“ရာဇာသံချောင်း” နှင်.”သုံးရက်ကြိုပြီးဘွတ်ကင်လုပ်”

၂၀၁၄ ခုနှစ် ပူပြင်းလှသောနွေရာသီ၏ နေ.တစ်နေ. ……။

သံချောင်းနေထိုင်ရာဖြစ်သော ပေါရိသာဒ သချင်္ိုင်းတွင်းသို.ဝင်လိုက်သည်နှင်.ဆိုင်းဘုတ်ခတ်ကြီးကြီးတစ်ခုကဆီးကြို

လျက်ရှိသည် ။ ကိုယ်.မျက်လုံးပင်ကိုယ်မယုံ နှစ်ခါပြန်၍ ဖတ်ကြည်.မိသည် ။

” ရာဇာသံချောင်း နာရေးအထွေထွေဝန်ဆောင်မှုလုပ်ငန်း”  တဲ.

သုဘရာဇာသံချောင်းသည် ရာဇာသံချောင်းဖြစ်၍နေပေပြီ  ……ယခင်က ပေါက်တူးတစ်ချောင်းဖြင်. အုပ်ဂူကြားတွင်

တွေ.ရသောသံချောင်းသည် ယခုအခါတွင် အပြောင်းလဲကြီးပြောင်းလဲ၍နေပြီဖြစ်သည်။

သံချောင်း၏အသွင်သဏ္ဍန်ကိုကြည်.ပါဦး …..ခါးတွင် မဲမဲပြားပြားလေးနှစ်ခုကိုချိတ်၍ နားရွက်နှစ်ဘက်တွင်လည်း

ချိတ်ကောက်လေးနှင်. ……ဘာပါလိမ်.ဟူ၍ သေချာကြည်.လေမှ သိရသည် ။

လွန်စွာအလုပ်များလေသောရာဇာသံချောင်းသည်ကား တယ်လီဖုန်းနှစ်လုံးအား ခါးတွင်ချိတ်၍ နားရွက်တွင်လည်း

Bluetooth တပ်ဆင်ထားခြင်းဖြစ်လေတော.သည် ။

ယခင်သံချောင်းနှင်. ယခုသံချောင်းအကွာကြီးကွာခြားသွားလေပြီ ။ အလောင်းမြှုတ်ရန် ပေါက်တူးဖြင်.မြေမတူးတော. …

စည်ပင်သာယာတွင်မြောင်းပုတ်ဖေါ်သည်.မြေတူးစက်ပေါက်စလေးအား အဟောင်းအစုတ်လေလံတွင် ဈေးပေါပေါနှင်.

ဝယ်၍ မြေတူးသည်မို. စက်မှုဖွံ.ဖြိုးသော နိုင်ငံတော်ကြီးနှင်. ရှေ.သွားနောက်လိုက်ညီနေသယောင် ……။

သို.နှင်.  ….. ရာဇာသံချောင်း အကြောင်းတွေးနေခိုက်  အနားသို. ကားတစ်စီး လာရပ်သဖြင်. ကြည်.လိုက်လေရာ ….

” ဗျို. …ကိုဆာမိ  ဘာတွေကြည်.နေတာလဲဗျ ”  ဟု ကားပေါ်မှ သံချောင်းမှ စ၍ နှုတ်ဆက်လေတော.သည် ။

” သံချောင်း …အဲ ..ရာဇာသံချောင်း …ဘယ်ကလာတာလဲကွ ၊ ကားတွေဘာတွေနဲ.ပါလား …”

သံချောင်းစီးလာသော ရန်ကုန်မြို.မှ နယ်နှင်လိုက်သည်. 90 မော်ဒယ် ဆန်နီဆူပါဆလွန်းအလုံး ကားလေးကိုကြည်.ရင်း

တအံ.တဩပြောလိုက်သည် ။

” အေးဗျာ …ကျုပ်မလဲ ကားတစ်စီးရပြီးကတဲက မနားရပါဘူးဗျာ …မိန်းမဈေးကြို ၊ ကလေးကျောင်းပို.နဲ.  …ဒီကြားထဲ

