အင်တာနက် ဇာတ်လမ်း(၅)

htet wayMay 9, 20121min33418

ကိုယ်ဆရာရေ မီဒီယာ ခင်မောင်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ကိုမင်းဆိုတဲ့ ကွမ်းယာရောင်းတဲ့ ကောင်လေး ဝင်လာတယ် အသက်က ၂၃နှစ်လောက်ရှိပြီ ကွမ်းယာရောင်းတယ် ဆိုပြီး လျှော့မတွက်နဲ့
ကိုယ့်ဆရာရေ ဆိုင်နဲ့ ကန္နားနဲ့ ရောင်းတာပါ ဆိုင်ကယ်နဲ့ ဟမ်းချိန်းနဲ့ တော်တော်လေးပြေလည်တယ်။
“ ဆရာခင်မောင်ကို လိုက်ရှာနေတာ ကျွန်တော် တိုင်ပင်စရာ ရှိတယ် ”
ကိုမင်းက ခင်မောင်ကို ဆရာလို့ခေါ်ပုံထောက်တော့ အင်တာနက်ကိစ္စပဲဖြစ်မယ် ဆိုတာ ကျွန်တော်သိလိုက်တယ်ခင်မောင်ကို ကြည့်လိုက်တော့ ခပ်တည်တည်ကြီးနဲ့ မသိမသာ ရင်ကော့ထားတယ် ဟန်ပါပါ စီးကရက်ကို
ဖွာပြီး “ပြောလေကွာ ” လို့ မပွင့်တပွင့် ပြောတယ်။
“ ဒီလို ဆရာ မီဒီယာရေ့ ဆရာသမားကျေးဇူးနဲ့ ရန်ကုန်က ကောင်းမလးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားပြီ ဘာရမလဲ ဆရာရယ် ဆရာတပည့်ပဲ ..ဟဲဟဲ ”
ကိုမင်းက သူ့စကားကို သူ ဂုဏ်ယူနေပုံရတယ် ပြီးတော့ စားပွဲထိုးလေးကို လက်ဖက်ရည် တစ်ခွက် မှာပြီးမှ
“ VZO လည်းချက်ပြီးပြီ သစ္စာ ထား စကားတွေလည်း ပြောပြီးပြီ ချောတာတော့ မပြောနဲ့ ဆရာရေ့ အဲကောင်မလေးမိဘတွေကတော့ တင်းကြပ်တယ်ဗျာ အပြင်တောင် မထွက်ရဘူး အင်တာနက်လည်း
အိမ်မှာပဲ သုံးရတယ် ချမ်းသာတဲ့ မိဘတွေက ပေါက်ဖွားလာတာထင်တယ်” … စောစောက ကော်နက်ရှင်ကျနေလို့ ဂျီတော့ နဲ့ ဖုန်းပြောလို့ မရဘူးလေ ဒါကြောင့်ဆရာ ရယ် လမ်းဘေးဖုန်းနဲ့ ဆက်ကြူလိုက်တာ
၂၀၀ဝတော့ ကြွ သွားပြီ ဆရာ”
ကိုမင်းက လာချပေးတဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ကျွန်တော်ကို အကဲခတ်သလို တစ်ချက်ကြညည့်တယ် မီဒီယာခင်မောင်ကတော့ သဘောကျဟန်နဲ့ ခေါင်းတညိတ်ညိတ်နဲ့ ကိုယ့်ဆရာရေ့
“ အရိပ်လိုချင်ရင် နေပူက စောင့်ရတယ်ကွ ဒါက ရင်းနှီးမြုပ်နှံမှုလို့ခေါ်ရမယ် ခင်မောင်က ဆရာကြီးလေသံနဲ့ပြောနေတယ် ကိုမင်းက အာရုံ စိုက်ပြီး ပါမေက္ခ တစ်ဦး ရဲ့ လက်ချာလို နားထောင်တယ်။
