ကဗျာ..နှင့် ကဗျာ အယူအဆ…

alinsettMay 9, 20121min17611

( ကဗျာ..)

* သိမ်းပိုက်ခြင်းကင်းသော….လက်တွေက…

အရာရာကို သိမ်းပိုက်ဖို ့..တဲ ့….

ထွက်ခွါသွား ကြပြီ ။

* ( ယုယခြင်းတွေ နည်းပါးတဲ့ မြေပြင်မှာတော့..

ကောင်းကင်ပြာပြက ခြေထောက်မပါပဲ….

ပြီးတော့ ခြေထောက်…မပါပဲ….

လှမ်း..လျှောက်နေလေရဲ ့…)

* ဘယ်တော့လဲ..ကွယ်…

မင်းတို ့ရဲ ့တိုငိးပြည်မှာ….

နာကျင်စရာတွေက……. …..

* ဘယ်တော့လဲ.ကွယ်…..

မင်းတို ့ရဲ ့ ့အိမ်ကလေးမှာ….

ချို ့တဲ့မှုတွေက…….. ……

* ဘယ်တော့လဲ.ကွယ်…

ကုန်ဆုံးခြင်းတွေ.စတင်ဖို ့…….

* ဘယ်တော့လဲ.ကွယ်…. ။

ပြီးတော့….

ဘယ်တော့လဲ..ကွယ်…..။ ။

အလင်းဆက်
20 . 3 .2012


________________________________________________________

ကဗျာ အယူအဆ
( ၁ )

ကဗျာရေးသော လက်များဖြင့်…မည်သူ ့ကိုမျှ မတိုက်ခိုက်ချင်ပါ ။

ကဗျာတွေးသော…ဉာဏ်ဖြင့်လည်း.. မည်သည့် မကောင်းကြောင်းမျှ.တွေ့းနေရန်.. အချိန်မရပါ ။

ထို ့ကြောင့်…ကျွန်တော့် အလုပ်ကို သာ…ကျွန်တော် .ဆက်လုပ်နေပါမည် ။

အလင်းဆက် === ကဗျာ / စာ ရေးသူ

အလင်းဆက် ၏ အလုပ် === ကဗျာ /စာ..ရေးသားခြင်း…

______________________________________________________________________________

( ၂ )

ကဗျာရေးရာတွင်…ခေတ်ပေါ်ကဗျာ…ဟု အများက ခေါ်ဆိုနေကြသော…. မော်ဒန်ကဗျာ…များ ရေးသားသူ..ဟု ကျွန်တော့်ကို

သတ်မှတ်ကြပါသည် ။

အတိတ်သမိုင်း၏ အစဉ်အလာများကို ဖက်တွယ်ထားဆဲ…မိတ်ဆွေတချို ့က ကျွန်တော့်ကို အမြင် မကြည်ကြ ။

(မော်ဒန် ကဗျာများကို…အမြင် မကြည်ရာမှ… ( ကဗျာနှင် ့ ပုဂ္ဂိုလ်.ကို ရောထွေးပြီး..) ကဗျာရေးသူကိုပါ…အမြင်မကြည် ဖြစ်လာခြင်းပင်..။

အဲဒါ…မကောင်းပါ ။)

ကဗျာကို စကားပြေ ဖြစ်အောင် ရေးလို ့…တဲ့ ။

ကာရန် မပါရင်…ကဗျာ မဟုတ်ဘူး….တဲ ့။

ထားပါတော့..။
___________________________________________________________________________________________________

( ၃ )

ကျွန်တော် ကဗျာများစွာ…ဖတ်ဖူးပါသည် ။ နတ်သျှင်နောင် ၏ ရတုများမှ စ၍..ဇော်ဂျိီ..၊ မင်းသုဝဏ်…စသည်……..များစွာ..ဖတ်ဖူးသည် ပဲ..ထားပါတော့ ။

သို ့သော်…ကျွန်တော် ကဗျာ အကြောင်း ဘာမှ မသိသေးပါ ။

ကဗျာရေးနည်း….ဆိုင်ရာ. အချက်အလက် ၊ စာအုပ် စာတမ်းများကိုလည်း… စိတ်ဝင်စားစွာ..ရှာဖွေ..ဖတ်ရှု.ခဲ့ပါသည် ။

