ဒေါင်းတွန်သံတဝေဝေ

htet wayMay 9, 20121min1299

ပမ္မဝတီ မြစ်ကြောင်း ပေါ်က
မုန်တိုင်းပျော်တဲ့ဒေါင်းငှက်။
အိပ်မက်ကို အခြေတည်
ညီညွတ်တဲ့ ခွန်အားနဲ့ အိမ်မဲသားတွေ
လက်ရုံးများနဲ့ ဉာဏ်အားတူ
ခံယူချက်က အသက်။

ရောင်နီ သမ်းပြီကွဲ့
တို့လမ်းမှာ အဆင်းမြမြနဲ့
သတင်းလှလှတွေ အခြေပြု
အမေစုဆိုတဲ့ အလင်းအောက်က
ဒူးမထောက် မကြောက်ရွံ့သူတွေ။

အများပြည်သူတွက်
တအားညီတူတဲ့ လက်တွေခိုင်ခိုင်
သံပြိုင်ဆို ဒီမိုတေးတွေနဲ့ မြို့အခြေမှာ
တို့တတွေ အောင်လံစိုက်လို့ ကောင်းမွန်ခဲ့
ဒေါင်းတွန်သံတဝေဝေ။ ။

(ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ တွင် (၁၃.၅.၂၀၁၂ နေ့တွင် ဖွင့်လှစ်မည့် NLD ရုံးဖွင့်ပွဲကို ကြိုဆို ဂုဏ်ပြုပါသည်။)

9 comments

  • ဗိုက်ကလေး

    May 9, 2012 at 4:23 pm

    ဆရာထက်ရေ
    လက်မလေးထောင်ပြီး အားပေးသွားပါတယ်..
    ဗဲဒီးဂွတ်

  • အရင့်ရောင်

    May 9, 2012 at 4:27 pm

    ဒေါင်း မြည်သံချို…….
    အိုးဝေ……..အိုးဝေ…….အိုးဝေ
    အိုးပဲဝေပါ၏။
    ဒယ် မပါဘူးနော်

  • htet way

    May 9, 2012 at 4:31 pm

    ကောင်းကျိုး အထွေထွေ ရယ်နဲ့ ချွန်စေမြစေသော
    ဒေါင်းအိုးဝေရယ်နဲ့ တွန်စေကစေသော
    ( ဆရာတို့ရယ်)
    အိမ်မဲမှာလည်း ရုံးဖွင့်ပါပြီလို့ …..

    • ဆရာထက်ရေ. မမအိတုံပို ့စ်မှာ ဆရာ့ပုံပါတယ်နော်။
      ဆရာက အသက်မကြီးသေးပါဘူး။ကျနော်လဲ လိုက်လျင်ပါရဲ ့
      ဗျာ အလှုူငွေဘဲ ထည့်နိုင်ခဲ့ပါတယ်။
      ဆရာ ကဗျာလေး အားပေးသွားပါတယ်

  • kotun winlatt

    May 9, 2012 at 11:17 pm

    အများပြည်သူတွက်
    တအားညီတူတဲ့ လက်တွေခိုင်ခိုင်
    သံပြိုင်ဆို ဒီမိုတေးတွေနဲ့ မြို့အခြေမှာ
    တို့တတွေ အောင်လံစိုက်လို့ ကောင်းမွန်ခဲ့
    ဒေါင်းတွန်သံတဝေဝေ။ ။
    ဒီမိုကရေစီနိုင်ငံကြီးဆီသို့…
    တက်လှမ်းကြပါစို့….။

  • marblecommet

    May 11, 2012 at 2:16 am

    ိသိပ်ကောင်းတဲ့
    ကဗျာလေးပဲဆရာရေ့
    ဒါနဲ့ ခင်တဲ့လူချင်းမို့
    မရဲတရဲနည်းနည်းဝေဖန်ချင်တယ်ဗျာ
    ခေါင်းစဉ်လေး ကို သိပ်မကြိုက်ဗျ……..
    ခွင့်လွှတ်နော်…

  • Khaing Khaing

    May 12, 2012 at 10:52 am

    ဆရာထက် …… ဆရာထက်ကအိမ်မဲသားလား ……. အမေစုကိုလည်း အားပေးကြိုဆိုလျှက်ပါနော် ….. ဆရာထက်ရဲ့ကဗျာလေးကိုလည်း အားပေးသွားပါတယ်ရှင် ……..

    • Khaing Khaing

      May 12, 2012 at 10:56 am

      စာကြွင်းပါ ……… ဆရာထက်ညီမရဲ့ပို့စ်လေးမှာလာရောက်ချီးမြှင့်သွားတဲ့အတွက်လဲ ကျေးဇူးပါ .. အဲဒီပို့စ်ကိုစတင်ကတည်းက ညီမရဲ့စိတ်မှာပြန်လည်တုန့်ပြန်ပြောဆိုလိုစိတ်အလျင်းမရှိခဲ့တာ ကြောင့် စာမပြန်ဖြစ်တာပါနော် ………

Leave a Reply