ဦးပေါက် နဲ့ Mလုလင် ရိုက်ပွဲ (ကျိုက်ခေါက်)

Mလုလင္May 10, 20123min32335

ကျွန်တော် နဲ့ ဦးပေါက် နဲ့ ကျိုက်ခေါက် ဘက် ခဏ သွားရင်းရိုက်ဖြစ်ထားတာ လေးတွေပါ။
မွန်းတည့်ချိန် မို့ ဘုရားပေါ်မှာ ခုန်ဆွခုန်ဆွ ပြေးခဲ့ရတာ ကတော့ အမှတ်တရ ပါပဲ ….။

၁။ ကျိုက်ခေါက် (၁)
၂။ ကျိုက်ခေါက် (၂)
၃။ ကျိုက်ခေါက် (၃)
၄။ ကျိုက်ခေါက် (၄)
၅။ ကျိုက်ခေါက် (၅)
၆။ ကျိုက်ခေါက် (၆)
၇။ ကျိုက်ခေါက် (၇)
၈။ ကျိုက်ခေါက် (၈)
၉။ ကျိုက်ခေါက် (၉)
၁၀။ ကျိုက်ခေါက် (၁၀)
၁၁။ ကျိုက်ခေါက် (၁၁)
လေးစားစွာဖြင့်
Mလုလင်

35 comments

  • Mလုလင်

    May 10, 2012 at 1:21 am

    ဦးပေါက် ရေ … အတွေးပါးပါးလေးတွေ ထည့်ရေးပေးပါဗျို ့ …..။

  • surmi

    May 10, 2012 at 1:28 am

    ဘယ်ပုံဦးပေါက် ၊ ဘယ်ပုံလုလင်လဲ ဟေ
    ပုံတွေအားလုံးကြိုက်တယ် ။
    အထူးသဖြင်. အပြင်မှာမထူးခြားပေမဲ. ဓတ်ပုံထဲမှာ ထူးခြားသွားတဲ.
    ခေါင်းလောင်းပုံလေးကိုကြိုက်တယ် ………။

  • Inz@ghi

    May 10, 2012 at 4:13 am

    ၅-၈-၁ဝ အလွန်ကြိုက်တယ်ဗျို့ …..

    ၁၀-၂၂မမ ဝယ်တော့ ကိုယ့်ဆြာရေ…..