အေး ..ကိုမင်း ဒါပါဒပါးလေးပဲရှိတာနော် အစက် အပျောက်လေးကုန်တာ ငါဆို…..
ခင်မောင်က စကားစကို ရပ်ရင်း ဘေးဘီဝဲယာကို တစ်ချက်ကြည့်တယ် ။ပြီး မှ လေသံကို လျှော့ပြီး “ ငါဆို ဖရီဒါလေးနဲ့ အင်တာနက်ကနေ ဖုန်းပြောရတယ် တစ်မိနစ် တစ်ရာ ၁ဝမီးနစ် တစ်ထောင် တစ်နေ့
နာရီ ဝက် ကဲ …မင်း ထက်ကုန်တယ် ဒါပေမယ့် ဒေါ်လာထောင်ပေါင်းများစွာ..ဟာဟ မင်း တို့ ဒီလိုဖြစ်အောင် ကြိုးစား..
ခင်မောင်က မရယ်ချင်ရယ်ချင်နဲ့ ပန်းမြိုင်လယ်က ဥယာဉ် မှူး ဇာတ်ကားထဲက ကျော်ဟိန်းကို သင်ပေးတဲ့ ဘီအီဒီ အောင်သိုက် လေသံနဲ့ ပြောနေတယ်။ဒီမှာပဲ ကိုမင်းက ကိုယ့်ရတနာလေးက ညက လွမ်းလို့ ဖုန်းဆက်ချင်တာတဲ့ ဖုန်းကဒ်ကုန်နေလို့ ပြောတာနဲ့ ဒီနေ့ 800MHZ ပိုက်ဆံ ကဒ် တစ်ကာ်ဝယ်ပြီး ပေးလိုက်ရတယ် ဒီမှာကြည့်ဗျာ ..လို့ပြောပြီး တစ်သောင်းကျပ်တန် ဖုန်းကဒ်လေး ထုတ်ပြတယ်။
ကိုယ့်ဆရာရေ ဒီကောင်တွေ ရူးနေတာ အချစ်ရူး အင်တာနက် ဗိုင်းရပ် ဝင်နေတာ ဂျီတော့ရောဂါကနေ အဆင့်မြင့်သွားကြတာ ကျွန်တော်တို့ နိုင်ငံမှာ ဒီလို လူငယ်တွေ များနေရင် ဒုက္ခပဲ ကိုယ့်ဆရာရေ့
“ရန်ကုန်ကို လာခဲ့ပါတဲ့ ကျွန်တော်ကိုခေါ်နေပြီလေ သွားသွားလာလာ စားစားသောက်သောက် ကျွန်တော်အတွက် တစ်သိန်းခွဲလောက်မကုန်ပဲ မရနိုင်ဘူးဆရာ ( face to face) မျက်နှာ ချင်းဆိုင် စကားတွေ ပြောချင်နေပြီတဲ့။”
ကိုမင်း စကားကြားတော့ ကျွန်တော်စိတ်ထဲ နေမြင့်လေ အရူးရင့်လေ လို့ တွေးမိတယ် အခုက ကော်နက်ရှင် ကောင်းလေ အရူးစိတ်က ပို ပြင်းလေလေပါ့ဗျာ။သူတို့ စကားစပြတ်အောင် ခင်မောင်ဘက်လှည့်ပြီး
ဟေ့ကောင် ခင်မောင် မင်း အခု ဘာသတင်းတွေရေးနေလဲ လို့မေးလိုက်တယ် ခင်မောင်က စီးကရက်ကို ထုတ် မီးခြစ် ပေါ်မှာ ခေါက်ရင်း ခဏ စဉ်းစားသလို လုပ်တယ် ပြီးတော့ မှ မီးခြစ် ခြစ်ပြီး စီးကရက်ကို
တစ်ချက် ပြင်းပြင်းရှိုက် လိုက်တယ်။
“ ပြည်သူ့ အကျိုးပြုတဲ့ သတင်းပေါ့ ဗျာ ဈေးထဲမှာ ကြက်သားရေ ထိုးရောင်းတဲ့ ကြက်ကိုတင် အကြောင်း တင်ထားတယ်။နောက် အရက် သမား သူဋ္ဌေး ယောင်ဆောင်တဲ့ ဟို သက် ကြိုင်ဆိုတဲ့ ကောင်ရဲ့ အိမ်ဖေါ်