ကဗျာရေး ချင် ၍ ဖတ်ခြင်း မဟုတ်ပါ ။ စာဖတ်ခြင်းကို ဝါသနာပါ၍ စာ..ဖတ်ခဲ့ခြင်းသာ ဖြစ်ပါသည် ။
_________________________________________________________________________________________

( ၄ )

ကျွန်တော်က စာရေးခြင်းကို ဝါသနာပါ ပါသည် ။ ထို ့ကြောင့် စာများ..ရေးသား သည်။

ကဗျာများကိုလည်း..ရေးပါသည် ။ (သို့သော် ကဗျာရေးသားခြင်း နည်းပါးပါသည် ။)

ခံစားချက် ပေါ်သမျှကို ရေးတတ်သလို ချရေးပါသည် ။

မော်ဒန်အနုပညာ ( MODERN ART ) ဟု..သတ်မှတ်ပေးကြသည်..။

အဲင်္ဒီ သတ်မှတ်ခြင်းများသည် ကျွန်တော့် အလုပ် မဟုတ်ပါ။ ကျွန်တော့် အလုပ်က စာရေးခြင်း ဖြစ်ဥည် ။

ရေးတတ်သလို ချရေးလိုက်တဲ့စာ..၊ MODERN ဖြစ်အောင် “လုပ် ” မရေးပါ ။ MODERN မဖြစ်အောင်လည်း.”.နှုတ်..” မရေးပါ ။

ရေးတတ်သလို..ချ..ရေးခြင်းသာ.. ဖြစ်ကြောင်း ဝန်ခံပါသည် ။
________________________________________________________________________-

( ၅ )
ပွဲက ပြီးလုလု ဖြစ်နေပါပြီ။

ကဗျာကို စကားပြေ ဖြစ်အောင်…ရေးနေတာဟာ..

မြန်မာ့ ကဗျာလောက တိုးတက်လာတာလား ၊ ဆုတ်ယုတ်သွားတာလား..

ကဗျာတွေ..နားမလည် နိုင်အောင်…ရှုပ်ထွေးလာတာဟာ..ဆုတ်ယုတ်ခြင်းလား..၊ တိုးတက်ခြင်း…လား….

ကျေးဇူးပြု၍ အငြင်းအခုံ မလုပ်ကြပါနဲ့တော့…။

“” ငါ့မီးအိမ်ကို..ငါ ထွန်းပါရစေ…..

အမှောင်ကို ဖယ်ခွင်းနိုင်စွမ်း ရှိ..မရှိ..ကို..

အငြင်းအခုုံ မလုပ်ကြပါနှင့် ဟု…

ကြယ်ကလေးက ဆို သည်..။””

(ရာဘင်န္ဒြာနတ်တဂိုး )

ကျွန်တော်ကလည်း..ပြောပါရစေ…။ ကျေူးဇူးပြု၍………အငြင်းအခုံ မလုပ်ကြပါနှင့်တော့….။
_______________________________________________________________________________-

( ၆ )

ဂန္ထဝင်လောက ဆီမှာ အသုံးပြုခဲ့သော…ပေတံ ( စံ )ကို..

အမှန်တရားမျိုးစုံး .ရှိနေသော..လက်ရှိ…ပိုစ် ့မော်ဒန် ( POST MODERN ) ခေတ်ကြီး အတွက် မသုံးချင်တော့ပါ ။

အဟောင်းကို အဟောင်း အတိုင်းသာ..ထားလိုက်ပါရစေ.။

ဂန္ထဝင်ကို….ဂန္ထဝ် ဆိုင်ရာ တန်ဖိုး ရှိသော အရာများ.. အဖြစ်…ကျွန်တော်တို ့ ဦးခိုက်ပါသည် ။

ချစ်မြတ်နိုးပါသည် ။

အနုပညာသစ်ကို..ပေတံ ( စံ ) အဟောင်းအမြင်းများဖြင့်..တိုင်းတာပြီး.. မတူကွဲပြားခြင်းကို အကြောင်းပြုကာ….

