ဒီ တရာ

ムラカミMay 11, 20124min18511

မနေ့က မောင်ဂီ့ အတော် ပျော်ပါသည် ..ပျော်ဆို ..မောင်ဂီ့ ပီစီပျက်နေတုန်း ရိုက်နှက်ထားတာလေးတွေ ဖြတ်ပြီး

အဂ္ဂမဟာ ဖေ့စဘုတ်တော် ပေါ် တင်ဖြစ်တုန်းက ဖြစ်ပါသည် ။ မောင်ဂီ့ အလွန်အင်မတန် လေးစားအားကျသော

ဒါ့ပုံဆြာ ၂ယောက်ထံမှ comment လေးများ ချီးမြှင့်ခံ ရသောကြောင့်ဖြစ်ပါသည်။ technique အားဖြင့် ဘာမှ

ပိုမထူးလာသော်လည်း composition အားဖြင့် သော်လည်းကောင်း sharpness အားဖြင့်သော်လည်းကောင်း

အတိုင်းအတာ တခုထိ improved ဖြစ်လာသည်ဟု ခံစားရပါသည် ..။ (အထင်)

မျက်စိမွဲလာသော်လည်း ယခုနောက်ပိုင်း အသုံးများနေသော tamron 90mm f/2.8 နှင့် Tokina 11-16mm f/2.8 တို့ကြောင့်

sharpness တက်လာသည်ဟု တထစ်ချ ယုံကြည်မိပါသည်။ composition ကတော့ ကျယ်ကျယ်ရိုက်ပြီး လိုသလောက်ဖြတ်ယူသော

ဇရိုက်အို အကျင့်ဟောင်းကို စွန့်ပြီး ဒုက္ခခံ လာသောကြောင့်ပင် ဖြစ်မည်ထင့်..။

သေချာတာ ဒီလက်နဲ့တော့ fully-pro မဖြစ်နိုင်သေး…။

ကျနော် အများကြီး လိုပါသေးသည်..။

 

သည်မနက် ချရေးစရာ စာ အနေနှင့် စီနီယာ ဓါတ်ပုံဆြာတယောက်၏ အတွေးအမြင် ၁၀ဝ ကို သွားတွေ့ပါသည်။

ထို့ကြောင့် ယမန်နေ့က တင်ဖြစ်ခဲ့သော ဓါတ်ပုံ အချို့ နှင့်အတူ ထိုဆြာ၏ အတွေးအမြင် ၁၀ဝ ကို တင်ဆက်လိုက်ရပါသည်။

(အတိအကျ လိုက်နာရန် လွယ်မယောင်နှင့် ခက်သလောက် အလွန် မှန်ကန်သော အချက်များဖြစ်ကြောင်း ပြောပါရစေ)

1. ဘယ်တော့မှ rock-star လို ကျော်ကြားဖို့ ဓါတ်ပုံ မရိုက်ပါနဲ့ ။

2. သင်ရိုက်သော အရာကို သင်ကိုယ်တိုင် နှစ်သက်မှု ရှိပါစေ။

3. အကျအန ပြင်ဆင်ပါ။ နေထွက်ချိန် ဓါတ်ပုံအတွက် စောင့်ဆိုင်းပြင်ဆင်နေချိန်ကျမှ ဘက်ထရီ အားမသွင်းရသေးတာ သိပြီဆိုလျင် အလွန်နောက်ကျ နေပြီ ဖြစ်ပါတယ်။
(ကျနော် ခရီးတို တခုကို ဘက်ထရီ အကုန် ကျန်ခဲ့ပြီး ကင်မရာနှင့် ပြောင်းများ အခွံသက်သက်ဖြင့် ထွက်ခဲ့ဖူးပါသည်။ ထိုနေ့က ၁၅မိနစ်တခါ ရန်ရှာ အထုအထောင်းခံခဲ့ဖူးပါ၏)

4. အမြဲတစေ အဝတ်အစား တစုံ အပို ယူသွားပါ။

5. တွေးပါ ၊ ခံစားပါ ။ ရိုက်ကူးနေစဉ် အတွင်းမှာပေါ့ ။

6. ဖြစ်နိုင်ချေရှိတဲ့ ပန်းတိုင်များ ချမှတ် အကောင်အထည်ဖော်ပါ။

(တခါတခါ တနေကုန်လို့ ၁ပုံမှ မရတဲ့ နေ့တွေ အတွက်ပါ)

