လူလိမ်
လူလိမ် ဆိုရာဝယ်  သိက္ခာ ရှိစွာ လိမ်ခြင်း နှင့်  သိက္ခာ မဲ့စွာ လိမ်ခြင်း ဟု  အမျိုးအစားခွဲခြားကြည့်ကြပါစို့  ။
ဒင်းသည်  လွန်စွာ ချိုသာ၏ ။  သို့ သော်….ဒင်းသည်  လွန်စွာ  လိမ်ညာတတ်ပေ၏ ။
ဒင်းကြောင့်ပင် ဖြေရှင်းချက်များစွာ ထုတ်ရ၏  ။   ဒင်းကြောင့်ပင်  လူတို့ ၏  မယုံသင်္ကာမှု  အပြုခံရ၏ ။
ရံဖန်ရံခါတွင်မတော့  ရည်ရွယ်ချက် ရှိရှိ လိမ်ညာပြန်လေ၏ ။
………..   လူလိမ်မ………….။
“…လူကြီးမင်း ခေါ်ဆိုနေသော  တယ်လီဖုန်းမှာ  စက်ပိတ်ထားပါတယ်ရှင်…”
နိဂိမိ  ဘယ်သော အခါမှ  စက်မပိတ်ပါ ။  ပေါ်တင်ကြီး လိမ်ညာနေသည် ။
အလွန် သိက္ခာကင်းမဲ့စွာ…..အရှက်မရှိစွာ…..ကြိုက်သလို ထင်ကွာ….ဘောပဲ…..
ဆိုသည့် အချိုးမျိုးနှင့်  ပက်ပက်စက်စက် လိမ်ညာနေ၏ ။
ပြီးခဲ့သည့်  ၂ လပိုင်းမှ စတင်ပြီး  ရွာထိပ်တွင်  တန်ဖိုးနည်း GSM တာဝါတိုင်  စခန်း ဆောက်လုပ်ရေး
စတင်ခဲ့သည် ။  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  GSM  SIM  CARD  ဈေးရောင်းပွဲကြီးကလည်း နီးလာပြီ ။
ဒီတော့ ဈေးရောင်းပွဲကြီး အမှီ  ယာယီ တာဝါတိုင်  အသေးကို တပ်ဆင်ကြသည် ။
အဆောက်အဦး ဆိုတာကလဲ  အင်္ဂတေ အသားကျက်အောင် စောင့်ရသေးသည် ။
ခက်သည်က သည်ရွာမှာ  လျှပ်စစ်မီးက မရှိ ။  ပြောင်ပြောင်လက်လက် အပြားတွေ တပ်ဆင်တာ မြင်တော့
မောင်မင်းသားကြီးတွေ  Solar ပြားနှင့်  လျှပ်စစ်ထုတ်မည် ဆိုတာကို သိရသည် ။  ဂေဇာတ်မှာ  အော်နေကြတဲ့
၅ ထောင်ဖုန်း ရဲ့  တာဝါတွေကတော့  ဘယ်လိုနေမလဲမသိ ။  ဆက်သွယ်ရေး ရဲ့ GSM  ကွန်ယက် တာဝါတိုင်
တာဝါတိုင် တခုတခု ထောင်ဖို့ အတွက်ကို  အတော့်ကို ကုန်ကျစားရိတ်များမည် ထင်၏ ။
Fiber Optic Cable  တခုနှင့် တခုကြား  ဆက်ထားသော  Joint  Box  တခုလျင်ပင်  ကျပ် ၁၀ သိန်း ကျော်သည်ဟု  ဆိုသည် ။
…………………………………….။
အဆောက်အဦးမှာ  တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။  မကြာမီ ဈေးရောင်းပွဲကြီးလည်း စတင်တော့မည် ။
ဘယ်တုန်းကမှ  GSM  သုံးလို့ မရခဲ့သော  ကမ်းရိုးတန်း ဒေသမှာ  နိဂိမိ  G  သုံးခွင့်ရတော့မည် ။  ကျေးဇူးကြီးမားပေစွ ။
၃ လပိုင်း၏  တခုသော နေ့ လည်ခင်းတွင်  နိဂိမိ၏   G သို့   မည့်ကဲ့သို့   ဘာသာပြန်ရမည်ကို  မသိနိုင်သော  တရုပ်စာများသည်
ဆက်သွယ်ရေး၏  ကွန်ယက်မှ  တဆင့်  ပေးပို့ လာခဲ့သည် ။  ဘယ့်နှယ်……ငါ နေတာ  မြန်မာပြည်မှာပါ….တရုပ်စာနှင့် ပို့ တယ်
ဆိုတော့….အော်…..တရုပ်က စက်တွေ ဆိုတော့လည်း …..တရုပ်စာတွေပေါ်မှာပဲ…ဟု…ကြံဖန် နားလည်ပေးလိုက်သည် ။
ဝယ်လိုက်ကြသည့်  လူတွေ အုန်းအုန်းကြွတ်ကြွတ်…….။
ထိုအထဲတွင်  နိဂိမိလည်းပါသည် ။
ကောင်းလိုက်တဲ့ လိုင်း……။   တိုင်က အပြည့်ကို ပေါ်နေသည် ။  ဖုန်းခေါ်ဆိုတော့လည်း ဖြူးးးးးနေသည် ။
ဟန်ကျပြီ…..။  သူတို့ တွေ ပြောထားတဲ့  မာလ်တီမီဒီယာ မက်ဆေ့ခ်ျ  ကတော့  မရသေး ။ ဘယ်တော့ ရမလဲ
