ဘုရားသခင်အားအထူးသိစေအပ်ပါတယ်အရှင်

MTYMay 9, 20121min17110

ဘုရားရှိခိုးကျောင်းတစ်ကျောင်းထဲတွင်
ကြားရသောဆုတောင်းသံ…….

 

 

 ဘုရားသခင်

လွန်ခဲ့သော၃/၄နှစ်ဟာကျွန်တော်၊ကျွှန်မတို့အတွက်ဆုံးရှုံးမှုများစွာကြုံတွေ့ရတဲ့နှစ်များဖြစ်ပါတယ်အရှင်။

ကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးရုပ်ရှင်မင်းသားPatrick Swayzeအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးအဆိုတော်Michael Jacksonအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော်၊ ကျွန်မတို့အနှစ်သက်ဆုံးရုပ်ရှင်မင်းသမီးElizabeth Taylorအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။

အခုနောက်ဆုံးကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးအမျီုးသမီးအဆိုတော်Whitney Houston အားလဲအရှင်ခေါ်ဆောင်သွားခဲ့ပြန်လေပြီ။

ဘုရားသခင်အားအထူးသိစေအပ်ပါတယ်အရှင်၊……..
ကျွန်တော်၊ ကျွန်မတို့အနှစ်သက်ဆုံးစစ်အာဏာရှင်ကြီးမှာဗိုလ်ချုပ်မှုုးကြီး……..

 

လစ်ပြီဗျို့……….

 

Fowarded email  အားဆီလျှော်သလိုဘာသာပြန်ပေးထားပါသည်။

10 comments

  • ရွာစားကျော်

    May 9, 2012 at 9:14 pm

    တူ့အမျိုးတွေရော တူ့အပေါင်းအပါတွေရော
    တူ့ နောက်လိုက် လက်ရိုက်ဒုတ်တွေရောနော်..

  • မဟာရာဇာ အံစာတုံး

    May 9, 2012 at 9:30 pm

    ကျွန်ုပ် ယခု အနှစ်သက်ဆုံးမှာ
    တိုတိုဗိုက်၊ တိုတိုပေ၊ တိုတိုဗြဲ တို့ပင် ဖြစ်ပါသည် ….
    သူရို့ကို ခေါ်မယ်ဆိုလည်း မြန်မြန်ခေါ်နော် …
    စိတ်ဆိုးတတ်ပါဘူး … 😀

    • water-melon

      May 10, 2012 at 9:00 am

      ဟဲ့တောင်မ ညည်းနော်
      ရွာက ထန်းညက်စက်ရုံပိတ်ခံချင်နေတာလား
      အဟိ

  • kotun winlatt

    May 9, 2012 at 11:45 pm

    အာဟိ….အဟစ်ဟစ်….
    ဒက်ကလောက်…ဒက်ကလောက်…။

  • ငပွကြီး

    May 10, 2012 at 9:15 am

    ကျူပ်တို့အရပ်ထဲမှာ အင်မတန်ဆိုးပေနေသော ဆန်ကုန်မြေလေး တွေရှိတယ်ဗျ…
    အမြဲတမ်းမူးနေတယ် လမ်းဘေးမှာအိပ်လိုအိပ် ရန်ဖြစ်လို့ဖူးယောင်ကွဲပြဲလာတယ် မဟုတ်တာလုပ်တာရဲတွေဝင်ဖမ်းလို့၂ထပ်တိုက်ပေါ်ကခုန်ချတယ် ရေလယ်ခေါင်မှာသင်္ဘောပေါ်ကပြုတ်ကျတယ် အမျိုးမျိုးပေါ့ဗျာ…မသေကြဘူးဗျ….
    ရှေးလူကြီးစကား ကြားဖူးတယ်….လူမိုက်တွေက အသက်ပြင်းတယ် သေခဲတယ်….တဲ့…

  • ထုံးဘဲဥ

    May 10, 2012 at 9:29 am

    နာ့မှာသာ Death Note ကားထဲဂ စာအုတ်မျိုးရှိရင်တော့လားကွာ
    ဆွေ (၇) ဆက် ၊ မျိုး (၇) ဆက် ကိစ္စတုံးပလိုက်မယ်ကွ ဟီးးးးးး 😀
    ဝှီးးးးးးးးးးးးးးးးးးး

  • Thel Nu Aye

    May 10, 2012 at 9:34 am

    ”ကျွန်မတို့အနှစ်သက်ဆုံးစစ်အာဏာရှင်ကြီးမှာဗိုလ်ချုပ်မှုုးကြီး…….. ”
    သို့သော် ဘုရားသခင်သည်သူနှစ်သက်တော်မူသူများကိုသာခေါ်ဆောင်လေ့ရှိသော်လည်း သူကြောက်သောသူများကိုမူ …………………….
    ထို့ကြောင့် …………………… ထို့ကြောင့်ပင်ဖြစ်ပါတော့သည်။

  • may flowers

    May 10, 2012 at 1:22 pm

    သူတို့ကို ဘုရားသခင်ကအခေါ်ဘူးကွဲ့…ခေါ်မှာက….။

  • ပေစိ

    May 10, 2012 at 3:43 pm

    အို ဘုရားသခင် ကျွန်ုပ်အား မည်သူမှမချစ်ပါ

  • marblecommet

    May 11, 2012 at 12:13 am

    ဒါကြီးကျတော့
    ဘုရားသခင်က တိမ်တိုက်ကြားထဲက
    ချောင်းပဲ ကြည့်နေတာဗျ…..

Leave a Reply