 

7. ဓါတ်ပုံအကြောင်း စာတွေ ရေးပါ ။ ရေးသားခြင်းဟာ သင်ယူခြင်း တမျိုးလည်းဖြစ်ပါတယ်။
(ဓါတ်ပုံအကြောင်း စာရေးဖြစ်တိုင်း ကျနော် သိသလိုလိုနဲ့ သေချာ မသိတဲ့ အကြောင်းတွေ ပြန်လှန်လေ့ကျင့်မိလျက်သား ဖြစ်တာ ဝန်ခံပါတယ်။)

8. tripod မပါဘဲ ဘယ်တော့မှ ဓါတ်ပုံရိုက် မထွက်ပါနဲ့။

9. အသေးအဖွဲ အောင်မြင်မှုတိုင်း နဲ့ ကျေနပ် နှစ်သိမ့်မှု ရယူပါ။
(ဓါတ်ပုံရိုက်တာ အသက်တိုဖို့ မဟုတ်ပါ)

10. ဓါတ်ပုံ ဝါသနာရှင်များနဲ့ ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ပါ။

11. နှလုံးသားနဲ့ အရင်ရိုက်ပါ ။ ပြီးမှ ကင်မရာ။

12. အမြဲတစေ တည်ငြိမ်မှု ရှိပါစေ

13. လူဆိုတာ ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ကြောင်း သတိရှိနေပါ ။

14. ရှုထောင့် ဆိုတာ အရှင်သခင်ပါ။

(သည်ရှုခင်းကိုပဲ ထောင်မက သောင်းမကသော ဓါတ်ပုံတွေ ဓါတ်ပုံဆြာတွေ ရိုက်ခဲ့ ပြီးသားဖြစ်ပါလိမ့်မယ်.. သို့သော် တင်ပြပုံတော့ ကွဲပြားလိမ့်မပေါ့)

15. သင့်ကိုယ်သင် ဓါတ်ပုံအတွက် နှစ်မြှုပ်ပါ။ ကိုယ့်ကိုကိုယ် အသားပေးမှု ရှောင်ကြဉ်ပါ။

16. ဓါတ်ပုံပညာ အသင်းအဖွဲ့ တခုခုတွင် ပါဝင်ပတ်သတ်မှု ရှိနေပါ
(ကျနော် မလုပ်ဖြစ်သေးသော ယခုမှ စလုပ်ဖို့ စဉ်းစားနေသော ကိစ္စ ဖြစ်ပါတယ်)

17. ကင်မရာ ကို သန့်ရှင်းစွာထားပါ။

18. ဘယ်တော့မှ သင့်ကိုယ်သင်နဲ့ တခြား ဓါတ်ပုံသမား တယောက်ကို ပိုကောင်းလား ပိုဆိုးလား မနှိုင်းယှဉ်ပါနဲ့။

(ဒါဆို ဘယ်တိုးတက်မလဲ တွေးစရာ ရှိပါတယ်။ တကယ်တော့ မူရင်း စာရေးသူ ဆိုလိုချင်သည်မှာ absolute နဲ့ relative value တွေရဲ့ သဘောဖြစ်ပါလိမ့်မယ်)

19. ကိုယ်ပိုင်ဟန် ကို ရှာဖွေပါ။

(ဂျက်ကီချမ်း ပြောခဲ့ဖူးတာလေး သွားသတိရပါသည်။ ဟောလီးဝုဒ် သရုပ်ဆောင်တွေလို ဂျက်ကီချမ်း သရုပ်ဆောင်နိုင်တယ်။ သို့သော် ဘယ် ဟောလီးဝုဒ် သရုပ်ဆောင်မှ
ဂျက်ကီချမ်း လို သရုပ် မဆောင်နိုင်ပါ)

