ခေါင်းစဉ် ..

ပထမပိုစ့်ပါ ဈေးသည်
၃ရက်လောက် ဦးနှောက် ခြောက်ခံ စဉ်းစားပြီးမှ ထွက်လာတဲ့ အိုင်ဒီယာ ခပ်စုတ်စုတ်ပါဗျာ..
ဆြာသမား ခရထ-၂ က ပျောက်နေ ကိုယ်က ဝင် အာချောင်မိ… ရွာသူားတွေက စိတ်ဝင်စားမှု
ဒီရေ တက်လာ .. သည်တော့ သည်တခေါက် အတွက် ခေါင်းစဉ်ကို ကိုယ့်ဟာကိုယ်ပဲ ဘာသတ်မှတ် ရင်ကောင်းမလဲ ဆိုတာ စဉ်းစားမိတော့တယ်ဗျို့..
အနယ်နယ် အရပ်ရပ်က ရွာသူားတွေ ပါဝင်ဆင်နွှဲလို့ရအောင် ဆိုတဲ့ ခေါင်းစဉ်အောက်က
စဉ်းစားလိုက်တော့ ဘောင်တစ်ခု ဖြစ်သွားတယ်ဗျ … နောက်တခု ..ရိုးရာ တို့ ဓလေ့တို့
ဘာသာ တို့ ကို ထပ်ပယ် လိုက်ရတယ်.. ဒါမှပဲ ကမာ္ဘကြီးရဲ့ ဘယ်နေရာ ရောက်နေသူပဲဖြစ်ဖြစ်
ဘယ်ဘာသာ ကိုးကွယ်သည်ပဲဖြစ်ဖြစ် ဆင်နွှဲနိုင်မှာမို့ပါ …။
ပထမဦးဆုံး ကျနော် အရောင်တွေအကြောင်း စဉ်းစားမိတယ်..။ နောက်ပြီး နေဝင်နေထွက် တို့
လ တို့ လို သဘာဝတရားတွေပေါ့ဗျာ .. ။ ဘယ်သူမဆို ဘယ်မှာ မဆို ရိုက်နိုင်မှာဖြစ်မယ့် ပုံတွေပေါ့..
ကောင်းတယ် ဆိုတဲ့ အဆင့်မဟုတ်သေး သင့်လျှော်တယ် ဆိုတဲ့အဆင့်ပဲ ရှိသေးတော့ အားမရနိုင်ခဲ့ပြန်ဘူးဗျ..
သည်လိုနဲ့ ကျနော် ရန်ကုန်မှာ ရေးခဲ့တဲ့ Blue Ocean Strategy ကို တခေါက်ဖတ်ဖြစ်ရောဗျ..။
နောက် ကျနော် ဓါတ်ပုံဟောင်းတပုံရှာရင်း (ရှာလို့ မတွေ့ခဲ့ပါ) ကျနော် ဈေးတန်းတခုကို ရိုက်ခဲ့တာပြန် တွေ့ဖြစ်ရဲ့..
ပြီး… ရှားရှားပါးပါး ကျနော် လေးစားရတဲ့ lady photographer အနည်းငယ်ထဲက တယောက် ရဲ့ လက်ရာ ကို
ပြန်တွေ့ဖြစ်သေးရဲ့ဗျာ… ပုံက ရိုးရိုးလေးပါ..။သူရိုက်ထားတာ .. ရေသန့်လှည်း တွန်းတဲ့ ကောင်လေး တယောက်ပုံဗျ
တိုက်ခန်း အထပ်အမြင့်တခုခုကို မော့ငေးကြည့်တဲ့ပုံပါ နေရောင်ထိုးလို့ ရှုံ့မဲ့နေတဲ့ကြားက အပေါ်ထပ်က
ရေမှာ သလား ဆိုတာကို စူးစမ်းတဲ့ အကြည့်ပါ …။ အလွန်အသက်ဝင်ပါတယ်..
(ဆြာမဆီက ခွင့်ပြုချက်မတောင်းထားလို့ ပုံတော့ မတင်ပေးတော့ပါ..)