အသုဘဝန်ဆောင်မှု ကိစ္စတွေကလည်း ဖုန်းတဂွမ်ဂွမ်ဆက်ဆိုတော. …..အင်း …Secretary တစ်ယောက်လောက်များ

ငှားရင်ကောင်းမလားလို.ဗျာ ….” ဟုပြောရင်း ဆိုရင်း သချင်္ိုင်းအဝမှနေ၍ ကားမောင်းထွက်သွားလေတော.သည် ….။

***************************************

” ကိုဆာမိ ….ရှင်.မလဲ ဒီကားလေးတစ်စီးရပြီးကတဲက ကျွန်မအနားကိုမကပ်တော.ဘူး …အားအားရှိဒီကားဘဲ ပွတ်နေ

တော.တာဘဲ ….ကျွန်မတို.သားအမိတတွေလဲ ကားဝယ်ပြီးတာတစ်လလောက်သာရှိတယ် စီးကိုမစီးရသေးဘူး “

မနက်စောစောစီးစီး မဒမ်ဆာမိ ပွမ်နေလေပြီ ။ ကြားနေကြ နံနက်ချိန်ခါတေးသံသာမို. ကိုဆာမိအတွက် ဘာမှမထူးခြား ။

ဟုတ်တော.လဲဟုတ်သည် …..လူမစီးသည်. ကျူကျူသရီးချယ်ရီဝါဂွန်လေးကို ပြီးခဲ.သည်.လက ကုမ္မဏီက ခြောက်

လဆိုင်းအကြွေး ပေးနိုင်မှပေးစနစ်ဖြင်. ရောင်းပေးလိုက်သည်မို. ဆာမိတစ်ယောက် ကိုယ်ပိုင်ကားလေးရလိုက်သည် ..။

သို.သော် ……လမ်းလျောက်သလောက်ပင်မြန်အောင်မောင်းမရသော ကျပ်တည်းလှသည်.ရန်ကုန်လမ်းများတွင်

ဆာမိ ကားမမောင်းရဲပါ …..မတော် ကိုယ်.ကိုပွတ်သွား တိုက်သွားရင်ဒုက္ခ ………..

ဒီတော.  ….တစ်မျိုးစိတ်ကူးမိသည် ……

” ကဲ  ကဲ  မင်းတို.သားအမိတွေကားစီးချင်သပဆိုရင် ဒီလောက်ကျပ်တဲ.နေ.ခင်းမှာတော.မဖြစ်ဘူးဟေ.  ….စီးချင်ရင်

ညသန်းကောင်ကျော်  နေပြည်တော်အမြန်လမ်းမှာ ထွက်မောင်းကြမယ်  …ဘယ်လိုလဲ ..”

” သိပ်ရတာပေါ. ကိုဆာမိရယ် ….ကိုရီးယားကားကြည်.ပြီး မအိပ်ဘဲကိုစောင်.နေမယ် “

သို.နှင်. ……ညသန်းကောင်ကျော် ထိဇွဲကြီးစွာဖြင်.စောင်.နေသော ကားစီးချင်လှသည်.မဒမ်ဆာမိတို.သားအမိအား

QQ3ချယ်ရီဝါဂွန်လေးပေါ်တင်၍ ထောက်.ကျန်.ဘက်သို.တရွေ.ရွေ.နှင်.မောင်းနှင်လာခဲ.ပါတော.သည် …….။

မောင်းချိန်နှစ်နာရီခန်.ကြာအောင် မြို.ထဲမှနေ၍ ထောက်ကျန်.ဘက်သို.မောင်းရသည် …..။

” ရွှီး ….”

ဝစီသံကြားတော. ကိုယ်.ကိုတားပြီဆိုတာသိလိုက်ပြီ ။ အနားသို.မော်တော်ပီကယ်တစ်ဦးရောက်လာသည် …

 ” ဒီက အစ်ကိုတို.က ဘယ်သွားမလို.လဲဗျ ”  ဟု မော်တော်ပီကယ်ပေါက်စကမေးလေသည် …..