မလေးကို စော်ကားပြီး မယားငယ်လုပ်ထားတဲ့ သတင်း ရေးနေတယ်။ သူတပါး သားပျိုသမီးပျို ကို ဖျက်ဆီးတဲ့ ငွေ နဲ့ပေါက်တဲ့ လူယုတ်မာကိုဖေါ်ထုတ်ထားတာပါ ဒါ ပြည်သူ့ အကျိုးပြု သတင်းလေ သတင်းဆိုတာ
ချောင်းတစ်ချက်ဟန့်ပြီး သူ့စကားကို ဘယ်သူ အာရုံ စိုက်နေလဲ တစ်ချက် အကဲခတ်တယ်။ ပြီးမှ
“ သတင်းဆိုတာ ဟို အထောက်တော် လှအောင် တို့ လို ဒိဘက်ခေတ်မှာ လူထု စိန်ဝင်း တို့လို ပြည်သူ…..
ကျွန်တာ် မျက်နှာ ရှုံ့မဲ့သွားမယ်ထင်တယ် ။ မတန်မရာတွေ ခင်မောင်ေြ့ာတော့မယ် ။ဒါနဲ့ ကကျွန်တော်လည်း “တော်ပါပြီ ခင်မောင်ရယ် ” ကျွန်တော်လည်း သူ့လေလုံးတွေ ကို မခံနိုင်တော့ တာနဲ့ အမြန်လစ်ခဲ့ရတယ်
မလွယ်ဘူးကိုယ့်ဆရာရေ မီဒီယာခင်မောင်ဆိုတာ ခေသူမဟုတ်ဘူး သိတယ်မလား ဆိုတဲ့ စကားလုံးတွေကိုကြောက်လို့ အမြန်ပြေးခဲ့ရတယ်ကိုယ့်ဆရာရေ့။
……………………………………………………………………………………………………………………………………….
နောက်နေ့မနက် ကျွန်တေ် လက်ဖက်ရည်ဆိုင်ရောက်တော့ ကျွန်တော်ရဲ့ မိတ်ဆွေ ထွန်းထွန်းက “ ဆရာညက သတင်းကြားပြီ ပလားလို့ မေးတယ် မီဒီယာ ခင်မောင် အရက်ဆိုင်မှာ ပါးရိုက်ခံရတယ်တဲ့
ကိုယ့်ဆရာရေ ကြားရတဲ့ သတင်းက စိတ်မချမ်းသာစရာပဲ ကျွန်တာ်ကလည်း လူထဲက လူပဲလေ ဘာဖြစ်တာလဲ ဘာကြောင့် ရိုက်ခံရတာလည်း သိချင်မိတယ် ဒါကြောင့် စပ်စု မိတယ်
“လုပ်ပါအုံးထွန်းထွန်းရဲ့ ဘာကြောင့် အရိုက်ခံရတာလဲ ဘယ်သူကရိုက်တာလဲ ဘယ် အရက်ဆိုင်လဲ ”
ဆရာရယ် မေးခွန်းတွေ က များလိုက်တာ ဖြေးဖြေးပေါ့ ဗျာ ဆိုပြီး ထွန်းဌါန်းက လက်ဖက်ရည် လှမ်းမှာနေသေးတယ် ကိုယ့်ဆရာရေ ဒီသတင်းက စိတ်ဝင် စားစရာပဲလေ ထွန်းထွန်းက ပြုံးစစနဲ့ ဆက်ပြောတယ်
“ ဒီလို ဆရာရေ့ …ညက လရိပ် စားသောက်ဆိုင်မှာ ဦးလွန်းက DV (Green Card ) အစိမ်းရောင် ဒီဗီ ကဒ်ပေါက်တယ် အမေရိကန် ကို အခမဲ့ သွားရတဲ့ မဲပေါ့ဆရာ ဦးလွန်းက အင်တာနက်ကပေါက်တာ
ဆိုတော့ အင်တာနက် သုံးသူတွေကို ခေါ်ပြီး အကြွေး အမွေးနဲ့ ဧည့်ခံတာ ပါ။ မီဒီယာ ခင်မောင်က ဒီဝိုင်းမှာ ဖိတ်ကြားခံရတယ် ဗျာ။
