မြန်မာနိုင်ငံရေးအပေါ် မနာလိုစိတ်များနေတဲ့ ထိုင်းအစိုးရလား

phone_kyawMay 9, 20121min20615

တကယ်တမ်းတော့ ထိုင်းက မြန်မာနိုင်ငံရဲ ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးတဲ့အနေနဲ ့ဗိုလ်ချုပ်စောလားပွယ်ကိစ္စကို ရေငုံနှုတ်ပိတ်နေရမှာ။ အခုတော့ မနာလို မရှု ့စိတ်နဲ ့လုပ်သလိုပဲ။ အခုဖြစ်တဲ့ ကိစ္စက လွန်ခဲ့တဲ့ ၂၀၀၃-ကတည်းဖြစ်ခဲ့တာကို အခုမှ ဆုငွေထုတ်ဖမ်းဖို ့လုပ်တာကတော့ အင်မတန်ကို သေးသိမ်တဲ့လုပ်ရပ်တစ်ခုပါ။ ဘာလို ့အစောကြီးကတည်း ဖမ်းဖို ့မလုပ်လဲ။ တကယ်လို ့အချက်အလက် ခိုင်လုံတယ်ဆိုရင်ပေါ့။ ဒါက ထိုင်းအစိုးရရဲ ့ညစ်ပတ်မှု ့ဖြစ်တယ်လို ့ကျနော်တွေးမိတဲ့အတွေးတစ်ခုပါ။ ငြိမ်းချမ်းလုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့လုပ်ရပ်ပဲ။

နောက်တစ်ခုက ဒီကေဘီအေအချင်းချင်း မနာလိုတဲ့ ဖြစ်ရပ်တစ်ခုပါ။ နယ်ခြားစောင့်တပ်ကို လက်ခံသွားတဲ့ ဒီကေဘီအေနဲ ့ပြန်တိုက်တဲ့ ဗိုလ်ချုပ်နုတ်ခမ်းမွေးတို ့ရဲ ့အချင်းချင်း ရန်ဆောင်မှု ့တစ်ခုလို ့ထင်မိတယ်။ နအဖအစိုးရက ဗိုလ်နုတ်ခမ်းမွေးတို ့ကို အရေးတယူ ဆက်ဆံပြီး ငြိမ်းချမ်းရေးကမ်းလှမ်းတာကို ဗိုလ်ချစ်သူတို ့မကျေနပ်လို ့ထိုင်းအစိုးရကို အတို ့အထောင်လုပ်တယ်လို ့ထင်တယ်။ ဂျောက်တွန်းတဲ့ဖြစ်ရပ်တစ်ခုလို ့မြင်တယ်။
ဘာလို ့ ၂၀၀၃-က ဖြစ်ရပ်ကို ယနေ ့လို ကာလကြမှ ပေါ်လာတာလဲဆိုတာ တွေးစရာတစ်ခုပါ။

ဗိုလ်နုတ်ခမ်းမွေးက မြင်းဆေးထုတ်တယ်၊ သေချာတယ်ဆိုရင် ဘယ်မှာလဲ သက်သေအထောက်အထား။ ဘယ်မှာလဲ ဖမ်းဆီးရမှု ့မှတ်တမ်း။ ဘယ်မှာလဲ သက်သေ။ ဒါတွေကို တစ်ခုမှ မီဒီယာ သိအောင် ကာယကံရှင်သိအောင်မထုတ်ပြပဲ မြန်မာအစိုးရဆီကနေ တောင်းယူတာက မြန်မာနိုင်ငံရဲ ့အချုပ်အခြာအာဏာကို ထိပါးတာအပြင်၊ တိုင်းရင်းသားစည်းလုံညီညွတ်ရေးလမ်းစကို ဖြိုခွဲသလိုပဲ။

မြန်မာအစိုးရအနေနဲ ့ထိုင်းအစိုးရကို ပြတ်ပြတ်သားသားပြောဖို ့လိုနေပြီ။ ဒါကတော့ ဗိုလ်နုတ်ခမ်းမွေးက တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တယ်။ လွှဲမပေးနိုင်ဘူး။ မှုးယစ်ရာဇာစာရင်းကနေ ပယ်ဖျက်ပေး။ ဒါပဲ ပြောစရာရှိတယ်။ ဗိုလ်နုတ်ခမ်းမွေးက ထိုင်းနိုင်ငံသားမဟုတ်ဘူး။ မြန်မာပြည်တွင်းက တာလပေါနဲ ့ငပိထောင်းစားပြီး တော်လှန်နေတဲ့ ကရင် တော်လှန်ရေးခေါင်းဆောင်ဖြစ်တယ်။

