Y-talk မှလွဲပြီးကျန်အွန်လိုင်းမှဖုန်းခေါ်ဆိုမှူ့များကိုအရေးယူတော့မည်လို့ဆို။

chityimhtooMay 10, 20121min15214

Y-talk မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား တရားမဝင်အဖြစ် ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဟု VMG TELECOMESကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အွန်လိုင်းမှ တရား ဝင်ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ် အား ဈေးနှုန်းလျှော့ချပေးလိုက်ပြီး နောက်သီးခြားခေါ်ဆိုမှုစနစ် အသုံး ပြုခြင်း၊ ခေါ်ဆိုခြင်းများအား အရေး ယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တရားမဝင် ခေါ်ဆိုမှု ဟုဆိုသည့် Pfingo၊ Skype အသုံးပြုမှုများကို အရေးယူရာတွင် လည်း ကုမ္ပဏီမှ ဆောင်ရွက်မည် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသာအရေးယူဆောင်ရွက်မည်ဟု ယင်းကုမ္ပဏီမှ သိရသည်။
”အင်တာနက်ဆိုင်တွေကို ရှောင်တခင်ဝင်စစ်တာတွေကို မြန် မာ့ဆက်သွယ်ရေးကပဲ ဆောင်ရွက် မှာပါ” ဟု ၎င်းက ပြောသည်။
အရေးယူဆောင်ရွက်မှုများ ရှိ လာပါကမည်သို့အရေးယူဆောင်ရွက် မည်ကိုမသိရှိရသေးသော်လည်း၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဆက် သွယ်ရေးဥပဒေများအရထောင်ဒဏ်၊ ငွေဒဏ်နှင့်စက်ပစ္စည်းများကို ပြည် သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွား နိုင်သည်အထိအရေးယူနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
အွန်လိုင်းမှ တရားဝင် ဖုန်း ခေါ်ဆိုနိုင်သညY-talk ခေါ်ဆိုခ နှုန်းထားမှာ ယခင်က နိုင်ငံအပေါ် မူတည်၍ ဈေးနှုန်းကွာခြားပြီး အနည်းဆုံးနှုန်းထားမှာ တစ်မိနစ် လျှင် ကျပ်၁၅ဝ ခန့်ရှိ၍ အခြားခေါ် ဆိုမှုများထက် ဈေးနှုန်းမြင့်မားပြီး သုံးစွဲသူမရှိသလောက် နည်းပါးခဲ့ သည်။ သို့သော် ၎င်းY-talk ခေါ် ဆိုခြင်းကို တစ်မိနစ်အနည်းဆုံး ကျပ် ၈ဝ အများဆုံး ကျပ် ၂ဝဝ သို့ လျှော့ချခဲ့သည်။
”ပုဇွန်တောင်မြို့နယ်ရှိImage အင်တာနက်ဆိုင်မှ လုပ်ငန်းရှင် က ”အရင်ကတော့Y-talk ခေါ် ဆိုဖို့ အကောင့်တွေ ကတ်တွေ လည်း လိုတယ်။ ခေါ်ဆိုခလည်း မြင့်တော့ လာတဲ့လူမရှိဘူး။ အခု Pfingo ပုံစံအတိုင်း ဖုန်းခေါ်ဆိုလို့ ရပြီဆိုတော့ သုံးစွဲမှု များလာနိုင်ပါ တယ်” ဟု ပြောသည်။
Y-talk စနစ်အား ရတနာပုံ တယ်လီပို့မှ ငွေဖြတ်တောက်ခြင်း၊ မြန်မာ့ဆက်သွယ်ရေးမှ ဥပဒေနှင့် လိုင်းများဆောင်ရွက်ခြင်း၊ VMG TELECOMESမှ နည်းပညာနှင့် ကတ်ဖြန့်ဖြူးရောင်းချခြင်းများဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ၂ဝ၁၂ မတ်လဆန်းမှ စ၍ ဝန်ဆောင်မှုပေးခဲ့ပြီး လက်ရှိတွင် ၎င်းစနစ်ကို အင်တာနက်ဆိုင်များ ကိုသာ သုံးစွဲခွင့်ပေးထားသည်။
Popular Myanmar News Journal
http://www.thithtoolwin.com/2012/05/y-talk.html
ဒီဆက်သွယ်ရေးဝန်ကြီးကို မြန်မြန်ဖြုတ်ပစ်တော့ပါဗျို့။

14 comments

  • Inz@ghi

    May 10, 2012 at 8:44 am

    နတ်သင်း ဘတ် အေ မနော့ပလီ

  • water-melon

    May 10, 2012 at 8:48 am

    ဘာနဲ့ဆက်ဆက်ပေါ့
    သူ့ဟာနဲ့ဆက်မှ ဖြစ်မှာလား
    Pfingo ကလည်းအလကားမရပါဘူး ပိုက်ဆံပေးရသေးပါတယ်
    ဆ သ ရ လူကြီးတော့
    အဟိ