ထွန်းထွန်းက လာချပေးတဲ့ လက်ဖက်ရည်ကို သောက်ရင် ခဏနားတယ် နောက် ဆေးလိပ်သောက်ဖို့ မီးခြစ် တောင်းနေတယ် စားပွဲထိုးကလည်း မီးခြစ် လာမပေးသေးဘူး ကျွန်တော် စိတ်ထဲ ခဏလေးဆိုပေမယ့် တော်တော်ကြာတယ်တယ်လို့ ထင်ရတယ်။မီးခြစ်ရတော့ မီးညှီပြီး ဆေးလိပ်ကို တစ်ရှိုက်မက်မက် ဖွာနေသေးတယ်။စိတ်ထဲ အားမလိုအားမရဖြစ်လာတယ် ကိုယ့်ဆရာရေ့။ ထွန်းထွန်းက စကားဆက်တယ်
“ထုံးစံ အတိုင်း အာပေါင် အာရင်း သန်သန်နဲ့ အင်တာနက် အကြောင်းတွေပြောတော့တာပေါ့ တဖက်ဝိုင်းမှာ ကြက်ကိုတင် ကလည်း အရက်သောက်နေတယ် ။သတင်း အကြောင်းတွေပြောနေတုန်း
မင်းလားကွ မီဒီယာ ခင်မောင်ဆိုတာ
ကြက်ကိုတင်ကမေးတော့ မီဒီယာ ခင်မောင်က ဂုဏ်ယူပြီး မတ်တတ်ထရပ် လို့
ဟုတ်ပါတယ် မီဒီယာ ခင်မောင်ပါ ဆိုပြီး လက်ကမ်းပေးတယ်။ ဒီမှာပဲ ကြက်ကိုတင်က ဘာမပြော ညာမပြောနဲ့ ပါးကို ဖျောင်းကနဲနေအောင်ရိုက်ချလိုက်တယ်ဗျာ။အကယ်ဒမီရတဲ့ ဇာတ်ကားတစ်ကားဗျာ
အဲ့ဒီကားမှာ မြင့်မြင့်ခင် က မို့မို့ မြင့်အောင်ကို ပါးရိုက်လိုက်သလို တအားရိုက်လိုက်တာဗျာ ဒီမှာ ခင်မောင်က နောက်လှန်သွားတယ်
ဆိုင်ထဲလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့တာပေါ့ ဆရာရယ်။
ထွန်းထွန်းက စကားစဖြတ်ပြီး ရေနွေးကြမ်းငှဲ့တယ်။ ကျွန်တော်ကတော့ မီဒီယာ ခင်မောင်ရဲ့ မျက်နှာကို စိတ်ကူးနဲ့ ပုံဖေါ်ကြည့်နေမိတယ်။ ဒီအချိန်မှာပဲ ဒေါ်လှချိ်န်တစ်ယောက် လက်ဖက်ရည်ဆိုင်ထဲ ဝင်လာတယ်
ဟိုကြည့် ဒီ ကြည့်နဲ့ တယောက်ယောက်ကို ရှာနေသလိုပဲ ပြီးတော့ ကျွန်တော်တို့ ဝိုင်းဆီလာပြီး ထိုင်တယ် မျက်နှာ မသာမယာနဲ့ ခပ်တိုးတိုးမေးတယ်
မီဒီယာ ခင်မောင် ကိုတွေ့မိလား
ကျွန်တော်လန့်သွားတယ် ကိုယ့်ဆရာရေ့ ဒီအဘွားကြီးက သူဋ္ဌေးတွေ မြို့ပေါ်မှာတော့ တကယ့်လူတွေ ဘာမဟုတ်က ဟုတ်က သတင်းတွေရေးလို့ ပါးရိုက်ဖို့များ လာရှာသလားပေါ့
“ မလာဘူးဗျ”