20. ဖွဲ့စည်းတည်ဆောက်မှု ကို များများကြိုးစားရင်း ပုံများများ ရိုက်တာကို လျှော့ချပါ။
(ကျနော့်ကို သတ်နေတဲ့ အပိုင်းဖြစ်ပါတယ်။ ကျနော် စည်းဖောက်ပြီး slow shutter speed တွေ ရိုက်တဲ့အခါ တုန်တာ ဝါးတာ လျှော့ချဖို့အတွက်
များများရိုက်ပြီး ၁ပုံ ပြန်ရွေးလေ့ရှိပါတယ်။ တကယ်တော့ ဒါဟာ အမြဲမကောင်းပါ)

21. ဓါတ်ပုံတွေကို သူတပါးကို ပြသပါ၊ ဝေဖန်မှုကို ကြိုဆို ပါ နောက်ပြီး သင်ယူပါ။

22. တီထွင်ဖန်တီးမှု ပိုင်းအတွက် ခြားနားတဲ့ တစုံတရာကို ကြံစည်လုပ်ဆောင်ပါ

23. အခြားသော ဓါတ်ပုံဆြာများရဲ့ ဖန်တီးမှုကနေ ဈာန်ဝင်စား သင်ယူပါ

24. သူတပါးရဲ့ လက်ရာတွေကို ရိုးသားစွာနဲ့ ယဉ်ကျေးစွာ ဝေဖန်ပါ

25. သင့်ကောင်မလေးရဲ့ အကြံပြုချက် ကို နားထောင်ပါ

(လေးစားရတဲ့ မာကတ္တာ ၁ယောက်လည်း ပြောဖူးရဲ့ဗျာ။ ask women တဲ့.. ဟုတ်ကဲ့ မတူသောအမြင်တွေ
သူတို့ဆီမှာ ရှိနေတတ်ပါတယ်။ သူတို့ကို တိုင်ပင်တာ မမှားစကောင်း.)

26. ဘယ်တော့မှ အခြားတပါးသော ဓါတ်ပုံဆြာ တယောက်ကို ပုံတူကူးမချပါနဲ့

27. ထင်ရှား ပေါ်လွင်ပါစေ
(လူကိုပြောတာမဟုတ်ဘဲ ရိုက်ချက်ကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်)

28. golden ratio ကို သတိတရ ရှိပါ။ (rule of thirds)

29. 10mm (ultra-wide ရိုက်ဖို့ နှိုးဆော်ပါသည်)

30. selfportraits များ ရိုက်ပါ

31. ဓါတ်ပုံပညာ အကြောင်း ရှာဖွေ ဖတ်ရှုပါ

32. landscape များကို ဇာတ်ကောင် အားဖြည့် ပြီး ရိုက်ပါ။ တခါတလေ သင်ကိုယ်တိုင်ပေါ့။

33. ပတ်ဝန်းကျင် အခြေအနေတိုင်းဟာ သင်ထင်ထားတာထက် ကွဲပြားခြားနားမှု ရှိတာ သတိပြုပါ

34. s-curves များ lines များ ကို မြင်တတ်ပါစေ။

35. အမြဲတစေ RAW format နဲ့ ရိုက်ပါ။

(jpg Fine ပင်လျင် 72dpi ပဲ ထွက်တယ် ဆိုတာ မမေ့ပါနဲ့)

 

36. Camera sensor ကို အမြဲတစေ သန့်ရှင်းနေပါစေ။ ဒါဟာ post production မှာ အလုပ်ရှုပ်သက်သာစေပါတယ်။

37. အလှတရား ကို ရှာဖွေ တွေ့ရှိနေပါစေ။

38. ဓါတ်ပုံသမားကောင်း တယောက် ဖြစ်ဖို့ အချိန်ယူရပါတယ်။

39. အကောင်းဆုံးသော ပစ္စည်း ကိရိယာ ဆိုတာ ယခု သင့်လက်ဝယ် ရှိနေတာတွေပါ ဟု မှတ်ယူပါ

40. အရာရာတိုင်းကို ဓါတ်ပုံရိုက်ယူလို့ မရတာ သဘောပေါက်ပါ။

41. ဓါတ်ပုံပညာ စည်းမျဉ်းစည်းကမ်းတွေကို သိလျက်နဲ့ ချိုးဖောက်ပါ။ ကင်မရာရဲ့ စည်းမျဉ်းတွေတော့ မပါဘူးပေါ့။

(ရှင်းအောင် ရေးမပြနိုင်တာ ခွင့်လွှတ်ပါဗျ)

