ခေါင်းစဉ် ..

ကျွန်တော့်စိတ်ကူး ဈေးသည်
၃ရက်လောက် ဦးနှောက် ခြောက်ခံ စဉ်းစားပြီးမှ ထွက်လာတဲ့ အိုင်ဒီယာ ခပ်စုတ်စုတ်ပါဗျာ..
ဆြာသမား ခရထ-၂ က ပျောက်နေ ကိုယ်က ဝင် အာချောင်မိ… ရွာသူားတွေက စိတ်ဝင်စားမှု
ဒီရေ တက်လာ .. သည်တော့ သည်တခေါက် အတွက် ခေါင်းစဉ်ကို ကိုယ့်ဟာကိုယ်ပဲ ဘာသတ်မှတ် ရင်ကောင်းမလဲ ဆိုတာ စဉ်းစားမိတော့တယ်ဗျို့..
အနယ်နယ် အရပ်ရပ်က ရွာသူားတွေ ပါဝင်ဆင်နွှဲလို့ရအောင် ဆိုတဲ့ ခေါင်းစဉ်အောက်က
စဉ်းစားလိုက်တော့ ဘောင်တစ်ခု ဖြစ်သွားတယ်ဗျ … နောက်တခု ..ရိုးရာ တို့ ဓလေ့တို့
ဘာသာ တို့ ကို ထပ်ပယ် လိုက်ရတယ်.. ဒါမှပဲ ကမာ္ဘကြီးရဲ့ ဘယ်နေရာ ရောက်နေသူပဲဖြစ်ဖြစ်
ဘယ်ဘာသာ ကိုးကွယ်သည်ပဲဖြစ်ဖြစ် ဆင်နွှဲနိုင်မှာမို့ပါ …။
ပထမဦးဆုံး ကျနော် အရောင်တွေအကြောင်း စဉ်းစားမိတယ်..။ နောက်ပြီး နေဝင်နေထွက် တို့
လ တို့ လို သဘာဝတရားတွေပေါ့ဗျာ .. ။ ဘယ်သူမဆို ဘယ်မှာ မဆို ရိုက်နိုင်မှာဖြစ်မယ့် ပုံတွေပေါ့..
ကောင်းတယ် ဆိုတဲ့ အဆင့်မဟုတ်သေး သင့်လျှော်တယ် ဆိုတဲ့အဆင့်ပဲ ရှိသေးတော့ အားမရနိုင်ခဲ့ပြန်ဘူးဗျ..
သည်လိုနဲ့ ကျနော် ရန်ကုန်မှာ ရေးခဲ့တဲ့ Blue Ocean Strategy ကို တခေါက်ဖတ်ဖြစ်ရောဗျ..။
နောက် ကျနော် ဓါတ်ပုံဟောင်းတပုံရှာရင်း (ရှာလို့ မတွေ့ခဲ့ပါ) ကျနော် ဈေးတန်းတခုကို ရိုက်ခဲ့တာပြန် တွေ့ဖြစ်ရဲ့..
ပြီး… ရှားရှားပါးပါး ကျနော် လေးစားရတဲ့ lady photographer အနည်းငယ်ထဲက တယောက် ရဲ့ လက်ရာ ကို
ပြန်တွေ့ဖြစ်သေးရဲ့ဗျာ… ပုံက ရိုးရိုးလေးပါ..။သူရိုက်ထားတာ .. ရေသန့်လှည်း တွန်းတဲ့ ကောင်လေး တယောက်ပုံဗျ
တိုက်ခန်း အထပ်အမြင့်တခုခုကို မော့ငေးကြည့်တဲ့ပုံပါ နေရောင်ထိုးလို့ ရှုံ့မဲ့နေတဲ့ကြားက အပေါ်ထပ်က
ရေမှာ သလား ဆိုတာကို စူးစမ်းတဲ့ အကြည့်ပါ …။ အလွန်အသက်ဝင်ပါတယ်..
(ဆြာမဆီက ခွင့်ပြုချက်မတောင်းထားလို့ ပုံတော့ မတင်ပေးတော့ပါ..)
သည်တော့ ကျနော်တို့ ရွာရဲ့ ပထမအကြိမ် ဓါတ်ပုံပြပွဲ ကို “ဈေးသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွင့်ချင်ပါတယ်။