ရန်..ဖြစ်နေကြလျှင်..ကြာလျှင်.”.ရွာ ” ( အနုပညာရွာ..)” နာ ” နိုင်ပါသည် ။

ထို ့ကြောင့်……………………………………….။

____________________________________________________________________________

( ရ )

ထို ့ကြောင့် အနုပညာအရာတွင်…

( ၁ ) အနုပညာ ဖန်တီးသူ..

( ၂ ) အနုပညာကို..ခံစားသူ…

( ၃ ) အနုပညာကို ဝေဖန်သူ….

နောက် တစ်နည်း.ဆိုရသော်…..

( ၁ ) ကဗျာရေးသူ…

( ၂ ) ကဗျာကိုဖတ်သူ..( ခံစားသူ.)

( ၃ ) ကဗျာ ဝေဖန်ရေး လုပ်သူ….

ဤ… ( ၃ ) မျိုးသာ…ရှိသင့်ပါသည် ။ ဤ ( ၃ )မျိုး.ရှိလျှင်..လုံလောက်ပါပြီ။

အပို စာသားဖြစ်နေသော…

အဟောင်းနှင့် အသစ်…မတူ ကွဲပြား ခြားနားမှု.ကို အကြောင်းပြုကာ..

ရန်ဖြစ်နေချင်သူများ…..

မလိုအပ်ပါ ။

မလိုအပ်သေးပါ ။ (ကျွန်တော့် တစ်ယောက် ၏ အယူအဆ စကားကို တင်ပြခြင်း ဖြစ်ပါသည် ။ )

ကျွန်တော့် အယူအဆကလေးသည်..ကဗျာလောကကြီး တစ်ခုလုံးကို…ကိုယ်စားပြု ပေးနိုင်မှာ မဟုတ်ပါ ။

” အလင်းဆက်…ဆိုသော ချာတိတ်ကလေး တစ်ယောက်သည်..

အနုပညာဆိုင်ရာ…..ဆရာတစ်ဆူ… မဟုတ်သောကြောင့် ဖြစ်ပါသည် ။”

___________________________________________________________________________-

( * * * )

” အလင်းဆက် သည်…

အနုပညာကို အသက်တမျှ..ချစ်မြတ်တွယ်တာသော….

ခပ်ညံ့ညံ့ လူငယ် တစ်ယောက် သာ..ဖြစ်ပါသည် ။”

_______________________________________________

လေးစားစွာ…ဖြင့်..

အလင်းဆက်

20 . 3 .2012 . / 20: 00 PM /

alinsett.art@gmail.com

11 comments

  • windtalker

    May 9, 2012 at 8:44 pm

    ကဗျာ..ကဗျာ ၊ ရေးပုံရေးနည်း မတူကြ ၊ ခံစားပုံခြင်း မတူကြ ၊ အရောင်တွေစုံနေ တဲ့ ကဗျာ ။ ခေတ်အဆက်ဆက် တိုင်းမှာ ခံစားသူတွေအတွက် ကဗျာတွေ ရှိနေမှာ အသေအချာပါဘဲ ကဗျာ ။