“ဪ ….မြို.ထဲမှာကားကျပ်လွန်းလို. မောင်းဘူးတယ်ရှိအောင် အမြန်လမ်းမှာထွက်မောင်းမလို. …”

 ” ဒါဆို ..ဘွတ်ကင်လုပ်ပြီးပလား ”
” ဗျာ “

” ဟုတ်တယ်ဗျ ….အမြန်လမ်းမှာလည်းကားတွေကျပ်နေလို. မောင်းချင်တယ်ဆိုရင်သုံးရက်ကြိုပြီးဘွတ်ကင်လုပ်ပေးပါ “

” ဟုတ်ကဲ. ဟုတ်ကဲ.   “

ကဲ …..မဒမ်ဆာမိရေ ….ကြားတယ်မဟုတ်လား …သုံးရက်ကြိုပြီးဘွတ်ကင်လုပ် …………………………….။

20 comments

  • water-melon

    May 10, 2012 at 8:46 am

    အဟိ
    ကိုကြာမိကတော့လုပ်ပြီ
    ကားကြပ်တာတော့ကိုယ်တွေ့ ရန်ကုန်မှာ
    ပြန်မဲ့နေက ပါရမီ မီးပွိုင့်က ပျက်ပြီး လမ်းပိတ်နေတာ
    ကားမမှီတော့ဘူး ထင်ပြီး ဘုရားစာတွေရော အကုန်ရွတ်တာ
    တော်သေးလို့ ကားသမားအမြန်မောင်းပေးလို့ ကားဂိတ်ရောက်တာ
    လူလည်းရောက်ရော ကားကထွက်ရော
    အဟိ

    • etone

      May 10, 2012 at 9:00 am

      ဟဲ့ဖြဲမ … အဲ့ဒီကားတွေကြပ်နေတာ .. နာတို့ စက်ရုံက ပရိုဒတ်ရှင်းမန်နေဂျာ ကကြီးမရဲ့ ..ကားနဲ့ ရွှေဧည့်သည်နဲ့ မိတ်ဆက်လို့တဲ့ဟဲ့ … ။ ရန်ကုန်မှာလည်း ဆိုးပါတယ်အေ … တစ်ခုခု အက်စီးဒန့်ဖြစ်ကြည့် … လမ်းက ပိတ်တာ အရင် … သူ့လမ်းက ဆပ်ပြာခွက်သာသာပဲရှိတာကိုး …။
      အဲ့ဒီနေ့က ကားတိုက်မှုက … signal မပြပဲ မီးနီတယ်ဆိုလားပဲ … ။ တစ်ဖက်က ကားကလည်း … အလွတ်မောင်း .. တစ်ဖက်ကလည်း …တည့်တည့်မောင်းနဲ့ … ဂျိုစောင်းချင်း ခတ်ကြလေရဲ့ … ။
      သူပြောတော့ သူ့အမှန်ပေါ့အေ .. ဒါပေမယ့် … ဘဲဥတွေ ဆုံးဖြတ်တဲ့အတိုင်းဆိုတော့ ကိုယ့်ဘက်က အမှားဖြစ်နေတယ် … ။ အဖြစ်မှန် ပြန်ကြည့်ရအောင်လည်း စီစီတီဗွီ ကင်မရာက တပ်မထား … ၊ မီးနီ ကြိုသတိထားရအောင်လည်း ဒစ်ဂစ်တယ်မီးပွိုင့်မဟုတ်လို့ ….. ။

      အခုမိုးတွင်းရောက်တော့မယ် .. လမ်းမပေါ် ရေတွေဝပ်၊ရေကြီးတဲ့အခါ … အဲ့ဒီ ချယ်ရီဝက်ဂွန်လေးတွေရဲ့ ….. ရေစိုခံနိုင်မှုကိုမြင်ရတော့မှာပါ … ဟိဟိ …. 😛