ဈေးသည် ဆိုတာ တောရော မြို့ပါ ရှိတဲ့ လူတန်းစား တမျိုးပါ …။ ကွမ်းယာ ဆေးလိပ်အစ ဟန်းဖုန်းအလယ်
ကား အဆုံး ရောင်းချကြတဲ့ လူတွေပါ… ။ သည်တော့ အားလုံး ရိုက်လို့ ရမယ် ထင်ပါတယ်….။
ကျနော့် ပိုစ့်ထဲကလို ခေါင်းရွက်ဗျက်ထိုး ပဲဖြစ်ဖြစ် ဆိုင်နဲ့ ကနား နဲ့ပဲဖြစ်ဖြစ် အကုန် အကျုံးဝင်ပါတယ်…။
ရွှေဆိုင် ကောင်တာထိုင်သူပဲဖြစ်နေပါစေ ဈေးသည် တိုင်းဆီမှာ ဝယ်သူမျှော်တဲ့ အကြည့် ဆိုတာ ရှိပါတယ်…။
ကျနော့် အတွေးက အနှီ အကြည့်ကို မှတ်တမ်းတင်ကြည့် ရင် ဘယ်လိုနေမလဲ ဆိုတဲ့ အတွေးပါ…။
ဈေးသည်တယောက်ရဲ့ အမှန်တကယ် လက်တွေ့ဘဝ ကို ရိုက်ထားတဲ့ပုံမျိုး လိုချင်ပါတယ်ဗျ…။
ဈေးတောင်းဘေးချ… ကင်မရာကို ကြည့် လက်၂ချောင်းထောင် kimchi လို့ အော်ရယ်ပြီး ရိုက်ထားတဲ့ပုံမျိုးကတော့
အကျုံးဝင်မှာ မဟုတ်ပါဘူး ..။ အချိန် ၊ နေရာ ၊ ကျား၊မ ၊ individual group ဘာတခုမှ ကန့်သတ်မထားပါ…။
ရွှေသည် အစ ညဥ့်ငှက် အဆုံး အကျုံးဝင်ပါ၏။ တခုကလေးပဲ အမျိုးအစားကိုတော့ ဆေးရောင်စုံ အဖြစ်နဲ့တော့ ပန်ကြားပါရစေ။
စစချင်း ဆောက်နဲ့ ထွင်း monochrome(Black & White) မလုပ်စေချင်ပါ..။
သူဟာ ခြားနားတဲ့ subject ဖြစ်ပါတယ်။
နောက်တချက် ကတော့ ရိုက်ကူးသူ ဘယ်သူဘယ်ဝါ ဆိုတာ သိသာစေမယ့် logo, watermark, frame တခုမှ
မထည့်စေချင်တာပါပဲ ..။ အရောင် ချိန်ညှိ ဖို့ အတွက် ဖိုတိုရှော့ ချင်သပ ဆို စိတ်ကြိုက် ရှော့ နိုင်ကြပါတယ်။
HDR တော့ မလုပ်ကြနဲ့ ပေါ့ဗျာ ..။ ဘယ်သူ ရိုက်ထားတဲ့ ပုံမှန်း မသိဘဲ annonymous အနေနဲ့ တင်ချင်လို့ ဖြစ်ပါတယ်။
(သို့သော် ဘယ်သူ ဘယ်ပုံ ဆိုတဲ့ စာရင်းကိုတော့ ကျနော် ကိုင်ထားပြီး စာရင်းချုပ်တဲ့အခါ သဂျီးလက်ကို အပ်မှာ
ဖြစ်ပါတယ်။) ပြပွဲဝင်သူတွေ ကို တခုလေး စောင့်ထိန်းစေချင်တာကတော့ ကိုယ့်ပုံ ဟာ ပိုစ့်ထဲမှာ
နံပါတ် ဘယ်လောက် ဆိုတာကို comment မရေးဖို့ပါပဲ .(ကျနော်ကလည်း ဘယ်သူ ဘယ်ပုံဆိုတာ
မဖွဘဲ စောင့်ထိန်းပါ့မယ်.) စာဖတ်သူပရိတ်သတ်ကတော့ သူနှစ်သက်တဲ့ပုံ သူစိတ်ကြိုက် လွတ်လွတ်လပ်လပ်
နံပါတ်တွေ ချရေးပြီး မန့်နိုင်ပါတယ်။

