“IDIOMS” (Drill 5)

TTNUMay 9, 20122min37439

Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား

(ကျမ်းကိုး။ Idiom drills by George P. McCallum 1990.)

“IDIOMS” (DRILL 5)

A: Come in please, Make yourself at home.
ဝင်ပါနော်။ ကိုယ့်အိမ်လို သဘောထားပါ။

B: Thanks. You have a nice place here.
ကျေးဇူးပါ။ ခင်ဗျား အိမ်လေး တယ်ကောင်းတာပဲ။

A: I’m glad you like it. The furniture’s in pretty bad condition, though.
We should get rid of it.
ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ပရိဘောဂလေးတွေက တော်တော်လေး
အခြေအနေ ဆိုးနေပြီ။ ပစ်ရတော့မှာပါ။

B: Don’t do that. It’s very comfortable. You have children, don’t you?
မလုပ်ပါနဲ့။ ထို်င်ရတာ အဆင်ပြေပါတယ်။ ခင်ဗျားမှာ ကလေးတွေ ရှိတယ် မဟုတ်လား။

A: Yes, we do. Three boys and a girl. Not to mention two dogs. So we have to make this furniture do. As long as
the children are small, anyway.
ရှိတယ်ဗျ။ သား(၃) ကောင်နဲ့ သမီးတစ်ယောက်လေ။ ခွေးနှစ်ကောင်ပါတာတော့ ထည့်မပြောတော့ပါဘူး။ ဆိုတော့ ရှိပြီးသား ပရိဘောဂတွေနဲ့ပဲ ဖြစ်အောင်နေရတော့မှာ။
ကလေးတွေ ငယ်သေးသရွေ ့ ကတော့ လေ။

B: I know what you mean. Our children are hard on furniture, too.
ကျွန်တော် သဘောပေါက်တယ်။ ကျွန်တော်တို့ ကလေးတွေလည်း ပရိဘောဂတွေ
အကိုင်အတွယ်ကြမ်းလိုက်တာမှဗျာ။

ရှင်းလင်းချက်

(25) Make yourself at home.
ကိုယ့်အိမ်လိုသဘောထားပါ။
(26) get rid of something
တစ်ခုခုကို စွန့်ပစ်တယ်၊ ဖယ်ရှားတယ်။
(27) Not to mention
ထည့်မပြောတော့ပါဘူး။
(28) make something do
ရှိတာနဲ့ပဲ ဖြစ်အောင်သုံးလိုက်တယ်။
(29) as long as
သရွေ ့ကာလပတ်လုံး။
(30) be hard on something
အကိုင်အတွယ်ကြမ်းတမ်းတယ်။

လေ့ကျင့်ရန်

(1) When people come to our house, we like them to ______________.
ကျွန်တော်တို့အိမ်ကို သူများလာလည်တဲ့အခါ သူတို့ကို ကိုယ့်အိမ်လို သဘောထားစေချင်ပါတယ်။

(2) I’m going to _____________ these curtains. I don’t like them any more.
ဒီခန်းဆီးတွေ ပစ်လိုက်တော့မယ်။ မကြိုက်တော့ဘူးလေ။

(3) I couldn’t go to the Donation Ceremony held by Mandalay Gazette Group.
I had to write a project, prepare a speech for Mothers’ Day,
and study for an exam, ______________ teach my students everyday.
မန ္တလေးဂဇက်အဖွဲ့က ကျင်းပတဲ့ အလှူတော်မင်္ဂလာပွဲကို ကျမ မသွားနိုင်ခဲ့ပါ။ ကျမမှာလေ
ပရောဂျက်တစ်စောင်ရေးစရာ ရှိတယ်။ အမေများနေ့အတွက် မိန့်ခွန်းစကားပြင်ဆင်စရာရှိ
တယ်။ စာမေးပွဲတစ်ခု အတွက်စာဖတ်စရာအလုပ်ရှိတယ်။ ကျောင်းသူ/သားတွေကို နေ့တိုင်း
စာသင်စရာရှိတယ် ဆိုတာကိုတော့ ထည့်မပြောတော့ပါဘူး။

(4) If there isn’t cream for our coffee, we’ll ________________ milk do.
ကော်ဖီအတွက် ခရင်မ်မရှိတော့ရင် နို့နဲ့ပဲ ဖြစ်အောင်ဖျော်ပါမယ်။