    ကြပ်တာမဟုတ်ပါ…

    😀

  • weiwei

    May 10, 2012 at 8:14 am

    ပုံ ၆ ကို ဆင်ဆာဖြတ်မယ် … 😛 😛

  • water-melon

    May 10, 2012 at 8:37 am

    အကုန်လုံးကို
    ကစ်သွားပါတယ်
    ကြိုက်လွန်းလို့ 😀

  • အဲဒီနေ့က သွားရတာပျော်စရာကောင်းပေမယ့် နေမွန်းတည့်ပူပူမှာ
    ကျောက်ပြားပေါ်လမ်းလျှောက်ရတာ ခြေဖဝါးကို မီးကင်ထားသလိုပါဘဲ။
    ကျိုက်ခေါက်ပေါ်တက်ရိုက်တော့ ထူးခြားတာကတော့ ခြင်္သေ့လည်ပြန်လေးပါဘဲ။.
    အားမရလို့ အထပ်ထပ်အခါခါရိုက်ကြတာပါ။
    နောက်ဆင်ဆာဖြတ်တယ်ဆိုတဲ့ ယောက်ျားနဲ့မိန်းမပုံက တော့ ဘုရားအနောက်ဘက်ဒေါင့်
    လိုချင်တဲ့ပုံရအောင် ပိတ်ထားတဲ့သံတံခါးကြားက ခက်ခက်ခဲခဲရိုက်ယူရတာပါ။
    နောက်တော့ အအေးသောက်လို့အမောဖြေရင်း မဝေတို့ လိုက်ပို့လို့ရောက်ဘူးတဲ့ ကျိုက်ဒေးဝဘုရားကို ထပ်သွားချင်တော့ မဝေဆီဖုန်းဆက်မေး။
    နေပူထဲမှာအပြေးအလွားထပ်သွား။
    လေပေါရင်း စကားတွေပြောရင်းသွားတော့ လမ်းတွေမှား။
    နောက်တော့ အမောပြေအောင်နားပြီးမှ ဘုရားပေါ်တက်ရိုက်အဲဒီမှာလဲနေကပူတာပါဘဲ။
    ကျနော်က ညခရီးသွားမှာဆိုတော့ သုံးနာရီလောက်မှာ ပြန်လာကြပါတယ်.။
    အမှတ်တရ ပြောရရင် ကျနော်က တံတားပေါ်ကနေ လက်ဆော့ ချင်တယ်ပြောတော့ ကားလေး ခဏရပ်ထားချိန် ဘေးနားက ကားတွေဖြတ်သွားရင် တံတားကြီးကလှုပ်လှုပ်………..လှုပ်လှုပ်နဲ့ဆိုတော့၏
    သားသားကြောက်ကြောက်ပါဘဲ။
    ဒီပို့စ်မှာလဲ ဘယ်သူဘယ်ပုံရိုက်တာဖြေကြပါ။
    မှန်ရင် မုန့်ကြွေးပါမည်။

  • windtalker

    May 10, 2012 at 9:12 am

    ပုံတွေအားလုံးကို ကြိုက်ပါသည်။ ကျိုက်ခေါက် ဘုရားသို့ လာဖူးနိုင်ရန် ကြိုးစားရပါဦးမည်။

  • ဆူး

    May 10, 2012 at 9:32 am

    ဟားဟား.. မျောက် နှစ်ကောင် သိပ်ချစ်နေကြပါလား..
    ပုံတွေကတော့ ကာလာ အရောင် စပ်တာ တမျိုးလေးပဲ။

  • Thel Nu Aye

    May 10, 2012 at 10:06 am

    လှလို်က်တာ။ ကိုယ်တွေသွားတော့ပုံထဲကလောက်မလှဘူး။ ပညာရှင်နဲ့တွေ့တော့မှပဲ အဲနေရာရောက်ဖူးတာ ဟုတ်ရဲ့လားလု့ိ ကိုယ့်ကိုကိုယ် သံသယဖြစ်မိတယ်။ မျောက်အုံးသီးကတော့ လေးပေါက် ရိုက်တာ။ မှန်တယ် မဟုတ်လား။ ဆုပေးတော့။ ဟီဟိ

  • jujuma

    May 10, 2012 at 10:09 am

    ကျိုက်ခေါက်မှာရိုက်တဲ့ပုံတွေချည်းပဲနော် ..
    ကျိုက်ခေါက်ရောက်မှတော့ ရေလည်ဘုရားဘက်သွားပီး ရိုက်ခဲ့ပြီးရော..
    တင်ပေးအုံးနော် ရေလည်ဘုရားပုံလေးတွေ…လိုချင်လို့ 😀
    ကူးယူသွားပါ၏ ခွင့်ပြုပါ …..

  • မှော်ဆရာ

    May 10, 2012 at 10:19 am

    5 နဲ့ ၈ နဲ့ ကို ကြိုက်တယ်ဗျို့ ..

    • Mလုလင်

      June 16, 2012 at 5:33 am

      အဲ့ဒီ့ နှစ်ပုံ လုံး က လေးပေါက် လက်ရာ တွေပေါ့ဗျာ။

  • Diamond Key

    May 10, 2012 at 10:40 am

    အမယ် … အမယ် …. သူတို့ နှစ်ယောက် ချစ်နေလိုက် ကြတာ၊ (ပုံ ၁၁ လေးပြောပါတယ် :mrgreen:)
    ဆြာနှစ်ဦး ရိုက်ချက်ဆိုတော့ လန်ထွက်နေတယ်။
    အားကြထှာ 😀