 

42. ရိုက်ကွင်းရဲ့ ခြားနားတဲ့ နေရာပေါင်းစုံမှာ ခြားနားစွာ အလင်းသက်ရောက်နေပုံကို လေ့လာပါ။

43. အလင်းအမှောင် ခြားနားရာ contrast ကို သတိထား ကြည့်ရှုပါ။

44. တိမ်တွေဟာ landscape ပုံ၁ပုံရဲ့ ဖွဲ့စည်းပုံကို အားဖြည့်တာ သတိရပါ။

45. photoblog တခု စတင်ပါ။

46. ချီးမွမ်းမှု ကို ခံယူပါ ပြီးတော့ ကျေးဇူးတင်ပါတယ်ပြောပါ။

(အလွန်လေးစားရတဲ့ သီဟပူရ အခြေစိုက် မာကတ္တာ/ဓါတ်ပုံဆြာ တယောက် ကို သတိရမိပါတယ်)

 

47. “ကောင်းလိုက်တဲ့ ရိုက်ချက်” ဆိုတာဟာ comment အနေနဲ့ အမြဲတစေ သုံးစွဲဖို့ သင့်လျှော်တဲ့ စကားတော့ မဟုတ်ပါဘူး။

48. ‘Amazing!’ ဆိုတာဟာလည်း သိပ်တော့ အသုံးမဝင်တဲ့ comment အမျိုးအစားပါ။ နှစ်သက်ကြောင်း ဒါမှမဟုတ် မနှစ်သက်ကြောင်း
ကောင်းစွာ ဖော်ပြနိုင်မယ့် သီးသန့်ဆန်တဲ့ ခြားနားတဲ့ စကားလုံး ရှာပါ။

49. သင်ကိုယ်တိုင်ဟာ ကင်မရာ မဟုတ်ပါ။
(ဒါလည်း ရှင်းပြရခက်ကြီးဗျ.. ပြောရရင်တော့ camera ရဲ့ limit တွေကို သိဖို့ပါပဲ။)

 

50. ဓါတ်ပုံ တပုံအကြောင်း comment ရေးတဲ့အခါ မေးခွန်းနဲ့ အဆုံးသတ်တာ တခါတလေ မှာ အလွန် အသုံးဝင်ပါတယ် ဓါတ်ပုံဆြာနဲ့ ping-pong conversation ရနိုင်လို့ပါပဲ

51. မော်ကွန်းတင်ထားတဲ့ သင့်ရဲ့ ဓါတ်ပုံ အစုအဝေး ကို ပြန်လှန်ကြည့်ရှုပါ။ ရိုက်သက်ကြာလေ အဖိုးတန်လာလေပါပဲ။
(မနှစ်က ရိုက်ခဲ့တဲ့ပုံတွေကို သည်နှစ် မကြိုက်တော့သလို နောက်နှစ်ကျရင်လည်း ယခုရိုက်တဲ့ပုံတွေကို နှစ်သက်တော့မှာမဟုတ်ပါ အဲ့လိုမှ မဟုတ်ရင်တော့
မတိုးတက်လာ လို့ပါပဲ)

 

52. eyecatcher ထည့်သွင်းပြီး ရိုက်ပါ။
(ဓါတ်ပုံ တပုံရဲ့ အရေးအကြီးဆုံးသော ဆွဲဆောင်မှု အစိတ်အပိုင်းလို့ တင်စားရမယ်ထင်ရဲ့)

53. မကောင်းတဲ့ပုံ တပုံ ထွက်လာမှာထက်စာရင် မရိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

54. အနည်းအကျဉ်းနဲ့ စတင်ပါ။

(ဒါလည်း မရှင်းပြတတ်ဘူးဗျာ.. ဆိုလိုချင်တာ ..slow and steady ဖြစ်မလားပဲ..)