  • aye.kk

    May 9, 2012 at 9:28 pm

    ခံစားမှုအပေါ်ကဗျာဆိုတာဖြစ်ပေါ်လာသည်.
    တစ်ဦးနှင့်တစ်ဥင်္ီးခံစားမှုခြင်းမတူကြ..
    အတွေးမတူကြ..
    အယူအဆလေးများကွာဟကြပါသည်..
    ဥပမာလေးတခုပြောပြချင်ပါသည်..
    ကျမဆယ်ကျော်သက်အပျိုဖော်ဝင်ခါစအရွယ်ကဖြစ်ပါသည်..
    ကျမထက်အသက်တော့အနည်းငယ်ကြီးပါသည်..
    ထိုသူကကျမထက်အတန်းမြင့်၍ကျမနားမလည်သောသချာင်္ပုစ္ဆာများပြပေးရပါသည်..
    နွေဦးရာသီကျောင်းပိတ်၍ခွဲရသောအခါ..
    ထိုသူကကျမအားနှုတ်ဆက်စကားဆိုပါသည်..
    နင်နဲ ့ငါဟာ..
    ဘယ်လောက်ဝေးဝေး..
    ကမ္ဘာမြေရဲ ့စွန်းတဲ့အရပ်..
    မြောက်ဝင်ရိုးစွန်းနဲ ့တောင်ဝင်ရိုးစွန်းနှစ်ဖက်မှာရပ်နေတဲ ့သူတွေဖြစ်နေပါစေတဲ့..
    ငါကနင့်ကိုစိတ်ထဲအမြဲသတိတယရှိနေရင်..
    နင်ကလည်းငါ့ကိုစိတ်ထဲအမြဲသတိတယရှိနေရင်..
    ဒီကမ္ဘာမှာနင်နဲ ့ငါလောက်နီးနိုင်တဲ့သူလောကမှာရှိပါ့ဦးမလားတဲ့..
    စိတ်ဆိုတာကနှလုံးသားကိုပြောတာနော်ဆိုပြီးရှင်းပြခဲ့ပါတယ်..
    ငါတို ့လောက်နီးတဲ့သူဆိုတာရှိပါ့ဦးမလားတဲ့..
    နှလုံးသားခြင်းဆက်နွယ်ပြီးထပ်တူထပ်မျှသတိယနေကြရင်..
    ဒီကမ္ဘာမှာနင်နဲ ့ငါဟာအနီးဆုံးသူပါတဲ့..
    ဒါကိုငါလိုချင်တာပါတဲ့..
    ခံစားမှုဖြစ်ပေါ်လာတဲ့အခါ..
    ကဗျာဆိုတာဖြစ်ပေါ်လာပါတယ်..
    ကဗျာဆိုတာနှလုံးသားကထွက်အံ့ကျလာတဲ့ခံစားမှုတခုပါဘဲလို ့ပြောလိုက်ပါရစေ..။။

  • မဟာရာဇာ အံစာတုံး

    May 9, 2012 at 9:40 pm

    ကဗျာ ..
    မာယာတွေ မပါဘူး ..
    ရင်နဲ့ ခံစားပြီး ရေးဖွဲ့ထားတာ …
    အဲဒါ … ကဗျာ …

    ရေးသူက ခံစားပြီး ရေးတယ် ..
    ဖတ်သူက ခံစားပြီး ဖတ်တယ် …
    ဒါဖြင့် ဘာလိုသေးလဲ သူငယ်ချင်းရယ် ..
    အကောင်းမြင်တဲ့ ဝေဖန်ချက်တွေက
    ရင်ကို ထပ်ပြီး တူးဆွပေးတယ် ..
    ဒါကြောင့်လည်း ရင်ထဲက ကဗျာပင်ဟာ ပိုပြီး ရှင်သန်ကြီးထွား လာရတယ် …
    မင်း မှန်တယ် သူငယ်ချင်းရယ် ..
    အဲဒီ သုံးယောက်ရှိရင် ကဗျာဆိုတဲ့ ဝေါဟာရဟာ လုံလောက်ပါပြီကွယ် …. ။

    ခင်တဲ့ …
    မောင်ရွာ

  • kotun winlatt

    May 9, 2012 at 11:37 pm

    ဟုတ်ပါ့ဗျာ..ဟုတ်ပါ့…
    ကဗျာ..
    မာယာတွေမပါဘူးးးးး
    ရင်ဘတ်ကြီးနဲ့ စကားလုံးတွေကို ထုဆစ်ထားတာ
    အဲ့တာကဗျာပဲပေါ့…..။

  • အလင်းဆက်

    May 10, 2012 at 7:07 pm

    ကို ထွန်း ဝင်းလတ်ရေ…ကဗျာ မှာ..မာယာတွေ.မပါဘူး..ဆိုတဲ ့စကားလုံးလေးတော့ ခိုက်သွားပြှီ..ဗျို ့။