သည်တော့ ကျနော်တို့ ရွာရဲ့ ပထမအကြိမ် ဓါတ်ပုံပြပွဲ ကို “ဈေးသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွင့်ချင်ပါတယ်။
ဈေးသည် ဆိုတာ တောရော မြို့ပါ ရှိတဲ့ လူတန်းစား တမျိုးပါ …။ ကွမ်းယာ ဆေးလိပ်အစ ဟန်းဖုန်းအလယ်
ကား အဆုံး ရောင်းချကြတဲ့ လူတွေပါ… ။ သည်တော့ အားလုံး ရိုက်လို့ ရမယ် ထင်ပါတယ်….။
ကျနော့် ပိုစ့်ထဲကလို ခေါင်းရွက်ဗျက်ထိုး ပဲဖြစ်ဖြစ် ဆိုင်နဲ့ ကနား နဲ့ပဲဖြစ်ဖြစ် အကုန် အကျုံးဝင်ပါတယ်…။
ရွှေဆိုင် ကောင်တာထိုင်သူပဲဖြစ်နေပါစေ ဈေးသည် တိုင်းဆီမှာ ဝယ်သူမျှော်တဲ့ အကြည့် ဆိုတာ ရှိပါတယ်…။
ကျနော့် အတွေးက အနှီ အကြည့်ကို မှတ်တမ်းတင်ကြည့် ရင် ဘယ်လိုနေမလဲ ဆိုတဲ့ အတွေးပါ…။
ဈေးသည်တယောက်ရဲ့ အမှန်တကယ် လက်တွေ့ဘဝ ကို ရိုက်ထားတဲ့ပုံမျိုး လိုချင်ပါတယ်ဗျ…။
ဈေးတောင်းဘေးချ… ကင်မရာကို ကြည့် လက်၂ချောင်းထောင် kimchi လို့ အော်ရယ်ပြီး ရိုက်ထားတဲ့ပုံမျိုးကတော့
အကျုံးဝင်မှာ မဟုတ်ပါဘူး ..။ အချိန် ၊ နေရာ ၊ ကျား၊မ ၊ individual group ဘာတခုမှ ကန့်သတ်မထားပါ…။
ရွှေသည် အစ ညဥ့်ငှက် အဆုံး အကျုံးဝင်ပါ၏။ တခုကလေးပဲ အမျိုးအစားကိုတော့ ဆေးရောင်စုံ အဖြစ်နဲ့တော့ ပန်ကြားပါရစေ။
စစချင်း ဆောက်နဲ့ ထွင်း monochrome(Black & White) မလုပ်စေချင်ပါ..။
သူဟာ ခြားနားတဲ့ subject ဖြစ်ပါတယ်။
နောက်တချက် ကတော့ ရိုက်ကူးသူ ဘယ်သူဘယ်ဝါ ဆိုတာ သိသာစေမယ့် logo, watermark, frame တခုမှ
မထည့်စေချင်တာပါပဲ ..။ အရောင် ချိန်ညှိ ဖို့ အတွက် ဖိုတိုရှော့ ချင်သပ ဆို စိတ်ကြိုက် ရှော့ နိုင်ကြပါတယ်။
HDR တော့ မလုပ်ကြနဲ့ ပေါ့ဗျာ ..။ ဘယ်သူ ရိုက်ထားတဲ့ ပုံမှန်း မသိဘဲ annonymous အနေနဲ့ တင်ချင်လို့ ဖြစ်ပါတယ်။
(သို့သော် ဘယ်သူ ဘယ်ပုံ ဆိုတဲ့ စာရင်းကိုတော့ ကျနော် ကိုင်ထားပြီး စာရင်းချုပ်တဲ့အခါ သဂျီးလက်ကို အပ်မှာ
ဖြစ်ပါတယ်။) ပြပွဲဝင်သူတွေ ကို တခုလေး စောင့်ထိန်းစေချင်တာကတော့ ကိုယ့်ပုံ ဟာ ပိုစ့်ထဲမှာ
နံပါတ် ဘယ်လောက် ဆိုတာကို comment မရေးဖို့ပါပဲ .(ကျနော်ကလည်း ဘယ်သူ ဘယ်ပုံဆိုတာ
မဖွဘဲ စောင့်ထိန်းပါ့မယ်.) စာဖတ်သူပရိတ်သတ်ကတော့ သူနှစ်သက်တဲ့ပုံ သူစိတ်ကြိုက် လွတ်လွတ်လပ်လပ်
နံပါတ်တွေ ချရေးပြီး မန့်နိုင်ပါတယ်။

ဖိုင် အမျိုးအစား အနေနဲ့ကတော့ *.jpg (JPEG) တမျိုးတည်း ကိုသာ လက်ခံသွားပါမယ်။
ပြိုင်ပွဲ မဟုတ်တဲ့အတွက်သော်လည်းကောင်း သဂျီးဆာဗာ ကိုငဲ့ကွက်ရန်အတွက်သော်လည်းကောင်း