ထိုင်းတွေလို မိန်းလိုက်စားပြီး ပေါက်ကရလုပ်စားနေတဲ့သူတောင်းစားမဟုတ်ဘူးဆိုတာကို ပြောချင်တယ်။ ဒီကိစ္စနဲ ့ပက်သက်ပြီး အသဲနာစရာကောင်းလို ့ပါဗျာ။ ထိုင်းတွေ မြန်မာတွေဆီက ဘာပဲရရ အကုန်လိုချင်နေပုံရတယ်။

တကယ်လို ့ထိပါးလာရင် ထိုင်းစီးပွားရေးလုပ်ငန်းတွေ ကရင်နယ်ထဲမှာ အများကြီးရှိတယ်။ သူတို ့တွေကို နဲနဲလောက်ပညာပေးလိုက်ရင် ထိုင်းတွေလေသံပြောင်းလာလိမ့်မယ်။ ကဲ…ဒီတော့ ဗိုလ်မှုရှေးနဲ ့ဗိုလ်စန်းအောင်တို ့ရေ…..ဘာလုပ်သင့်လဲဆိုတာ သိမယ်ထင်တယ်။

15 comments

  • အိမ်လွမ်းသူ

    May 9, 2012 at 1:54 pm

    ကျုပ်လဲ အဲဒီလိုပဲ ထင်တယ်။ အဲဒီ လောက်အထောက်အထား ခိုင်လုံနေရင် အဲဒီအချိန်ထဲက ဘာလို့ဆုကြေးထုတ်ပြီး မကြေညာလဲ။ ဒီရင်လပ် ကတော့ ဦးအောင်ဇေယရဲ့ ဟိုဟာနဲ့ တွေ့ချင်နေပြီထင်တယ်။ ဝါးရင်းတုတ်…. ပြောတာပါ။

  • ကိုရင်မောင်

    May 9, 2012 at 2:04 pm

    နယ်စပ်ကအကြောင်းတွေကို ကိုဘုန်းကျော်ကပိုသိမှာပေါ့…
    ဗိုလ်နှုတ်ခမ်းမွှေးကိုခုမှဝရမ်းထုတ်ဖမ်းမယ်လုပ်နေတာတော့
    အံဩမိသား…
    ခုမှကျုပ်တို့လဲပိုသိလာရတယ်….
    အဲ့ဒီလိုပို့စ်မျိုးတွေတင်စမ်းဗျာ
    နယ်စပ်အကြောင်းတွေစိတ်ဝင်စားလို့….

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 9, 2012 at 5:04 pm

    ထိုင်းတွေက မြန်မာတွေဆိုရင် မနာလိုတာမဟုတ်ဘူးဗျ …. မုန်းကိုမုန်းတာ … ဒါက သမိုင်းချီပြီးတော့ကို မုန်းတာ … ကျုပ်တို့ ထားဝယ်ကလူတွေ တဖက်ကမ်းမှာ အလုပ်သွားလုပ်ရင် … သေရင်သေ .. မသေရင် ရူးအောင် ကို လုပ်ပစ်တာ … ခိုင်းတာများ ပိုးစိုးပက်စက်ကို ခိုင်းပစ်တာ …

  • ဗိုက်ကလေး

    May 9, 2012 at 5:07 pm

    ထိုင်းကောင်တွေလဲ ဖာချ၊ဆေးချတာများပြီး သွေးလေဖောက်ပြန်နေကြတယ်ထင်တာပဲ
    အူးလေးပြောသလိုပဲ
    အဓိကက မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှုအပေါ် မနာလိုတာနေမှာပါ
    ပိုဆိုးတာက
    မူးယစ်ထုတ်တယ်ထားဦး..အရင်..က ဖီးလ်တက်လို ့ငြိမ်ခံနေပြီး အခုမှ မရှူရတဲ့ဘိန်း ဗွက်နဲ ့ ပက်ချင်နေတာပါ
    😀