ဖိုင် အမျိုးအစား အနေနဲ့ကတော့ *.jpg (JPEG) တမျိုးတည်း ကိုသာ လက်ခံသွားပါမယ်။
ပြိုင်ပွဲ မဟုတ်တဲ့အတွက်သော်လည်းကောင်း သဂျီးဆာဗာ ကိုငဲ့ကွက်ရန်အတွက်သော်လည်းကောင်း
file size ကတော့ 800×600 လို့ သတ်မှတ်ချင်ပါတယ်။ ထိုထက် သေးသော ပုံများ အကျုံးဝင်မှာ မဟုတ်သလို
ထိုထက် ကြီးသောပုံများကိုလည်း 800×600 px အဖြစ် လျှော့ချ (ချုံ့)ပစ်မှာ ဖြစ်ပါတယ်။
အရေအတွက် အနေနဲ့ကတော့ လက်တလော ရွာသူား ၁ယောက်ကို ၁ပုံနှုန်းပဲ သတ်မှတ်ချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပါဝင်မယ့်လူ အရေအတွက် အတိအကျ မသိသေးတဲ့အတွက်
၂-၃ပုံ လက်ခံထားပြီး ပါဝင်သူ များတဲ့အခါ အလွန်ဖောင်းပွမှာ စိုးရိမ်လို့ပါပဲ..။
ပုံတွေ သိပ်များရင် တင်ပေးရတာ ပြဿနာမရှိပေမယ့် ကော်နက်ရှင်မကောင်းတဲ့နေရာတွေမှာ
loding လေးမှာဖြစ်ပြီး ပုံတွေအကုန် မပေါ်မှာ စိုးရိမ်လို့ပါပဲ …။
နောက်ဆုံး ပန်ကြားချင်တဲ့အချက် ကတော့ ရွာသူားတွေ တပျော်တပါး ဆင်နွှဲနိုင်ရေးနဲ့ ဓါတ်ပုံပညာ
တိုးတက် ပျံ့ပွားရေး အဓိက ဖြစ်တဲ့အတွက် ပုံတွေ ပေးပို့တဲ့အခါမှာ ပုံရဲ့ discription ကို
ထည့်ပေးစေချင်ပါတယ်။ အိမ်သုံး ကင်မရာ တွေမှာလည်း Play button နဲ့ DISP button ကို နှိပ်ပြီး ကြည့်လို့ရတဲ့
discription ပါ..။ ၃ခုတည်းပါ..။ f number ရယ် shutter speed ရယ် ISO ရယ်ပါ။ ပုံကို computer ထဲ ထည့်ပြီးမှ
properties မှာ သွားဖတ်ရင်လည်း ရပါတယ်။ အဲ့ဒါမှ စာဖတ်သူဟာ သည်လို ပုံမျိုးရိုက်ချင်ရင် ဘယ်လို setting
ရှိသင့်တယ် ဆိုတာ သိမှာဖြစ်ပါတယ်။ white balance, scene, mode စတာတွေကတော့ မလိုအပ်ပါ။
(အနှီ discription ဘယ်လို ကြည့်ရတယ် ဆိုတာ မသိရင် ကျနော့် ကို အချိန်မရွေးမေးနိုင်ပါရဲ့)
သည်လောက်ဆိုရင်ဖြင့် အတော်လေး ပြည့်စုံ ခြုံငုံပြီလို့ ယူဆပါတယ်။ schedule တခုပဲ ပြောစရာ ကျန်ပါတယ်။
၂၀၁၂ မေလ ၂ရရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ညနေ ၅နာရီ နောက်ဆုံးထားပြီး ပေးပို့စေချင်ပါတယ်။
အဲ့သည့်နေ့ည မှာ ကျနော် ပုံတွေအားလုံးကို အပြီး တင်မှာ ဖြစ်ပြီး နောက်တနေ့ နံနက် ၂၀၁၂ မေလ ၂၈ရက်(တနင်္လာ)
နေ့မှ စပြီး ရွာရှေ့မျက်နှာစာမှာ အားလုံး ကြည့်ရှု နိုင်မှာဖြစ်ပါ တယ် ။ Sat & Sun မှာမှ ဝင်ရောက်ကြည့်ရှုနိုင်မယ့်