(5) _____________ you’re going to the drugstore anyway,
buy me some aspirins.
မင်းဆေးဆိုင်သွားမယ် ဆိုမှတော့ ငါ့အတွက် အက်စပရင်ဆေးလေးဝယ်ပေးပါကွယ်။

(6) My son is _____________ shoes. Look at this pair.
I bought him this pair a month ago.
ကျမသားကတော့ ဖိနပ် အစီးကြမ်းတယ်။ ဒီ ဖိနပ် တစ်ရန်ကို ကြည့်ပါဦး။ ကျမ သူ့ကို
ဒီ တစ်ရန် ကို အရင်လကမှ ဝယ်ပေးခဲ့တာ။

39 comments

  • windtalker

    May 9, 2012 at 11:08 pm

    When I prepare for my job , I get rid of something that is connecting with friend . အဲဒီလို ရေးရင် မှန်လား teacher

    • TTNU

      May 10, 2012 at 10:34 am

      မောင်ပေရေ…
      နေကောင်းလား။
      ဒီလိုလေးရေးပါ့လား။
      “When I prepare for my job, I get rid of anything
      that concerns with my friends.”

      • windtalker

        May 10, 2012 at 7:30 pm

        ဟုတ်ကဲ့ပါ ဆရာမ
        မှတ်သားသွားပါပြီ ခင်ဗျ ။
        ရှဲရှဲ

  • Inz@ghi

    May 10, 2012 at 4:16 am

    အတန်းတက်သွားပါတယ် တီချာကြီး…
    make yourself at home ဆိုတဲ့ စကားစုလေးနဲ့ ပါတ်သတ်ပြီး
    အတွေးပွားနေမိပါသည် ခင်ဗျား …

    (ပြန်လာခဲ့ပါ့မည်)

    အခုတော့
    ဒက်ဂလောက်…ဒက်ဂလောက်…

    • TTNU

      May 10, 2012 at 10:47 am

      မောင်ဂီရေ…
      ဘာတွေ ပွားနေတာလဲ။
      ဲပြန်လာခဲ့ဦး။

      • Inz@ghi

        May 10, 2012 at 6:08 pm

        ပြန်လာပါပြီ တီချာကြီးရယ်
        ဓီရာမိုရ် ဆိုထားတဲ့ အိမ် ဆိုတဲ့သီချင်းရယ်…
        ကျနော်တို့ မြန်မာတွေ ဧည့်သည် အိမ်လာရင်
        ကိုယ့်အိမ် ကိုယ့်ယာ လို သဘောထားကြပါနော် ဆိုပြောတတ်တဲ့
        စကားလေးရယ်….အရင်မျက်စိထဲပြေးမြင်မိရဲ့ဗျာ..

        နောက်ထပ် …တခုကတော့ နာမည်ကျော် အမေဒစ်ကင်န် ဆိုင်ကယ်
        ထုတ်လုပ်သူ harley davidson က marketing ad တခု ဖြစ်တဲ့
        riding home ဆိုတဲ့ စကားရပ်လေး တွေးမိတော့….
        အသားတကျဖြစ်သော သက်တောင့်သက်သာရှိသော
        အားနာစရာမလိုသော … ကိုယ်ပိုင် ဝန်းကျင်လေးတခုရဲ့
        ပြဌာန်းချက်ကို အဓိပ္ပါယ်ဖော်တဲ့ အိမ် ဆိုတဲ့စကားစုလေးကို
        တွေးမိရဲ့ဗျာ…

        ကျုပ်တို့ ရှေးမြန်မာတွေ marketing အယူအဆ မညံ့ခဲ့ကြဘူး …
        ထိပ်တန်းမှာ ရှိခဲ့ကြတယ်… (တခါကရေးခဲ့ဖူးတဲ့ မုန့်ဟင်းခါးနဲ့ ထိုးမုန့်အပါအဝင်ပေါ့)