      • ထုံးဘဲဥ

        May 10, 2012 at 10:38 am

        ဟဲ့ ဟဲ့ အာပျိုဂျီး သများနဲ့ ဆိုင်ဘူးနော် ။ 😆

  • windtalker

    May 10, 2012 at 9:04 am

    နေပြည်တော် လမ်းပေါ်မောင်းတော့မယ်ဆိုရင် တူးဒိုးတွေကို သေချာ ဂရုစိုက်ပါနော် ကိုဆာ ။ သူရို့ က ဗျောက်လဲဖောက်တတ်တယ် ဆိုလား

  • etone

    May 10, 2012 at 9:36 am

    ကိုဆာမိရေ ..ပညာသားပါပါနဲ့ ရေးထားတဲ့ သရော်စာလေးတစ်ခုပါပဲ … လက်မထောင်သွားပါတယ်ဗျို့

    ဒါနဲ့ … ချယ်ရီကားကိုညဘက် မြို့ပြင်ထွက်မောင်းလျှင် ..ဟို စူပါကာစတမ်ကြီးဆို … ဘယ်အချိန် မောင်းပါလိမ့် .. အဟိ (နည်းနည်းဖွခဲ့ပြီ ) ဒက်ဂလောက် .. ဒက်ဂလောက် …

    • surmi

      May 12, 2012 at 11:15 pm

      တော်တော်ကြောက်ဖို.ကောင်းတဲ. မှတ်ညဏ် …။ မသိတာဘာရှိသေးသတုန်း …..။

  • ဦးဦးပါလေရာ

    May 10, 2012 at 10:11 am

    2014 ကို ကြိုမြင်ထားတာတော့ သဘောကျသွားပြီ..။
    ကားတွေက အခုကို ရပ်ကွက်တွေထဲမှာ မနိုင်မနင်းဖြစ်နေပါပြီ။
    သိပ်မကြာခင်ပဲ ရပ်စရာလဲမရှိ မောင်းလို့လဲမရတဲ့ အဖြစ်ကို ရောက်တော့မှာ။

  • ဆူး

    May 10, 2012 at 10:20 am

    ဘိုကင် ခေတ်တောင် ရောက်နေပြိလား။
    ကားကြပ်လို့ ဘယ်မှ ကို မသွားချင်တာတော့ အမှန်ပဲ..
    ကားလည်း မောင်းရတာ စိတ်ပျက်စရာ ကောင်းတယ်။ နေကပူပူ ကားက ကြပ် နဲ့.. လိုရာကို မရောက်နိုင်ဘူး။ လမ်းပေါ်မှာတော့ ကားကောင်းတွေ တော်တော် များလာတယ်။

  • Thel Nu Aye

    May 10, 2012 at 10:50 am

    မနက်ကပဲပြောသွားတာကြားလိုက်တယ်သတင်းထဲမှာ။ အာဆီယံနိုင်ငံတွေမှာ ပြည်သူလူထုကားပိုင်ဆိုင် မှု့နှုန်းက လူ ၁၀၀ဝ မှာ ၁၃ ယောက်ရှိတယ်တဲ့။ မြန်မာနိုင်ငံမှာတော့ ၁၀၀ဝ မှာ ရ ယောက်ပဲပိုင်သေးလို့ အာဆီယံနှုန်း လူ ၁၀၀ဝ မှာ ၁၃ ယောက်နှုန်းကားပိုင်အောင်လုပ်မယ်ဆိုပဲ။ အဲဒါနဲ့မနက်ကတဲ့ကစဥ်းစားနေ တာ။ အခု ကိုဆာမိပိုစ့်တက်လာမှပဲ အဖြေပေါ်တော့တယ်။ လူ ၁၀၀ဝ မှာ ၁၃ ယောက်နှုန်းသာကားပိုင် သွားရင် ကိုဆာမိပြောသလိုပဲ ဖြစ်သွားမှာအသေအချာမို့ လက်မတချောင်းထောင်သွားပါကြောင်း။

  • kyeemite

    May 10, 2012 at 1:07 pm

    အင်း..တရုတ်ချယ်ရီ တောင် ၁၅၅သိန်းဆိုဘဲ..
    အဓိကကတော့ ဆီစားသက်သာလို့ တက်စီလုပ်မဲ့ သူတွေ
    အလုအယက် ဝယ်နေကြတာ…အိမ်စီးဘို့ဝယ်တဲ့လူနဲပါတယ်..
    အီးတုံးပြောသလို ဘယ်နှစ်မိုးခံမလဲစောင့်ကြည့်ရမယ်..