  • Inz@ghi

    May 9, 2012 at 5:21 pm

    ကျုပ် သည်တခေါက် ရန်ကုန်ပြန်တော့ လေယာဉ်ပေါ်မှာ
    ဂျပန် ကို ယပက်လက်တွေ အလည်ခေါ်တဲ့ ယပက်လက် လူမျိုး စကားပြန် တယောက်နဲ့ ခင်ခဲ့တယ်…
    မော်ဒန် ထိုင်း လည်း ဖြစ် ကျနော်တို့ ကြားက ကွန်ဗာဇေးရှင်းကလည်း ဂျာပန်လို ပြောဆိုတော့
    ပြသနာ မရှိခဲ့ပါဘူး ..ဘေးက ဂျပန်လူမျိုး မိတ်ဆွေသစ်ရှိတာကြောင့်လည်း ပါမှာပေါ့…
    သူလည်း တိုးဂိုက် ..ကိုယ်လည်း မာကတ္တာ ..စကားပြောတော့ မဖောင်းကြဘူးပေါ့ဗျာ …

    အဲ့ ..တခုလေးပဲ …
    ကိုဖုန်းကျော်တို့ သဂျီးတို့ ပြောဖူးတာလေး …
    မြန်မာ ကို ကျွတ်တယ် ဆိုတာ …အဲ့ဒါတော့အမှန်…
    သဂျီးပြောဖူးတဲ့ ..ကံမကောင်းလို့ မွဲနေတဲ့ အစ်ကိုကြီးတယောက်လို ဆိုလား ..အဲ့.. အဲ့သည့်
    အငွေ့အသက်လေး ရရဲ့ဗျာ…

    သူတို့ မြန်မာကို စစ်၂ခါရှုံးဖူးကြောင်း ဂျပန်ရှေ့မှာ ရဲရဲကို ပြောပြသွားတယ်ဗျ…
    အံ့ဩစရာကောင်းတာ..ခုနှစ်နဲ့တကွ ..ရှုံးလို့ ဩဇာ ခံ ဖြစ်နေတဲ့ ကာလ နှစ်အပိုင်းအခြားကို
    အတိအကျ ပြောသွားတာဗျ ….
    သမိုင်းပညာရှင်မဟုတ်တဲ့ ဂျပန်မှာ တိုးဂိုက်လုပ်စားသူ တယောက်အနေနဲ့ သည်လောက်ကြီး
    ဒီတေးလ် သိမနေသင့်ဘူးထင်တာပဲ …
    (ဆိုလိုချင်တာ..)

    သမိုင်းလေ့လာသူမဟုတ်တဲ့ သာမန် ပြည်သူတောင် သမိုင်းထဲက အဆိုပါ ကိစ္စရပ်တွေကို အသေးစိတ် မှတ်သား
    ထားတယ် ဆိုတာလေး သွားတွေ့ရရဲ့ ..(မှတ်ထားတာ အမှန်လား အမှားလား မငြင်းဘူးနော..)

    ပြုသူ အသစ် ဖြစ်သူအဟောင်း စကားပုံပဲ ပြောင်းပြန်လှန်ရတော့မလားပဲဗျာ….။

    အဲ့လိုနဲ့ စကား တနေရာမှာ ကျုပ်တို့ ရွှေတိဂုံဘုရားကြီးအကြောင်း ရောက်လာပါရော..
    ငတိက သူ ရန်ကုန်ရောက်ဖူး ကြောင်း ရွှေတိဂုံဖူးဖူး ကြောင်း ပြောရင်းနဲ့
    အထက်က စစ်ရှုံးတဲ့ ကိစ္စ ပြန်နွယ်ပြီး အဆိုပါ ဘုရားက ရွှေတွေက သူတို့ စစ်ရှုံးတုန်းက
    ယူသွားတာ လို့ ဘလိုင်းကြီး လာစွပ်စွဲလေရောဗျာ …

    ကျုပ်လည်း ခင်ဗျားက လိုက်ကြည့်ထားလို့လား လို့ ဘုတော တောလိုက်တယ်..
    မှန်တာပြောရင် မငြင်းချင် အမုန်းမပွားချင်လို့ ဟာသ လုပ်ပစ်ရင်း စကားဝိုင်းကိုအဆုံးသတ်လိုက်တာပါ..
    လှေယာဉ်မယ်လေးဆီက ကော့ညက်လေး စုပ်ရင်း စကားဖြတ်လိုက်ပါတယ်…
    (သမိုင်း လိုက်စားသူတွေ ငြင်းချင် ငြင်းကြပါ )

