တရုတ်အစိုးရအပေါ် မေးမြန်းလိုသည့် မေးခွန်းများ

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်မှ တရုတ်အစိုးရအပေါ် မေးမြန်းလိုသည့် မေးခွန်းများကို Southwest China University of Political Science ၏ တွဲဖက်ပါမောက္ခ Yin Hongwei အား မေးမြန်းခြင်း
တရုတ်သတင်းစာ The Time Weekly မှ တာဝန်ရှိသူများသည် မေလ ၈ ရက်နေ့က Eleven Media Group သို့လာရောက်ခဲ့ပြီး The Time Weekly ၏ သတင်းထောက်ချုပ်နှင့် Journalism and Communications Department of Southwest China University of Political Science ၏ တွဲဖက်ပါမောက္ခဖြစ်သူ Yin Hongwei က Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းသို့ အင်တာဗျူးအပြီးတွင် တရုတ် အစိုးရအပေါ် မေးမြန်းလိုသည့် အချက်များကို မေးမြန်းလိုက ပြန်လည်မေးမြန်းရန် ပြောကြားသည့်အတွက် ၎င်းအား မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ဒေါက်တာသန်းထွဋ်အောင် – မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြောင်းလဲနေတာ သိပြီးဖြစ်ပါလိမ့်မယ်။ မြစ်ဆုံဆည်ရပ်ဆိုင်းမှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အလွန်အမင်း အံ့ဩခဲ့တယ်ဆိုတာလည်း သိရပါတယ်။ အရင်တုန်းက စစ်တပ် အစိုးရနဲ့ ဆက်ဆံခဲ့တုန်းက ဆက်ဆံရေးမျိုး မဟုတ်နိုင်တော့ပါဘူး။ ဒီလို အပြောင်းအလဲအပေါ် တရုတ်အစိုးရရဲ့ အမြင်ကို သိလိုပါတယ်။

Yin Hongwei – ဂျာနယ်လစ်တစ်ဦးအနေနဲ့ ပြောရရင်တော့ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တစ်နှစ်တာအတွင်း ပြောင်းလဲခဲ့တဲ့ အပြောင်းအလဲတွေက လျင်မြန်လွန်းတော့ တရုတ်-မြန်မာ ဆက်ဆံရေးကို ဘယ်လိုနည်းမျိုးနဲ့ ပြောင်းလဲကျင့်သုံး ဆက်ဆံရမယ်ဆိုတာကို တောင် ဆုံးဖြတ်ဖို့ ပြင်ဆင်နေရပါတယ်။

ဒေါက်တာသန်းထွဋ်အောင် – ခုနက ခင်ဗျား ကျွန်တော့်ကိုမေးတုန်းက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုလိုပဲ တခြား တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားနိုင်တယ်လို့ စိုးရိမ်ပူပန်မှု တွေရှိတယ်လို့ ပြောပါတယ်။ ဒါဆိုရင် တရုတ်နိုင်ငံ အစိုးရဘက်က မြစ်ဆုံစီမံကိန်းကို တစ်ဖက်သတ် ရပ်စဲပစ်လိုက်ပါလား။ ဒါဆိုရင် နှစ်နိုင်ငံ ပြည်သူတွေ၊ အစိုးရတွေကြားမှာ ဆက်ဆံရေး မျက်နှာစာအသစ်ကို ဖွင့်လှစ်နိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီလို ဆုံးဖြတ်နိုင်ခြင်း ရှိ၊မရှိ ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ။

Yin Hongwei – တရုတ်အစိုးရ အတွင်းကတချို့နဲ့ နားလည်တဲ့ တရုတ်ပြည်သူတွေက ဒီစီမံကိန်းကို ရပ်ဆိုင်းသင့်တယ်လို့ ထင်မြင်ယူဆပါတယ်။ ဒါပေမယ့် CPI က မြန်မာအစိုးရကို ဆက်လက် နားချချင်သေးတယ်။ ဒါအောင်မြင်မယ်လို့ ယူဆနေတယ်။ ပြီးတော့ KIA ကိုလည်း စည်းရုံးထားနိုင်လိမ့်မယ်လို့ သူတို့ ယူဆနေတယ်။ တရုတ်အစိုးရအနေနဲ့ကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်တဲ့လုပ်ဆောင်ချက်လို့ မြင်နေတယ်။

ဒေါက်တာသန်းထွဋ်အောင် – ဒါဟာ မှားယွင်းပါတယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အသည်းနှလုံးပါ။ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။ ဒီစီမံကိန်းကိုသာ ဆက်လက် အကောင်အထည်ဖော်ခဲ့ရင် နိုင်ငံတွင်းမှာ မမျှော်မှန်းနိုင်တဲ့ ဝမ်းနည်းဖွယ် အခြေအနေဆိုးတွေ မြင်တွေ့သွားရနိုင်ပါတယ်။ ဒါကြောင့် ရပ်ဆိုင်းခဲ့တာပါ။ ဒါနဲ့စကားမစပ် ခင်ဗျားတို့ တရုတ်နိုင်ငံကနေ မြန်မာတွေနဲ့ တိုင်းရင်းသားတွေကို ကူညီနိုင်မယ်လို့ ဆိုပါတယ်။ ဒါဆို တရုတ် အစိုးရအနေနဲ့ KIA ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ် ရောက်အောင် မဆွဲဆောင်နိုင်ဘူးလား။