  • chityimhtoo

    May 10, 2012 at 9:30 am

    အေးဗျမြန်မာပြည်မှာကဘယ်လိုအသိဉာဏ်မရှိတဲ့လူကြီးတွေအမိန့်ထုတ်နေလည်းမသိဘူးတစ်ကမ္ဘာလုံးမှာ
    skype pfingo, voip buster, voip stunt, ဒါတွေဘဲသုံးနေကျတာ တစ်ချို့ဆိုအလကားတောင်ရတယ်။
    ဥပဒေကပြည်သူတွေကို ကာကွယ်ဖို့မဟုတ်ဘဲပြည်သူတွေကို နှိပ်ကွပ်ဖို့ဖြစ်နေတယ်။ခုလည်းဒီကောင်တွေ
    skype pfingo ကိုပိတ်ဖို့လုပ်နေကျတာ ဒီရက်ပိုင်းဂျီတော့တွေအားလုံးလည်းကမောက်ကမဖြစ်။ဆင်းရဲမွဲ
    တေလို့သူများနိုင်ငံကိုအလုပ်သွားလုပ်ကျတာ ဒါလေးတွေအသုံးပြုပြီးဘဲဆက်သွယ်နေကျတာ။ဒါကိုနှိပ်ကွပ်
    ဘို့ဥပဒေထုတ်နေတယ်ဆိုတော့ ကဲဒီမိုကရေစီကြီးရေ ..ဝန်ကြီးတစ်ယောက်ကိုဘီလီယံနဲ့ ချီပြီးချမ်းသာတဲ့
    လူတွေက နိုင်ငံတော်ဘက်ဂျက်ကိုထိခိုက်လို့တဲ့ ….လုပ်ကျပါဦး။ကျုပ်တို့ဒီမိုကရေစီနိုင်ငံကြီး။

  • Thel Nu Aye

    May 10, 2012 at 10:58 am

    အခု viber တွေဒေါင်းလုပ်ဆွဲလို့ရနေတယ်။ iphone ှတွေမှာသွင်းထားရင် နိုင်ငံဂျားလောက်ကတော့ ဖရီးပဲ။

    • chityimhtoo

      May 10, 2012 at 2:17 pm

      viber က IOS နဲ့ Andriod နှစ်မျိုးဘဲရတာ။သုံးရတာတော်တော်အဆင်ပြေတယ် အိုင်ပက်တို့
      အိုင်ဖုန်းတို့ထဲမှာသုံးရင် ၊ ကွန်နက်ရှင်နည်းနည်းလေးနဲ့တောင်အသံကြည်တယ်။စကိုက်
      ဆိုရင်တောင် viber လောက်မကြည်ဘူး။ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ အကောင့်လုပ်ရတယ်။ဟိုဘက်က
      ခေါ်ရင်လည်းကိုယ့်ဖုန်းကိုဘဲနိုင်ငံ code ခံပြီး ခေါ်ရတယ်။

      • Myat Thu

        May 18, 2012 at 4:43 am

        ကိုချစ်..ဗိုက်ဗာသွင်းပေးလား..လာခဲ့မယ်လေ..

  • manawphyulay

    May 10, 2012 at 11:14 am

    ဒုက္ခ သူကပဲ လိုက်ပိတ်ပင်နေပါတော့လား… ဘာလဲဟ။ သူပဲ ချုပ်ကိုင်ချယ်လှယ်ချင်နေတာလား…

  • sugar sugar

    May 10, 2012 at 11:28 am

    ဆက်သွယ်ရေးရဲ့ လုပ်ကွက်များပြောကိုမပြောချင်ပါဘူးအေ

  • မဟာရာဇာ အံစာတုံး

    May 10, 2012 at 4:32 pm

    အင်း .. ရေ .. ရေ ..
    လက်ခုပ်ထဲက ရေ .. ဟုတ်ပါဘူး .. ကိုယ့်ခွက်ထဲက ရေ ..
    .. လို့ပဲ ပြောရတော့မလားပဲ …
    ဗိုက်ကလေး စကားနဲ့ ပြောရရင် ..
    တော်တော် ချီးပေတဲ့ လူတွေပဲ …… လို့ ..

    • ဗိုက်ကလေး

      May 10, 2012 at 4:35 pm

      ချီးပေချင်တာတောင် သူများဆီက ငှားပြီး ပေသေးတယ်
      လူဇိုး

  • windtalker

    May 10, 2012 at 7:21 pm

    ဘယ်သို ့ဘယ်ပုံ ခိုးပြဦးမည်နည်း ။ များမကြာမှီမျှော် ။

  • pazflor

    May 10, 2012 at 7:27 pm

    ကောင်းလိုက်တဲ့ business strategry

  • junfrid

    May 11, 2012 at 11:13 am

    အပိန်းကောင်တွေ သူတို့အိပ်ကဒ်ထဲပဲထည့်ဖို့ချောင်းနေတာ ပြည်သူတွေကြဘာဖြစ်ဖြစ် ဆိုတဲ့အကောင်တွေ အကုန်လုံးကိုပြုတ်သွားမှကောင်းမှာ

Leave a Reply