ထွန်းထွန်းက ဖြေလိုက်တယ်ဆိုရင်ပဲ အဒေါ်ကြီးမျက်နှာ ပျက်သွားတယ်။ သူက ကျွန်တာ်ကို ရှက်ရွံ့ သလို တစ်ချက်ကြည့်ပြီး ဒီလိုပါ ဆရာရယ် အိမ်မှာ ကို မြသာ တော့ သောင်းကျန်နေတယ်
“ ဗျာ”
ကျွန်တော်နဲ့ ထွန်းထွန်း ဆီက ပြိုင်တူ ထွက်ပေါ်လာတဲ့ အသံပါ။ဘယ်နှယ် ကိုယ့်ဆရာရယ် သူ့ယောက်ကျားက သောင်းကျန်းတာ ကျွန်တာ်တို့ကို လာပြောပြနေတယ်ဗျာ။ အဒေါ်ကြီးက ဆက်ပြီး
ကူညီနိုင်ရင် ကူညီပါ ဆရာရယ် မီဒီယာ ခင်မောင်ကိုမေးမလို့ပါ ဆရာတို့ သိရင် လည်းပြောပေးပါနော် ဒီကိစ္စက အဒေါ်တို့ အရှက်ရစရာပါကွယ် ခု ကိုမြမောင်ကခွဲမယ်ချည်း လုပ်နေတာ ကိုမြမောင်ရယ်
စိတ်လျှော့ ပါအုံး မတော်ပါဘူး လို့ တောင်းပန်ထားရတယ်”
ဒေါ်လှချိန်ပြောတာတွေ ကျွန်တော်တော့ နားမလည်ဘူး။ ထွန်းထွန်းလည်းသိမှာမဟုတ်ပါဘူး သူပြောတာတွေက အဆက် အစပ်မှ မရှိတာ ကျွန်တော်က အဒေါ်ရှင်းအောင်ပြောလေ ဘာကူညီရမလဲဆိုမှ
“ပြောရမှာရှက်ပါတာ်ကွယ် သမီးပေါ့ မြို့မှာ အင်တာနက်ပေါ်လာတော့ ဝယ်ပေးပါဆိုလို့ အကုန်အပြည့် အစုံ ဝယ်ပေးထားတယ် ကင်မရာပါ ပါတယ် ဗီဇက်အို ဆိုလား ဗီအက်အိုဆိုလား တဖက်ကပုံကိုမြင်ရတယ်လေ
မီဒီယာ ခင်မောင်ကပြောတယ် သမီးပုံကို စမကလာပွကြီး ဝက်ဘ်ဆိုက်မှာတွေ့တယ်တဲ့ မတော်တရော်ပုံ လို့ ပြောနေကြလို့ ပါ သူ့အဖေက ရှက်လွန်းလို့ ကွန်ပျူတာကိုလည်းရိုက်ခွဲမယ် သမီးခေါင်းကိုလည်းရိုက်ခွဲမယ်
လုပ်နေတယ်ဆရာတို့ရယ်..စိတ်ညစ်ပါတယ်
အဒေါ်ကြီးကမျက်နှာ ညှိုုးးငယ်ငယ်နဲ့ လမ်းမဘက်ကိုငေးနေရှာတယ်။ ကျွန်တော်လည်းမေးသင့်မမေးသင့် ချင့်ချိန် နေရတယ် ကိုယ့်ဆရာရေ့ ။ သူပြောတဲ့ ဝက်ဘ်ဆိုက်က ကျွန်တော်မသိ တာ အမှန်ပါ ။
မရိုသေ စကား အဒေါ်ရယ် ခင်မောင်က ဘယ်လိုပြောလို့လည်း လို့မေးတော့
သမီး ကောင်လေးတစ်ယောက်နဲ့ စကားပြောနေတဲ့ ပုံတဲ့ ဟို….အိမ်မှာနေတော့ ပေါ့ပေါ့ပါးပါး ဝတ်ထားတာပါကွယ် … အကျင်္ ီ နည်းနည်း ဟိုက်တာ ပေါ်တယ် ထင်တယ်
အဒေါ်ကြီး က ရှက်ပြီး မျက်နှာတွေ နီမြန်းသွားတယ် မြို့ထဲမှာ ခင်မောင်က လိုက်ပြောတာ နဲ့ သူ့မောင်က နေ သိလာပြီး အိမ်မှာပြန်ရမ်း တာနဲ့ အဒေါ်တို့ သိတာပါ။