  • ကျိုက်ခေါက်လို့ပြောပေမယ် တကယ်တမ်းကျတော့ ကျိုက်ဒေးဝဘုရားနဲ့ ကျုိုက်ခေါက် ဘုရားနှစ်ဆူကိုရောထားတာပါ။
    ရေလည်ဘုရားကတော့ 2011 ကရောက်ပြီးတာရယ် အချိန်မရတာရယ်ကြောင့် ရယ် နေက အနောက်ဘက်ရောက်သွားတာကြောင့်မရိုက်ဖြစ်တာပါ

    • Mလုလင်

      May 10, 2012 at 11:42 am

      ဟုတ်တယ် ဦးပေါက် ရေ .. ကျိုက်ခေါက် ခရီးစဉ် ဆိုပြီး တင်ချင်တာ .. ကျိုက်ခေါက် ပဲ ဖြစ်သွားတယ်..။ ကျိုက်ဒေးဝ ပုံလေး တွေနဲ့ ရောသွားတယ်။

  • manawphyulay

    May 10, 2012 at 11:48 am

    ပုံတွေအကုန်လုံးကတော့ ရှယ်တွေကြီးပဲ… ဆြာတွေများကျတော့လည်း ဘယ်လိုရိုက်ရိုက် လက်ရာမြောက်နေတာပါပဲ။ ဒါတောင် လေးလေးစိန်သော့မပါသေးဘူး။ ဟူး မလွယ်ဘူး ဓာတ်ပုံရိုက်စားဖို့တော့ မစဉ်းစားတော့ဘူး။

  • Shwe Tike Soe

    May 10, 2012 at 3:40 pm

    အော်ရိုက်ကြပြန်ပြီး သူတို.နှစ်ယောက်တွေ.လိုက်ရင် သိပ်ကြောက်စရာကောင်းတာ ရိုက်ပွဲခဏ ခဏဖြစ်ကြတယ်…
    သူတို.ကြတော့ ရဲမဖမ်းဘူးတော့…. တစ်ယောက်နဲ.တစ်ယောက် သေအလဲရိုက်ကြတာကိုးအေ…. ဟိဟိဟိ 😀
    အားပေးသွားပါဒယ်နော်…

  • တညင်သား

    May 10, 2012 at 4:01 pm

    နံပါတ်(၂)ပုံနဲ့ ခေါင်းလောင်းပုံက ကျိုက်ဒေးဝ ဖြစ်မယ်…
    လေးပေါက် တံတားပေါ် ဆင်းခဲ့သေးလား ကားရပ်ရင် ဒဏ်ငွေ ဆောင်ရနိင်တယ်နော်…..သတိ

    • Mလုလင်

      May 10, 2012 at 8:59 pm

      ဒဏ်ငွေ တော့ လာမဆောင်ခိုင်းဘူးဗျ .. အဟီး .. ကားပျက် သလိုလို ဘာလိုလို လုပ် လိုက်တယ်ဗျာ .. အဟီး .

  • Khaing Khaing

    May 10, 2012 at 4:09 pm

    ချစ်သူတွေသွားရင် ကြိုက်ပြီးခေါက်ခံရမှာစိုးလို့ သွားဖူးသေးဘူး ……. အခုချိန်အခုအခြေအနေနဲ့ဆို ကျိုက်ခေါက်ဘုရားကိုသွားလို့ရမယ် ထင်တာပါပဲ ……….

  • ကားရပ်ဘို့ပေးထားတဲ့နေရာမှာ ခဏရပ်တာပေါ့။
    ပြီးတော့ကားစက်ဖုံးကိုဖွင့်ထားလိုက်တာပေါ့။
    နောက်တော့ ဓါတ်ပုံရိုက်တာပေါ့။

    ညီလေးတညင်သားရေ

  • Mလုလင်

    May 10, 2012 at 9:02 pm

    ဒီ ပိုစ့်ထဲမှာ ပုံ နှစ်ပုံ က ထူးခြားနေတယ် ဗျာ .. အဲဒါလေး .. ပြောပြနိုင်ရင် ပြောပြ ကြပါလားဗျာ … တီတီ ဝေဝေ မပါဘူး နော် .. 🙂 ….