    နောက်ပိုင်းတော့ တခြား အရာတွေ ပြောရင်း ကျနော်တို့ ၃ယောက် ပျော်ရွှင်စွာဖြတ်သန်းနိုင်ခဲ့ကြပါတယ်..
    ဘယ်သူ့ တိုင်းပြည်က ဘယ်သူ့တိုင်းပြည်ကို စစ်နို်င် စစ်ရှုံးခဲ့သလဲ မပြောတော့ဘဲ…
    သူ့ဘာသာ ကိုယ့်ဘာသာ နဲ့ အပြန်အလှန် နာမည်စာလုံးလေးတွေရေးပြီး visiting card
    တွေလဲခဲ့ကြတယ်ပေါ့ဗျာ…. နားမလည်ပေမယ့် ကြည်နူးခဲ့ရပါတယ်…
    (ထိုင်း အသံထွက်မှာ Za မရှိဘဲ Sa သာရှိလို့ ကျနော့်နာမည် ကို Serni လို့ ပေါင်းခဲ့ကြောင်းလေး လက်တို့ပါရဲ့)

    တော်သေးဘီ
    ခင်တဲ့
    Inz@ghi

  • ဗိုက်ကလေး

    May 9, 2012 at 5:58 pm

    မနက်ဖြန် DKBA သတင်းစာ ရှင်းလင်းပွဲရှိတယ် ပြောတယ်..
    ထူးရင် တင်ပေးပါဦး

  • char too lan

    May 9, 2012 at 9:28 pm

    တဒင်းထူး ဘာရုတ်ဖို့လဲ အရက်နဲ့မြည်းမလို့လား ?? 😀

  • htoosan

    May 10, 2012 at 6:44 am

    သူတို့ မြန်မာကို စစ်၂ခါရှုံးဖူးကြောင်း ဂျပန်ရှေ့မှာ ရဲရဲကို ပြောပြသွားတယ်ဗျ…
    အံ့ဩစရာကောင်းတာ..ခုနှစ်နဲ့တကွ ..ရှုံးလို့ ဩဇာ ခံ ဖြစ်နေတဲ့ ကာလ နှစ်အပိုင်းအခြားကို
    အတိအကျ ပြောသွားတာဗျ ….
    သမိုင်းပညာရှင်မဟုတ်တဲ့ ဂျပန်မှာ တိုးဂိုက်လုပ်စားသူ တယောက်အနေနဲ့ သည်လောက်ကြီး
    ဒီတေးလ် သိမနေသင့်ဘူးထင်တာပဲ …

    သူလဲ ယပက်လက်(မန်း) ဂေဇက် ဖတ်လို့နေမှာပေါ့ … နောက်တာ … 😀

  • kai

    May 10, 2012 at 7:04 am

    လောလောဆယ်ကတော့.. မြန်မာ ၄သန်းလောက်.. အလုပ်အကိုင်ပေး..ထမင်းတင်ကျွေးထားတဲ့.. ထိုင်းနိုင်ငံဖြစ်ပါတယ်ခင်ဗျား..

    သူတို့တွေဟာ.. ကမ္ဘာမှာစစ်တပ်အာဏာအသိမ်းဆုံးနိုင်ငံအဖြစ်.. သမိုင်းမှတ်တိုင်ထူထားတဲ့.. ထေရဝါဒဗုဒ္ဓဘာသာဝင်အများစုရှိတဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်ပါတယ်..
    ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေထဲ.. အတိုးတက်ဆုံး..တိုင်းပြည်လည်းဖြစ်ပါရဲ့..
    နိုင်ငံရေးကလည်း.. မတည်ငြိမ်ဆုံးနိုင်ငံတနိုင်ငံပေါ့..
    ဘုရင်ရှိနေလို့.. အခုလောက်ခံသာနေတယ်တွေးမိတယ်..