        တိုက်ရိုက်ကြီး မဆိုင်နေပေမယ့် ဆက်စပ်လို့ ပြောရရင်
        mother’s choice လို နာမည်ကျော် brand လိုမျိုးပေါ့…
        ရှေးယခင်ကတည်းက ကျနော်တို့ ပြည်တွင်းထုတ်ကုန်တွေမှာ
        အမေ့လက်ရာ ဆိုတဲ့ နာမည်မျိုးနဲ့ …စိတ်ချရမှု ၊ သန့်ရှင်းမှု ၊
        စေတနာထားမှု စတဲ့ value လေးတွေ communicate လုပ်ခဲ့ဖူးတဲ့
        လူကြီးတွေကို လေးစား မိပြန်ရောဗျာ…

        ကျနော်တို့ နှောင်းလူတွေကသာ modern business logic နဲ့
        ရှေးရိုး အယူအဆ အစဉ်အလာ လုပ်ထုံးလုပ်နည်းတွေကို
        သမမျှတအောင် .. လိုက်လျောညီထွေဖြစ်အောင် ..ကိုယ့်အရပ်ကိုယ့်ဇာတ်ဖြစ်အောင်
        adapt and adopt မလုပ်နိုင်ခဲ့ပါလား ..တွေးမိရင်း ပွားနေမိတာပါဗျာ …။

        တီချာကြီး အင်္ဂလိစာ သင်တိုင် း အင်္ဂလိစာ ညံ့တဲ့မောင်ဂီ့
        လိုရာဆွဲတွေး ရေးချင်ရာ ရေးနေတာကို
        ခွင့်လွှတ်ပေးမယ် ဆိုရင်ဖြင့် …..

        ကျေးကျေးပါ တီချာကြီးရယ်…

        တော်သေးဘီ
        ခင်တဲ့
        ဂီ

        • TTNU

          May 10, 2012 at 9:40 pm

          မောင်ဂီရေ…
          စိတ်တိုင်းကျရေးစမ်းပါတော်။
          ခွင့်မလွှတ်စရာဘာမှမရှိ။
          ငါ့သားလေးတော်လိုက်တာလို့ ပြုံးပြီးဖတ်နေမှာပါတော့။ 🙂

  • etone

    May 10, 2012 at 10:03 am

    မင်္ဂလာပါတီချယ်ကြီးရေ … ။
    တိုက်တိုက်ဆိုင်ဆိုင်ပါပဲ .. အလုပ်နည်းနည်းပါးနေလို့… မှိုတက်နေတဲ့ ဦးနှောက်ထဲ …. တီချယ်ကြီးရဲ့… ကြောင်နဲ့ခွေး သင်ခန်းစာလေးကူးထားတာ ဖြည့်နေတုန်း ..ဒီပို့စ်ကိုမြင်လိုက်ရတာ .. ဝမ်းသာ အားရ ရှိလှပါတယ် ….. ။ ကူးထားလိုက်ပါတယ်ချင့် … ။

    စေတနာထားပြီး …အသိပညာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် … ။ အများကြီး ထပ်ရေးနိုင်ပါစေလို့ … ။

    • TTNU

      May 10, 2012 at 10:50 am

      အိတုန်ရေ…
      စာလေးတွေဖတ်ဖြစ်တယ်လား။
      သမီးတို့ အလုပ်က အင်္ဂလိပ်စာနဲ့ ဆက်နွယ်နေတယ်ဆိုရင်
      မပြတ်လေ့လာနော်။

      မေတ္တာဖြင့်
      တီချာနု

      • etone

        May 10, 2012 at 1:52 pm

        ဟုတ်ကဲ့ .. တီချယ်ကြီးရေးတဲ့ စာတွေ ဖတ်ဖြစ်ပါတယ် … ။ တစ်နေ့တည်း မဖတ်ဖြစ်လျှင်တောင် နောက်ပြန်ဖတ်လို့ရအောင် … word ဖိုင်ထဲ ကူးထားတယ် … ။ အလုပ်နဲ့ အင်္ဂလိပ်စာနဲ့ ဆက်စပ်နေပေမယ့်လေ .. လုပ်ငန်းတွင်းသုံးတာနဲ့ ပြင်ပလောကက ဗဟုသုတနဲ့ကျတော့… အကြောင်းရာ မတူတော့လေ .. အခုလို.. ဗဟုသုတရတဲ့စာလေးတွေ ရှာပြီး … ဦးနှောက်သံချေးမတတ်ခင် .. ပေါ်လစ်တင်ရတာပါ … ။ စာတွေရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

