တရားရုံး လာဘ်စားမှုကို တိုင်ကြားရာမှ ယနေ့ ခရိုင် ရုံးတွင် တိုင်ကြားသူကို စစ်ဆေး

Mr. humanMay 9, 20121min882

ဧရာဝတီတိုင်း ဒေသကြီး ရှိ  အိမ်မဲမြို့နယ် တရားရုံးတွင်  အမှု လက်ခံကြေး တောင်းမှု နှင့် ပတ်သက်၍ တရားလိုက တိုင်ကြားသော သတင်းတစိခု ရရှိပါသည်။

ဖြစ်စဉ် မှာ     ဧရာဝတီတိုင်း ဒေသကြီး  မြောင်းမြခရိုင်  အိမ်မဲမြို့နယ်တရားရုံးတွင် စစ်ဆေးလျှက်ရှိသော ပုဒ်မ ၃၈ဝ ၊ ပုဒ်မ ၃၈၁  ခိုးမှု နှင့်ပတ်သက်၍  တရားလို မှ ၎င်းအမှုအတွက် တရားသူကြီးပေးရန် ဟု ဆိုကာ

အတင်းအကြပ် ငွေတောင်းခံမှုအပေါ် မကျေနပ်သဖြင့် နိုင်ငံတော် သမ္မတ သို့ တိုင်ကြားသောအမှုဟု ကြားသိရပါသည်။၎င်းအမှုကို ခရိုင်တရားရုံးက စစ်ဆေးမည် ဖြစ်ပြီး  အိမ်မဲမြို့နယ်တရားရုံးက

တရားသူကြီး လက်မှတ်ဇြင့်ဆင့်စာ ထုတ်ပေးကြောင်း တရားရုံး ရှိ အမာခံသတင်းပေးက ပန်းတနော် သို့ ယနေ့နံနက် ၁၁နာရီတွင် ၂သိန်းတန် ဂျီ အက်စ်အမ်ဖုန်းဖြင့် ဆက်သွယ်  သတင်းပေးပါသည်။

အဆိုပါ သတင်းပေးသူမှ ပြောကြားရာတွင် တရားလို နှင့် ရင်းနှီးသူ ရုံး စာရေး က ငွေတောင်းခံပေးခြင်းဖြစ်ပြီး ရှေ့နေအများစုလည်း သိကြောင်း ငွေတောင်းသည်မှာ အမှန် ဖြစ်ကြောင်းပြောပါသည်။

တရားလို ဘက်မှ လည်း အခိုင်အမာ သက်သေ ရှိထားပြီ ဟု သိရပါသည်။ယခုအခါ တရားခံ ဘက်မှ ငွေ အလုံးအရင်းဖြင့် နည်းမျိုးစုံ ချည်းကပ်ထားကြောင်း ကို ပါပြောပြပါသည်။

အမှုခင်းကျွမ်းကျင်သူ  များက အမှုမပြီး ခင်တိုင်ကြားခြင်းအတွက် တရားလိုမှာ ပြဿနာရှိကြောင်း အမျိုးမျိုးဝေဖန်ကြပါသည်။ တရားရုံး သတင်းပေး ၏ ပြောပြချက်အရ တရားလို ထံ ဖုန်းဆက်သွယ်ခဲ့ရာ သန့်ရှင်းသောအစိုးရ ဖြစ်ရန် သာရည်ရွယ်ပါကြောင်း ၎င်း က ပြန်လည်ပြောကြား ခဲ့ပါသည်။

ယခင် အစိုးရခေတ်က  တိုင်းကြားသူ သာ အပြစ်ဖြစ်စေပြီး   ပြစ်ဒဏ် ကျခံခဲ့သော အဖြစ်များရှိရာ ယခု အစိုး ရသစ် ၏ သန့်ရှင်းသော အစိုးရ ဖြစ်စေလိုသော စေတနာကို လေးစားယုံကြည်သဖြင့်တိုင်ကြားရခြင်း ဖြစ်ကြောင်း   အမှန် ဖြစ်စေလိုသော  စိတ်ဖြင့်သာ တိုင်ကြားရခြင်း ဖြစ်ပါကြောင်း ၎င်းက ထပ်ဆင့်ဖြေကြားခဲ့ပါသည်။

ယခုကဲ့သို့ တိုင်ကြားခြင်း များရှိသော်လည်း ဤကဲ့သို့သော အမှုမျိုး မရှိသေးသဖြင့်    မည်ကဲ့သို့ ဖြစ်ပေါ် စီရင် မည်ကို            မြို့နေ လူထုကလည်း စိတ်ဝင်စားနေကြကြောင်းသိရပါသည်။

(တရားရုံးများ၏   အဂတိ လိုက်စားမှုများ ရှိပါက သတင်းရေးရန် tunhla @ ymail.com သို့ ပို့ပေးနိုင်ကြောင်း တိကျရန် လိုအပ်ပါသည်။ပေးပို့သူမှ ဖုန်းနံပတ် ပေးရမည်ဖြစ်ပြီး ၎င်း ဖုန်းနံပတ်နှင့် လိပ်စာကို လျှို့ဝှက်ထားမည် ဖြစ်ပါသည်။    ပန်းတနော်တွင် အခြေချပြီး အိမ်မဲ ကျောင်းကုန်း  မြောင်းမြ ဝါးခယ်မ ပုသိမ် သတင်းများကို သာ ရယူးရေးသားမည် ဖြစ်ပါသည်။ကျွန်တော်တို့ သည် တရားရုံး ဝန်ထမ်းတစ်ချျို့ အားလည်း  အမာခံ သတင်းပေးအဖြစ်  ရရှိထားပါသည်။ ဝိုင်းဝန်း အားပေးကြပါရန် မေတ္တာရပ်ခံပါသည်။)

 

2 comments

  • ဗိုက်ကလေး

    May 9, 2012 at 4:40 pm

    စိတ်ဝင်စားလှပါ၏
    ဒါနဲ ့
    သတင်းပေးဖို ့အတွက် လိပ်စာက tunhla @ ymail.com ဆိုတော့ ရတနာပုံမေးကိုပြောတာလားခင်ည
    အဲဒါက စိတ်ချရလို ့သုံးနေကြတာလား..
    သိချင်ပါ၏

Leave a Reply