 

55. ဓါတ်ပုံပညာနှင့်ပါတ်သတ်၍ သင့် ခံယူချက် သည် အလွန်အရေးပါပါသည်။

56. ဓါတ်ပုံ comment ရေးသည့်အခါ တွေးစရာပါတဲ့ ဟာသ ကို သုံးသင့်ပါသည်။

57. ဓါတ်ပုံ မိတ်ဆွေများအကြား အတွေ့အကြုံဖလှယ်ပါ။

58. အရာဝတ္ထု တခုအပေါ်တွင် ဓါတ်ပုံကို limit သတ်မှတ်ပါ

59. ဓါတ်ပုံ ပြိုင်ပွဲများတွင် ပါဝင်ပါ။

 

60. Post processing = Optimizing your image to the best result

(ဘာသာမပြန်ရက်လို့ သည်တိုင်း ချရေးလိုက်ပါသည်)

61. ခြားနားတဲ့ exposures တွေနဲ့ တတ်နိုင်သလောက် စမ်းရိုက်ကြည့်ပါ

62. photomatix ကိုလျှော့သုံးပါ HDR မှာ ကိုယ်ပိုင် ရနံ့ ရှိပါတယ်။

(သည်အကြောင်းကို HDR ပြန်ရိုက်ဖြစ်ရင် သပ်သပ်ရေးပါ့မယ်ဗျာ.)

 

63. အမြဲတမ်း ဘယ်အရာက ဓါတ်ပုံပညာ လေ့လာလိုက်စားဖို့ တွန်းအားဖြစ်စေခဲ့တယ် ဆိုတာ သတိရပါ

64. ဓါတ်ပုံ အရိုက်မခံလိုသူ တယောက်ကို ဘယ်တော့မှ ဓါတ်ပုံမရိုက်ပါနဲ့။

65. အမြဲတမ်း လှည့်ပတ်ကြည့်ရှုပါ ။ တခါတလေမှာ ပိုကောင်းတဲ့ ရှုခင်းဟာ သင့်နောက်ဖက်မှာ ရှိတတ်လို့ပါပဲ။

66. ကင်မရာထက် ကင်မရာ နောက်ကွယ်က လူက ပိုအရေးပါပါတယ်။

67. အမှားအယွင်းတွေအတွက် စိတ်မပျက်ပါနဲ့။ အမှားများများလုပ်လေ များများ သင်ယူပြီး ဖြစ်လေပါပဲ။

68. ရုတ်တရက် ရလိုက်တဲ့ idea တခု ကို ..အင်း ဒါဟာ ဖြစ်မှ ဖြစ်ပါ့မလားလို့ မတွေးဘဲ …အကောင်အထည်ဖော်ပစ်လိုက်ပါ။

သံသယ အခြေအနေမှာ ရိုက်ဖြစ်အောင် ရိုက်ပါ။

69. histogramm ကိုကြည့် ပါ နားလည်ပါ။ ပုံ၁ပုံအကြောင်း အရေးပါတဲ့ information ပေးနိုင်တာ အသေအချာပါ

70. camera အကြောင်း ကောင်းစွာ သိပါ။ night scene တွေမှာ menu button ကို စမ်းပြီး ရှာဖွေနေရတာဟာ အချိန်ဖြုန်းခြင်းသက်သက်ဖြစ်ပါတယ်။

(Nikon နဲ့ Canon တို့ဟာ သူတို့ camera body တွေပေါ်က button အထားအသို နဲ့ ပါတ်သတ်ပြီး နှစ်ပေါင်းများစွာ research တွေလုပ်ပြီး
ဆင့်ကဲ တိုးတက်ကောင်းမွန်အောင် ထုတ်လုပ်ခဲ့ကြပါတယ်.. button တခု ကို ဘယ်နေရာမှာ ထားတယ် ဆိုတာ ဘယ်တော့မှ အလကား မဟုတ်ပါ။)

71. တတ်နိုင်သမျှ မကြာခန ရိုက်ပါ။

72. သင့်ကိုယ် သင် ယုံကြည်ပါ။

73. ညစ်ပေသွားမှာ ကို မစိုးရွံ့ပါနဲ့။

74. ပုံတပုံရဲ့ အရည်အသွေးပိုင်းကို အလေးအနက်ထားပါ။

75. သင်ရိုက်တဲ့ ဓါတ်ပုံတွေဟာ သင့်ရဲ့ စိတ်ဝိဉာဉ် ကို ပုံဖော်ပါတယ်။

76. ISO-Setting ကို ပြန်လှန် စစ်ဆေးပါ။ တခါတလေမှာ စိတ်ပျက်ဖွယ်ကောင်းလောက်တဲ့ အမှားအယွင်း ဖြစ်တတ်လို့ပါပဲ။

77. ရှည်လျားပြီး တွေးစရာလေးတွေပါတဲ့ comments တွေဟာ ကျေးဇူးတင်စရာကောင်းကြောင်း သဘောပေါက်ပါ။