(အားပေးရင် ဆက်ပါအုံးမည်)

18 comments

  • water-melon

    May 10, 2012 at 9:11 am

    အော်
    အင်တာနက် အင်တာနက်
    သူ့ကြောင့်ရူးတဲ့သူတွေ
    ဘဝပျက်တဲ့သူတွေ မနည်းဘူး
    သုံးတတ်ရင်တော့ ဆေး
    မသုံးတတ်ရင်တော့ ဘေး ပေါ့
    ကိုထက်ဝေးရယ်

  • ဦးဦးပါလေရာ

    May 10, 2012 at 9:53 am

    လူတွေ အချိန်ရပြီး အားတာများတဲ့ နိုင်ငံဆိုတော့
    အင်တာနက်ဆိုတာ ပေါက်ကရလေးဆယ် လုပ်စရာလိုလဲဖြစ်နေပြန်ရော…
    တကယ်အလုပ်လုပ်ရတဲ့ နိုင်ငံမျိုးမှာ မဟုတ်တာတွေလုပ်ဘို့ မအားကြပါဘူး
    အထူးသဖြင့် လူငယ်အများစုပေါ့…။

  • windtalker

    May 10, 2012 at 10:25 am

    ခင်မောင့် ရဲ့ ဇါတ်က အရှိန်မြင့်လာပြီ။ ဟိုဆိုဒ် ဆိုလို့ ကိုကြောင်ကြီးကို သတိရမိတယ် ။ သူက အိတ်စပက်မလား

  • Thel Nu Aye

    May 10, 2012 at 10:39 am

    လက်ရှိ အခြေအနေကိုကွက်ကွက်ကွင်းကွင်းထင်ဟတ်စေတဲ့ပို့များဖြစ်လို့ဂျာနယ်တွေ မှာ အပါတ်စဉ်ထည့်ရင်ကောင်းမယ်နော်။ ဒါမှလဲလူငယ်လူရွယ်လေးတွေသိပြီးဆင်ခြင်နိုင်အောင်လို့။

  • manawphyulay

    May 10, 2012 at 10:49 am

    အင်း အင်တာနက်ဆိုတာ ဒီလိုသုံးရတယ်လို့ အလွဲမှားနေကြတာ အတော်များနေကြပါလား ကွယ်ရို့..

  • jujuma

    May 10, 2012 at 11:33 am

    အိမ်ကမိဘတွေကတော့ အင်တာနက် ဆိုတာကြီးကိုမသိတော့အထင်တွေကြီးးးး
    သားသမီးတွေကတော့ အင်တာနက်ဆိုင် အင်တာနက်ဆိုင်ဆိုပီး ဟုတ်နေတာပဲ …
    ကိုယ်ကလည်းမနေနိုင်လို့ ဝင်ရှည်ကြည့်တာပေါ့ ..
    အန်တီ့သမီး က ဘယ်သွားတာလဲဆိုတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ အင်တာနက်ဆိုင်သွားတာတဲ့ ..
    ဘာသွားလုပ်တာလဲဆိုတော့ မသိဘူး တဲ့ .. ကဲကောင်းရော …

    ဒုက္ခလေလား ..သမုဒယ လေ လား နက်ကြီးရယ် ………

  • htet way

    May 10, 2012 at 8:19 pm

    Thel Nu Aye says: (Edit)
    လက်ရှိ အခြေအနေကိုကွက်ကွက်ကွင်းကွင်းထင်ဟတ်စေတဲ့ပို့များဖြစ်လို့ဂျာနယ်တွေ မှာ အပါတ်စဉ်ထည့်ရင်ကောင်းမယ်နော်။ ဒါမှလဲလူငယ်လူရွယ်လေးတွေသိပြီးဆင်ခြင်နိုင်အောင်လို့။
    ဒီကွန့်မန့်ကို သဘောကျတယ်။ အမရေ ဂျာနယ်တော့ ပေးထားပါတယ် ပါမပါတော့မသိဘူး
    အမ မှတ်မိမလားပဲ ကျွန်တော်ရေးခဲ့တဲ့ ဆိုက်ကားသမားက ငါးထောင်တန်ဖုနးတစ်ခု ဝယ်ပြီးပြောတဲ့
    အိပ်မက် လေ။
    အဲ့ ဒါ မဂ္ဂဇင်းတစ်ခုမှာ ဇွန်လထုတ်အနေနဲ့ ပါလာတယ် သဘောတရား တူတယ် ရည်ရွယ်ချက်တူတယ်
    တုပေါ့ ။ ကျွန်တော်က ဖတ်ပြီး အော် ငါတို့ ဂေဇက်လည်း တယ်ပေါက်ပါလားပေါ့ အင်း..ဒီလိုလည်းရှိပါတယ်
    ဆရာမရေ။