ရွာသူားများ ရှိနိုင်တာမို့ ၂၀၁၂ ဇွန်လ ၃ရက်နေ့(တနင်္ဂနွေနေ့) အထိ တပါတ် တိတိ စတစ်ကီ ပေးဖို့ သဂျီးကို
သည်နေရာကနေ တောင်းဆိုလိုက်ပါတယ်။
ပါဝင်ဆင်နွှဲသူ ဓါတ်ပုံဆြာများလည်း မိမိနှစ်သက်ရာ comment ဝင်ပေးနိုင်ကြပါတယ်။ ပရိတ်သတ်လုပ်မယ့် ရွာသူားတွေအနေနဲ့
စတစ်ကီ ကာလပတ်လုံး သက်ဆိုင်ရာ ဓါတ်ပုံဆြာကို နံပါတ်ဘယ်လောက် ကိုရိုက်ထားတဲ့ ဓါတ်ပုံဆြာရေ..
အဲ့ဒါဘယ်နားမှာလဲ ဘာလဲ ညာလဲ မမေးစေချင်ပါ..။ ဓါတ်ပုံဆြာတွေဘက်ကလည်း ပြန်မဖြေစေချင်ပါ ..။
ကျန် ပရိတ်သတ်ကြီးက ဘယ်သူဘယ်ဝါ့ လက်ရာမှန်း သိသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ တပါတ်လည်းပြည့်လို့
စတစ်ကီဖြုတ်ပြီ ဆိုရင်တော့ လူကြိုက်အများဆုံး ဓါတ်ပုံ ကို ထုတ်ဝေရက် အဆင်ပြေရင် သဂျီးက သတင်းစာမှာ သုံးပေးမယ်
ပြောထားပါတယ်။ စတစ်ကီဖြုတ်ပြီးရင်တော့ ဘယ်ပုံဟာ ဘယ်သူဆိုတာ သဂျီးကို ကြေငြာ ပေးဖို့ ခွင့်တောင်းပါတယ် ။
တဆက်တည်း ပြောရရင် ရွာ ညာဘက် အောက်ဘက်ခြမ်းမှာ ပြက္ခဒိန် ရှိပါတယ်.. ၂၀၁၂ မေ ၂ရ ကို သွားပြီးနှိပ်လိုက်ရင်
အဲ့သည့်နေ့က တင်ထားတဲ့ ပိုစ့်တွေ ပေါ်လာပါမယ်။ ဒါ စတစ်ကီဖြုတ်ပြီး နောက်ပိုင်း အဆိုပါ ပိုစ့်ဟာ ပိုစ့်အသစ်တွေ
နောက်ကို ရောက်သွားမှာဖြစ်လို့ မေးချင်ရာ ဖြေချင်ရာ မေးကြ ဖြေကြ ဖို့အတွက် အရှာရမခက် အောင် ရှာနည်း ရေးထားတာပါ။
ကျနော်ကတော့ moderator အနေနဲ့ စုပြီးတင်ပေးမယ် ဘယ်သူဘယ်ပုံလဲ ဆိုတာလည်း သိနေမှာ ဖြစ်လို့
ကျနော့် ဓါတ်ပုံ ဝင် ပါမှာ မဟုတ်သလို (စတစ်ကီတင်ထားတုန်း)မန့်မှာလည်း မဟုတ်ပါဘူး။
ပထမဆုံးအကြိမ်ဖြစ်တာကြောင့်လည်းကောင်း အမှတ်တရ အဖြစ်လည်းကောင်း ပရိတ်သတ် အနှစ်သက်ဆုံး ပုံပိုင်ရှင်ကို
ကျနော် လက်ဆောင် တခု ပေးချင်ပါတယ်။ ဓါတ်ပုံသမား ဖြစ်လို့ ဓါတ်ပုံနဲ့ ဆိုင်တဲ့လက်ေဆောင်ပဲ ပေးချင်ပါတယ်။
(ဆု သဘောမျိုး မဟုတ်ပါ ပြီးတော့ .. လတိုင်းလည်း မပေးနိုင်ပါ… သည်တခေါက်သာ ပြပွဲ အထမြောက်ဖို့ အားဖြည့်တဲ့သဘောပါ)
ဟုတ်ကဲ့။ Amazon Class 10 SD Card 8GB ဖြစ်ပါတယ်။ တန်ဖိုး မများပေမယ့် လက်ခံပေးဖို့ ပန်ကြားချင်ပါတယ်။
(လူကြုံ ရလပိုင်း မှ ရှိတာမို့ ..နည်းနည်းနောက်ကျမယ် ဆိုတာလေး ပြောချင်ပါရဲ့ဗျာ..။)