      • etone

        May 10, 2012 at 2:16 pm

        ဟုတ်ကဲ့ .. တီချယ်ကြီးရေးတဲ့ စာတွေ ဖတ်ဖြစ်ပါတယ် … ။ တစ်နေ့တည်း မဖတ်ဖြစ်လျှင်တောင် နောက်ပြန်ဖတ်လို့ရအောင် … word ဖိုင်ထဲ ကူးထားတယ် … ။ အလုပ်နဲ့ အင်္ဂလိပ်စာနဲ့ ဆက်စပ်နေပေမယ့်လေ .. လုပ်ငန်းတွင်းသုံးတာနဲ့ ပြင်ပလောကက ဗဟုသုတနဲ့ကျတော့… အကြောင်းရာ မတူတော့လေ .. အခုလို.. ဗဟုသုတရတဲ့စာလေးတွေ ရှာပြီး … ဦးနှောက်သံချေးမတတ်ခင် .. ပေါ်လစ်တင်ရတာပါ … ။ စာတွေရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

        တီချယ်ရေ … အခုပို့စ်ရေးဖို့စဉ်းစားနေတာက .. နိုင်ငံခြားသားနဲ့ မြန်မာနဲ့ ရောပြီး ..ဖောမိတဲ့အလွဲလေးပါ … ။ တွေးတိုင်းရယ်မိနေတာမို့ … ပြန်ရေးပြမလို့လေ … ။

  • manawphyulay

    May 10, 2012 at 11:20 am

    တီချယ်ရေ.. အတန်းလာတက်ပါတယ် နောက်ကျနေတဲ့အတွက် နောက်ဆုံးခုံမှာပဲ ထိုင် သင်လိုက်တော့မယ်နော်… ဆက်လက်သင်ကြားပြသပေးပါဦးရှင်။

    • zarlay

      May 11, 2012 at 2:10 pm

      တီချယ်ရေးတာကိုပြီးအောင်ဖတ်ချင်ပေမယ့် အင်တာနက်က ၁ နာရီ ၄၀ဝ ဆိုတော့ပြီးအောင်မဖတ်နိုင်ပါဘူး

  • ဗိုက်ကလေး

    May 10, 2012 at 2:24 pm

    တီချယ်ရေးတာကြည့်လိုက်
    ကိုယ့်ဘာသာ Sentence ဖွဲ ့ကြည့်လိုက်နဲ ့….
    မှန်လားမှားလား မေးဖို ့က အားနာသဖြင့် ရှက်လို ့မမေးတော့ပါဘူးဂျာ

  • မဟာရာဇာ အံစာတုံး

    May 10, 2012 at 3:34 pm

    မင်္ဂလာပါ တီချယ်ကြီး ခင်ဗျာ ..

    သားသားလည်း လေ့ကျင့်ခန်းလေးတွေ ဖြေကြည့်သွားပါတယ် …
    အမှားအမှန် စစ်ဆေးပါဦးလို့ …..

    (1) When people come to our house, we like them to make themself at home.
    (2) I’m going to get rid of these curtains. I don’t like them any more.
    (3) I couldn’t go to the Donation Ceremony held by Mandalay Gazette Group.
    I had to write a project, prepare a speech for Mothers’ Day,
    and study for an exam, not to mention teach my students everyday.
    (4) If there isn’t cream for our coffee, we’ll make milk do.
    (5) As long as you’re going to the drugstore anyway,
    buy me some aspirins.
    (6) My son is hard on shoes. Look at this pair.
    I bought him this pair a month ago.

    ဒါကတော့ ကိုယ်ပိုင် လေ့ကျင့်ခန်းလေးပါ …
    My brother is hard on computer. So, I store my computer away from him.