    မောင်ရွာ…ရေ.. ကျွန်တော်နဲ ့အယူအဆ တူသူချင်းမို ့…ခင်မင်လေးစားမိသွားပြီ။ အဲ…အယူ အဆ မတူသူတွေ..ကို လည်း..လေးစားလို ့ရပါတယ် ။ အနုပညာ..ရဲ ့ လှပ ဆန်းကြယ်မှုတွေ.အကြောင်းပြောနေရတာဆိုတော့..အားလုံးနဲ ့..ငြိမ်းချမ်း စွာ….အတူတကွ..ရပ်တည် လို ့ရပါတယ်.နော် ။

    အေးကေကေ..ရေ..အဖြစ်လေးက…စိတ်ဝင်စားစရာပါ ။ အေး..ကေကေ..ရဲ ့ ကေှာ အပေါ်.ယူဆ ပုံလေးက လည်း..နှစ်သက် လက်ခံ ချင်စရာပါ ။အခုလို ပြောပြလို့ ကျေးဇူးပါပဲဗျာ။။

    ကိုပေ..ရေ..ကျေးဇူးနော် ။ ကျွန်တော့် ကဗျာတွေ.ဆို အမြဲ.တမ်း..ဖတ်ရှု.ပေးးတတ်လို ့.။

    အားလူုံးကိူ…ခင်မင်လေးစားစွာ…
    alinsett.art@gmail.com

  • ကြောင်ကြီး

    May 11, 2012 at 8:54 am

    ဘယ်ဒေါ့လဲဆိုဒေါ့
    right now right now
    အဟီး…
    သံရုံးရှေ့မှာ
    အော်ဂဲ့ဖူးဒါ…

  • shwe kyi

    May 11, 2012 at 11:08 am

    ကဗျာရော သီချင်းရော အားလုံးကို ဘာအစွဲမှမထားပဲခံစားလို့ရသမျှကိုအားပေးပါတယ်။
    ဟုတ်တယ် ခေါင်းစဉ်တွေမခွဲပဲ၊ အငြင်းအခုန်တွေမလုပ်ပဲ ငြိမ်းချမ်းစွာစီးမြောသွားကြရင် အကောင်းဆုံး
    ပါပဲရှင်။

  • ဗိုက်ကလေး

    May 11, 2012 at 11:54 am

    မော်ဒန်လဲ မရ ကာရန်လဲ မရတဲ့ တားတားတို ့အတွက်….ဘယ်လိုင်းကို အားစိုက်ရင် ကောင်းမလဲ အူးလေး
    တားတားလဲ မော်ဒန်ကို ခိုက်တယ်.လွတ်လပ်လို ့…မော်ဒန်လိုင်းပြောင်းတာပဲ ကောင်းပါတယ်ဗျာ..
    ဒီနေ ့ကစပြီး..မော်ဒန်ဗိုက်ကလေးဖြစ်ပြီဟေ့..

    • မဟာရာဇာ အံစာတုံး

      May 11, 2012 at 12:01 pm

      မော်ဒန်ဗိုက် … မိုက်ဒန်ပေါ် ..
      ပေါ်တော့ နှိုက် …
      ဟိုက် …
      သွားပြီ .. မှားပြီ …
      😀

      • ဗိုက်ကလေး

        May 11, 2012 at 12:11 pm

        နှိုက်ရင် ရိုက်ရဘူးနော်..အူးလေး..

  • အလင်းဆက်

    May 11, 2012 at 9:04 pm

    ရျွေကြည်..ရေ… သိပ်ဟုတ်တာပေါ့ ။ ခေါင်းစဉ်တွေမခွဲပဲ၊ အငြင်းအခုန်တွေမလုပ်ပဲ ငြိမ်းချမ်းစွာစီးမြောသွားကြရင် အကောင်းဆုံး….
    အဲဒီ စကားလေးကို …ကျွန်တော်….သဘောကျတယ်။

    ဗိုက်ကလေးက မော်ဒန်..ဖြစ်သွားပြိ..ဆိုတော့..ကျွန်တော်နဲ ့လိုင်းတူ..သွားပြီပေါ့ ။ ပျော်လိုက်တာ..။

    အံစာတုံး.တို ့ကတော့.လုပ်ပြီ။

    ဦးကြေ့ာင်ရေ..ကျေးဇူးပါပဲ။

Leave a Reply