78. ကင်မရာရဲ့ LCD ကို ဘယ်တော့ မှ မယုံပါနဲ့ ။ အမှန်တကယ် ရှိတဲ့ ပုံရိပ်ထက်ကို ပိုမို တောက်ပ ပြတ်သားသယောင် ပြနိုင်လို့ ဖြစ်ပါတယ်။

79. HDD မှာ လုံလောက်တဲ့ space ရှိနေပါစေ။ ဒါဟာ သင်တကယ် လိုအပ်ပါတယ်။

(Asakusa မှာ စိုင်ပစ်တုန်းက Class 10 16GB မဆံ့တော့လို့ Class 2 2GB နဲ့ ပုံ ၈ဝ ရိုက်လာခဲ့ပါတယ်။ computer ထဲ ထည့်တော့မှ ပုံတွေ တဝက်လောက်

ပျက်နေတာတွေ့ရရဲ့ … ပြောချင်တာ HDDတင် မကပါဘူး memory တွေဟာလည်း အရေးပါပါကြောင်း..)

80. ကင်မရာနဲ့ အတူတကွ မရှိနေချိန်မှာ moments တွေကို အချိန်ပေးပါ။

81. နေဝင်နေထွက် အတွက်ဆိုရင် ရိုက်ကွင်းကို နေမထွက်ခင် (သို့) နေမဝင်ခင် နာရီဝက်လောက် စောရောက်နေပါစေ။

အလျင်စလို ပြင်ဆင်ရခြင်းဟာ ဆိုးရွားတဲ့ အရာ တခုမို့ပါ။

 

82. စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်များကို ချဲ့ထွင်ပါ။ တော်လောက်ပါပြီလေ ဆိုတဲ့ အတွေးမျိုး ဝင်ချိန်မှာတောင် အနည်းငယ် ထပ်ရိုက်ကြည့်ပါ။

83. ကောင်းကင်က အရေးအကြောင်းတွေကို စောင့်ကြည့်ပါ။ foreground က အရေးအကြောင်းတွေနဲ့ ဘယ်လို အံဝင်ခွင်ကျ ပေါင်းစပ်မလဲ ဆိုတာ စဉ်းစားပါ။

84. သွားဖူးပြီးသား နေရာတွေကို တတ်နိုင်သမျှ မကြာခန သွားပါ။ အလင်းရောင်ဟာ တောင်တစ်လုံးကို ပုံစံတမျိုးတည်းအဖြစ် မပြသပါဘူး။

85. ဓါတ်ပုံတွေကို အရွယ်အစားကြီးကြီး Print ထုတ်ပါ။ သင် တကယ် နှစ်သက်မြတ်နိုးပါလိမ့်မယ်။

86. monitor ကို အရောင်ချိန်ညှိပါ။ အရောင်အသွေး တိကျမှု မရှိတဲ့ monitor နဲ့ အလုပ်လုပ်ရခြင်းဟာ ယုံကြည်လို့ မရတဲ့ လူနဲ့ ဆက်ဆံရသလိုပါပဲ။ရလာဒ်ဟာ အမြဲတမ်း ဆိုးရွားပါတယ်။

(ကျနော့် လှေယာဉ်မယ် ပုံဟာ မော်နီတာ အရောင်မမှန်လို့ ကျနော် retouch ထားတဲ့ skintone နဲ့ original skin အရောင်ကွာနေကြောင်း print ကြီးကြီးထုတ်ပြီး monitor အရောင်ချိန်

ကြည့်တော့မှ ပြန်သိခဲ့ရတာပါ။)

 

87. သင့် ဓါတ်ပုံကို သူများတွေ ဘယ်လို ပြောကြလိမ့်မယ်ဆိုတာ ကို မတွေးပါနဲ့ .။ သင်ကိုယ်တိုင် နှစ်သက်မယ်ဆိုရင် ဒါဟာ ထုတ်သင့်တဲ့ ပုံဖြစ်လို့ပါပဲ။