    မောင်ကျောင်းသား
    အံစာတုံး

    • TTNU

      May 10, 2012 at 10:01 pm

      မောင်အံစာရေ…
      (1) make themselves လို့ ပြင်မယ်နော်။ ဒါကလွဲလို့ perfect ပါ။
      ကိုယ်ပိုင်ဝါကျလေးလည်းလှပါတယ်။ hard on computers လို့ generalise
      လုပ်ရေးရင် ပိုလှမလားလို့။

      ကြိုးစားနိုးကြားတဲ့ အတွက် ချီးမွမ်းပါတယ်ကွယ်။

      • zarlay

        May 11, 2012 at 2:12 pm

        တီချယ်ရေးတာကိုပြီးအောင်ဖတ်ချင်ပေမယ့် အင်တာနက်က ၁ နာရီ ၄၀ဝ ဆိုတော့ပြီးအောင်မဖတ်နိုင်ပါဘူး sorry ပါနော်

  • nozomi

    May 10, 2012 at 3:51 pm

    တီချယ်ကြီး ခင်ဗျာ ကျောင်းခေါ်ချိန်မပြည့်လို့ ဆိုပြီး အနော်တို့ကိုတော့ ကျောင်းမထုတ်ပါဘူးနော် 😀

    ကိုယ့်ရွာသားတွေ အိမ်လာလည်လို့ ဝမ်းသာအားရနဲ့ Come in please, Make yourself at home. လို့ လူတိုင်းကိုတော့ မပြောမိစေနဲ့ နော် တီချယ်ကြီး တခြားသူတော့ မသိဘူး ဗိုက်ပေါက် (အရင်က ပေါက်ဖော် အခု ဗိုက်ကလေးဆိုတဲ့ ဆံရှည်ကိုယ်တော်လေ ) ဆိုတဲ့ လူတစ်ယောက်ကတော့ စကားတောင် ဆုံးမှာ မဟုတ်သေးဘူး ကိုယ့်အိမ်လို သဘောထားပြီး အကုန်ယူစားသွားမှာရယ် 🙂 🙂

  • TTNU

    May 10, 2012 at 9:47 pm

    မနောရေ…
    ဟိုတစ်နေ့က Facebook မှာတွေ့လို့ add မလို့ လုပ်နေတုန်းမီးပျက်သွားလို့။
    စာတွေလာဖတ်တာ ကျေးဇူးနော်။

    ဗိုက်ကလေးရေ…
    အင်္ဂလိပ်စာ ဝါသနာပါလို့ မေးချင်ရင် မေးပါ၊ အားမနာပါနဲ့။
    တီချာအားရင်အားသလို ရှင်းပြပါမယ် သားရယ်။

    နိုဇိုမီရေ…
    ခေါ်ကြိမ်မခေါ်တဲ့ အတန်းဆိုတော့ Freedom of Attendance ပေါ့နော။ 😛
    တီချာက Make yourself at home. လို့ ပြောပြီး စာမေးမှာနော်။

  • Khin Latt

    May 11, 2012 at 4:15 am

    တီချယ်ကြီး ရှင့်

    ဒီတစ်ပါတ် သင်ယူ ခဲ့ရတဲ့ “Make yourself at home” ဆိုတာလေးက ဘာမဆိုင် ညာမဆိုင် ဟတ်ထိသွားတယ်။

    အမေကြော်ပေးလိုက်တဲ့ ငါးကျီးကြော်လေး တွေ ကို ဆီတွေစွန်းမှာ စိုးလို့ မယူချင်ဘူး ဆိုပြီး ထားခဲ့မယ် လုပ်ပြီးမှ ညှိုးသွားတဲ့ အမေ့မျက်နှာကြောင့် စက္ကူ အထပ်ထပ်နဲ့ သယ်ခဲ့တယ်။
    အမှန်တော့ ဆီ ကအတော်လေး စစ်နေပြီးသားပါ။
    အခုတော့ ဟင်းချက်ပျင်းပျင်း နဲ့ အဲဒီ အခြောက်အခြမ်းတွေ ကို စားပြီး အလွမ်းဖြေနေရဆဲ ပါ တီချယ်ရေ။
    ခဏတွေ့ခဲ့ရပေမဲ့ ငယ်ပေါင်းတွေလို စကားတွေ ပြောမကုန်ဖြစ်ရတဲ့ အစ်မပဒုမ္မာ၊ မမ၊ ဝေဝေ၊ ကိုဘချော၊ မောင်ဂီ တို့ကိုလဲ လွမ်းပါတယ်။ 🙁