ခေါင်းစဉ် ဈေးသည်
အမျိုးအစား ဆေးရောင်စုံ
အငယ်ဆုံးအရွယ်အစား 800 x 600 px
ဖိုင် အမျိုးအစား JPEG
(သီးခြား)ဖော်ပြရန် f number, shutter speed, ISO
ကန့်သတ်ချက် ရေစာ ၊ ဘောင် ၊ လက်မှတ် ထည့်သွင်းခြင်း မပြုရ
ဓါတ်ပုံလက်ခံ ပိတ်ချိန် ၂၀၁၂ မေလ ၂ရရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ .

24 comments

  • water-melon

    May 9, 2012 at 6:39 pm

    အင်း
    ကြည့်ရအုန်းမယ်
    ရွာသူားတွေရဲ့လက်ရာတွေကို
    အဟိ
    ဒို့ကတော့ အဝေးကဘဲစောင့်ကြည့်နေတော့မယ်နော်
    အဟိ

  • ဗိုက်ကလေး

    May 9, 2012 at 6:54 pm

    ကောင်းတယ်ဗျို ့
    ရွာစားတစ်ချို ့တော့ ဘယ်သူ ့လက်ရာ ဘယ်လိုလဲဆိုတာ တီးမိခေါက်မိနေတတ်ကြတာကလွဲ
    ကျန်တာ အိုစခေအိ..

    အစီအစဉ် အားလုံး ကြိုက်၏..

    တားတို ့ကတော့
    သဘောတရား ဘာမှနားမလည်၍ ရမ်းသမ်းအားပေးရမှာ အားငယ်ပါ၏..
    ဒါပေမဲ့လဲ အားပေးကြည့်ရှုပြီး မိမိအတွက် အကောင်းဆုံးထင်တဲ့ လက်ရာလေးကို ရွေးပေးကြပါစို ့..အရပ်ဂဒို ့ရဲ့..

    • windtalker

      May 9, 2012 at 7:04 pm

      ဘာမှ အားမငယ်နဲ ့ ။ “ ဈေးသည် ” ဆိုတဲ့ ခေါင်းစဉ်ပြီးရင် “ ဘီအီးသည် ” ဆိုပြီး လာမှာတဲ့ ။
      ဆိုတော့… ပြင်ထား ပြင်ထား ။

      • ဗိုက်ကလေး

        May 9, 2012 at 7:05 pm

        ဘီအီးသည် ဓာတ်ပုံပြပွဲကျရင် တားတားကို ခေါ်ရိုက်ကြပါနော်..အူးလေးဒို ့

        • မဟာရာဇာ အံစာတုံး

          May 9, 2012 at 7:15 pm

          ရိုက်မှာ .. ရိုက်မှာ ..
          တုတ်ကြီးကြီးနဲ့ … 😀
          ပုံထဲကလိုတော့ ကော့မပေးနဲ့နော် ..

        • ဗိုက်ကလေး

          May 9, 2012 at 7:19 pm

          အူးလေး..အူးလေး
          တားတား ဘီအီးမူးနေတဲ့ပုံရိုက်ရင် ဟိုအဒေါ်ကြီး တင်ချာဝင့်ကျော်လို လက်လေး နှစ်ချောင်းထောင်ထားပြီး ပဲပေးလို ့ရလားဟင်

        • windtalker

          May 9, 2012 at 8:05 pm

          တင်ချာဝင်းကြော် လို ပြူးပြူးလေး ပါမှ ၊ ကောင်းမှာ ကလား

  • water-melon

    May 9, 2012 at 7:12 pm

    အေး ညည်းကိုခေါ်ရိုက်မယ်
    တခုတော့ရှိတယ်နော်
    မိမွေးဘမွေးတဲ့ အတိုင်းရိုက်မှာ
    ညည်းရိုက်ခံမလား