ဆိုတာလည်း မသိသေး…..။ ထားတော့……..သုံးလို့ ရတာနှင့်ပင်  ဆီပုလင်းလေး  ခါးချိတ်ထားချင်စိတ် ပေါက်နေသည် ။
ညနေ အလုပ်ပြီးတော့  ရေချိုး  ရှိုးထုတ်ပြီး  ထုံးစံ အတိုင်း  ဘုံဆိုင်ကို ဒိုးမည် ။  အပြင်ထွက်လာတော့  ဆုံနေကြ ယမကာလုလင်
များဆီသို့  ညနေ ၆ နာရီ တိတိ အချိန်တွင်  ဖုန်းခေါ်ဆိုလိုက်သော အခါ…….” No Network “….ဆိုသည့် စာတမ်းက  မိန့် မိန့် ကြီး
ပေါ်နေသည် ။   ဘယ်လို ဖြစ်ပါလိမ့်…………တာဝါစခန်းက  စက်ပဲ ပျက်သလား……ဆိုလာပြား ကပဲ ပျက်သလား….ဘထ္ကရီ ပဲ
ကုန်သွားလေသလား…. ကဲ…ကဲ…..G  မရတော့လဲ  ဘာဖြစ်သေးသဒုံး…..ကမ်းရိုးတမ်း ကိုပဲ  ပြန်ပြီး ထုတ်သုံးရတော့သည် ။
တရက် ၊  နှစ်ရက် ၊ သုံးရက် ၊ လေးရက် ၊ ငါးရက်…………………………။
သည်လို နှင့်  လွန်ခဲ့သည့်  ၄ လပိုင်း တလလုံး နီးပါး နှင့်  ယနေ့ အချိန်အထိကို တပါတ်လျင် တရက်လောက်တော့  စက်ကိုဖွင့်ထားသည် ။
ဒါတောင် တနေကုန်မဟုတ် ။  တာဝါစခန်းသို့  သွားကြည့်ရာတွင်လည်း  ဆိုင်ရာ တာဝန်ကြ ၀န်ထမ်းလည်း မရှိ ။  ညဖက်လျင် သာ၍ ဆိုးတော့သည် ။
ဈေးရောင်းပွဲ မတိုင်မီ နှင့်  ဈေးရောင်းပွဲ အပြီး  အချိန် အတိုင်းအတာ တခု အထိတော့  စက်ကို  ညနေ ၆ နာရီ အထိ ဖွင့်ပေးထားသည် ။
မှ ရောက်လာကြသော  ၀န်ထမ်းများသည်  အဆိုပါ တန်ဖိုးနည်း  ၂သိန်းတန် G ကဒ်အား  အားရပါးရ ၀ယ်ယူကြလေသည် ။
ကျောက်ဖြူတွင်  ဆက်သွယ်ရေး တာဝါတိုင်သည် ၂၄ နာရီ  စက်ဖွင့်ထားသည် ။   ဘယ့်နှယ် ဂုန်ချွိန်မှာ ရှိတဲ့  တာဝါတိုင်ကိုတော့  G ကဒ် ၀ယ်ယူသူများ
လူစုံလောက်သော အခါတွင်မှ စပြီး  စက်ပိတ်ထားလိုက်တော့သည် ။  ထို့ ကြောင့်  ဆက်သွယ်ရေးရုံးကို ဆက်သွယ်တော့  သူတို့ ၏  ရုံးဖုန်းများသည်
IGE  ကို မေးဟု ဆိုသောကြောင့်  မေးသော ပြောသော အခါတွင် IGE မှ ၀န်ထမ်းသည်  အလွန်ပင် ယဉ်ကျေးပျုငှာစွာ  ….ဟုတ်ကဲ့ ခင်ဗျ ….
ကျွန်တော်တို့  စက်ကို အမြန်ဆုံး ပြန်ဖွင့်ပေးနိုင်ဖို့  စီစဉ်နေပါတယ်…ဟု ဆိုလာသည်…………။
စောင့်သည်…….စောင့်ပြီးရင်း ထပ်စောင့်သည်………မောင်မင်းသားကြီး တို့ လည်း ပေါ်မလာ…..။
မောင်မင်းသားကြီးတို့  တာဝါတိုင်ကလည်း စက်မဖွင့်…….မောင်မင်းသားကြီးတို့   ရောင်းသည့်  ကဒ်ကလည်း တိုင်က တတိုင်မှ မမြင်ရ ။
ဆင်ပြောင်ကြီး အမြီးကျမှ တစ်တော့သည်……။  သည် အချိန်ထိ တည်ဆောက်လာခဲ့သော  Infrastructure  သည်  အားလုံးပြီးစီးသည့် အခါ
သော့ခတ်၍ စက်ပိတ်ထားခြင်း အမှုအား  မြိန်ရည်ရှက်လေ ပြုတော့လေ၏ ။
……….ဒင်းသည်  ယုတ်ညံ့စွာ လိမ်ညာ၏….။
နိဂိမိ စက်မပိတ်ပါ  ။
ဒင်းပြောသည်က  “…လူကြီးမင်း ခေါ်ဆိုနေသော  တယ်လီဖုန်းမှာ  စက်ပိတ်ထားပါတယ်ရှင်…” တဲ့….
ဟဲ့….ဂုဆ္တာမ……..ငါ့ စက်က  အား အပြည့်နဲ့  ၂၄ နာရီ ဖွင့်ထားတယ်ဟဲ့……..ပိတ်ထားတာက  နင်တို့  စက်ဟဲ့……။
GSM  ကွန်ယက်ကို ၀ယ်ယူ ကိုင်ဆောင်ထားကြသော  ဘ၀တူတွေ အားလုံး အတွက် ရည်ရွယ်သည် ။……”
About nigimi77
has written 108 post in this Website..