88. သင့်ကိုယ်သင် အပြစ်ကင်းတယ် ဘယ်တော့မှ မထင်ပါနဲ့။ အမှားတွေကနေ သင်ယူရင်း ရှေ့ကို မျှော်ကြည့်ပါ။

89. ပျင်းရိမှု ကို စိန်ခေါ် တိုက်ပွဲဝင်ပါ။ တီထွင်ဖန်တီးမှုဟာ စည်းကမ်းကျနမှု ပြီးမှ လာတဲ့ အရာဖြစ်ပါတယ်။

90. ဒီဓါတ်ပုံမှာ ငါဟာ ဘာကို ပြချင်တာလဲ ဆိုပြီး ကိုယ့်ကိုကိုယ်မေးပါ။

91. အမြဲတစေ ဘောင်တွေ အနားသတ်မျဉ်းတွေကို ကျော်လွန်ပြီး တွေးခေါ်ပါ။ ဓါတ်ပုံတွေကိုကြည့်ရင်း idea အသစ်တွေ ရနိုင်မလား ဒါမှမဟုတ် ကိုယ်သာဆိုရင်

ဒီလို လိုက်လုပ်နိုင်မလား ကိုယ့်ကိုကိုယ်မေးကြည့်ပါ။

92. သင်ကြားပြသပေးမယ့်လူ တယောက် ရှာပါ။

 

93. ဓါတ်ပုံပညာဟာ အချိန်ဖြုန်းခြင်း လုံးဝ မဟုတ်ပါ။

94. နေရာတိုင်းမှာ ဆိုးရွားမှုတွေ ရှိပါတယ်။ ဒါမျိုး ကြုံတွေ့ရတဲ့အခါ စိတ်လိုက်မာန်ပါ မတုံ့ပြန်မိပါစေနဲ့။

95. သင် လုပ်နေတာတွေကို မနှစ်သက်တဲ့လူတွေ ဆိုတာ မလွဲမသွေ ရှိနေမှာ ဖြစ်ပါတယ်။

96. Henri Cartier-Bresson ဟာ သည်လို ပြောဖူးပါတယ်။ “Your first 10,000 photographs are your worst.”

97. ပိုကောင်းတဲ့ ကင်မရာ ဟာ ပိုကောင်းတဲ့ ဓါတ်ပုံ ရရပါမယ်လို့ အာမခံချက် မပေးထားပါဘူး။
(pixel ပိုများချင်များမယ် noise ပိုငြိမ်ချင်ငြိမ်မယ် speed ပိုမြန်ချင်မြန်မယ် အဲ အနုပညာအရည်အသွေးပိုင်း ပိုကောင်းဖို့ အာမမခံတာကို ဆိုလိုတာပါ။)

98. postprocess လုပ်တဲ့အခါတိုင်း စိတ်ထဲမှာ print နေပါစေ။

99. Photography is fair : သင့်ရဲ့ ကျော်ကြားမှု ဟာ သင်ရိုက်တဲ့ ပုံတွေနဲ့ အချိုးကျပါလိမ့်မယ်။ သင့် ဓါတ်ပုံတွေ ရှိနေ လူတွေ ကြည့်နေသရွေ့ ဆိုပါတော့ ။

100. ယခုလို ကိုယ်ပိုင် အချက် ၁၀ဝ ချရေးပါ။

 

ဓါတ်ပုံတချို့…

 

central

 

လက်ဖက်နှင်းဆီ

 

ကြွေတယ် ဆိုဒါကိုက ပွင့်ခြင်းဘဲ

 

 

အိုဘယ့် ကျူးလစ်

 

 

oh.. dear, how can i crop u..

 

 

11 comments

  • ထုံးဘဲဥ

    May 11, 2012 at 6:48 pm

    ကူးယူသွားပါတယ် ကိုဂီရေ့ လက်မလေးပါထောင်ခဲ့တယ်

  • မဟာရာဇာ အံစာတုံး

    May 11, 2012 at 7:12 pm

    ကိုဂီရေ ..
    လက်မကြီး ထောင်ပြီး အားပေးသွားပါတယ် …
    ဒီတရာဂိုဒေါ့ ဖြည်းဖြည်းချင်း ဖတ်ပြီး မှတ်မှ ရမယ်ဗျ ..
    ဒါကြောင့် ကူးယူသွားပါ၏ …..