  • htet way

    May 10, 2012 at 8:20 pm

    manawphyulay
    ဆရာမမနောဖြူလေး အနေနဲ့ အင်တာနက် ဘယ်လိူု သုံးရမယ် ဆိုတာ ကို ရေးသင့်ပါတယ်
    ကျွန်တာ် အားပေးတယ်

  • htet way

    May 10, 2012 at 8:24 pm

    ဆရာwindtalker ဆရာမ jujuma
    အားပေးတာကျေးဇူးပါ
    ကျွန်တော် ကဆက်ရေးဖို့ စိတ်ပျက်နေပါပြီ ခုလို အားပေးတော့ လည်း ရေးဖို့ နည်းနည်း ပြန်ပြီး
    စိတ်ပါလာပါတယ်

  • ဗိုက်ကလေး

    May 11, 2012 at 12:10 pm

    ဒါကြောင့် မီဒီယာ ခင်မောင်လို ့နာမည်တွင်သကိုး..
    အပြင်လောကနဲ ့ ကွိတက်ပါပဲ ဆရာထက်ရေ..
    ဆက်ရေး..ပါ.

  • htet way

    May 11, 2012 at 2:14 pm

    ဟုတ်ကဲ့ ဆရာ (၆) လာမယ် ဖတ်ပေး အားပေးပါလို့
    ပြီးတော့ ဝေဖန်ပေးပါ

    • Khin Latt

      May 11, 2012 at 3:37 pm

      “သု” ကို သိုးဆောင်းလိုမှာ “စု” လို့ စာလုံးပေါင်းကြတယ်။

  • etone

    May 11, 2012 at 4:02 pm

    အဟီး .. ဆရာထက်ရေ … ။
    ကျွန်မလည်း ခင်မောင်လို လူမျိုးလားမသိဘူး … ။ ဖွထားတာနည်းနည်းရှိတယ် . .. တွေ့ကြ သိကြလျှင်တော့ အရေခွံ စုတ်ခံရတော့မှာပဲ ဗျို့ .. ဟိဟိ .. ။

    ခင်မောင်က လက်က ဖွတာတင်မပါဘူး ..ပါးစပ်ကပါဖွတော့ …. သူ့သေတွင်းသူတူးသလိုပါပဲ ။

  • ညလေး

    May 11, 2012 at 4:06 pm

    စောင့်မျှော်အားပေးလျက်ပါ……….
    ဆရာထက်
    …………

  • ဆရာထက်ရဲ ့ ပို ့စ်ကို ဖတ်ရတာ တချိန်က ကျနော်တို ့အင်တာနက်စသုံးတော့
    ချက်တင်လောက်ဘဲ သုံးတတ်တဲ့အခြေအနေကို ပြန်သတိရမိပါတယ်ဗျာ

  • htet way

    May 12, 2012 at 8:17 pm

    ဆရာမKhin Latt
    ရယ်ရပါတယ် ဆရာမ ဘုန်းဘုန်းနဲ့ မှ တိုးရတယ်လို့
    ဆရာမ etone
    ခင်မောင်နဲ့ ဆရာမ နဲ့ ကတော့ နှိုင်းရတရားမဟုတ်ပါဘူး ဟိုက ငပေါ ကို
    ဆရာမက မီဒီယာ လစ်……တွယ်တာတွယ်..ဟာဟ
    ဆရာမ ညလေး ဆရာအတိသဉ္ဖာ နာဂရချစ်သူ တို့
    အားပေးတာ တကယ် ကျေးဇူးတင်တယ်။

  • htet way

    May 12, 2012 at 8:21 pm

    ဆရာအတိသဉ္ဖာ နာဂရချစ်သူနဲ့ ဆရာမ ညလေး
    အားပေးတာ တကယ်ကျေးဇူးတင်တယ်ဗျာ

Leave a Reply