file size ကတော့ 800×600 လို့ သတ်မှတ်ချင်ပါတယ်။ ထိုထက် သေးသော ပုံများ အကျုံးဝင်မှာ မဟုတ်သလို
ထိုထက် ကြီးသောပုံများကိုလည်း 800×600 px အဖြစ် လျှော့ချ (ချုံ့)ပစ်မှာ ဖြစ်ပါတယ်။
အရေအတွက် အနေနဲ့ကတော့ လက်တလော ရွာသူား ၁ယောက်ကို ၁ပုံနှုန်းပဲ သတ်မှတ်ချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပါဝင်မယ့်လူ အရေအတွက် အတိအကျ မသိသေးတဲ့အတွက်
၂-၃ပုံ လက်ခံထားပြီး ပါဝင်သူ များတဲ့အခါ အလွန်ဖောင်းပွမှာ စိုးရိမ်လို့ပါပဲ..။
ပုံတွေ သိပ်များရင် တင်ပေးရတာ ပြဿနာမရှိပေမယ့် ကော်နက်ရှင်မကောင်းတဲ့နေရာတွေမှာ
loding လေးမှာဖြစ်ပြီး ပုံတွေအကုန် မပေါ်မှာ စိုးရိမ်လို့ပါပဲ …။
နောက်ဆုံး ပန်ကြားချင်တဲ့အချက် ကတော့ ရွာသူားတွေ တပျော်တပါး ဆင်နွှဲနိုင်ရေးနဲ့ ဓါတ်ပုံပညာ
တိုးတက် ပျံ့ပွားရေး အဓိက ဖြစ်တဲ့အတွက် ပုံတွေ ပေးပို့တဲ့အခါမှာ ပုံရဲ့ discription ကို
ထည့်ပေးစေချင်ပါတယ်။ အိမ်သုံး ကင်မရာ တွေမှာလည်း Play button နဲ့ DISP button ကို နှိပ်ပြီး ကြည့်လို့ရတဲ့
discription ပါ..။ ၃ခုတည်းပါ..။ f number ရယ် shutter speed ရယ် ISO ရယ်ပါ။ ပုံကို computer ထဲ ထည့်ပြီးမှ
properties မှာ သွားဖတ်ရင်လည်း ရပါတယ်။ အဲ့ဒါမှ စာဖတ်သူဟာ သည်လို ပုံမျိုးရိုက်ချင်ရင် ဘယ်လို setting
ရှိသင့်တယ် ဆိုတာ သိမှာဖြစ်ပါတယ်။ white balance, scene, mode စတာတွေကတော့ မလိုအပ်ပါ။
(အနှီ discription ဘယ်လို ကြည့်ရတယ် ဆိုတာ မသိရင် ကျနော့် ကို အချိန်မရွေးမေးနိုင်ပါရဲ့)
သည်လောက်ဆိုရင်ဖြင့် အတော်လေး ပြည့်စုံ ခြုံငုံပြီလို့ ယူဆပါတယ်။ schedule တခုပဲ ပြောစရာ ကျန်ပါတယ်။
၂၀၁၂ မေလ ၂ရရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ညနေ ၅နာရီ နောက်ဆုံးထားပြီး ပေးပို့စေချင်ပါတယ်။
အဲ့သည့်နေ့ည မှာ ကျနော် ပုံတွေအားလုံးကို အပြီး တင်မှာ ဖြစ်ပြီး နောက်တနေ့ နံနက် ၂၀၁၂ မေလ ၂၈ရက်(တနင်္လာ)
နေ့မှ စပြီး ရွာရှေ့မျက်နှာစာမှာ အားလုံး ကြည့်ရှု နိုင်မှာဖြစ်ပါ တယ် ။ Sat & Sun မှာမှ ဝင်ရောက်ကြည့်ရှုနိုင်မယ့်
ရွာသူားများ ရှိနိုင်တာမို့ ၂၀၁၂ ဇွန်လ ၃ရက်နေ့(တနင်္ဂနွေနေ့) အထိ တပါတ် တိတိ စတစ်ကီ ပေးဖို့ သဂျီးကို
သည်နေရာကနေ တောင်းဆိုလိုက်ပါတယ်။
ပါဝင်ဆင်နွှဲသူ ဓါတ်ပုံဆြာများလည်း မိမိနှစ်သက်ရာ comment ဝင်ပေးနိုင်ကြပါတယ်။ ပရိတ်သတ်လုပ်မယ့် ရွာသူားတွေအနေနဲ့
စတစ်ကီ ကာလပတ်လုံး သက်ဆိုင်ရာ ဓါတ်ပုံဆြာကို နံပါတ်ဘယ်လောက် ကိုရိုက်ထားတဲ့ ဓါတ်ပုံဆြာရေ..