    • ဗိုက်ကလေး

      May 9, 2012 at 7:20 pm

      အူးလေး အူးလေး
      အူးလေးပြောသလိုရိုက်ပြီးရင် ဒေါက်တာချက်ဂျီးဆီ ပို ့ရဘူးနော်

      • မဟာရာဇာ အံစာတုံး

        May 9, 2012 at 7:29 pm

        ညည်းက ဒေါက်တာကြီးကို ကြောက်လို့ရား ..
        ပို့ဘူး စိတ်ချ …
        ညမင်းသား ဆီကိုပဲ ပို့မှာ …

  • ဗိုက်ကလေး

    May 9, 2012 at 7:37 pm

    အဲဒါ အရေးမကြီးဘူး
    ပိုစတာ အူးလေးကြီး အမူးမပြေသေးဘူးထင်ပ
    ဒီအကြောင်းကို အားမရလို ့ဒီမှာ နောက်တစ်ခေါက် ထပ်တင်ထားသေးရဲ့
    http://myanmargazette.net/121367/uncategorized-other/copypaste

  • မှော်ဆရာ

    May 9, 2012 at 8:11 pm

    ပိုစ့်တင်သူက ချစ်ရင်ထူးနှစ် ဆိုပြီး လေသံကဘယ့်နယ့် မောင်ဂီ ဖြစ်နေတုန်း
    ပိုစ့်တင်တာ ချစ်ရင်ထူးလား မောင်ဂီလား … ခရထ ၂ က ဘယ်ရောက်မှန်းမသိဆိုတော့ မောင်ဂီ ဖြစ်ဖို့များတယ်
    ထားပါ … ဒါက နောက်ကိစ္စ
    ခေါင်းစဉ်ကို သုံးလစာလောက်တော့ ကြိုပေးထားပါဗျ ဒါမှ အဆင်ပြေလိမ့်မယ်

    • Inz@ghi

      May 9, 2012 at 8:17 pm

      သေချာမဖတ်ဖြစ်တုန်း ကိုယ့်ဆြာလေးက မရှင်းမရှင်း လုပ်သွားသကိုး ..
      အိုဘယ့် ခရထ-၂

      ဟုတ်တယ်ဗျို့ …ကျုပ်ရေးထားတာ …
      (ဝင်မကယ်ရင် SD တကတ် ကြားချောင် စိုက်ပေးနေရဦးမယ်… ကိုယ့်ဆြာရယ်.. ကြည့်လုပ်ပါ..)

      သည်လို ဘရားသားမှော်ရ…
      ခရထ-၂ မရှိတုန်း ကျုပ် စဉ်းစားမိတာတွေကို သူ့ကိုပြ
      သူကလည်း သဘောတူတော့ သည်အတိုင်း လုပ်မယ် ဆိုပြီး လုပ်ဖြစ်သွားတယ်ဆိုပါတော့ ….

      အဲ့ ..သူက ဘာမှ ဝင်မပြောဘဲ ..ကျနော်သူ့ကို ရေးပေးပြီး ကွန်ဖမ်းတောင်းတဲ့အတိုင်း
      တင်လိုက်လို့ ခုလို ဖြစ်ကုန်တာဗျို့ …ထားတော့ ခုတော့ ရှင်းပြီမလား ….

      ခေါင်းစဉ် ၃လကိစ္စ ကတော့ ကျုပ် ထိပ်ဆုံး ၁လအတွက် အုံးစားပြီးပြီ
      ကိုယ့်ဆြာနဲ့ ဆြာ ခရထ-၂ တို့ ဆက်အုံးစားတော့
      ကျန်၂လအတွက် …

      ကျုပ်ကတော့ လိမ့်ဘီဗျို့ …
      အချိန်ကျလျင် စုပြီး တင်ပေးပါ့မည်..
      ခုတော့

      အာဟိ …ဒက်ဂလောက်ဗျို့ …..