    ထားပါတော့..
    .. မြန်မာ ၄သန်းလောက်ကို.. ကယ်တင်အလုပ်ပေးထားတာမမေ့ဖို့နဲ့…
    ကိုယ့်နိုင်ငံသမိုင်းကိုလည်း.. မမေ့ဖို့… 🙂

    • စော်ဘွားလေး မောင်မာန်ခ

      May 10, 2012 at 12:02 pm

      ဒဂျီးဒဂျီး
      ထေရဝါရဗုဒ္ဓဘာသာဝင်အများစုရှိတဲ့နိုင်ငံဟုတ်တော့ဝူးဗျ…..
      ယပက်လက်ဘုန်းကြီးတွေ…အင်းလိုင်းဆေးလိုင်းလိုက်ဝိဇ္ဇာတွေသိပ္ပံတွေယူပြီး မဟာယနဘူဒစ်ဆင်တွေ
      ဖြစ်ကုန်ပြီ…….
      ဒါပေသိ….ဒီမှာလိုကိုယ်ပိုင်ကားတွေနဲ့သာဿနာပြုတယ်အမည်ခံပြီးကိုယ်တိုင်ကားမောင်းနေတာမျိုးမဟုတ်
      ခရီးသွားလို့ကားစီးချင်ရင်လိုင်းကားပဲစီးရတယ်….ကိုယ်တိုင်မောင်းတာဖြစ်စေ…တခြားလူကကိုယ်ပိုင်ကားနဲ့
      လာပင့်သည်ဖြစ်စေ…ကျောင်းကိုလှူလို့ဒရိုင်ဘာငှားပြီးမောင်းခိုင်းတာဖြစ်စေမလုပ်ကြရဘူးလို့
      ပေါ်လစီထုတ်ထားလေတော့……အင်း…ပြောရလဲခက်ပါတယ်…..
      ကိုယ့်နိုင်ငံသမိုင်းကိုလဲမမေ့ဘူး…..ဒါပေမယ့်မြန်မာတွေကိုကယ်တယ်ဆိုရင်….
      အလောင်းဘုရားတို့ဘုရင့်နောင်တို့လက်ထက်ကထိုင်းတွေမြန်မာနိုင်ငံမှာခစားနေကြတာကိုပြန်စဉ်းစားမိရင်
      ကိုယ့်ထမင်းကြွေးပြန်ဆက်တယ်လို့ပဲမြင်ပါတယ်သူကြီးရဲ့…မှားသွားရင်တော့ဖြင့်…
      ထုံးစံအတိုင်း….ခင်တဲ့…ရှမ်းပြည်သား(တောင်ပိုင်း)

  • maungmoenyo

    May 10, 2012 at 10:05 am

    မြန်မာရဲ့လက်ရှိဖြစ်ပေါ်ပြောင်းလဲမှုဘဲပြောမလား၊ တိုးတက်မှုဘဲပြောမလား၊ အနေအထားကိုကြည ့်ရင် နိုင်ငံတကာဆက်ဆံရေးမူတွေ အရင်ကစကားတန်ဆာအဖြစ်ရှိခဲ့ရာကနေ၊ အသက်ဝင်လှုပ်ရှားလာပြီလို့ဆိုရပါမယ်။ ပထမဆုံးကမီဒီယာမဏ္ဍိုင်ရဲ့ အချုတ်အနှောင်လျော့နည်းလာမှုက နိုင်ငံတကာဆက်ဆံရေးမူဝါဒကို ကမ္ဘာကမြန်မာကို ရှင်ရိုသေဖြစ်အောင် အမြင်ပြောင်းလာစေတဲ့ တွန်းအားကြီးတခုဖြစ်မှန်းမသိဖြစ်လာပါတယ်။ မသိမသာဘဝကနေ၊ သိသိသာသာကြီးဖြစ်လာနေပါပြီ။ အခက်အခဲဆုံးအပိုင်းဖြစ်တဲ့ဖြစ်ထွန်းလာတဲ့ ရှင်ရိုသေလူရိုသေ အဆင့်ကို ရေရှည်ထိမ်းသိမ်းနိုင်ဘို့က အခရာကျပြီးခက်ခဲနက်နဲတဲ့အပိုင်းဖြစ်လာပါတယ်။ ပြည်ပနဲ့သာမက ပြည်တွင်းမှာလည်း ရင်ဆိုင်နေရတဲ့အစိုးရတွင်းအားပြိုင်မှု၊ အစိုးရကိုယ်တိုင်က လူထုအပေါ်ရပ်တည်ချက်အခြေခိုင်မာအောင်တည်ဆောက်နေရမှုနဲ့ ဆန်းကျင်ဖက်ရှိဆဲ အတိုက်အခံပါတီနဲ့အင်အားစုရဲ့သွေးတိုးစမ်းမှုတွေကို နိုင်ငံတော်အစိုးရနဲ့လူထုက တပြိုင်တည်း ခံစားနေကြရချိန်ပါ။
    ကလေးဆန်တဲ့၊ ခေတ်နောက်ကျတဲ့၊ အဖြေမထွက်နိုင်တဲ့ မျက်စေ့စုံမှိတ်အော်နေကြရမဲ့အချိန်မဟုတ်တော့ပါဘူး။
    အနောက်နိုင်ငံများက speechless ဖြစ်နေပြီး၊ အာဆီယံနဲ့အခြားအိမ်းနီးချင်းများက မနာလိုဖြစ်နေကြချိန် လို့ကင်ပွန်းတပ်ရမဲ့ကာလကြီးပါ။ တနည်းပြောရရင် အတိမ်းအစောင်းခံလို့မရတဲ့ critical era ထဲရောက်နေကြောင်းပါ။

