဲ.ဝယ်မယ်ဝယ်မယ်ကြံနေပေမဲ့..ခုချိန်ထိ..မဝယ်ဖစ်တေးပါဘူး..ဘော်ဘော်တွေ
    ကျပ်ပေးနေတာကတော့ Nikon D7000 ပါ.Canon ပဲကိုင်ချင်တယ်ဆိုရင်တော့.. 60d ဆိုပီး
    လာလာကျပ်ပေးနေကြပါတယ်.ခုချိန်ထိတော့.စိတ်တင်းထားဆဲပါ.. 😀 အနော်သိချင်တာက..
    လူပုံရိုက်တယ်ပဲထားပါတော့..လူပုုံကိုပဲ..ထင်းပီး..background ကို blur ဖစ်သွားချင်တယ်..
    ကလေးမလေးတွေတချို့ကို..ဖိုတိုဆြာတွေ..ရိုက်ရိုက်ထားတာ.တွေ့တွေ့ဘူးတယ်.မျက်နှာလေးပဲ
    ထင်း.ကျန်တာတွေ..blur..အဲ့ဒါလေးကို..DSLR မဟုတ်တဲ့..အနော့ကင်မလာအမျိုးစားလေးနဲ့
    ရိုက်လို့ရမလား.ဘယ်လိုလုပ်ရမလဲ..သိချင်မိပါတယ်..ဘော်ဘော်တယောက်ပြောဘူးတာ.အပါချာဆိုလား
    အနိမ့်ဆုံးထားရိုက်လို့ပြောဘူးလို့..ထားရိုက်ဘူးပါတယ်..သိသိသာသားကြီး မblur သွားပါဘူး..
    အဲဒါလေးအားများ.အားရင်.အကြံပေးပါအုံးခင်ညာ.ပီးတော့..mid-range DSLR ဝယ်မယ်ဆိုရင်
    ကိုဂီ..ဘယ်ဟာလေးများ recommend လုပ်ပါသလဲလို့..
    Thanks & Regards,
    EverGolli

  • Ch@vez

    May 15, 2012 at 12:33 pm

    ကနွန်း ဆိုရင်တော့ 60D ကောင်းသားပဲဗျ…
    7D ကတော့ sports အတွက် ပိုကောင်းပါတယ် လို့ ..။

    အပါချာ က အပေါက်အကျယ်ဆုံး (f-number အငယ်ဆုံး ထားရိုက်နိုင်ပါကြောင်း)
    f/4 ထက်စာလျင် f/2.8 f/1.8 တို့ အထိချဲ့နိုင်သော
    (သဂျီးကို ကျနော် ကျပ်ပေးနေသော) ၅ဝမမ နှင့်ဆို အဆင် ပြေမည် ဖြစ်ပါကြောင်း..

    ခင်တဲ့

Leave a Reply