    ဒီရောက်တော့ အလုပ် ကို ပြန်ဝင်ချိန် “welcome home” ဆိုပြီး ပြောကြတယ်။
    “Isn’t it Nice To Be Home Again” လို့ မေးကြတယ်။
    Boss ကမေးတယ်။
    “ဟိုမှာပျော်ခဲ့ရဲ့လား။ ဟိုကနေ အခု ဒီမှာ အိမ်ပြန်ရောက်တော့ရော ပျော်နေသေးတယ် မဟုတ်လား” ဆိုပြီး နောက်သေးရဲ့။

    တကယ်က အဲဒီ “ဟိုမှာ” ဆိုတာက ကျွန်မရဲ့ အနှစ် ၃ဝကျော် ပျော်မွေ့ခဲ့တဲ့ ကျွန်မအိမ် ပါ။
    အခု အဲဒီ အိမ် မှာ ကျွန်မ ကို “Make yourself at home” လို့ပြောပြီး ထားခဲ့တာဆိုတော့ ကျွန်မဟာ ဧည့်သည် တစ်ယောက်လို ဘဲ တကယ် ဖြစ်နေတာလား တီချယ်ကြီးရေ။

    စာထဲက အကြောင်းကို ဆွေးနွေးသလိုနဲ့ အတည်ပေါက် ဝင်ပြီး လွမ်းချင်းချ သွားပါတယ်။ 😀
    ကျန်တဲ့ စာလုံးများကိုလဲ သေချာစွာ မှတ်ယူ သွားပါတယ်။
    တီချယ်ကြီး ရဲ့ အချိန် နဲ့ စေတနာ အတွက် အထူးကျေးဇူးတင်ပါတယ်ရှင့်။

    ချစ်ခင်လေးစားစွာဖြင့်
    မလတ်

    BTW Teacher …..
    I will love my mother country as long as I live.
    Nothing can get rid of my love.
    I do not want to mention even though it is hard living on our own.
    We have to make this life do (better) anyway.

    မှားရင်ပြင်ပေးပါနော် တီချယ်။ 🙂

    • TTNU

      May 11, 2012 at 9:16 pm

      မလတ်ရေ…
      မေးလ်ပို့ထားတယ်၊ ဖတ်လိုက်ဦးနော်။
      (အမေကြော်ပေးလိုက်တဲ့ ငါးကျီးကြော်လေး တွေ) ဆိုတဲ့နေရာလေးမှာ
      တီချာ့ အမေကို သတိရသွားမိတယ်။ တီချာ ၁၉၇၄ လောက်တုန်းက
      ဖောင်ကြီး သင်တန်းတက်နေတုန်းအမေက နို့မှုန့်ဘူးခွံကြီးထဲမှာ ပလတ်စတစ်
      စက္ကူတွေခံပြီး ပရစ်ကြော်တွေပို့ပေးတယ်။ စာတိုက်ကပို့ပေးရတာ။ သူငယ်ချင်းတွေ
      မျှဝေကြွေးရင်းနဲ့ ဒါတွေကြော်ရတာအမေ အညှော်တွေမိတော့မှာပဲလို့တွေးရင်း
      မျက်ရည်ဝဲမိခဲ့တယ်။ အမေကတော့ ” စားလို့ကောင်းလိုက်တာအမေရယ်”
      ဆိုတဲ့ ဝါကျ တစ်ကြောင်းထဲနဲ့ ကျေနပ်နေခဲ့ရှာတာပါ မလတ်ရယ်။ 🙁

  • ကြောင်ကြီး

    May 11, 2012 at 8:51 am

    တီချယ်ကြီးခင်ဗျား.. မှတ်သားသွားပါသည်။ အယင်တခေါက်က ခွေးနဲ့ကြောင်ပြီးတော့ မြင်းနဲ့နွား သိုးနဲ့ဆိတ် ကျားနဲ့ခြင်္သေ့ စတာတွေလည်း စီစဉ်ပေးဘာဦးလို့….။
    မဟာင်ဒါကြာဒဲ့ မဟာကြောင် 😛

  • ahnyartamar

    May 11, 2012 at 2:21 pm

    due to bad connection, i could not attend your class regularly but try to uplaod the page and take it even late to school.
    Thank you teacher.