အဲ့ဒါဘယ်နားမှာလဲ ဘာလဲ ညာလဲ မမေးစေချင်ပါ..။ ဓါတ်ပုံဆြာတွေဘက်ကလည်း ပြန်မဖြေစေချင်ပါ ..။
ကျန် ပရိတ်သတ်ကြီးက ဘယ်သူဘယ်ဝါ့ လက်ရာမှန်း သိသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ တပါတ်လည်းပြည့်လို့
စတစ်ကီဖြုတ်ပြီ ဆိုရင်တော့ လူကြိုက်အများဆုံး ဓါတ်ပုံ ကို ထုတ်ဝေရက် အဆင်ပြေရင် သဂျီးက သတင်းစာမှာ သုံးပေးမယ်
ပြောထားပါတယ်။ စတစ်ကီဖြုတ်ပြီးရင်တော့ ဘယ်ပုံဟာ ဘယ်သူဆိုတာ သဂျီးကို ကြေငြာ ပေးဖို့ ခွင့်တောင်းပါတယ် ။
တဆက်တည်း ပြောရရင် ရွာ ညာဘက် အောက်ဘက်ခြမ်းမှာ ပြက္ခဒိန် ရှိပါတယ်.. ၂၀၁၂ မေ ၂ရ ကို သွားပြီးနှိပ်လိုက်ရင်
အဲ့သည့်နေ့က တင်ထားတဲ့ ပိုစ့်တွေ ပေါ်လာပါမယ်။ ဒါ စတစ်ကီဖြုတ်ပြီး နောက်ပိုင်း အဆိုပါ ပိုစ့်ဟာ ပိုစ့်အသစ်တွေ
နောက်ကို ရောက်သွားမှာဖြစ်လို့ မေးချင်ရာ ဖြေချင်ရာ မေးကြ ဖြေကြ ဖို့အတွက် အရှာရမခက် အောင် ရှာနည်း ရေးထားတာပါ။
ကျနော်ကတော့ moderator အနေနဲ့ စုပြီးတင်ပေးမယ် ဘယ်သူဘယ်ပုံလဲ ဆိုတာလည်း သိနေမှာ ဖြစ်လို့
ကျနော့် ဓါတ်ပုံ ဝင် ပါမှာ မဟုတ်သလို (စတစ်ကီတင်ထားတုန်း)မန့်မှာလည်း မဟုတ်ပါဘူး။
ပထမဆုံးအကြိမ်ဖြစ်တာကြောင့်လည်းကောင်း အမှတ်တရ အဖြစ်လည်းကောင်း ပရိတ်သတ် အနှစ်သက်ဆုံး ပုံပိုင်ရှင်ကို
ကျနော် လက်ဆောင် တခု ပေးချင်ပါတယ်။ ဓါတ်ပုံသမား ဖြစ်လို့ ဓါတ်ပုံနဲ့ ဆိုင်တဲ့လက်ေဆောင်ပဲ ပေးချင်ပါတယ်။
(ဆု သဘောမျိုး မဟုတ်ပါ ပြီးတော့ .. လတိုင်းလည်း မပေးနိုင်ပါ… သည်တခေါက်သာ ပြပွဲ အထမြောက်ဖို့ အားဖြည့်တဲ့သဘောပါ)
ဟုတ်ကဲ့။ Amazon Class 10 SD Card 8GB ဖြစ်ပါတယ်။ တန်ဖိုး မများပေမယ့် လက်ခံပေးဖို့ ပန်ကြားချင်ပါတယ်။
(လူကြုံ ရလပိုင်း မှ ရှိတာမို့ ..နည်းနည်းနောက်ကျမယ် ဆိုတာလေး ပြောချင်ပါရဲ့ဗျာ..။)

ခေါင်းစဉ် ဈေးသည်
အမျိုးအစား ဆေးရောင်စုံ
အငယ်ဆုံးအရွယ်အစား 800 x 600 px
ဖိုင် အမျိုးအစား JPEG
(သီးခြား)ဖော်ပြရန် f number, shutter speed, ISO
ကန့်သတ်ချက် ရေစာ ၊ ဘောင် ၊ လက်မှတ် ထည့်သွင်းခြင်း မပြုရ
ဓါတ်ပုံလက်ခံ ပိတ်ချိန် ၂၀၁၂ မေလ ၂ရရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