Yin Hongwei – ကျွန်တော် ပြောပြလိုက်ပါ့မယ်။ တရုတ်နိုင်ငံဟာ မိတ်ဆွေနိုင်ငံဖြစ်ပါတယ်။

ဒေါက်တာသန်းထွဋ်အောင် – ကျွန်တော်တို့ မြန်မာအများစုက ဆင်းရဲပါတယ်။ ကျွန်တော်စောစောက ပြောခဲ့သလို ကျင့်ဝတ်နဲ့အညီလုပ်ကိုင်ပြီး လောဘမကြီးတဲ့ မြန်မာပြည်သူတွေကို စာနာနားလည်တဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ခင်ဗျားအနေနဲ့ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံသူတွေ အစိုးရိမ်ဆုံး အချက်ဖြစ်တဲ့ အဂတိတရားလိုက်စားမှု (Corruption) ကိစ္စကို ကျွန်တော်တို့ မြန်မာသတင်း မီဒီယာတွေအနေနဲ့ မီးမောင်းထိုးပြချင်ပါတယ်။ ခင်ဗျားတို့ တရုတ်မီဒီယာတွေနဲ့ တရုတ်အစိုးရတို့အနေနဲ့ ဒီလာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးမှာ ပူးပေါင်းကူညီဖို့ ဆန္ဒရှိ၊ မရှိ သိလိုပါတယ်။

Yin Hongwei – ဒီကိစ္စကို ကျွန်တော်ပြောလိုက်ပါ့မယ်။ စီးပွားရေးအရ မသမာမှုတွေအတွက်တော့ ကျွန်တော်တို့ တရုတ်မီဒီယာတွေ အားစိုက်လုပ်နေပါတယ်။ နှစ်နိုင်ငံ အကြား၊ ခင်ဗျားတို့ Eleven Media နဲ့ ကျွန်တော့်အကြားမှာ ဆက်ဆံ ရေးတွေ ထားရှိချင်ပါတယ်။
http://news-eleven.com/index.php?option=com_content&view=article&id=13482:eleven-media-group-ceo-southwest-china-university-of-political-science-yin-hongwei-&catid=42:2009-11-10-0

4 comments

  • ထုံးဘဲဥ

    May 10, 2012 at 4:42 pm

    အဲ့ဒီ ခွေးတရုတ်တွေက သူတို့ အကျိုးအမြတ်ရဖို့အတွက်ပဲ ကြည့်တဲ့ကောင်တွေ၊ ခွေးသူတောင်းစားတွေ။
    ကျုပ်တို့ မြန်မာပြည်ကို စစ်အာဏာရှင်အုပ်ချုပ်တာပဲမြင်ချင်တဲ့ ခွေးသခိုးတွေ။ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်မှ ဒင်းတို့ အကြိုးအမြတ်များများရမှာလေ၊ အခုတောင် ဒီနိုင်ငံရဲ့ သဘာဝ သယံဇာတတွေ ကုန်သလောက်နီးပါးရှိနေပြီ ၊ ဒါကို ဒင်းတို့ ခွေးတရုတ်တွေက အားမရသေးလို့ ဧရာဝတီမြစ်ကို တိမ်ကောအောင်လုပ်ချင်နေကြတာ၊ ခွေးသားတရုတ်တွေ (လူလိုမသိတဲ့ မိုက်ရိုင်းတဲ့ ခွေးတရုတ်များကို ရည်ရွယ်ပါသည်)
    နီချင်တဲ့ ကောင်နီကြ သောက်ဂရုမစိုက်ဘူး 👿

  • ကြောင်ကြီး

    May 11, 2012 at 9:19 am

    မြန်မာ့မျိုးချစ်သရဲဂေါင်း ဦးကြောင်ကြီးဂို တရုတ်ကူမြူနစ်ပါတီဝင် ကြေးမုံဂျီးမှ နစ်နစ်နာနာ ပြောဆိုဂဲ့ဒါဂို တရုတ်အစိုးရမှ လူသိရှင်ကြား တရားဝင် တောင်းပန်ပေးဖို့ သို့တည်းမဟုတ် ကြေးမုံဂျီးဂို နိုင်ငံဒေါ်သစ္စာဖောက်မှု၊ နိုင်ငံဒေါ်ပုန်ကန်မှု၊ နိုင်ငံဒေါ်အားလုပ်ကြံမှုတို့ဖြင့် အရေးယူပေးဘာလို့ နှစ်နိုင်ငံ ခြစ်ကျီယေးအတွက် ပြောဂျင်ဒယ်…။ ဖမ်းကွာ ကြေးမုံဂျီးဂို တွေ့ရာသင်းဂျိုင်း ဓါးမဆိုင်း….။ 😡

  • Lwin Aung

    May 11, 2012 at 1:24 pm

    It better to get out the Chinese in Myanmar because they are not careful the environment and take only big profit unofficially from Myanmar.

Leave a Reply