  • TTNU

    May 11, 2012 at 9:59 pm

    ကိုကြီးကြောင်ရေ…
    တိရစ ္ဆာန်တစ်ရုံလုံးရေးမယ် သိလား။ဟွန်း။
    (မဟာင်ဒါကြာဒဲ့ မဟာကြောင်) ဒီစကားစုလေးသိပ်ကြိုက်တယ်။

    အညာတမာရေ…
    connection ညံ့တယ်ဆိုတော့ မောင်ရင် ပြည်တွင်းမှာလား။ 😛
    နောက်တာပါ။ ဖတ်ဖြစ်ရင် နည်းနည်းလေးတော့ အကျိုးရှိမှာပါ။

  • ကိုရင်စည်သူ

    May 11, 2012 at 10:03 pm

    ဆရာမကြီးရဲ့ တစ်ဝက်လောက်သာ သားသားတတ်လို့ကတော့
    လှေပေါ်မှာ သူကြီး မြေပေါ်မှာ သံအမတ် ဖြစ်နေလောက်ပြီ…
    ငယ်ငယ်ကလည်း အင်္ဂလိပ်စာဆို a e i o u လောက်ပဲ သိခဲ့တာကိုး…
    အများကြီး လေ့လာရဦးမယ် တီချယ်ကြီးရေ… 😎
    ငယ်ငယ်က စပီကင်သင်တုန်းက အစ်ဒီယန် အသံကြားရင်
    နားထဲကို တွန့်တွန့်ထွက်သွားတယ်…
    အစ်ဒီယန် ငယ်ကြောက်ကြီးလိုများ သား ဖြစ်နေပီလားမသိဘူး..
    မကြောက်တဲ့နည်းကလေးရှိရင်ပေးပါနော့… 😳 😳

  • မာမီရေ
    မာမီရဲ့ ကျောင်းသားမဖြစ်ဘဲတေ့လွဲလေး လွဲခဲ့ရတာကို နာတယ် လို့မှတ်ထားလိုက်ပါတယ်.

  • pooch

    May 12, 2012 at 11:21 am

    တီချယ်ရေ သိမ်းထားလိုက်တယ်။ အခုလောလောဆယ်စာကြွေးတွေ အရမ်းများနေလို့ ဖတ်စရာတွေပုံနေတယ်။ ရာသီဥတုက အရမ်းကို ပူလာတယ်တီချယ် ။ ကျန်းမာရေးလေး ဂရုစိုက်ပါအုန်းနော်။

  • komingalar

    May 12, 2012 at 8:50 pm

    Present ပါ တီချယ်
    Please may I go out
    အော်… ဒီအကျင့်ကမပျောက်သေးဘူး

  • blackchaw

    May 13, 2012 at 10:33 am

    နောက်ကျသွားတာ ခွင့်လွှတ်ပါ တီချယ်ကြီးခင်ဗျာ။
    ထုံးစံအတိုင်း အတန်းလာတက်သွားပါတယ်။

  • TTNU

    May 13, 2012 at 1:09 pm

    ကိုရင်စည်သူရေ…
    အီဒီယမ်ကိုတီချာလည်း အရမ်းမကြိုက်ဘူး။
    စကားပြောရတာလိုရင်းမရောက်သလိုပဲ။
    ဒါပေမဲ့ သူ့စကား သူ့သဘာဝအရ နည်းနည်းပါးပါး တော့
    တီးမိခေါက်မိထားတာမမှားဘူပေါ့ ကိုရင်ရယ်။ နော။

  • TTNU

    May 13, 2012 at 1:45 pm

    ကိုပေါက်ရေ…
    မရဘူး။ အခုလည်းတပည့်ပါပဲ။

    Poochရေ…
    အလုပ်များနေပြီမဟုတ်လား။
    I told you!

    komingalar ရေ…
    Please may I go out? တဲ့လား။
    အေးအေး သွားလေ။ ပြန်လာရင် စာ (၁၀)ခေါက်ထပ်ဖတ်ရမယ်နော်။

    ကိုချောရေ…
    မအားတဲ့ကြားကစာလာဖတ်တာ ကျေးဇူးတန်ခ နော်။
    ဘဝ ကြီးအိုကေရဲ ့လားဟင်။