  • ရွာစားကျော်

    May 10, 2012 at 9:54 pm

    ၂.. ၅.. ၈.. ၁ဝ အလွန်ကြိုက်တယ်
    အနီရောင် မော်ဒလယ်လေး ပါတဲ့ ပုံနှစ်ပုံလား..

    • Mလုလင်

      June 16, 2012 at 5:35 am

      တစ်ပုံ ပြောပြမယ် … ပုံ 10 မှာ ခြင်္သ့ ခေါင်းက ရှေ ့တည့်တည့် ကိုမလှည့်ပဲ .. ဘုရား ဘက်ကို လှည့်နေတယ်။

  • ဗိုက်ကလေး

    May 11, 2012 at 11:52 am

    အောက်ဆုံးမှာ အံဇာဒုံးတို ့အမျိုးကို ပန်းပု ထုထားပါကလား.. 😆

    • မဟာရာဇာ အံစာတုံး

      May 13, 2012 at 4:31 pm

      တွေ့ရား .. တွေ့ရား ..
      အောက်မှာ ဖေဂျီး ပြောထားတာ တွေ့ဒယ် မီဟုတ်လား ..
      နာဒို့အမျိုးက ဘယ်လောက်စွမ်းလဲ တွေ့ပီ မီဟုတ်လား … အဟဲ ..
      😀

  • အဲဒီ မျောက်ချစ်သူရုပ်ကို ဆောင်ထားရင် သမီးရီးစား လင်မယားမကွဲဘူးဆိုလို့ ကျနော်တို့တောင်ဝယ်လာသေးတယ် 2ခု

  • ahnyartamar

    May 11, 2012 at 3:25 pm

    သွေးထွက်သံယိုမဖြစ်ဘဲ ပုံလှလှလေးတွေ ထွက်လာလို့ တော်သေးတာပေါ့။

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 11, 2012 at 3:34 pm

    အင် …. ဦးပေါက်ပြောမှပဲသိတော့တယ် …. မျောက်ရုပ်လေး ပြေးဝယ်ဦးမှ …

  • pooch

    May 13, 2012 at 1:13 pm

    လေးပေါက် ရေ နောက်ကျနေတာ ခွင့်လွှတ်ပါဗျို့
    ဒီနေ့မှ အားလို့ပါ။
    အနော်ကတော့ လေးပေါက် အကုန်ရိုက်တာလို့ ထင်ပါတယ် ။ မှန်ချင်မှန် မှားချင်မှား ဒီတခါ တွေ့ရင် မုန့်ဝယ်ကျွေးပါ ဦးလေးပေါက်။ ဒါဆို အန်တီရှယ်လီ့ကို ဘာဆို ဘာမှ မတိုင်တော့ပါဘူး ။ :mrgreen:

    စကားမစပ် လုလင်ရဲ့ ဆုရပုံလေး ဖေ့ဘုတ်မှာ တွေ့လိုက်ပါတယ်။ ဝမ်းသာပါတယ်။ တို့ရွာက ဆရာတွေ လက်စွမ်းထက်တော့ ရွာလည်း ဂုဏ်တက်ရပါတယ်။

    • Mလုလင်

      May 13, 2012 at 1:26 pm

      ကျေးဇူးပါ တီတီပုရှ် ရေ .. ဆန်အိုး တည့်တည့် တိုးတဲ့ ကောင်းတဲ့ ကံ ကိုပဲ လွှဲချ ရမှာပါ ..တီတီ ရေ။

  • ကျိုက် ခေါက် က ဂူ တွေ ရိုက် ဘို့ ထပ် သွား ပ ါဦး မည် ။
    ကြံ စည်ပြီး မှ မ ရောက် ဖြစ် သေး ပါ ။

Leave a Reply