      ခင်တဲ့
      ဂီ

      • မှော်ဆရာ

        May 9, 2012 at 8:35 pm

        ဒီလတော့ မှော်မှော် ပါနှိုင်မယ် မထင် … ရက်က ကပ်လွန်းနေတယ် …

        • Inz@ghi

          May 10, 2012 at 6:03 am

          ဘယ်နားရိုက်ရိုက် ရိုက်လို့ရနေတဲ့ ဈေးသည် ကျ တနင်္ဂနွေ-၂ပါတ် ခံတာတောင် ရက်ကပ်သလေးဘာလေးနဲ့..
          ခေါင်းစဉ် သာ စိုင် ဖြစ်ကြည့်ပါလား … မမှီမှီအောင် ရိုက်မှာ များ မသိတာကျလို့…
          လူဇိုး …
          😀
          ဇဂါးအတင်းစပ်. ..
          နောက်လအတွက် ခေါင်းစဉ်လေး အုံးစားလိုက်ပါဦးဆြာ..

  • weiwei

    May 9, 2012 at 8:14 pm

    အိုင်ဒီယာကောင်းတယ် …
    အားပေးသူ ပရိတ်သတ်ဘက်က နေပါ့မယ် …

  • ရွာစားကျော်

    May 9, 2012 at 9:15 pm

    dpi က 100 ပဲလား..

    • Inz@ghi

      May 10, 2012 at 5:35 pm

      DPI ကို အနိမ့်ဆုံး 72 ထား လက်ခံမယ်ဗျ…

      mgazettephotoshow@gmail.com

      ဒီကို ပို့ပေးနိုင်ပါကြောင်း…

      ခင်တဲ့
      ဂီ

  • kai

    May 10, 2012 at 3:24 am

    ကျုပ်လည်း စပွန်ဆာရှာလိုက်တာ..တယောက်တွေ့တယ်.. ( ကိုယ့်အသင်းပါပဲ..)
    လူကြိုက်အများဆုံးကို.. ၂ဝက စပြီဗျို့..
    ကျုပ်က ၁၀.
    ဆိုတော့.. ၃ဝ …

    ထပ်ရှာဦးမယ်.. 🙂

    • Inz@ghi

      May 10, 2012 at 5:43 pm

      ဗျို့ သဂျီး ..ကွန်ဖမ်း မြန်မြန်လုပ်ဗျ…
      သေချာရင် ကြေငြာကြမယ်လေဗျာ…

      အက်ဒဘာတိုင်းဇင်း လုပ်ရမယ့် အချိန် နီးလာပြီ…

      သဂျီးမင်းရဲ့ အဂ္ဂမဟာ ဖေ့စဘုတ် စာမျက်ခွက်ပေါ်မှာရော
      ကျုပ်တို့ရဲ့ ဖေ့စဘုတ် စာမျက်ခွက် ပေါ်မှာပါ…
      တင်ကြရမယ့် အချိန်ဗျ

      မများပေမယ့် အမှတ်တရ …အနေနဲ့
      လက်ဆောင်ကို
      ဖာ့စ် စကင်းန် သာ့ဒ် ခွဲပေးနိုင်မယ်ဆိုရင်
      ပိုစိတ်ဝင်စားကြမယ် ထင်ရဲ့ဗျာ …
      အသုံးလည်းဝင်မယ့် သတိလည်း ရနေမယ့် …
      အမှတ်တရ လက်ဆောင် တခုခုပေါ့ ….

      ဆန်းဒေးလောက် ကွန်ဖမ်းပေး ပါ သဂျီး …
      ကျုပ်လည်း ရွာထဲ ရွာပြင် ရေးတာရော မန့်တာရော
      ဆော်ဩတာပါ အားစိုက်ပါ့မယ်ဗျာ သည်ရက်ပိုင်း…

      ခင်တဲ့
      Inz@ghi

  • kyeemite

    May 10, 2012 at 9:05 am

    အင်း..ရွာသူားတွေလက်ရာတော့ ကြည့်ရချည်သေး…
    ကျုပ်မှာတော့ ကင်မဒါ အစုတ်ကလေးနဲ့မို့ ဝင်မရှုပ်တော့ပါ..

  • အလင်းဆက်

    May 10, 2012 at 7:55 pm

    ကျွန်တော် ကိုလင်းကလည်း…
    ပုံတွေကို ကြည့်ပြီး.ခံစားရုံပဲ….ခံစားတတ်လို ့ ( မရိုက်တတ်လို ့).
    စောင့်ကြည့် ခံစားဖို ့သာ..အသင့် ပြင်ထားပါတယ် ။

    ခင်မင်စွာ…

Leave a Reply