  • surmi

    May 10, 2012 at 1:08 pm

    လူတိုင်းကားစီး ၊ လူတိုင်းချမ်းသာ …ကောင်းတာပေါ.ဗျာ …
    ဒါပေမဲ. …အဆင်သင်.မဖြစ်သေးတဲ.အချိန်မှာ အမျိုးမျိုးသော အမိန်.တွေထုပ်ပြန်နေတော.
    ဘာလုပ်လုပ်မှားနေတဲ. …
    ဘာမှလဲလုပ်လို.မရတဲ. …ကျုပ်တို. ငိုရမလား …ရီရမလား ….
    ကိုယ်.လူကိုယ် မ,တဲ. အစိုးရဘဲအပြစ်တင်ရမလား …. လား …..လား …….

  • may flowers

    May 10, 2012 at 1:18 pm

    သရော်ချက်လေး..ထိမိပါသောကြောင့် ..လက်မထောင်သွားပါကြောင်း။

  • ဟုတ်တယ် ကိုဆာမိ လုပ်ချင်တာသာသိတယ်
    ကြိုတင်ပြင်ဆင်မူ့မရှိတော့ ပြဿနာတက်ကုန်တာပေါ့။

  • ဗိုက်ကလေး

    May 11, 2012 at 12:02 pm

    နောက်ခါ ဘွတ်ကင် လုပ်စရာမလိုဘူး
    ကျုပ်နာမည်ပြောလိုက်..
    ကျုပ်က အဘိုးကြီးမြေး မောင်မောင်ဗိုက်..
    ဒါပဲ..
    အဘိုးကြီးကို ရိပ်သာပို ့ဖို ့ ဘွတ်ကင်လုပ်လိုက်ဦးမယ်
    ဘိုင့်လဘိုင်..

  • ဟိုက် အဘိုးကြီးမြေးဆိုလို ့ အကြွေးတောင်းမလို ့လိုက်နေတာ မိပြီ။မပြေးနဲ. ့
    ဘွတ်ကင်နဲ ့စောင့်တော့ မလုပ်နဲ ့နော်။ဟီးးး

    • ဗိုက်ကလေး

      May 12, 2012 at 7:59 pm

      အကြွေးတောင်းချင်လဲ ဘွတ်ကင်လုပ်ရမယ်..
      အကြွေးလာတောင်းတဲ့လူတွေများလို့ တိုကင် နံပတ် ကြိုတင်လာယူပါ

  • surmi

    May 12, 2012 at 11:12 pm

    ဟင် ………၂၀၁၄ မှဘွတ် ရမယ်ထင်တာ ..
    ခုကတည်းကလုပ်ရမယ်ဆိုတော. ……မလွန်လွန်းဘူးလား ကိုဗိုက်ရယ် …..။
    အင်း ……ဇောက်တိဇောက်ထိုးတော.ဖြစ်ကုန်ပြီထင်ပ …..
    ဒီနေ.ကားပြပွဲလည်း စိတ်နာလို. မသွားဖြစ် ….။

  • Mr. MarGa

    January 30, 2013 at 7:09 pm

    ၂၀၁၄ မှာ ချယ်ရီဝက်ဂွန် စီးတုန်းလား ဦးဆာမိရဲ့
    ဒိတ် အောက်နေပါပေါ့
    ဦးမာဃ ကတော့ နတ်ရထားပဲ စီးတာ
    ဒါနဲ့
    ၂၀၁၄ မှာ အဲဒီ လှည်းတန်းခုံးကျော်တော့ ပြီးလောက်ပါတယ်နော်

  • ရာမည

    January 31, 2014 at 12:07 pm

    ကူးယူဖေါ်ပြခွင့်ပြုပါခင်ဗျာ

Leave a Reply