  • ရွာစားကျော်

    May 11, 2012 at 7:44 pm

    ကိုချီးဗက်ဇ်
    ဖတ်မှတ်သွားပါတယ်..
    92..သင်ကြားပြသပေးမယ့်လူ တယောက် ရှာပါ။..
    ဂေဇက်ထဲက ကိုသော့တို့ ကိုချီးဗက်တို့ ပို့စ်တွေ ဖတ်ပြီး ဆရာတင်ထားတယ်နော်..
    ဟင်း ဟင်း.. ကျုပ်လို စာဖတ်သူတွေလည်း အများကြီး ရှိအုံးမယ်ထင်တယ်..
    အော်တိုကင်မလာ တလုံး အသုံးချနည်း ပို့စ်လေးလည်း အမြန်ရေးအုံး
    ဒါဗြဲ..
    ခင်တဲ့ ..

  • blackchaw

    May 11, 2012 at 10:56 pm

    ဓါတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက်အတွက်
    တကယ်လိုအပ်တာလေးတွေ စုစည်းပေးထားတဲ့အတွက်
    ကျွန်တော့်အတွက်တော့ အင်မတန် တန်ဘိုးရှိတဲ့ ပို့စ်ပါဗျာ။
    ဝေမျှပေးတာ ကျေးဇူးအထူးတင်ပါတယ် ဂီဂီရေ။

  • shwe kyi

    May 12, 2012 at 12:04 pm

    ဒါ့ပုံအကြောင်းသိပ်လည်းနားမလည်၊ ရိုက်လည်းမရိုက်ဖြစ်တော့ ပုံတွေကိုပဲကြည့်ရင်း
    လက်ဖက်နှင်းဆီဆိုတဲ့ပုံနဲ့ ကြွေတယ်ဆိုတာကိုကပွင့်ခြင်းဆိုတဲ့ပုံနှစ်ပုံကို အရမ်းကြိုက်လို့ကူးယူထားမိပါတယ်။

    • Ch@vez

      May 13, 2012 at 10:11 am

      ကျနော်ရိုက်တဲ့ ပုံတွေကို အားပေးလို့ ကျေးဇူးတင်ပါတယ်ဗျ

      ခင်တဲ့
      Inz@ghi

  • ဗိုက်ကလေး

    May 12, 2012 at 7:14 pm

    ကင်မဒါ ဝယ်ပြီးရင် အူးလေးပို ့စ်ကို အရင်ဖတ် ပါ့မယ်ဗျား.

  • ကိုရင်စည်သူ

    May 13, 2012 at 12:43 pm

    ဓါတ်ပုံတွေကဒေါ့ အရမ်းကောင်းလို့ မပြောပြတတ်ဘူး
    ကြွေတယ်ဆိုတာ ပွင့်ခြင်းတစ်မျိုးပဲ ဆိုတဲ့ စာသားလေးဒေါ့ခိုက်တယ်…
    အပေါ်က ဗိုက်ကလေးက ပွင့်ချင်လို့ ပါတယ်ဂျို့… အဟီးး..

    ငါးမျက်စိ ဖားသက်ပြင်းအား လေးစားလျက်..

  • ရှမ်းပြည်သား(တောင်ပိုင်း)

    October 15, 2012 at 3:28 pm

    ဂီဂီရေ အခြေခံ၂၁လေးဒီထဲမှာပဲကွန်မန့်လေးနဲ့တင်ပေးထားပါဦး
    ကျနော်ဂီဂိကို မျက်နှာစာအုပ်မှာဆက်သွယ်ချင်တယ် အကောင့်လေးပေးပါဦး
    ကျနော့်မေးလ်ထဲကိုပို့ပေးနော်……. ဂီဂိဂျီတော့ထဲမှာကျနော့်အကောင့်ရှိတယ်
    မသိရင်မခိုင်ကိုမေးလိုက်နော်… ကျေးဇူးပြုပြီးဂီရေဆက်ဆက်တင်ပေးပါဦး
    ခင်တဲ့ မောင်ရှမ်း(လူထွားကြီး)

Leave a Reply