  • Phaung Phaung

    May 14, 2012 at 10:09 am

    Teacher, are you teach English always in MG side ?? I would like to study your lesson and please accept to me as your pupil.
    တီချာ … ဖောင်းဖောင်းကိုလည်း တပည့်တယောက်လို သဘောထားပေးပါနော်။ အပေါ်မှာရေးထားတွေ
    ရော မှန်လားဟင်။ တီချာ့ လက်ချာတွေကို အမြဲသင်ယူပါ့မယ်နော်။

    • ကြောင်ကြီး

      May 14, 2012 at 10:19 am

      တီချယ်ကြီး အားဘူးကွဲ့.. ရိပ်သာဝင်နေလို့ သားတပည့် ဦးကြောင်ကြီးဂို လွှဲထားဂဲ့ဒယ်..။ ဖောင်းဖောင်း ဘာသိဂျင်လည်း မေးလေ.. အချစ်ယေး မေတ္တာယေး ရည်းစားယေး အိမ်ထောင်ယေး သံယောဇဉ်ယေး အာဝါဟဝိဝါဟယေး တဏှာပေမယေး အယေးစုံ မေးနိုင်ဘာဒယ်..။ ဦးကြောင်ကြီးဂ ကိန်းဗယစ်ဂျ်တက္ကသိုလ်ဂျီးဂနေ အင်္ဂုလိစာ ပါးယဃူဘွဲ့ ယူထားဒါ..။ ဖောင်းဖောင်းဂလေး မေးထားဒါဒွေအားလုံး မှန်ဘာဒယ်ကွယ်။ ဦးကြောင် မကြည့်ဘဲနဲ့ သိနေဒယ်.. ရှေးရေစက်ပေါ့ကွယ်..။ 😳
      ဖောင်းဖောင်းလေးဂို
      သောင်းပြောင်းထွေးပို
      ကျောင်းကောင်းပေးလို
      ဟောင်းလောင်းတေးဆို….။ 😎

      • TTNU

        May 14, 2012 at 12:17 pm

        ကိုကြီးကြောင်ရေ…
        ရှေးရေစက်တွေများနေပြီနော်။ ဘုံဘို်င်လုပ်လိုက်ဦး။
        စာလုံပေါင်း ပါရဂူဘွဲ့ ယူမလို့လား 😛

    • TTNU

      May 14, 2012 at 12:02 pm

      Phaung Phaung ရေ…
      (Teacher, are you teach English always in MG side ?? I would like to study your lesson and please accept to me as your pupil.)
      ဒီဝါကျမှာ ” Do you always teach English in MG site? I would like to study
      your lessons, so please accept me as your pupil.” လို့ ပြင်ပေးလိုက်တယ်နော်။

  • Khaing Khaing

    May 15, 2012 at 1:12 pm

    မင်္ဂလာပါဆရာမနု ……….. သမီးလေ နေမကောင်းလို့ ကျောင်းမတက်ဖြစ်ဘူး ……. အခုမှကျောင်းတက် တာပါချင့် သင်ခန်းစာတွေကိုအခုမှ အသည်းအသန်လိုက်မှတ်နေပါတယ်ချင့် ………. နောက်ဆို ကျောင်းလည်းနောက်မကျတော့ပါဘူးချင့် …………

    • TTNU

      May 15, 2012 at 9:05 pm

      ခိုင်ခိုင်ရေ…
      နေမကောင်းဘူးလား။
      စာတွေလည်းနေကောင်းတော့မှ ဖတ်ဖို့ ကူးထားနော်။

  • Phaung Phaung

    May 15, 2012 at 1:22 pm

    ကျေးဇူးတင်ပါတယ် တီချယ်ရယ်… အလွဲတွေသိပ်မများပါဘူးနော်.. ရှက်စရာကြီး အဟီးးး

    @ ဦးကြောင်ကြီး မနောက်နဲ့နော်… ဒါ့ပုံထဲမှာတော့မင်းသိင်္ခလိုလို ဘာလိုလိုနဲ့ …. အရေးပေါင်းစုံဟောနိုင်
    တယ်ပေါ့…….။ 😀

  • minhtetthar

    May 15, 2012 at 9:12 pm

    မှတ်သားသွားပါတယ် တီချာရေ…..
    တီချာရဲ့ ချစ်တပည့်လေးဝေယံ

Leave a Reply