  • Phaung Phaung

    May 10, 2012 at 2:09 pm

    သူကြီးပြောသလို မြန်မာလေးသန်းလောက်ကိုတင်ကျွေးထားလို့ ကျေးဇူးတင်ဖို့ကောင်းမကောင်းတော့
    မသိဘူး။ ဒါပေမယ့် ပိုက်ဆံရှိလို့ နိုင်ငံခြားအလည်သွားရင်တောင် ယိုးဒယားကိုမသွားဘူး… သူတို့ရဲ့
    မြန်မာမုန်းတီးရေးဝါဒကို မကြိုက်လို့။ သမိုင်းခောတ်ကကိစ္စတွေကို ချေးခြောက်ရေနူးနေမယ်ဆိုရင်
    မြန်မာနိုင်ငံနဲ့ကင်းကင်းနေလေ။ အဲလိုလည်းမကင်းနိုင်ဘဲနဲ့ စီးပွားရေးဈေးကွက်ကျတော့လာရှာပြီး သမိုင်း
    ကြောင်းပဲပြန်လှန်နေတာတော့ နိုင်ငံကြီးသားလုံးဝမပီသပါဘူး .. ဒါကြောင့် ယိုးဒယားဆို 🙁

  • etone

    May 10, 2012 at 2:29 pm

    ကဘုန်းကျော်ရေးလို့ ဖတ်ရတဲ့ ပို့စ်ထဲ .. ဒီပို့စ်တစ်ခုပဲ.. အနှောက်သွားလွတ်လွတ်နဲ့ ရေးထားသလို ခံစားမိတဲ့အပြင် ၊ အမြင်ချင်းထပ်တူကျတဲ့ … ပို့စ်ပါပဲ .. ။ ဗိုက်ကလေးပြောသလိုပဲ .. ပြောလိုက်ချင်ပေမယ့် …. ရေးမထွက်လို့ … အပေါင်းပဲ ပေးခဲ့ပါတယ် … ။

    ဗိုလ်နှုတ်ခမ်းမွှေးကလည်း … ပြည်တွင်းမီဒီယာ သတင်းထောက်များကို … အင်ဗိုက်လုပ်ပြီး မြဝတီမှာ သတင်းစာရှင်းလင်းပွဲလုပ်နေပါတယ် .. မကြာမီ အဖြူအမည်း သဲကွဲထင်ရှားလာလိမ့်မယ်လို့ ထင်ပါတယ် .. ။ မြန်မာအစိုးရ အနေနဲ့ကလည်း …. တခြားဖွဲ့ကလူဖြစ်သည့်တိုင်အောင ်… မြန်မာနိုင်ငံသားချင်း ကာကွယ်မှုတော့ ပေးသင့်တယ် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 10, 2012 at 3:18 pm

    မှတ်ချက်။ ။ ဆရာ့ဆရာဂျီးများအတွက်သာ
    ……………………………..
    ခိုးစားနေကြတာပါဘဲ ဘယ်သူမှမသိလို့
    ရိပ်မိကြပေမယ့် လက်ပူးလက်ကြမမိလို့
    အော်နေပေါ့ ရီစားငိုကောင်စားတွေ
    ပြေားဘီ ကိန်ကိန် ကိန်ကိန်

Leave a Reply